< တရားသူကြီးမှတ်စာ 20 >
1 ၁ မြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။-
A LAILA, hele aku la na mamo A a pau o ka Iseraela, a akoakoa ae la ia poe, me he kanaka hookahi la, mai Dana, a hiki i Beereseba, a me ko ka aina o Gileada, a io Iehova la i Mizepa.
2 ၂ စုရုံးရောက်ရှိလာကြသောဘုရားသခင် ၏လူမျိုးတော်တွင် ဣသရေလအနွယ် အပေါင်းတို့၏ခေါင်းဆောင်များပါဝင် ကြ၏။ မိဇပါမြို့၌ခြေလျင်တပ်သား ပေါင်းလေးသိန်းမျှစုရုံးလျက်ရှိသတည်း။-
Ku mai la na luna o na kanaka a pau, no na ohana a pau o ka Iseraela maloko o ka ahakanaka o ke Akua, eha haneri tausani kanaka i hele wawae, me ka unuhi i ka pahikaua.
3 ၃ ဤအတောအတွင်းဗင်္ယာမိန်အမျိုးသား တို့သည်မိဇပါမြို့၌ အခြားဣသရေလ အမျိုးသားအပေါင်းတို့စုဝေးလျက်ရှိ ကြောင်းကိုကြားသိကြလေသည်။ ဣသရေလအမျိုးသားတို့က``ဤရာဇဝတ် မှုကိုအဘယ်သို့ကူးလွန်ပါသနည်း။ ငါ တို့အားပြောပြပါလော့'' ဟုမေးကြလျှင်၊-
(Lohe iho la na mamo a Beniamina, ua pii aku na mamo a Iseraela i Mizepa.) Alaila, olelo mai na mamo a Iseraela, E hai mai oukou: pehea la keia hewa?
4 ၄ အသတ်ခံရသူမိန်းမ၏လင်လေဝိအမျိုး သားက``ကျွန်ုပ်သည်မယားငယ်နှင့်အတူ ဗင်္ယာ မိန်နယ်မြေရှိဂိဗာမြို့သို့ညအခါတည်း ခိုရန်သွားရောက်ခဲ့ပါ၏။-
Olelo aku la ka Levi, ke kane a ka wahine i pepehiia, i aku la, I ko'u hele ana i Gibea no Beniamina, owau a me ka'u haiawahine, a moe ilaila;
5 ၅ ဂိဗာမြို့သားတို့သည်ကျွန်ုပ်အားရန်ပြုလို၍ အိမ်ကိုဝိုင်းရံထားကြပါသည်။ သူတို့သည် ကျွန်ုပ်ကိုသတ်ရန်ကြံရွယ်သော်လည်းကျွန်ုပ် ၏မယားငယ်အားမုဒိန်းကျင့်သဖြင့်သူ သည်သေဆုံးသွားပါ၏။-
Kuee mai la na kanaka o Gibea ia'u, a hoopuni iho la lakou i ka hale maluna o'u, i ka po, manao iho la e pepehi mai ia'u; a hoohaahaa iho la lakou i ka'u haiawahine, a ua make loa ia.
6 ၆ ကျွန်ုပ်သည်သူ၏ရုပ်အလောင်းကိုယူ၍အပိုင်း ပိုင်းဖြတ်ပြီးလျှင် ဣသရေလတစ်ဆယ့်နှစ် မျိုးထံသို့တစ်ပိုင်းစီပေးပို့ခဲ့ပါ၏။ ဤသူ တို့သည်ဣသရေလလူမျိုးတွင်ဆိုးညစ် သောအမှု၊ အဋ္ဌမ္မအမှုကိုပြုကြပါပြီ။-
Lalau aku la au i ka'u haiawahine, oki liilii iho la, a hoouna aku la i na aina a pau i ili mai ai i ka Iseraela; no ka mea, ua hana lakou ma ka moe kolohe a me ka lapuwale iloko o ka Iseraela.
