< တရားသူကြီးမှတ်စာ 20 >

1 မြောက်​ဘက်​ရှိ​ဒန်​မြို့​မှ​တောင်​ဘက်​ရှိ​ဗေ​ရ ရှေ​ဗ​မြို့​တိုင်​အောင် အ​ရပ်​ရပ်​မှ​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​ဂိ​လဒ်​ပြည်​မှ​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စစ်​တိုက်​ရန်​ဖိတ်​ခေါ်​ချက်​အ​ရ တစ်​စု​တစ်​ရုံး တည်း​မိ​ဇ​ပါ​မြို့​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​လာ​ရောက်​စု​ဝေး​ကြ​လေ​သည်။-
ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဂိလဒ် ပြည် သားတို့နှင့်တကွ ထ လျက် ၊ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ပရိသတ် အပေါင်းတို့သည် တယောက် သောသူ ကဲ့သို့ မိဇပါ မြို့၊ ထာဝရဘုရား ထံ တော်၌ စည်းဝေး ကြ၏။
2 စု​ရုံး​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​မျိုး​တော်​တွင် ဣ​သ​ရေ​လ​အ​နွယ် အ​ပေါင်း​တို့​၏​ခေါင်း​ဆောင်​များ​ပါ​ဝင် ကြ​၏။ မိ​ဇ​ပါ​မြို့​၌​ခြေ​လျင်​တပ်​သား ပေါင်း​လေး​သိန်း​မျှ​စု​ရုံး​လျက်​ရှိ​သ​တည်း။-
ဣသရေလ အမျိုး အနွယ်အပေါင်း ၊ ပြည်သား အပေါင်း တို့၏ အကြီးအကဲတို့သည် စည်းဝေး ကြသော်၊ ဘုရား သခင်၏လူ ၊ ထား လက်နက်စွဲကိုင် သော ခြေသည် သူရဲ လေးသိန်း နှင့်တကွချဉ်းကပ် ကြ၏။
3 ဤ​အ​တော​အ​တွင်း​ဗင်္ယာ​မိန်​အ​မျိုး​သား တို့​သည်​မိ​ဇ​ပါ​မြို့​၌ အ​ခြား​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​စု​ဝေး​လျက်​ရှိ ကြောင်း​ကို​ကြား​သိ​ကြ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ဤ​ရာ​ဇ​ဝတ် မှု​ကို​အ​ဘယ်​သို့​ကူး​လွန်​ပါ​သ​နည်း။ ငါ တို့​အား​ပြော​ပြ​ပါ​လော့'' ဟု​မေး​ကြ​လျှင်၊-
ဣသရေလ အမျိုးသားတို့သည် မိဇပါ မြို့သို့ သွား ကြောင်း ကို ဗင်္ယာမိန် အမျိုးသားတို့သည် ကြား သိကြ၏။ ဣသရေလ အမျိုးသားတို့က၊ ထို အဓမ္မ အမှုကားအဘယ်သို့ နည်းဟု မေးမြန်း လျှင်၊
4 အ​သတ်​ခံ​ရ​သူ​မိန်း​မ​၏​လင်​လေ​ဝိ​အ​မျိုး သား​က``ကျွန်ုပ်​သည်​မ​ယား​ငယ်​နှင့်​အ​တူ ဗင်္ယာ မိန်​နယ်​မြေ​ရှိ​ဂိ​ဗာ​မြို့​သို့​ည​အ​ခါ​တည်း ခို​ရန်​သွား​ရောက်​ခဲ့​ပါ​၏။-
အသေ ခံရသောမိန်းမ ၏လင် လေဝိ လူ က၊ အကျွန်ုပ် သည် မယားငယ် နှင့်အတူ လာ ၍ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့မှာ ညဉ့် ကို လွန်စေပါ၏။
5 ဂိ​ဗာ​မြို့​သား​တို့​သည်​ကျွန်ုပ်​အား​ရန်​ပြု​လို​၍ အိမ်​ကို​ဝိုင်း​ရံ​ထား​ကြ​ပါ​သည်။ သူ​တို့​သည် ကျွန်ုပ်​ကို​သတ်​ရန်​ကြံ​ရွယ်​သော်​လည်း​ကျွန်ုပ် ၏​မယား​ငယ်​အား​မု​ဒိန်း​ကျင့်​သ​ဖြင့်​သူ သည်​သေ​ဆုံး​သွား​ပါ​၏။-
ညဉ့် အခါ ဂိဗာ မြို့သား တို့သည် ထ ၍ အကျွန်ုပ် တည်းခိုသောအိမ် ကို ဝိုင်း လျက်၊ အကျွန်ုပ် ကို တိုက်သတ် မည် အားထုတ် ကြပါ၏။ မယားငယ် သေ သည်တိုင်အောင်ရှုတ်ချ ကြပါ၏။
6 ကျွန်ုပ်​သည်​သူ​၏​ရုပ်​အ​လောင်း​ကို​ယူ​၍​အ​ပိုင်း ပိုင်း​ဖြတ်​ပြီး​လျှင် ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ် မျိုး​ထံ​သို့​တစ်​ပိုင်း​စီ​ပေး​ပို့​ခဲ့​ပါ​၏။ ဤ​သူ တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဆိုး​ညစ် သော​အ​မှု၊ အ​ဋ္ဌမ္မ​အ​မှု​ကို​ပြု​ကြ​ပါ​ပြီ။-
