< တရားသူကြီးမှတ်စာ 19 >
1 ၁ ဣသရေလလူမျိုးတွင်ရှင်ဘုရင်မပေါ်မရှိ သေးမီကာလ၌ ဧဖရိမ်တောင်ကုန်းဒေသ အစွန်အဖျားတွင်နေထိုင်သောလေဝိအမျိုး သားတစ်ယောက်သည် ယုဒပြည်ဗက်လင်မြို့ သူတစ်ယောက်ကိုအပျော်မယားအဖြစ် သိမ်းယူ၏။-
2 ၂ သို့ရာတွင်ထိုသူငယ်မသည်ခင်ပွန်းနှင့် စိတ်ဆိုးသဖြင့် ဗက်လင်မြို့ရှိသူ့ဖခင်၏ အိမ်သို့ပြန်ပြီးလျှင်ထိုအိမ်တွင်လေးလ မျှနေလေသည်။-
3 ၃ ထိုအခါလင်ဖြစ်သူသည်သူ့အားချော့မော့၍ မိမိထံပြန်လာရန်ကြိုးစားမည်ဟုဆုံးဖြတ် ကာ မိမိနှင့်အတူမြည်းနှစ်ကောင်နှင့်အစေခံ ကိုပါခေါ်၍သွား၏။ သူငယ်မသည်လေဝိ အမျိုးသားအားအိမ်ထဲသို့ဝင်ရန်ဖိတ်ခေါ် လိုက်ရာဖခင်ဖြစ်သူသည် သူ့ကိုမြင်လျှင် ဝမ်းမြောက်စွာကြိုဆိုလက်ခံလေသည်။-
4 ၄ သူ့အားလည်းဆက်လက်နေထိုင်ရန်တိုက် တွန်း၏။ ထို့ကြောင့်သူသည်ယောက္ခမအိမ်တွင် သုံးရက်မျှနေထိုင်လေသည်။ သမက်သည် ထိုအိမ်၌စားသောက်တည်းခိုပြီးနောက်၊-
5 ၅ စတုတ္ထနေ့နံနက်၌စောစောထ၍ခရီးထွက် ရန်ပြင်ဆင်သောအခါ ယောက္ခမက``စားစရာ ကိုဦးစွာသုံးဆောင်၍အားဖြည့်ပြီးမှခရီး ထွက်ပါ'' ဟုပြော၏။
6 ၆ သို့ဖြစ်၍ယောက္ခမနှင့်သမက်တို့သည်အတူ ထိုင်၍စားသောက်ကြ၏။ ထိုနောက်ယောက္ခမ က``ယနေ့လည်းအိပ်ပါဦးပျော်မွေ့စွာနေ ပါဦး'' ဟုဆို၏။
7 ၇ လေဝိအမျိုးသားသည်ထ၍ခရီးသွားရန် ပြင်ဆင်သော်လည်း ယောက္ခမဖြစ်သူကဆက် လက်နေထိုင်ရန်တိုက်တွန်းသဖြင့် ထိုညတွင် လည်းထိုအိမ်၌အိပ်လေသည်။-
8 ၈ ငါးရက်မြောက်သောနေ့နံနက်စောစော၌သူ သည် ခရီးသွားရန်ထသောအခါယောက္ခမ က``ကျေးဇူးပြု၍အစာစားပါဦး။ နေမြင့် သည်တိုင်အောင်စောင့်ပါဦး'' ဟုဆိုသဖြင့် ယောက္ခမနှင့်သမက်တို့သည်အတူတကွ စားကြ၏။
9 ၉ သူသည်မိမိ၏မယားငယ်နှင့်အစေခံကို ခေါ်၍ ထွက်ခွာမည်ပြုသောအခါယောက္ခမ က``ကြည့်ပါညနေချမ်းအချိန်သို့ရောက် လေပြီ။ မကြာမီပင်မှောင်လာတော့အံ့။ ဤ အရပ်၌ပင်တစ်ညအိပ်၍ပျော်မွေ့စွာနေ ပါလော့။ နက်ဖြန်နံနက်စောစောထ၍ပြန် ပါလော့'' ဟုဆိုလေသည်။
10 ၁၀ သို့ရာတွင်လေဝိအမျိုးသားသည်နောက်တစ် ညမနေလိုတော့သဖြင့် ကုန်းနှီးတင်ထား သည့်မြည်းနှစ်စီးပါလျက် မိမိမယားငယ် နှင့်အတူစတင်ခရီးထွက်လေ၏။ သူတို့ သည်ယေရုရှလင်မြို့တည်းဟူသောယေဗုတ် မြို့သို့ရောက်သောအခါ နေ့အချိန်ကုန်လွန် ခါနီးလေပြီ။ ထို့ကြောင့်အစေခံကမိမိ ၏သခင်အား``ယေဗုသိအမျိုးသားတို့ နေထိုင်ရာမြို့၌ပင်အကျွန်ုပ်တို့အိပ်ကြ ရအောင်'' ဟုပြော၏။
