< တရားသူကြီးမှတ်စာ 19 >

1 ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှင်​ဘု​ရင်​မ​ပေါ်​မ​ရှိ သေး​မီ​ကာ​လ​၌ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ အ​စွန်​အ​ဖျား​တွင်​နေ​ထိုင်​သော​လေ​ဝိ​အ​မျိုး သား​တစ်​ယောက်​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့ သူ​တစ်​ယောက်​ကို​အ​ပျော်​မ​ယား​အ​ဖြစ် သိမ်း​ယူ​၏။-
이스라엘에 왕이 없을 그 때에 에브라임 산지 구석에 우거하는 어떤 레위 사람이 유다 베들레헴에서 첩을 취하였더니
2 သို့​ရာ​တွင်​ထို​သူ​ငယ်​မ​သည်​ခင်​ပွန်း​နှင့် စိတ်​ဆိုး​သ​ဖြင့် ဗက်​လင်​မြို့​ရှိ​သူ့​ဖခင်​၏ အိမ်​သို့​ပြန်​ပြီး​လျှင်​ထို​အိမ်​တွင်​လေး​လ မျှ​နေ​လေ​သည်။-
그 첩이 행음하고 남편을 떠나 유다 베들레헴 그 아비의 집에 돌아가서 거기서 넉달의 날을 보내매
3 ထို​အ​ခါ​လင်​ဖြစ်​သူ​သည်​သူ့​အား​ချော့​မော့​၍ မိ​မိ​ထံ​ပြန်​လာ​ရန်​ကြိုး​စား​မည်​ဟု​ဆုံး​ဖြတ် ကာ မိ​မိ​နှင့်​အ​တူ​မြည်း​နှစ်​ကောင်​နှင့်​အ​စေ​ခံ ကို​ပါ​ခေါ်​၍​သွား​၏။ သူ​ငယ်​မ​သည်​လေဝိ အ​မျိုး​သား​အား​အိမ်​ထဲ​သို့​ဝင်​ရန်​ဖိတ်​ခေါ် လိုက်​ရာ​ဖ​ခင်​ဖြစ်​သူ​သည် သူ့​ကို​မြင်​လျှင် ဝမ်း​မြောက်​စွာ​ကြို​ဆို​လက်​ခံ​လေ​သည်။-
그 남편이 그 여자에게 다정히 말하고 그를 데려오고자 하여 하인 하나와 나귀 두 필을 데리고 그에게로 가매 여자가 그를 인도하여 아비의 집에 들어가니 그 여자의 아비가 그를 보고 환영하니라
4 သူ့​အား​လည်း​ဆက်​လက်​နေ​ထိုင်​ရန်​တိုက် တွန်း​၏။ ထို့​ကြောင့်​သူ​သည်​ယောက္ခ​မ​အိမ်​တွင် သုံး​ရက်​မျှ​နေ​ထိုင်​လေ​သည်။ သ​မက်​သည် ထို​အိမ်​၌​စား​သောက်​တည်း​ခို​ပြီး​နောက်၊-
그 첩장인 곧 여자의 아비가 그를 머물리매 그가 삼일을 그와 함께 거하며 먹고 마시며 거기서 유숙하다가
5 စ​တုတ္ထ​နေ့​နံ​နက်​၌​စော​စော​ထ​၍​ခ​ရီး​ထွက် ရန်​ပြင်​ဆင်​သော​အ​ခါ ယောက္ခ​မ​က``စား​စ​ရာ ကို​ဦး​စွာ​သုံး​ဆောင်​၍​အား​ဖြည့်​ပြီး​မှ​ခ​ရီး ထွက်​ပါ'' ဟု​ပြော​၏။
나흘 만에 일찌기 일어나 떠나고자 하매 여자의 아비가 그 사위에게 이르되 `떡을 조금 먹어 그대의 기력을 도운 후에 그대의 길을 행하라'
6 သို့​ဖြစ်​၍​ယောက္ခ​မ​နှင့်​သမက်​တို့​သည်​အ​တူ ထိုင်​၍​စား​သောက်​ကြ​၏။ ထို​နောက်​ယောက္ခ​မ က``ယ​နေ့​လည်း​အိပ်​ပါ​ဦး​ပျော်​မွေ့​စွာ​နေ ပါ​ဦး'' ဟု​ဆို​၏။