အကျွန်ုပ် သည်လည်း မယားငယ် အကောင်ကိုယူ ၍ အပိုင်းပိုင်းဖြတ် ပြီးမှ ၊ ဣသရေလ အမျိုး အမွေခံ ရာ ပြည် တရှောက်လုံး သို့ ပေး လိုက်ပါ၏။ အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုး၌ ဆိုးညစ် သောအမှု၊ အဓမ္မ အမှုကို ပြု ကြပါပြီ။
7 ဤ​အ​ရပ်​တွင်​ရောက်​ရှိ​နေ​သော​သင်​တို့ အ​ပေါင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​များ ဖြစ်​ကြ​သည်။ ဤ​အ​မှု​နှင့်​ပတ်​သက်​၍​အ​ဘယ် သို့​အ​ရေး​ယူ​ဆောင်​ရွက်​ကြ​ပါ​မည်​နည်း'' ဟု မေး​၏။
သင် တို့ရှိသမျှ သည် ဣသရေလ အမျိုး ဖြစ်ကြပါ၏။ ဤ အရပ်၌ တိုင်ပင် စီရင် ကြပါလော့ဟု ပြောဆို လေ၏။
8 လူ​အ​ပေါင်း​တို့​သည်​တစ်​ပြိုင်​နက်​ထ​၍``ငါ တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် မိ​မိ​၏​တဲ​ရှင် သို့​မ​ဟုတ်​အိမ်​သို့​မ​ပြန်​ကြ​တော့​ပြီ။-
လူ အပေါင်း တို့သည် တယောက် သောသူ ကဲ့သို့ ထ ၍ ငါတို့သည် တယောက်မျှ မိမိ တဲ သို့ မ သွား ၊ မိမိ အိမ် သို့ မ ပြန်။
9 ငါ​တို့​ပြု​မည့်​အ​မှု​ကား​စာ​ရေး​တံ​မဲ​ချ ၍​လူ​အ​ချို့​ကို​ရွေး​ချယ်​ပြီး​လျှင် ဂိ​ဗာ မြို့​ကို​တိုက်​ခိုက်​ကြ​ရန်​ပင်​တည်း။-
ဂိဗာ မြို့၌ အဘယ်သို့ပြု မည်နည်း ဟူမူကား ၊ စာရေးတံ ချ၍ အတိုက်သွားမည်။
10 ၁၀ ဣ​သ​ရေ​လ​လူ​မျိုး​၏​ယောကျာ်း​ဆယ်​ပုံ​တစ် ပုံ​သည်​စစ်​တပ်​အ​တွက်​ရိက္ခာ​ပို့​ရ​မည်။ ကျန် သူ​တို့​သည်​ဂိဗာ​မြို့​သား​တို့​အား ဣ​သ​ရေ​လ လူ​မျိုး​တွင်​ကူး​လွန်​ခဲ့​သည့်​အ​ဋ္ဌမ္မ​အ​မှု အ​တွက်​ဒဏ်​ပေး​ရ​မည်'' ဟု​ပြန်​ပြော​ကြ​၏။-
၁၀ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့သားတို့သည်၊ ဣသရေလ အမျိုးတို့၌ ပြု သမျှသော အဓမ္မ အမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက် ၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူ တို့စားစရိတ် ကို ပို့ စေခြင်းငှါ ဣသရေလ အမျိုး အနွယ်အပေါင်း တို့၌ လူ တရာ တွင် တဆယ် ၊ တထောင် တွင် တရာ ၊ တသောင်း တွင် တထောင် တို့ကို ရွေးကောက် ကြကုန်အံ့ဟု ဆို လျက်၊
11 ၁၁ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​ရှိ​လူ​အ​ပေါင်း တို့​သည် ဂိ​ဗာ​မြို့​ကို​တိုက်​ခိုက်​ရန်​တစ်​ခု​တည်း သော​ရည်​ရွယ်​ချက်​ဖြင့်​စု​ဝေး​ကြ​ကုန်​၏။
၁၁ဣသရေလ အမျိုးသား အပေါင်း တို့သည် ဂိဗာမြို့ တဘက်၌ စည်းဝေး ၍ တယောက် သောသူ ကဲ့သို့ သင်း ဖွဲ့လျက်နေကြ၏။
12 ၁၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန် အ​နွယ်​ဝင်​တို့​၏​နယ်​မြေ​တစ်​လျှောက်​သို့ လူ​များ​ကို​စေ​လွှတ်​၍``သင်​တို့​ကူး​လွန်​ခဲ့ သည့်​အ​ဋ္ဌမ္မ​အ​မှု​ကား​အ​ဘယ်​သို့​နည်း။-
၁၂ဣသရေလ အမျိုးသား တို့သည်၊ ဗင်္ယာမိန် ခရိုင်တရှောက်လုံး သို့ စေလွှတ် ၍၊ သင် တို့တွင် ပြု သော ဤ အဓမ္မ အမှုကား အဘယ်သို့ နည်း။