7 ၇ ဤအရပ်တွင်ရောက်ရှိနေသောသင်တို့ အပေါင်းသည် ဣသရေလအမျိုးသားများ ဖြစ်ကြသည်။ ဤအမှုနှင့်ပတ်သက်၍အဘယ် သို့အရေးယူဆောင်ရွက်ကြပါမည်နည်း'' ဟု မေး၏။
Aia hoi, he poe mamo oukou a pau na Iseraela. E haawi mai i ko oukou manao a me ka oukou pono.
8 ၈ လူအပေါင်းတို့သည်တစ်ပြိုင်နက်ထ၍``ငါ တို့သည်တစ်ယောက်မျှမကျန် မိမိ၏တဲရှင် သို့မဟုတ်အိမ်သို့မပြန်ကြတော့ပြီ။-
Ku mai la na kanaka a pau me he kanaka hookahi la, i mai la, Aole kekahi o kakou e hele i kona halelewa, aole hoi kekahi o kakou e hoi i kona hale.
9 ၉ ငါတို့ပြုမည့်အမှုကားစာရေးတံမဲချ ၍လူအချို့ကိုရွေးချယ်ပြီးလျှင် ဂိဗာ မြို့ကိုတိုက်ခိုက်ကြရန်ပင်တည်း။-
Eia ka mea a kakou e hana aku ai ia Gibea, ma ka hailona e ku e ia ia.
10 ၁၀ ဣသရေလလူမျိုး၏ယောကျာ်းဆယ်ပုံတစ် ပုံသည်စစ်တပ်အတွက်ရိက္ခာပို့ရမည်။ ကျန် သူတို့သည်ဂိဗာမြို့သားတို့အား ဣသရေလ လူမျိုးတွင်ကူးလွန်ခဲ့သည့်အဋ္ဌမ္မအမှု အတွက်ဒဏ်ပေးရမည်'' ဟုပြန်ပြောကြ၏။-
E lawe kakou i umi kanaka o ka haneri, no na ohana a pau o ka Iseraela, a he haneri no ka tausani, a he tausani no ka umi tausani, na lakou no e lawe mai i ka ai na na kanaka, i hana lakou i ko Gibea no Beniamina, ke hiki lakou ilaila, e like me ka mea lapuwale a pau a lakou i hana'i maloko o ka Iseraela.
11 ၁၁ သို့ဖြစ်၍ဣသရေလပြည်ရှိလူအပေါင်း တို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ရန်တစ်ခုတည်း သောရည်ရွယ်ချက်ဖြင့်စုဝေးကြကုန်၏။
Alaila, hoakoakoa mai la na kanaka a pau o ka Iseraela, e ku e i ua kulanakauhale la, ua huipu e like me ke kanaka hookahi.
12 ၁၂ ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန် အနွယ်ဝင်တို့၏နယ်မြေတစ်လျှောက်သို့ လူများကိုစေလွှတ်၍``သင်တို့ကူးလွန်ခဲ့ သည့်အဋ္ဌမ္မအမှုကားအဘယ်သို့နည်း။-
Hoouna aku la na ohana o Iseraela i kanaka ma ka ohana a pau o Beniamina, i aku la, Heaha keia hewa i hanaia iwaena o oukou?
13 ၁၃ ဂိဗာမြို့၌ရှိသောအဋ္ဌမ္မလူတို့ကိုငါတို့ သတ်၍ဣသရေလလူမျိုးမှ ဤဆိုးညစ်မှု ကိုဖယ်ရှားပစ်နိုင်ရန်ယခုငါတို့လက်သို့ ပေးအပ်ကြလော့'' ဟုပြောကြားစေ၏။ သို့ ရာတွင်ဗင်္ယာမိန်အနွယ်ဝင်တို့သည်အခြား ဣသရေလအမျိုးသားတို့၏စကားကို ဂရုမစိုက်ဘဲ၊-
Nolaila ea, e haawi mai oukou ia poe kanaka i na kanaka hewa hoi ma Gibea, i pepehi aku makou ia lakou, a hoopau aku i ka hewa, mai Iseraela aku. Aole i hoolohe mai ka Beniamina i ka leo o ko lakou poe hoahanau, na mamo a Iseraela.