두 사람이 앉아서 함께 먹고 마시매 여자의 아비가 그 사람에게 이르되 `청하노니 이 밤을 여기서 유숙하여 그대의 마음을 즐겁게하라'
7 လေ​ဝိ​အ​မျိုး​သား​သည်​ထ​၍​ခ​ရီး​သွား​ရန် ပြင်​ဆင်​သော်​လည်း ယောက္ခ​မ​ဖြစ်​သူ​က​ဆက် လက်​နေ​ထိုင်​ရန်​တိုက်​တွန်း​သ​ဖြင့် ထို​ည​တွင် လည်း​ထို​အိမ်​၌​အိပ်​လေ​သည်။-
그 사람이 일어나서 가고자 하되 첩장인의 간청으로 다시 유숙하더니
8 ငါး​ရက်​မြောက်​သော​နေ့​နံနက်​စော​စော​၌​သူ သည် ခ​ရီး​သွား​ရန်​ထ​သော​အ​ခါ​ယောက္ခ​မ က``ကျေး​ဇူး​ပြု​၍​အ​စာ​စား​ပါ​ဦး။ နေ​မြင့် သည်​တိုင်​အောင်​စောင့်​ပါ​ဦး'' ဟု​ဆို​သ​ဖြင့် ယောက္ခ​မ​နှင့်​သမက်​တို့​သည်​အ​တူ​တ​ကွ စား​ကြ​၏။
다섯째 날 아침에 일찌기 일어나 떠나고자 하매 여자의 아비가 이르되 `청하노니 그대의 기력을 돕고 해가 기울도록 머물라' 하므로 두 사람이 함께 먹고
9 သူ​သည်​မိ​မိ​၏​မယား​ငယ်​နှင့်​အ​စေ​ခံ​ကို ခေါ်​၍ ထွက်​ခွာ​မည်​ပြု​သော​အ​ခါ​ယောက္ခ​မ က``ကြည့်​ပါ​ည​နေ​ချမ်း​အ​ချိန်​သို့​ရောက် လေ​ပြီ။ မ​ကြာ​မီ​ပင်​မှောင်​လာ​တော့​အံ့။ ဤ အ​ရပ်​၌​ပင်​တစ်​ည​အိပ်​၍​ပျော်​မွေ့​စွာ​နေ ပါ​လော့။ နက်​ဖြန်​နံ​နက်​စော​စော​ထ​၍​ပြန် ပါ​လော့'' ဟု​ဆို​လေ​သည်။
그 사람이 첩과 하인으로 더불어 일어나 떠나고자 하매 그 첩장인 곧 여자의 아비가 그에게 이르되 `보라! 이제 해가 저물어가니 청컨대 이 밤도 유숙하라 보라! 해가 기울었느니라 그대는 여기서 유숙하여 그대의 마음을 즐겁게 하고 내일 일찌기 그대의 길을 행하여 그대의 집으로 돌아가라'
10 ၁၀ သို့​ရာ​တွင်​လေဝိ​အ​မျိုး​သား​သည်​နောက်​တစ် ည​မ​နေ​လို​တော့​သ​ဖြင့် ကုန်း​နှီး​တင်​ထား သည့်​မြည်း​နှစ်​စီး​ပါ​လျက် မိ​မိ​မ​ယား​ငယ် နှင့်​အ​တူ​စ​တင်​ခ​ရီး​ထွက်​လေ​၏။ သူ​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော​ယေ​ဗုတ် မြို့​သို့​ရောက်​သော​အ​ခါ နေ့​အ​ချိန်​ကုန်​လွန် ခါ​နီး​လေ​ပြီ။ ထို့​ကြောင့်​အ​စေ​ခံ​က​မိ​မိ ၏​သ​ခင်​အား``ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​မြို့​၌​ပင်​အ​ကျွန်ုပ်​တို့​အိပ်​ကြ ရ​အောင်'' ဟု​ပြော​၏။
그 사람이 다시 밤을 지내고자 아니하여 일어나 떠나서 여부스 맞은편에 이르렀으니 여부스는 곧 예루살렘이라 안장 지운 나귀 둘과 첩이 그와 함께 하였더라
11 ၁၁