13 ၁၃ ဂိ​ဗာ​မြို့​၌​ရှိ​သော​အ​ဋ္ဌမ္မ​လူ​တို့​ကို​ငါ​တို့ သတ်​၍​ဣ​သ​ရေ​လ​လူ​မျိုး​မှ ဤ​ဆိုး​ညစ်​မှု ကို​ဖယ်​ရှား​ပစ်​နိုင်​ရန်​ယ​ခု​ငါ​တို့​လက်​သို့ ပေး​အပ်​ကြ​လော့'' ဟု​ပြော​ကြား​စေ​၏။ သို့ ရာ​တွင်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​စ​ကား​ကို ဂ​ရု​မ​စိုက်​ဘဲ၊-
၁၃ယခု မှာ ဂီဗာ မြို့၌ ရှိသော ထိုအဓမ္မ လူ တို့ကို ငါတို့ယူ၍ သတ် သဖြင့် ဣသရေလ အမျိုးထဲက ဒုစရိုက် အပြစ်ကို ပယ်ရှား မည်အကြောင်းထိုလူတို့ကိုအပ် ကြပါဟု မှာ လိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန် အမျိုးသားတို့သည်၊ ညီအစ်ကို ဣသရေလ အမျိုးသားတို့စကား ကို နား မ ထောင်ဘဲ၊
14 ၁၄ သူ​တို့​အား​တိုက်​ခိုက်​ရန်​ဗင်္ယာ​မိန်​မြို့​အ​ပေါင်း မှ​ထွက်​လာ​၍​ဂိ​ဗာ​မြို့​၌​စု​ရုံး​ကြ​၏။-
၁၄ထိုအမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ ၊ အမြို့ မြို့အရွာရွာက ထွက် ၍ ဂိဗာ မြို့၌ စည်းဝေး ကြ၏။
15 ၁၅ သူ​တို့​သည်​ထို​နေ့​၌​မိ​မိ​တို့​မြို့​များ​မှ​စစ် သား​နှစ်​သောင်း​ခြောက်​ထောင်​ကို​ခေါ်​ထုတ်​ခဲ့ ကြ​၏။ ထို​မှ​တစ်​ပါး​ဂိ​ဗာ​မြို့​သား​တို့​သည် လက်​ရွေး​စင်​ဘယ်​သန်​လူ​ခု​နစ်​ရာ​ကို​လည်း စု​ရုံး​ပေး​ကြ​၏။ ထို​လက်​ရွေး​စင်​တို့​သည် ဆံ​ချည်​တစ်​ပင်​ကို​လောက်​လွှဲ​နှင့်​မ​လွဲ အောင်​ပစ်​နိုင်​သူ​များ​ဖြစ်​ကြ​၏။-
၁၅ထိုအခါ ဂိဗာ မြို့သား ယောက်ျား ကောင်း ခုနစ် ရာ မှတပါး အမြို့ မြို့အရွာရွာက လာ သော ဗင်္ယာမိန် အမျိုးသား အရေအတွက်ကား၊ ထား လက်နက်စွဲကိုင် သောသူ နှစ်သောင်း ခြောက်ထောင်တည်း။
16 ၁၆
၁၆ထို လူ အပေါင်း တို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည် တပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ် နိုင်သော ယောက်ျား ကောင်း ခုနှစ် ရာ ပါသတည်း။
17 ၁၇ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​မ​ပါ​ဘဲ​လက်​နက် ကိုင်​ဣ​သ​ရေ​လ​အ​မျိုး​သား စစ်​သား​ဦး​ရေ မှာ​လေး​သိန်း​မျှ​ရှိ​သ​တည်း။
၁၇ဗင်္ယာမိန် အမျိုးသားမှတပါး ထား လက်နက်စွဲကိုင် ၍ စစ်သူရဲ ဖြစ်သော ဣသရေလ အမျိုးသား အရေအတွက်ကား လေးသိန်း တည်း။
18 ၁၈ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗေ​သ​လ မြို့​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား ၍``ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​အား​မည်​သည့် အ​နွယ်​ဝင်​များ​က​ဦး​စွာ​ပ​ထ​မ​တိုက်​ခိုက် ရ​ပါ​မည်​နည်း'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​မေး​မြန်း​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​နွယ်​ဝင်​များ'' ဟူ​၍​ဖြေ​ကြား​တော်​မူ​၏။
၁၈ဣသရေလ အမျိုးသားတို့သည် ဘုရား သခင်၏ အိမ်တော်သို့ ထ ၍ သွား ပြီးလျှင် ၊ အကျွန်ုပ် တို့တွင် အဘယ်သူ သည် ဗင်္ယာမိန် အမျိုးကို အဦး ချီ သွားရပါမည်နည်းဟု ဘုရား သခင်ထံတော်၌ မေး လျှောက်ကြသော် ၊ ထာဝရဘုရား က၊ ယုဒ သည် အဦး ချီသွားရမည်ဟု မိန့် တော်မူ၏။
19 ၁၉ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နောက်​တစ်​နေ့​နံ​နက်​၌​ထွက်​ခွာ​ပြီး​လျှင် ဂိ​ဗာ​မြို့​အ​နီး​တွင်​တပ်​စ​ခန်း​ကြ​၏။-