14 ၁၄ သူတို့အားတိုက်ခိုက်ရန်ဗင်္ယာမိန်မြို့အပေါင်း မှထွက်လာ၍ဂိဗာမြို့၌စုရုံးကြ၏။-
Hoakoakoa mai la na mamo a Beniamina, mailoko mai o na kulanakauhale ma Gibea, e hele aku e kaua me na mamo a Iseraela.
15 ၁၅ သူတို့သည်ထိုနေ့၌မိမိတို့မြို့များမှစစ် သားနှစ်သောင်းခြောက်ထောင်ကိုခေါ်ထုတ်ခဲ့ ကြ၏။ ထိုမှတစ်ပါးဂိဗာမြို့သားတို့သည် လက်ရွေးစင်ဘယ်သန်လူခုနစ်ရာကိုလည်း စုရုံးပေးကြ၏။ ထိုလက်ရွေးစင်တို့သည် ဆံချည်တစ်ပင်ကိုလောက်လွှဲနှင့်မလွဲ အောင်ပစ်နိုင်သူများဖြစ်ကြ၏။-
Ua heluia na mamo a Beniamina ia la, mailoko mai o na kulanakauhale, he iwakaluakumamaono tausani kanaka i unuhi i ka pahikaua, a koe aku ka poe i noho ma Gibea, a heluia lakou, ehiku haneri kanaka i waeia.
Iloko o ia poe kanaka a pau, ehiku haneri kanaka i waeia, he poe lima hema; e hiki no ia lakou a pau ke maa aku i ka pohaku i ka lauoho, aole hoi e hala.
17 ၁၇ ဗင်္ယာမိန်အနွယ်ဝင်များမပါဘဲလက်နက် ကိုင်ဣသရေလအမျိုးသား စစ်သားဦးရေ မှာလေးသိန်းမျှရှိသတည်း။
A o na kanaka o ka Iseraela i heluia, eha haneri tausani lakou i unuhi i ka pahikaua, a koe aku ka Beniamina. He poe kanaka kaua keia a pau.
18 ၁၈ ဣသရေလအမျိုးသားတို့သည်ဗေသလ မြို့ရှိဝတ်ပြုကိုးကွယ်ရာဌာနတော်သို့သွား ၍``ဗင်္ယာမိန်အမျိုးသားတို့အားမည်သည့် အနွယ်ဝင်များကဦးစွာပထမတိုက်ခိုက် ရပါမည်နည်း'' ဟုဘုရားသခင်အားလျှောက် ထားမေးမြန်းကြ၏။ ထာဝရဘုရားက``ယုဒအနွယ်ဝင်များ'' ဟူ၍ဖြေကြားတော်မူ၏။
Ku mai la na mamo a Iseraela, a pii aku la i ka hale o ke Akua, ninau aku la i ke Akua, I aku la, Owai ko makou mea e pii mua aku ai, e kaua aku i na mamo a Beniamina? I mai la o Iehova, O Iuda mua.
19 ၁၉ သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် နောက်တစ်နေ့နံနက်၌ထွက်ခွာပြီးလျှင် ဂိဗာမြို့အနီးတွင်တပ်စခန်းကြ၏။-
Ku mai la na mamo o ka Iseraela i kakahiaka, a hoonohonoho ku e aku la ia Gibea.
20 ၂၀ သူတို့သည်ဗင်္ယာမိန်တပ်ကိုစစ်ဆင်ရန် သွားရောက်ကာ မိမိတို့၏စစ်သားများ အားမြို့ကိုမျက်နှာမူ၍နေရာယူစေ၏။-
Hele aku la na kanaka o Iseraela e kaua aku i ka Beniamina; a hoomakaukau iho na kanaka o Iseraela e kana aku ia lakou ma Gibea.