그들이 여부스에 가까왔을 때에 해가 지려 하는지라 종이 주인에게 이르되 `청컨대 우리가 돌이켜 여부스 사람의 이 성읍에 들어 가서 유숙하사이다'
12 ၁၂ သို့​ရာ​တွင်​သူ​၏​သ​ခင်​က``ဣ​သ​ရေ​လ အ​မျိုး​သား​မ​ဟုတ်​သူ​တို့​၏​မြို့​တွင် ငါ​တို့ မ​ရပ်​မ​နား​လို။ ရှေ့​သို့​အ​နည်း​ငယ်​ဆက် ၍​သွား​ပြီး​လျှင် ဂိ​ဗာ​မြို့​၌​အိပ်​ကြ​ကုန် အံ့'' ဟု​ဆို​လေ​သည်။-
주인이 그에게 이르되 `우리가 돌이켜 이스라엘 자손에게 속하지 아니한 외인의 성읍으로 들어갈 것이 아니니 기브아로 나아가리라' 하고
13 ၁၃
또 그 종에게 이르되 `우리가 기브아나 라마 중 한 곳에 나아가 거기서 유숙하자' 하고
14 ၁၄ သို့​ဖြစ်​၍​သူ​တို့​သည်​ယေ​ဗုတ်​မြို့​ကို​ကျော် ဖြတ်​၍​ဆက်​လက်​ခ​ရီး​ပြု​ရာ ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့​၏​နယ်​မြေ​ရှိ​ဂိဗာ​မြို့​သို့​ရောက်​ကြ​၏။ ထို​အ​ခါ​၌​နေ​ဝင်​လျက်​နေ​လေ​ပြီ။-
모두 앞으로 행하더니 베냐민에 속한 기브아에 가까이 이르러는 해가 진지라
15 ၁၅ ထို့​ကြောင့်​သူ​တို့​သည်​ထို​မြို့​တွင်​အိပ်​စက် နား​နေ​ရန်​မြို့​ထဲ​သို့​ဝင်​ပြီး​လျှင် မြို့​တံ​ခါး အ​နီး​ရှိ​ကွက်​လပ်​၌​ထိုင်​နေ​ကြ​၏။ သို့​သော် လည်း​မည်​သူ​မျှ​မိ​မိ​အိမ်​တွင်​တည်း​ခို​ရန် သူ​တို့​အား​ခေါ်​ဖိတ်​ခြင်း​မ​ပြု​ကြ​ချေ။
기브아에 가서 유숙하려고 그리로 돌이켜 들어가서 성읍 거리에 앉았으나 그를 집으로 영접하여 유숙케 하는 자가 없었더라
16 ၁၆ ယင်း​သို့​သူ​တို့​ထိုင်​နေ​ကြ​စဉ်​အ​ဖိုး​အို တစ်​ယောက်​သည် ညဥ့်​ဦး​ယံ​၌​လယ်​လုပ်​ရာ​မှ ပြန်​လာ​လေ​သည်။ သူ​သည်​ယ​ခု​အ​ခါ​၌ ဂိ​ဗာ​မြို့​တွင်​နေ​ထိုင်​လျက်​ရှိ​သော်​လည်း အ​စ​က​မူ​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ တွင်​နေ​ထိုင်​ခဲ့​သူ​ဖြစ်​၏။ (ထို​မြို့​ရှိ​အ​ခြား သူ​တို့​မှာ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​ဖြစ် သ​တည်း။-)
이미 저물매 한 노인이 밭에서 일하다가 돌아오니 그 사람은 본래 에브라임 산지 사람으로서 기브아에 우거하는 자요 그 곳 사람들은 베냐민 사람이더라
17 ၁၇ အ​ဖိုး​အို​သည်​မြို့​တံ​ခါး​အ​နီး​ကွက်​လပ် ရှိ​ခ​ရီး​သည်​ကို​မြင်​သော​အ​ခါ``သင်​အ​ဘယ် မှ​လာ​သ​နည်း။ အ​ဘယ်​အ​ရပ်​သို့​သွား​မည် နည်း'' ဟု​မေး​၏။
노인이 눈을 들어 성읍 거리에 행객이 있는 것을 본지라 노인이 묻되 그대는 어디로 가며 어디서 왔느뇨?