11 ၁၁
12 ၁၂ သို့ရာတွင်သူ၏သခင်က``ဣသရေလ အမျိုးသားမဟုတ်သူတို့၏မြို့တွင် ငါတို့ မရပ်မနားလို။ ရှေ့သို့အနည်းငယ်ဆက် ၍သွားပြီးလျှင် ဂိဗာမြို့၌အိပ်ကြကုန် အံ့'' ဟုဆိုလေသည်။-
13 ၁၃
14 ၁၄ သို့ဖြစ်၍သူတို့သည်ယေဗုတ်မြို့ကိုကျော် ဖြတ်၍ဆက်လက်ခရီးပြုရာ ဗင်္ယာမိန်အနွယ် ဝင်တို့၏နယ်မြေရှိဂိဗာမြို့သို့ရောက်ကြ၏။ ထိုအခါ၌နေဝင်လျက်နေလေပြီ။-
15 ၁၅ ထို့ကြောင့်သူတို့သည်ထိုမြို့တွင်အိပ်စက် နားနေရန်မြို့ထဲသို့ဝင်ပြီးလျှင် မြို့တံခါး အနီးရှိကွက်လပ်၌ထိုင်နေကြ၏။ သို့သော် လည်းမည်သူမျှမိမိအိမ်တွင်တည်းခိုရန် သူတို့အားခေါ်ဖိတ်ခြင်းမပြုကြချေ။
16 ၁၆ ယင်းသို့သူတို့ထိုင်နေကြစဉ်အဖိုးအို တစ်ယောက်သည် ညဥ့်ဦးယံ၌လယ်လုပ်ရာမှ ပြန်လာလေသည်။ သူသည်ယခုအခါ၌ ဂိဗာမြို့တွင်နေထိုင်လျက်ရှိသော်လည်း အစကမူဧဖရိမ်တောင်ကုန်းဒေသ တွင်နေထိုင်ခဲ့သူဖြစ်၏။ (ထိုမြို့ရှိအခြား သူတို့မှာဗင်္ယာမိန်အနွယ်ဝင်များဖြစ် သတည်း။-)
17 ၁၇ အဖိုးအိုသည်မြို့တံခါးအနီးကွက်လပ် ရှိခရီးသည်ကိုမြင်သောအခါ``သင်အဘယ် မှလာသနည်း။ အဘယ်အရပ်သို့သွားမည် နည်း'' ဟုမေး၏။
18 ၁၈ လေဝိအမျိုးသားကလည်း``ကျွန်ုပ်တို့သည် ယုဒပြည်ဗက်လင်မြို့သို့သွားရောက်ခဲ့ပြီး နောက် ကျွန်ုပ်တို့၏နေအိမ်ရှိရာဧဖရိမ် တောင်ကုန်းဒေသအစွန်းအဖျားသို့ပြန် ရန်ခရီးသွားနေကြပါ၏။ ကျွန်ုပ်တို့အား ဤညအတွက်တည်းခိုရန်ဖိတ်ခေါ်သူ မရှိပါ။-
19 ၁၉ ကျွန်ုပ်တို့တွင်မိမိတို့မြည်းများအတွက် ကောက်ရိုး၊ ကျွန်ုပ်နှင့်ကျွန်ုပ်၏မယားနှင့် အစေခံအတွက် အစားအစာနှင့်စပျစ် ရည်ရှိပါ၏။ အကျွန်ုပ်တို့မှာတစ်စုံတစ်ခု မျှမလိုပါ'' ဟုပြန်ပြောလေသည်။
20 ၂၀ အဖိုးအိုက``သင်သည်ငါ၏အိမ်တွင်တည်း ခိုနိုင်ပါသည်။ သင့်အားငါကြည့်ရှုပြုစု အံ့။ ဤည၌ကွက်လပ်တွင်သင်တို့အိပ် စက်ရန်မလိုပါ'' ဟုဆို၏။-
21 ၂၁ သို့ဖြစ်၍သူသည်ထိုသူတို့ကိုမိမိ၏အိမ် သို့ခေါ်ဆောင်ပြီးလျှင် သူတို့၏မြည်းများ ကိုအစာကျွေး၏။ သူ၏ဧည့်သည်တို့သည် လည်းခြေဆေးပြီးလျှင်အစားအစာသုံး ဆောင်ကြလေသည်။