21 ၂၁ ဗင်္ယာမိန်တပ်သည်မြို့ထဲမှထွက်လာ၍နေ မဝင်မီပင် ဣသရေလတပ်သားနှစ်သောင်း နှစ်ထောင်ကိုသုတ်သင်သတ်ဖြတ်လိုက်ကြ၏။-
Puka mai la na mamo a Beniamina, mailoko mai o Gibea, a luku iho la ilalo i ka lepo ia la, he iwakaluakumamalua tausani kanaka o ka Iseraela.
22 ၂၂ ထိုအခါဣသရေလအမျိုးသားတို့သည်ကိုး ကွယ်ဝတ်ပြုရာဌာနတော်သို့သွား၍ ထာဝရ ဘုရား၏ရှေ့တော်၌ညနေချမ်းအချိန်တိုင် အောင်ငိုကြွေးကြ၏။ သူတို့ကကိုယ်တော် အား``အကျွန်ုပ်တို့၏ညီဖြစ်သောဗင်္ယာမိန် အမျိုးသားတို့အား တစ်ဖန်စစ်တိုက်ရပါ မည်လော'' ဟုမေးလျှောက်ကြပြန်၏။ ထာဝရဘုရားက``တိုက်လော့'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ဣသရေလတပ်မတော်သည်အား တက်၍လာပြီးလျှင် တပ်သားများအားယမန် နေ့ကအတိုင်းနေရာယူစေပြန်၏။-
Hooikaika iho la na kanaka o ka Iseraela, a hoomakaukau e hoouka hou i ke kaua ma kahi a lakou i hoouka ai i ka la mua.
(Pii aku la na mamo a Iseraela, a uwe aku la imua o Iehova, a ahiahi, ninau aku la ia Iehova, i aku la, E pii hou anei au e kaua aku i na keiki a Beniamina, a kuu kaikaina? I mai la o Iehova, E pii ku e ia ia.)
24 ၂၄ သူတို့သည်ဒုတိယအကြိမ်ဗင်္ယာမိန်တပ် ရှိရာသို့ချီတက်ကြလေသည်။-
A i ka lua o ka la hookokoke mai na mamo a Iseraela e ku e i na mamo a Beniamina.
25 ၂၅ ဗင်္ယာမိန်တပ်သားတို့သည်လည်းဂိဗာမြို့မှ ဒုတိယအကြိမ်ထွက်လာကြ၏။ ဤအကြိမ် တွင်သူတို့သည်လက်နက်ကိုင် ဣသရေလ တပ်သားတစ်သောင်းရှစ်ထောင်ကိုသတ်ဖြတ် လိုက်ကြလေသည်။-
Puka mai la ka Beniamina mailoko mai o Gibea, i ka lua o ka la, a luku honua mai la i na mamo a Iseraela, he umikumamawalu tausani kanaka he poe unuhi pahikaua keia a pau.
26 ၂၆ ထိုအခါဣသရေလအမျိုးသားအပေါင်းတို့ သည် ဗေသလမြို့သို့သွား၍ငိုကြွေးကြ၏။ သူ တို့သည်ထာဝရဘုရား၏ရှေ့တော်တွင်ထိုင် လျက် ညနေချမ်းတိုင်အောင်အစာရှောင်ကြ၏။ သူတို့သည်ထာဝရဘုရား၏ရှေ့တော်၌ မိတ် သဟာယယဇ်နှင့်မီးရှို့ရာယဇ်တို့ကိုပူဇော် ကြ၏။-
Alaila, pii aku la na mamo a Iseraela, a me na kanaka a pau, a hiki aku la i ka hale o ke Akua, a uwe aku la, a noho iho la imua o Iehova, a hookeai iho la ia la a po, a mohai aku la i na mohaikuni, a me na mohaimakana, imua o Iehova.