18 ၁၈ လေ​ဝိ​အ​မျိုး​သား​က​လည်း``ကျွန်ုပ်​တို့​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့​သို့​သွား​ရောက်​ခဲ့​ပြီး နောက် ကျွန်ုပ်​တို့​၏​နေ​အိမ်​ရှိ​ရာ​ဧ​ဖ​ရိမ် တောင်​ကုန်း​ဒေ​သ​အ​စွန်း​အ​ဖျား​သို့​ပြန် ရန်​ခ​ရီး​သွား​နေ​ကြ​ပါ​၏။ ကျွန်ုပ်​တို့​အား ဤ​ည​အ​တွက်​တည်း​ခို​ရန်​ဖိတ်​ခေါ်​သူ မ​ရှိ​ပါ။-
그가 그에게 이르되 `우리는 유다 베들레헴에서 에브라임 산지 구석으로 가나이다 나는 그곳 사람으로서 유다 베들레헴에 갔다가 이제 여호와의 집으로 가는 중인데 나를 자기 집으로 영접하는 사람이 없나이다
19 ၁၉ ကျွန်ုပ်​တို့​တွင်​မိ​မိ​တို့​မြည်း​များ​အ​တွက် ကောက်​ရိုး၊ ကျွန်ုပ်​နှင့်​ကျွန်ုပ်​၏​မ​ယား​နှင့် အ​စေ​ခံ​အ​တွက် အ​စား​အ​စာ​နှင့်​စ​ပျစ် ရည်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​တို့​မှာ​တစ်​စုံ​တစ်​ခု မျှ​မ​လို​ပါ'' ဟု​ပြန်​ပြော​လေ​သည်။
우리에게는 나귀들에게 먹일 짚과 보리가 있고 나와 당신의 여종과 당신의 종 우리들과 함께한 소년의 먹을 양식과 포도주가 있어 무엇이든지 부족함이 없나이다'
20 ၂၀ အ​ဖိုး​အို​က``သင်​သည်​ငါ​၏​အိမ်​တွင်​တည်း ခို​နိုင်​ပါ​သည်။ သင့်​အား​ငါ​ကြည့်​ရှု​ပြု​စု အံ့။ ဤ​ည​၌​ကွက်​လပ်​တွင်​သင်​တို့​အိပ် စက်​ရန်​မ​လို​ပါ'' ဟု​ဆို​၏။-
노인이 가로되 `그대는 안심하라 그대의 모든 쓸 것은 나의 담책이니 거리에서는 자지 말라' 하고
21 ၂၁ သို့​ဖြစ်​၍​သူ​သည်​ထို​သူ​တို့​ကို​မိ​မိ​၏​အိမ် သို့​ခေါ်​ဆောင်​ပြီး​လျှင် သူ​တို့​၏​မြည်း​များ ကို​အ​စာ​ကျွေး​၏။ သူ​၏​ဧည့်​သည်​တို့​သည် လည်း​ခြေ​ဆေး​ပြီး​လျှင်​အ​စား​အ​စာ​သုံး ဆောင်​ကြ​လေ​သည်။
그를 데리고 자기 집에 들어가서 나귀에게 먹이니 그들이 발을 씻고 먹고 마시니라
22 ၂၂ ယင်း​သို့​သူ​တို့​ပျော်​မွေ့​လျက်​နေ​ကြ​စဉ် ထို မြို့​က​အ​ဋ္ဌမ္မ​သား​အ​ချို့​တို့​သည်​အိမ်​ကို ဝိုင်း​ရံ​ထား​ပြီး​နောက်​တံ​ခါး​ကို​ထု​ရိုက် ကြ​၏။ အ​ဖိုး​အို​အား​လည်း``သင်​နှင့်​အ​တူ လိုက်​လာ​သူ​ကို​ခေါ်​ထုတ်​ပေး​ပါ။ ငါ​တို့ သူ​နှင့်​ကာ​မ​ရာ​ဂ​ဆက်​ဆံ​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။
그들이 마음을 즐겁게 할 때에 그 성읍의 비류들이 그 집을 에워 싸고 문을 두들기며 집 주인 노인에게 말하여 가로되 `네 집에 들어온 사람을 끌어내라 우리가 그를 상관하리라'
23 ၂၃ သို့​ရာ​တွင်​အ​ဖိုး​အို​သည်​အိမ်​ပြင်​သို့​ထွက် ၍``မိတ်​ဆွေ​တို့၊ ကျေး​ဇူး​ပြု​၍​ဤ​သို့​ဆိုး​ညစ် ဟော့​ရမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်။ ဤ သူ​သည်​ငါ​၏​ဧည့်​သည်​ဖြစ်​ပါ​သည်။-
집 주인 그 사람이 그들에게로 나와서 이르되 `아니라 내 형제들아 청하노니 악을 행치 말라 이 사람이 내 집에 들었으니 이런 망령된 일을 행치 말라