22 ၂၂ ယင်းသို့သူတို့ပျော်မွေ့လျက်နေကြစဉ် ထို မြို့ကအဋ္ဌမ္မသားအချို့တို့သည်အိမ်ကို ဝိုင်းရံထားပြီးနောက်တံခါးကိုထုရိုက် ကြ၏။ အဖိုးအိုအားလည်း``သင်နှင့်အတူ လိုက်လာသူကိုခေါ်ထုတ်ပေးပါ။ ငါတို့ သူနှင့်ကာမရာဂဆက်ဆံလိုပါသည်'' ဟုဆိုကြ၏။
23 ၂၃ သို့ရာတွင်အဖိုးအိုသည်အိမ်ပြင်သို့ထွက် ၍``မိတ်ဆွေတို့၊ ကျေးဇူးပြု၍ဤသို့ဆိုးညစ် ဟော့ရမ်းသည့်အမှုကိုမပြုကြပါနှင့်။ ဤ သူသည်ငါ၏ဧည့်သည်ဖြစ်ပါသည်။-
24 ၂၄ ဤမှာသူ၏မယားငယ်နှင့်ငါ့ကိုယ်ပိုင်သမီး အပျိုစင်ရှိပါ၏။ သူတို့အားယခုငါထုတ် ပေးပါမည်။ သင်တို့အလိုရှိသလိုပြုကျင့် ကြပါ။ သို့ရာတွင်ငါ၏ဧည့်သည်ကိုမူဤ မျှဆိုးသွမ်းသည့်အမှုကိုမပြုကြပါနှင့်'' ဟုတောင်းပန်၏။-
25 ၂၅ သို့ရာတွင်ထိုသူတို့သည်သူ၏စကားကို နားမထောင်သောကြောင့် လေဝိအမျိုးသား သည်မိမိ၏မယားငယ်ကိုထုတ်၍ သူတို့ အားအပ်လိုက်သဖြင့်သူတို့သည်ထိုအမျိုး သမီးအား တစ်ညလုံးရက်စက်ကြမ်းကြုတ် စွာပြုပြီးနောက်မိုးသောက်မှလွှတ်လိုက် ကြ၏။
26 ၂၆ အရုဏ်တက်ချိန်၌အမျိုးသမီးသည်လာ၍ မိမိ၏ခင်ပွန်းရှိရာအဖိုးအို၏အိမ်တံခါးဝ ၌လဲကျသွားတော့၏။ သူသည်မိုးလင်းချိန်၌ လည်းထိုနေရာတွင်ပင်ရှိနေသေး၏။-
27 ၂၇ ထိုနေ့နံနက်၌သူ၏ခင်ပွန်းသည်ခရီးပြုရန် ထ၍တံခါးကိုဖွင့်လိုက်သောအခါ မိမိ၏ မယားငယ်သည်တံခါးခုံကိုလက်တင်၍အိမ် ရှေ့တွင်လဲလျက်နေသည်ကိုတွေ့ရှိရလေသည်။-
28 ၂၈ သူက``ထလော့၊ ငါတို့သွားကြစို့'' ဟုဆိုသော် လည်းမည်သည့်အဖြေကိုမျှမရချေ။ သို့ ဖြစ်၍သူသည်သူငယ်မ၏ရုပ်အလောင်း ကိုမြည်းပေါ်တွင်တင်၍အိမ်သို့ပြန်လေ၏။-
29 ၂၉ အိမ်သို့ရောက်သောအခါအိမ်ထဲသို့ဝင်ပြီး လျှင်ဋ္ဌားတစ်လက်ကိုယူ၍ မယားငယ်၏ ရုပ်အလောင်းကိုတစ်ဆယ့်နှစ်ပိုင်းဖြတ်၏။ ထို နောက်ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ထံ သို့တစ်ပိုင်းစီပေးပို့လိုက်လေသည်။-
30 ၃၀ ထိုအခြင်းအရာကိုတွေ့မြင်ရသူမှန်သမျှ တို့က``ဤအမှုမျိုးကိုငါတို့အဘယ်အခါ ၌မျှမတွေ့မမြင်ခဲ့ဘူးပါ။ အီဂျစ်ပြည်မှ ဣသရေလအမျိုးသားတို့ထွက်ခွာလာချိန် မှစ၍ ယနေ့တိုင်အောင်ဤသို့မဖြစ်မပျက် ခဲ့ဘူးပါ။ ထို့ကြောင့်ငါတို့သည်ဤအမှုနှင့် ပတ်သက်၍တစ်ခုခုပြုကြရမည်။ အဘယ် သို့ပြုကြရပါမည်နည်း'' ဟုဆိုကြ၏။