27 ၂၇ ထိုကာလ၌ဗေသလမြို့တွင်ဘုရားသခင် ၏ပဋိညာဉ်သေတ္တာတော်တည်ရှိသတည်း။ ထို သေတ္တာတော်ကိုအာရုန်၏မြေး၊ ဧလိဇာ၏သား၊ ဖိနဟတ်ကတာဝန်ယူ၍စောင့်ထိန်းရ၏။ လူ တို့ကထာဝရဘုရားအား``အကျွန်ုပ်တို့သည် မိမိတို့၏ညီဗင်္ယာမိန်အနွယ်ဝင်တို့အား ယခုတစ်ဖန်သွားရောက်တိုက်ခိုက်ရပါ မည်လော။ မတိုက်ခိုက်ဘဲနေရပါမည် လော'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားက``တိုက်ခိုက်လော့။ နက်ဖြန် နေ့၌ငါသည်သင်တို့အားထိုသူတို့၏အပေါ် ၌အောင်ပွဲခံစေတော်မူမည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။
Ninau aku la na mamo a Iseraela ia Iehova, (no ka mea, malaila no ka pahuberita o ke Akua ia mau la,
O Pinehasa, ke keiki a Eleazara ke keiki a Aarona, ka i ku imua ona ia mau la, ) e aku la, E hele hou anei au e kaua aku i na mamo a Beniamina, a kuu kaikaina, e oki anei? I mai la o Iehova, O pii, no ka mea, apopo, e haawi au ia lakou iloko o kou lima.
29 ၂၉ ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌စစ်သားအချို့ကိုပုန်း အောင်း၍နေစေကြ၏။-
Hoonoho iho la ka Iseraela i poe hoohalua a puni o Gibea.
30 ၃၀ ထိုနောက်သူတို့သည်ဗင်္ယာမိန်တပ်ရှိရာသို့ တတိယအကြိမ်ချီတက်ကာ မိမိတို့၏တပ် သားများကိုရှေ့ကနည်းတူဂိဗာမြို့ကိုမျက် နှာမူ၍တိုက်ပွဲဝင်ရန်နေရာယူစေကြ၏။-
Pii aku la na mamo a Iseraela e ku e i na mamo a Beniamina, i ke kolu o ka la, a hoomakaukau e kaua i ko Gibea e like me na wa mamua.
31 ၃၁ ဗင်္ယာမိန်အမျိုးသားတို့သည်တိုက်ခိုက်ရန်ထွက် လာသောအခါ မြို့နှင့်ဝေးကွာရာသို့မျှား၍ ခေါ်ဆောင်ခြင်းခံကြရ၏။ သူတို့သည်ကွင်းပြင် တွင်လည်းကောင်း၊ ဗေသလမြို့သို့သွားရာလမ်း နှင့်ဂိဗာမြို့သို့သွားရာလမ်း၌လည်းကောင်း ယခင်ကကဲ့သို့ပင်ဣသရေလအမျိုးသား တို့ကိုစတင်လုပ်ကြံကြရာလူပေါင်းသုံးဆယ် ခန့်သေလေသည်။-
Puka aku la na mamo a Beniamina e ku e i kanaka, a kaiia'ku la lakou, mai ke kulanakauhale aku; a hoomaka e luku aku i kanaka, me ka hou aku e like me ka wa mamua, ma na ala e pii aku ai i Betela, a i na kula o Gibea kekahi, he kanakolu paha kanaka o Iseraela.