၁၉နံနက် စောစောဣသရေလ အမျိုးသားတို့သည် ထ ၍ ဂိဗာ မြို့အနား ၌ တပ်ချ ပြီးမှ၊
20 ၂၀ သူ​တို့​သည်​ဗင်္ယာ​မိန်​တပ်​ကို​စစ်​ဆင်​ရန် သွား​ရောက်​ကာ မိ​မိ​တို့​၏​စစ်​သား​များ အား​မြို့​ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​၏။-
၂၀ဗင်္ယာမိန် အမျိုးသားတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ဂိဗာ မြို့ရှေ့ မှာ စစ် ခင်းကျင်း လျက် နေကြ၏။
21 ၂၁ ဗင်္ယာ​မိန်​တပ်​သည်​မြို့​ထဲ​မှ​ထွက်​လာ​၍​နေ မ​ဝင်​မီ​ပင် ဣ​သ​ရေ​လ​တပ်​သား​နှစ်​သောင်း နှစ်​ထောင်​ကို​သုတ်​သင်​သတ်​ဖြတ်​လိုက်​ကြ​၏။-
၂၁ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာ မြို့ထဲက ထွက် ပြီးလျှင် ၊ ထို နေ့ တွင် ဣသရေလ လူ တသောင်း နှစ်ထောင်တို့ကို မြေ ပေါ် မှာ လှဲ ၍ သတ်ကြ၏။
22 ၂၂ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုး ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​သို့​သွား​၍ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌​ည​နေ​ချမ်း​အ​ချိန်​တိုင် အောင်​ငို​ကြွေး​ကြ​၏။ သူ​တို့​က​ကိုယ်​တော် အား``အ​ကျွန်ုပ်​တို့​၏​ညီ​ဖြစ်​သော​ဗင်္ယာ​မိန် အ​မျိုး​သား​တို့​အား တစ်​ဖန်​စစ်​တိုက်​ရ​ပါ မည်​လော'' ဟု​မေး​လျှောက်​ကြ​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား​က``တိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​တပ်​မ​တော်​သည်​အား တက်​၍​လာ​ပြီး​လျှင် တပ်​သား​များ​အား​ယ​မန် နေ့​က​အ​တိုင်း​နေ​ရာ​ယူ​စေ​ပြန်​၏။-
၂၂သို့ရာတွင် ဣသရေလ အမျိုးသားတို့သည် ရဲရင့် သောစိတ်ကိုယူ၍ ပဌမ နေ့ တွင် စစ်ခင်းကျင်း သော အရပ် ၌ တဖန် ခင်းကျင်း ကြ၏။
23 ၂၃
၂၃ထာဝရဘုရား ထံ တော်သို့ သွား ၍ ညဦး ယံတိုင်အောင် ငိုကြွေး လျက် ၊ အကျွန်ုပ် တို့ညီ ဗင်္ယာမိန် အမျိုးသားတို့ကို တဖန် စစ်တိုက် ရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်သော် ၊ ထာဝရဘုရား က ချီ သွားကြလော့ဟု မိန့် တော်မူ၏။
24 ၂၄ သူ​တို့​သည်​ဒု​တိ​ယ​အ​ကြိမ်​ဗင်္ယာ​မိန်​တပ် ရှိ​ရာ​သို့​ချီ​တက်​ကြ​လေ​သည်။-
၂၄ဒုတိယ နေ့ တွင် ဣသရေလ အမျိုးသားတို့သည် ဗင်္ယာမိန် အမျိုးတို့အနီးသို့ ချဉ်း ကြသောအခါ၊
25 ၂၅ ဗင်္ယာ​မိန်​တပ်​သား​တို့​သည်​လည်း​ဂိ​ဗာ​မြို့​မှ ဒု​တိ​ယ​အ​ကြိမ်​ထွက်​လာ​ကြ​၏။ ဤ​အ​ကြိမ် တွင်​သူ​တို့​သည်​လက်​နက်​ကိုင် ဣ​သ​ရေ​လ တပ်​သား​တစ်​သောင်း​ရှစ်​ထောင်​ကို​သတ်​ဖြတ် လိုက်​ကြ​လေ​သည်။-
၂၅ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာ မြို့ထဲက ထွက် ပြီးလျှင် ၊ ထား လက်နက်စွဲကိုင် သော ဣသရေလ လူတသောင်း ရှစ်ထောင်တို့ကို မြေ ပေါ် ၌ လှဲ ၍ သတ်ကြ၏။
26 ၂၆ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည် ဗေ​သ​လ​မြို့​သို့​သွား​၍​ငို​ကြွေး​ကြ​၏။ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ထိုင် လျက် ည​နေ​ချမ်း​တိုင်​အောင်​အ​စာ​ရှောင်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မိတ် သ​ဟာ​ယ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို​ပူ​ဇော် ကြ​၏။-