32 ၃၂ ဗင်္ယာမိန်အမျိုးသားတို့က``ငါတို့သည်ရှေး နည်းတူပင်သူတို့အားနှိမ်နင်းလိုက်လေပြီ'' ဟုဆိုကြ၏။ သို့သော်ဣသရေလအမျိုးသားတို့သည် မိမိတို့တပ်ကိုဆုတ်ခွာ၍ မြို့နှင့်ဝေးရာ လမ်းများပေါ်သို့ရောက်အောင်ရန်သူ့အား သွေးဆောင်ခေါ်ယူသွားရန်စီစဉ်ထားကြ၏။-
I iho la na mamo a Beniamina, Ua lukuia lakou imua o kakou e like me ka wa mamua. Olelo no hoi na mamo a Iseraela, E hee kakou, a e kai aku ia lakou, mai ke kulanakauhale aku, a i na alanui.
33 ၃၃ သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ပင် မတပ်ကြီးသည် ဆုတ်ခွာ၍ ဗာလတာမာမြို့၌ ပြန်လည်စုရုံးမိသောအခါ ဂိဗာမြို့ကိုဝိုင်းရံ ထားသောတပ်ပုန်းသည် မိမိတို့ပုန်းအောင်းရာ ကျောက်ပေါများသည့်မြို့ပတ်လည်အရပ်မှ ရုတ်တရက်ထွက်လာကြ၏။-
Ku mai la na kanaka a pau o ka Iseraela, mai ko lakou wahi mai, a hoomakaukau iho la e kaua ma Baalatamara. A o ka poe hoohalua o ka Iseraela, lulumi mai la lakou mailoko mai o ko lakou wahi, mai na kula mai o Gibea.
34 ၃၄ ဣသရေလတစ်မျိုးလုံးမှလက်ရွေးစင်လူတစ် သောင်းတို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ကြလေသည်။ တိုက်ပွဲမှာပြင်းထန်လှ၏။ ဗင်္ယာမိန်အမျိုးသား တို့သည်မိမိတို့အရေးရှုံးနိမ့်ရတော့မည့် အဖြစ်ကိုမရိပ်မိကြချေ။-
Hele ku e mai la ia Gibea, he umi tausani kanaka i waeia mailoko mai o ka Iseraela a pau, a ikaika loa iho la ke kaua; aole nae lakou i ike, ua kokoke mai ka hewa ia lakou.
35 ၃၅ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ဗင်္ယာမိန်တပ်အပေါ်တွင်အောင်ပွဲခံစေ တော်မူ၏။ ထိုနေ့၌ဣသရေလအမျိုးသား တို့သည်ရန်သူနှစ်သောင်းငါးထောင်တစ်ရာ ကိုလုပ်ကြံသတ်ဖြတ်လိုက်ကြ၏။-
Luku mai la o Iehova i ka Beniamina imua o ka Iseraela. Luku ae la na mamo a Iseraela i ka Beniamina ia la, he iwakaluakumamalima tausani kanaka, hookahi haneri keu; unuhi keia poe a pau i ka pahikaua.
36 ၃၆ ဗင်္ယာမိန်အမျိုးသားတို့သည်မိမိတို့အရေး ရှုံးနိမ့်ကြသည်ကိုသိမြင်လာကြ၏။ ဣသရေလအမျိုးသားတို့၏ပင်မတပ်ကြီး သည် ဂိဗာမြို့ပတ်လည်တွင်ချထားသည့်တပ်ပုန်း ကိုအားကိုးကာဗင်္ယာမိန်အမျိုးသားတို့၏ ရှေ့မှဆုတ်ခွာသွားကြ၏။-
Ike iho la na mamo a Beniamina, ua lukuia lakou; no ka mea, haawi ae la no hoi na kanaka o Iseraela i wahi no ka Beniamina, no ko lakou manao ana i ka poe hoohalua a lakou i hoonoho ai ma Gibea.
37 ၃၇ ထိုအခါတပ်ပုန်းသည်ဂိဗာမြို့ထဲသို့အလျင် အမြန်ဝင်ပြီးလျှင် လူဖြန့်၍ရှိသမျှသောမြို့ သူမြို့သားတို့အားလုပ်ကြံသတ်ဖြတ်ကြလေ သည်။-
A o ka poe hoohalua, wikiwiki iho lakou, a lele aku ia Gibea, a hoopalahalaha ae la ia lakou iho, a luku aku la i ua kulanakauhale la.