၂၆ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည် ဘုရား သခင်အိမ်တော်သို့သွား ၍ ငိုကြွေး လျက် ၊ ထာဝရဘုရား ထံ တော်၌ ဝပ် လျက် ၊ တနေ့ လုံး ညဦး ယံတိုင်အောင် အစာ ကို ရှောင်၍ ထာဝရဘုရား အား မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
27 ၂၇ ထို​ကာ​လ​၌​ဗေ​သ​လ​မြို့​တွင်​ဘု​ရား​သ​ခင် ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​တည်​ရှိ​သ​တည်း။ ထို သေတ္တာ​တော်​ကို​အာ​ရုန်​၏​မြေး၊ ဧ​လိ​ဇာ​၏​သား၊ ဖိ​န​ဟတ်​က​တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​၏။ လူ တို့​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​ညီ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အား ယ​ခု​တစ်​ဖန်​သွား​ရောက်​တိုက်​ခိုက်​ရ​ပါ မည်​လော။ မ​တိုက်​ခိုက်​ဘဲ​နေ​ရ​ပါ​မည် လော'' ဟု​မေး​လျှောက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က``တိုက်​ခိုက်​လော့။ နက်​ဖြန် နေ့​၌​ငါ​သည်​သင်​တို့​အား​ထို​သူ​တို့​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။
၂၇ထို ကာလ ၌ ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်ပါလျက်၊ အာရုန် ၏သား ဖြစ်သော ဧလာဇာ ၏ သား ဖိနဟတ် သည်၊ သေတ္တာ တော်ရှေ့ မှာ အမှု စောင့်သည် ဖြစ်၍၊
28 ၂၈
၂၈ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ် တို့ ညီ ဗင်္ယာမိန် အမျိုးသား တို့ကို တဖန် သွား ၍ တိုက်ရပါမည်လော၊ မ သွားဘဲနေရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်သော် ၊ ထာဝရဘုရား က သွား ကြလော့။ နက်ဖြန် နေ့တွင် သူ တို့ကို သင် တို့လက် ၌ ငါအပ် မည်ဟု မိန့် တော်မူ၏။
29 ၂၉ ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ပတ်​လည်​၌​စစ်​သား​အ​ချို့​ကို​ပုန်း အောင်း​၍​နေ​စေ​ကြ​၏။-
၂၉ဣသရေလ အမျိုးသားတို့သည် ဂိဗာ မြို့ပတ်လည် ၌ ကင်းစောင့် လူတို့ကို ထား ပြီးမှ၊
30 ၃၀ ထို​နောက်​သူ​တို့​သည်​ဗင်္ယာ​မိန်​တပ်​ရှိ​ရာ​သို့ တ​တိ​ယ​အ​ကြိမ်​ချီ​တက်​ကာ မိ​မိ​တို့​၏​တပ် သား​များ​ကို​ရှေ့​က​နည်း​တူ​ဂိ​ဗာ​မြို့​ကို​မျက် နှာ​မူ​၍​တိုက်​ပွဲ​ဝင်​ရန်​နေ​ရာ​ယူ​စေ​ကြ​၏။-
၃၀တတိယ နေ့ တွင် ဗင်္ယာမိန် အမျိုးသားတို့ရှိရာသို့ ချီ သွား၍ ၊ ယမန် ကဲ့သို့ ဂိဗာ မြို့အနား၌ စစ် ခင်းကျင်းလျက် နေကြ၏။
31 ၃၁ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​တိုက်​ခိုက်​ရန်​ထွက် လာ​သော​အ​ခါ မြို့​နှင့်​ဝေး​ကွာ​ရာ​သို့​မျှား​၍ ခေါ်​ဆောင်​ခြင်း​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ကွင်း​ပြင် တွင်​လည်း​ကောင်း၊ ဗေ​သ​လ​မြို့​သို့​သွား​ရာ​လမ်း နှင့်​ဂိ​ဗာ​မြို့​သို့​သွား​ရာ​လမ်း​၌​လည်း​ကောင်း ယ​ခင်​က​ကဲ့​သို့​ပင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​စ​တင်​လုပ်​ကြံ​ကြ​ရာ​လူ​ပေါင်း​သုံး​ဆယ် ခန့်​သေ​လေ​သည်။-
၃၁ဗင်္ယာမိန် အမျိုးသားတို့သည် အတိုက်ထွက် ၍ မြို့ နှင့် ကွာ သွားကြ၏။ ဗေသလ မြို့သို့ သွား သောလမ်း ၊ ဂိဗာ တောရွာသို့ သွားသောလမ်းတွင် ယမန် ကဲ့သို့ ဣသရေလ အမျိုးသူရဲတို့ကို လုပ်ကြံ စ ပြု၍ လူ သုံးဆယ် ခန့် မျှ သေ ကြ၏။
32 ၃၂ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​က``ငါ​တို့​သည်​ရှေး နည်း​တူ​ပင်​သူ​တို့​အား​နှိမ်​နင်း​လိုက်​လေ​ပြီ'' ဟု​ဆို​ကြ​၏။ သို့​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​တပ်​ကို​ဆုတ်​ခွာ​၍ မြို့​နှင့်​ဝေး​ရာ လမ်း​များ​ပေါ်​သို့​ရောက်​အောင်​ရန်​သူ့​အား သွေး​ဆောင်​ခေါ်​ယူ​သွား​ရန်​စီ​စဉ်​ထား​ကြ​၏။-
၃၂ဗင်္ယာမိန် အမျိုးသားတို့က၊ သူ တို့သည် ယမန် ကဲ့သို့ ငါ တို့ရှေ့ မှာ ရှုံး ကြပြီဟု ဆို သော်လည်း ၊ ဣသရေလ အမျိုးသားတို့က ပြေး ကြကုန်အံ့၊ သူ တို့ကို မြို့ နှင့် ဝေးသော လမ်း တို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆို လျက်၊
33 ၃၃ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပင် မ​တပ်​ကြီး​သည် ဆုတ်​ခွာ​၍ ဗာ​လ​တာ​မာ​မြို့​၌ ပြန်​လည်​စု​ရုံး​မိ​သော​အ​ခါ ဂိ​ဗာ​မြို့​ကို​ဝိုင်း​ရံ ထား​သော​တပ်​ပုန်း​သည် မိ​မိ​တို့​ပုန်း​အောင်း​ရာ ကျောက်​ပေါ​များ​သည့်​မြို့​ပတ်​လည်​အ​ရပ်​မှ ရုတ်​တ​ရက်​ထွက်​လာ​ကြ​၏။-
၃၃ဣသရေလ လူအပေါင်း တို့သည် မိမိ တို့ နေရာ အရပ်မှ ထ ၍ ဗာလတာမာ မြို့၌ စစ်ခင်း ကြ၏။ ကင်းစောင့် လျက်နေသော ဣသရေလ လူတို့သည်လည်း မိမိ တို့နေရာ ဂိဗာ လွင်ပြင် မှ ထ ကြသဖြင့်၊
34 ၃၄ ဣ​သ​ရေ​လ​တစ်​မျိုး​လုံး​မှ​လက်​ရွေး​စင်​လူ​တစ် သောင်း​တို့​သည် ဂိ​ဗာ​မြို့​ကို​တိုက်​ခိုက်​ကြ​လေ​သည်။ တိုက်​ပွဲ​မှာ​ပြင်း​ထန်​လှ​၏။ ဗင်္ယာ​မိန်​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​အ​ရေး​ရှုံး​နိမ့်​ရ​တော့​မည့် အ​ဖြစ်​ကို​မ​ရိပ်​မိ​ကြ​ချေ။-
၃၄ဣသရေလ အမျိုးသားယောက်ျား ကောင်း တသောင်း တို့သည် ဂိဗာ မြို့သို့ ချီ လာ၍ ၊ ဗင်္ယာမိန် အမျိုးသားတို့သည် ဘေး ရောက် လုနီးသည်ကို မ ရိပ်မိ သောကြောင့်၊ ကျပ်တည်း စွာ ဆီး၍ တိုက် ကြ၏။
35 ၃၅ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ဗင်္ယာ​မိန်​တပ်​အ​ပေါ်​တွင်​အောင်​ပွဲ​ခံ​စေ တော်​မူ​၏။ ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ရန်​သူ​နှစ်​သောင်း​ငါး​ထောင်​တစ်​ရာ ကို​လုပ်​ကြံ​သတ်​ဖြတ်​လိုက်​ကြ​၏။-
၃၅ထိုအခါ ထာဝရဘုရား သည် ဗင်္ယာမိန် လူတို့ကို ဣသရေလ လူတို့ရှေ့ မှာ ရှုံး စေတော်မူသဖြင့် ၊ ထို နေ့ တွင် ဣသရေလ လူတို့သည် ထား လက်နက်စွဲကိုင် သော ဗင်္ယာမိန် လူ နှစ်သောင်း ငါးထောင်တရာ တို့ကို ပယ်ရှင်း ကြ၏။
36 ၃၆ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​အ​ရေး ရှုံး​နိမ့်​ကြ​သည်​ကို​သိ​မြင်​လာ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပင်​မ​တပ်​ကြီး သည် ဂိ​ဗာ​မြို့​ပတ်​လည်​တွင်​ချ​ထား​သည့်​တပ်​ပုန်း ကို​အား​ကိုး​ကာ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​၏ ရှေ့​မှ​ဆုတ်​ခွာ​သွား​ကြ​၏။-