38 ၃၈ ဣသရေလတပ်မကြီးသည်တပ်ပုန်းနှင့် အချက် ပြအမှတ်အသားတစ်ခုကိုစီစဉ်ထားခဲ့ကြ ၏။ မြို့ထဲမှမီးခိုးလုံးကြီးများတက်လာသည် ကိုမြင်သောအခါ၊-
Ua hoomaopopoia ka manawa i na kanaka o ka Iseraela, a me ka poe hoohalua, i hana lakou i ka uwahi, i mea punohu aku iluna, mailoko aku o ke kulanakauhale.
39 ၃၉ စစ်မြေပြင်တွင်ရှိနေကြသောဣသရေလတပ် သားတို့သည်ထွက်ပြေးရာမှလှည့်၍ပြန်လာရန် ဖြစ်၏။ ယင်းသို့ထွက်ပြေးဆုတ်ခွာချိန်၌ဗင်္ယာမိန် အမျိုးသားတို့သည် ဣသရေလတပ်သားသုံး ဆယ်ကိုသတ်ဖြတ်ပြီးဖြစ်သည်။ သူတို့က``ယခု တစ်ကြိမ်လည်းရှေးနည်းတူပင်သူတို့အပေါ် ၌ငါတို့အနိုင်ရလေပြီ'' ဟုအချင်းချင်း ပြောဆိုကြ၏။-
A hee na kanaka o Iseraela i ke kaua, hoomaka iho la ko Beniamina e luku aku, me ka hou iho i kanaka o Iseraela, i kanakolu paha kanaka; no ka mea, olelo lakou, He oiaio no, ua lukuia lakou imua o kakou, e like me ke kaua mua ana.
40 ၄၀ ထိုအချိန်၌မီးခိုးလုံးကြီးတစ်ခုသည်မြို့ထဲ မှတက်စပြုပြီဖြစ်၍ အချက်ပြအမှတ်လက္ခ ဏာပေါ်လာလေသည်။ ဗင်္ယာမိန်အမျိုးသားတို့ သည်နောက်သို့လှည့်၍ကြည့်လိုက်သောအခါ မြို့တစ်မြို့လုံးမီးလျှံတောက်နေသည်ကိုမြင် သဖြင့်အံ့အားသင့်၍သွားကြ၏။-
A pii aku la ka lapalapa o ke ahi, mai ke kulanakauhale aku, a lilo i kiaao; alaila, nana aku la ko Beniamina mahope o lakou, aia hoi, punohu aku la ka wela ana o ke kulanakauhale a pau i ka lani.
41 ၄၁ ထိုအခါဣသရေလအမျိုးသားတို့သည်ပြန် ၍လှည့်လာကြ၏။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ဆုံးပါးပျက်စီးရတော့မည့်အဖြစ် ကိုသိရှိလာသဖြင့်ကြောက်လန့်တုန်လှုပ်လျက်၊-
A huli hou na kanaka o Iseraela, alaila, hee pioloke iho la na kanaka o Beniamina; no ka mea, ua ike lakou ua hiki mai ka hewa maluna o lakou.
42 ၄၂ ဣသရေလအမျိုးသားတို့ထံမှဆုတ်ခွာ၍ တောကန္တာရထဲသို့ထွက်ပြေးကြ၏။ သို့ရာတွင် မလွတ်မမြောက်နိုင်ကြ။ ဣသရေလပင်မတပ် ကြီးနှင့်မြို့ထဲမှထွက်လာသောတပ်ပုန်းတို့ ၏စပ်ကြားတွင် ပိတ်၍မိနေကြသဖြင့်ချေ မှုန်းခြင်းကိုခံရကြတော့၏။-
Nolaila, huli lakou, mai ke alo aku o na kanaka o ka Iseraela, a i ke ala e hiki aku ai i ka waonahele; aka, hahai no ke kaua ia lakou, a luku no lakou i ka poe mailoko mai o na kauhale iwaenakonu o lakou.