၃၆ဗင်္ယာမိန် အမျိုးသားတို့သည် မိမိတို့ ရှုံး သည်ကို သိမြင် ကြ၏။ ဣသရေ လူ တို့သည်၊ ဂိဗာ မြို့အနား၌ ထား သော ကင်း တပ်ကို ကိုးစား သောကြောင့် ၊ အစက ဗင်္ယာမိန် လူတို့ရှေ့ မှာ ဆုတ် ကြ၏။
37 ၃၇ ထို​အ​ခါ​တပ်​ပုန်း​သည်​ဂိဗာ​မြို့​ထဲ​သို့​အ​လျင် အ​မြန်​ဝင်​ပြီး​လျှင် လူ​ဖြန့်​၍​ရှိ​သ​မျှ​သော​မြို့ သူ​မြို့​သား​တို့​အား​လုပ်​ကြံ​သတ်​ဖြတ်​ကြ​လေ သည်။-
၃၇ကင်း တပ်သားတို့သည် ဂိဗာ မြို့သို့ တဟုန်တည်း ပြေး ဝင်၍ အနှံ့အပြားတိုက် သဖြင့် တမြို့ လုံး ကို ထား နှင့် လုပ်ကြံ ကြ၏။
38 ၃၈ ဣ​သ​ရေ​လ​တပ်​မ​ကြီး​သည်​တပ်​ပုန်း​နှင့် အ​ချက် ပြ​အ​မှတ်​အ​သား​တစ်​ခု​ကို​စီ​စဉ်​ထား​ခဲ့​ကြ ၏။ မြို့​ထဲ​မှ​မီး​ခိုး​လုံး​ကြီး​များ​တက်​လာ​သည် ကို​မြင်​သော​အ​ခါ၊-
၃၈မြို့ ထဲမှာ ကြီးစွာ သော မီးခိုး တက် စေရမည်အကြောင်း ဣသရေလ လူ တို့သည် ကင်း စောင့်လူတို့အား အကြံ ပေးနှင့်ကြပြီဖြစ်၍၊
39 ၃၉ စစ်​မြေ​ပြင်​တွင်​ရှိ​နေ​ကြ​သော​ဣ​သ​ရေ​လ​တပ် သား​တို့​သည်​ထွက်​ပြေး​ရာ​မှ​လှည့်​၍​ပြန်​လာ​ရန် ဖြစ်​၏။ ယင်း​သို့​ထွက်​ပြေး​ဆုတ်​ခွာ​ချိန်​၌​ဗင်္ယာ​မိန် အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​တပ်​သား​သုံး ဆယ်​ကို​သတ်​ဖြတ်​ပြီး​ဖြစ်​သည်။ သူ​တို့​က``ယ​ခု တစ်​ကြိမ်​လည်း​ရှေး​နည်း​တူ​ပင်​သူ​တို့​အ​ပေါ် ၌​ငါ​တို့​အ​နိုင်​ရ​လေ​ပြီ'' ဟု​အ​ချင်း​ချင်း ပြော​ဆို​ကြ​၏။-
၃၉ဣသရေလ လူ တို့သည် စစ်တိုက် ရာတွင် ဆုတ် သောအခါ၊ ဗင်္ယာမိန် လူတို့က၊ အကယ်၍သူတို့သည် ယမန် စစ် ရှုံး သကဲ့သို့ ငါ တို့ရှေ့ မှာ ရှုံး ကြပြီဟု ဆို လျက် သူရဲတို့ကို လုပ်ကြံ စ ပြု၍ လူ သုံးဆယ် ခန့် မျှ သေ ကြ၏။
40 ၄၀ ထို​အ​ချိန်​၌​မီး​ခိုး​လုံး​ကြီး​တစ်​ခု​သည်​မြို့​ထဲ မှ​တက်​စ​ပြု​ပြီ​ဖြစ်​၍ အ​ချက်​ပြ​အ​မှတ်​လက္ခ ဏာ​ပေါ်​လာ​လေ​သည်။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ သည်​နောက်​သို့​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ မြို့​တစ်​မြို့​လုံး​မီး​လျှံ​တောက်​နေ​သည်​ကို​မြင် သ​ဖြင့်​အံ့​အား​သင့်​၍​သွား​ကြ​၏။-
၄၀တဖန် မီးလောင်၍ ထူထပ် သော မီးခိုး သည် မြို့ ထဲမှာ တက် စ ရှိသောအခါ ၊ ဗင်္ယာမိန် လူတို့သည် ပြန် ကြည့်၍ မြို့ ကိုလောင်သော မီးလျှံသည် မိုဃ်းကောင်းကင် သို့ တက် သည်ကို မြင် ကြ၍၊
41 ၄၁ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြန် ၍​လှည့်​လာ​ကြ​၏။ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​ဆုံး​ပါး​ပျက်​စီး​ရ​တော့​မည့်​အ​ဖြစ် ကို​သိ​ရှိ​လာ​သ​ဖြင့်​ကြောက်​လန့်​တုန်​လှုပ်​လျက်၊-
၄၁ဣသရေလ လူ တို့သည် လှည့် ၍ ပြန်သောအခါ ၊ ဗင်္ယာမိန် လူ တို့သည် ဘေး ရောက် ကြောင်း ကို သိမြင် လျှင်၊
42 ၄၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ​ဆုတ်​ခွာ​၍ တော​ကန္တာ​ရ​ထဲ​သို့​ထွက်​ပြေး​ကြ​၏။ သို့​ရာ​တွင် မလွတ်​မ​မြောက်​နိုင်​ကြ။ ဣ​သ​ရေ​လ​ပင်​မ​တပ် ကြီး​နှင့်​မြို့​ထဲ​မှ​ထွက်​လာ​သော​တပ်​ပုန်း​တို့ ၏​စပ်​ကြား​တွင် ပိတ်​၍​မိ​နေ​ကြ​သ​ဖြင့်​ချေ မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​တော့​၏။-
၄၂မိန်းမော တွေဝေ၍ ဣသရေလ လူ တို့ရှေ့ မှာ တော လမ်း သို့ ပြေး သော်လည်း ၊ စစ်တိုက် လိုက် လာသောသူတို့သည် မှီသဖြင့် ပြေးသောသူတို့ကို၎င်း၊ မြို့ ရွာများထဲက ထွက်လာသောသူတို့ကို၎င်း၊ တပြိုင်နက်ဖျက်ဆီး ကြ၏။
43 ၄၃ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန်​သူ​တို့​အား ဝိုင်း​ရံ​ပြီး​လျှင် ဂိ​ဗာ​မြို့​အ​ရှေ့​ဘက်​သို့​တိုင်​အောင် မ​ရပ်​မ​နား​လိုက်​လံ​တိုက်​ခိုက်​သတ်​ဖြတ်​ကြ သ​ဖြင့်၊-
၄၃ဗင်္ယာမိန် လူတို့ကို ဝိုင်း လျက်လိုက် လျက်၊ နုခါရွာမှစ၍နေ ထွက် ရာဘက် ၊ ဂိဗာ မြို့အနား တိုင်အောင် နှိပ် နင်းကြ၏။
44 ၄၄ ဗင်္ယာ​မိန်​အ​မျိုး​သား​လက်​ရွေး​စင်​တပ်​သား တစ်​သောင်း​ရှစ်​ထောင်​မျှ​ကျ​ဆုံး​လေ​သည်။-
၄၄ထိုအခါ ဗင်္ယာမိန် သူရဲ တသောင်း ရှစ်ထောင်တို့သည် လဲ ၍ သေကြ၏။
45 ၄၅ အ​ခြား​သူ​တို့​သည်​လှည့်​၍​တော​ကန္တာ​ရ​ဘက်​သို့ ပြေး​ပြီး​လျှင်​ရိမ္မုန်​ကျောက်​သို့​ရောက်​ကြ​၏။ လမ်း များ​ပေါ်​၌​ထို​သူ​တို့​အ​နက်​လူ​ငါး​ထောင်​မျှ ကျ​ဆုံး​ရ​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ကျန်​ရှိ​သေး​သူ​တို့​အား ဂိ​ဒုံ​မြို့​တိုင် အောင်​ဆက်​လက်​လိုက်​လံ​တိုက်​ခိုက်​၍​လူ​နှစ် ထောင်​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-
၄၅ကြွင်းသောသူတို့သည် လှည့် ၍ တော အရပ် ရိမ္မုန် ကျောက် သို့ ပြေး ကြစဉ်တွင်၊ လိုက်သောသူတို့သည် လူ ငါး ထောင် တို့ကို လမ်း မှာ ဖမ်း မိကြ၏။ ဂိဒုံ မြို့တိုင်အောင် အပြင်းလိုက် ၍ လူ နှစ်ထောင် တို့ကိုလည်း သတ် ကြ၏။
46 ၄၆ ထို​နေ့​၌​ဗင်္ယာ​မိန်​အ​မျိုး​သား​စု​စု​ပေါင်း​နှစ် သောင်း​ငါး​ထောင်​မျှ​သေ​ရ​ကြ​၏။ ထို​သူ​အား လုံး​ပင်​သူ​ရဲ​ကောင်း​များ​ဖြစ်​ကြ​သ​တည်း။
၄၆ထို နေ့ တွင် လဲ ၍ သေသော ဗင်္ယာမိန် ထား စွဲ သူရဲ တို့အရေအတွက်ကား၊ နှစ်သောင်း ငါးထောင်တည်း။
47 ၄၇ သို့​ရာ​တွင်​လူ​ခြောက်​ရာ​တို့​သည်​တော​ကန္တာ​ရ​ရှိ ရိမ္မုန်​ကျောက်​သို့​ထွက်​ပြေး​လွတ်​မြောက်​သွား​ကြ လေ​သည်။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​လေး​လ မျှ​နေ​ကြ​၏။-
၄၇လူ ခြောက် ရာ တို့သည် လှည့် ၍ တော အရပ်ရိမ္မုန် ကျောက် ကို မှီအောင်ပြေး သဖြင့် ၊ ထိုကျောက် အောက်မှာ လေး လ နေ ကြ၏။
48 ၄၈ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်​၍ ယောကျာ်း၊ မိန်း​မ၊ က​လေး၊ တိရစ္ဆာန်​အ​ပါ​အ​ဝင် ကျန်​ရှိ​နေ​သေး​သည့်​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့ အား​သတ်​ပစ်​ကြ​လေ​သည်။ တွေ့​သ​မျှ​သော မြို့​တို့​ကို​လည်း​မီး​ရှို့​ကြ​၏။
၄၈ဣသရေလ လူ တို့သည် တဖန် လှည့် ၍ ၊ ဗင်္ယာမိန် အမျိုးသား တို့ကို တိုက်လျက် မြို့ ရွာ၌ ရှိသောလူ ၊ တိရစ္ဆာန် တွေ့ သမျှ တို့ကို ထား နှင့် လုပ်ကြံ ၍၊ တွေ့ သမျှ သောမြို့ ရွာတို့ကို မီး ရှို့ ကြ၏။

< တရားသူကြီးမှတ်စာ 20 >