43 ၄၃ ဣသရေလအမျိုးသားတို့သည်ရန်သူတို့အား ဝိုင်းရံပြီးလျှင် ဂိဗာမြို့အရှေ့ဘက်သို့တိုင်အောင် မရပ်မနားလိုက်လံတိုက်ခိုက်သတ်ဖြတ်ကြ သဖြင့်၊-
Hoopuni iho la lakou i ko Beniamina, a hahai aku la ia lakou, a hahi iho la maluna o lakou ma Menuka, ma ke alo o Gibea, ma ka hikina o ka la.
44 ၄၄ ဗင်္ယာမိန်အမျိုးသားလက်ရွေးစင်တပ်သား တစ်သောင်းရှစ်ထောင်မျှကျဆုံးလေသည်။-
He umikumamawalu tausani kanaka o Beniamina i haule, he poe kanaka koa keia a pau.
45 ၄၅ အခြားသူတို့သည်လှည့်၍တောကန္တာရဘက်သို့ ပြေးပြီးလျှင်ရိမ္မုန်ကျောက်သို့ရောက်ကြ၏။ လမ်း များပေါ်၌ထိုသူတို့အနက်လူငါးထောင်မျှ ကျဆုံးရလေသည်။ ဣသရေလအမျိုးသား တို့သည်ကျန်ရှိသေးသူတို့အား ဂိဒုံမြို့တိုင် အောင်ဆက်လက်လိုက်လံတိုက်ခိုက်၍လူနှစ် ထောင်ကိုသတ်ဖြတ်လိုက်လေသည်။-
Huli lakou, a pee aku i ka waonahele, i ka pohaku o Rimona; a hoiliili lakou i ke koena ma na alanui, elima tausani kanaka, a hahai aku ia lakou a hiki i Gidoma, a luku aku la i elua tausani kanaka.
46 ၄၆ ထိုနေ့၌ဗင်္ယာမိန်အမျိုးသားစုစုပေါင်းနှစ် သောင်းငါးထောင်မျှသေရကြ၏။ ထိုသူအား လုံးပင်သူရဲကောင်းများဖြစ်ကြသတည်း။
A o na kanaka a pau o Beniamina i haule. he iwakaluakumamalima tausani kanaka i unuhi i ka pahikaua. He poe kanaka koa keia a pau.
47 ၄၇ သို့ရာတွင်လူခြောက်ရာတို့သည်တောကန္တာရရှိ ရိမ္မုန်ကျောက်သို့ထွက်ပြေးလွတ်မြောက်သွားကြ လေသည်။ သူတို့သည်ထိုအရပ်တွင်လေးလ မျှနေကြ၏။-
Eono haneri kanaka i huli a pee i ka waonahele, malalo o ka pohaku o Rimona, a noho ma ka pohaku o Rimona, i eha malama.
48 ၄၈ ဣသရေလအမျိုးသားတို့သည်လှည့်၍ ယောကျာ်း၊ မိန်းမ၊ ကလေး၊ တိရစ္ဆာန်အပါအဝင် ကျန်ရှိနေသေးသည့်ဗင်္ယာမိန်အမျိုးသားတို့ အားသတ်ပစ်ကြလေသည်။ တွေ့သမျှသော မြို့တို့ကိုလည်းမီးရှို့ကြ၏။
Huli hou na kanaka o Iseraela e alo i na mamo a Beniamina, a luku aku la ia lakou i ka maka o ka pahikaua, mai na kanaka aku a na holoholona, a me na mea a pau, i loaa ia lakou. A puhi iho la lakou i na kulanakauhale a pau i ke ahi, ma na wahi a lakou i hiki aku ai.