24 ၂၄ ဤ​မှာ​သူ​၏​မယား​ငယ်​နှင့်​ငါ့​ကိုယ်​ပိုင်​သ​မီး အ​ပျို​စင်​ရှိ​ပါ​၏။ သူ​တို့​အား​ယ​ခု​ငါ​ထုတ် ပေး​ပါ​မည်။ သင်​တို့​အ​လို​ရှိ​သ​လို​ပြု​ကျင့် ကြ​ပါ။ သို့​ရာ​တွင်​ငါ​၏​ဧည့်​သည်​ကို​မူ​ဤ မျှ​ဆိုး​သွမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်'' ဟု​တောင်း​ပန်​၏။-
보라 여기 내 처녀 딸과 이 사람의 첩이 있은즉 내가 그들을 끌어 내리니 너희가 그들을 욕보이든지 어찌하든지 임의로 하되 오직 이사람에게는 이런 망령된 일을 행치 말라' 하나
25 ၂၅ သို့​ရာ​တွင်​ထို​သူ​တို့​သည်​သူ​၏​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့် လေ​ဝိ​အ​မျိုး​သား သည်​မိ​မိ​၏​မ​ယား​ငယ်​ကို​ထုတ်​၍ သူ​တို့ အား​အပ်​လိုက်​သ​ဖြင့်​သူ​တို့​သည်​ထို​အ​မျိုး သ​မီး​အား တစ်​ည​လုံး​ရက်​စက်​ကြမ်း​ကြုတ် စွာ​ပြု​ပြီး​နောက်​မိုး​သောက်​မှ​လွှတ်​လိုက် ကြ​၏။
무리가 듣지 아니하므로 그 사람이 자기 첩을 무리에게로 붙들어 내매 그들이 그에게 행음하여 밤새도록 욕보이다가 새벽 미명에 놓은지라
26 ၂၆ အ​ရုဏ်​တက်​ချိန်​၌​အ​မျိုး​သ​မီး​သည်​လာ​၍ မိ​မိ​၏​ခင်​ပွန်း​ရှိ​ရာ​အ​ဖိုး​အို​၏​အိမ်​တံ​ခါး​ဝ ၌​လဲ​ကျ​သွား​တော့​၏။ သူ​သည်​မိုး​လင်း​ချိန်​၌ လည်း​ထို​နေ​ရာ​တွင်​ပင်​ရှိ​နေ​သေး​၏။-
동틀 때에 여인이 그 주인의 우거한 그 사람의 집 문에 이르러 엎드러져 밝기까지 거기 누웠더라
27 ၂၇ ထို​နေ့​နံ​နက်​၌​သူ​၏​ခင်​ပွန်း​သည်​ခ​ရီး​ပြု​ရန် ထ​၍​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ မိ​မိ​၏ မ​ယား​ငယ်​သည်​တံ​ခါး​ခုံ​ကို​လက်​တင်​၍​အိမ် ရှေ့​တွင်​လဲ​လျက်​နေ​သည်​ကို​တွေ့​ရှိ​ရ​လေ​သည်။-
그의 주인이 일찌기 일어나 집 문을 열고 떠나고자 하더니 그 여인이 집 문에 엎드러지고 그 두 손이 문지방에 있는 것을 보고
28 ၂၈ သူ​က``ထ​လော့၊ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​သော် လည်း​မည်​သည့်​အ​ဖြေ​ကို​မျှ​မ​ရ​ချေ။ သို့ ဖြစ်​၍​သူ​သည်​သူ​ငယ်​မ​၏​ရုပ်​အ​လောင်း ကို​မြည်း​ပေါ်​တွင်​တင်​၍​အိမ်​သို့​ပြန်​လေ​၏။-
그에게 이르되 `일어나라 우리가 떠나가자' 하나 아무 대답이 없는지라 이에 그 시체를 나귀에 싣고 행하여 자기 곳에 돌아가서
29 ၂၉ အိမ်​သို့​ရောက်​သော​အ​ခါ​အိမ်​ထဲ​သို့​ဝင်​ပြီး လျှင်​ဋ္ဌား​တစ်​လက်​ကို​ယူ​၍ မ​ယား​ငယ်​၏ ရုပ်​အ​လောင်း​ကို​တစ်​ဆယ့်​နှစ်​ပိုင်း​ဖြတ်​၏။ ထို နောက်​ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ထံ သို့​တစ်​ပိုင်း​စီ​ပေး​ပို့​လိုက်​လေ​သည်။-
그 집에 이르러서는 칼을 취하여 첩의 시체를 붙들어 그 마디를 찍어 열 두덩이에 나누고 그것을 이스라엘 사방에 두루 보내매
30 ၃၀ ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သူ​မှန်​သ​မျှ တို့​က``ဤ​အ​မှု​မျိုး​ကို​ငါ​တို့​အ​ဘယ်​အ​ခါ ၌​မျှ​မ​တွေ့​မ​မြင်​ခဲ့​ဘူး​ပါ။ အီ​ဂျစ်​ပြည်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထွက်​ခွာ​လာ​ချိန် မှ​စ​၍ ယ​နေ့​တိုင်​အောင်​ဤ​သို့​မ​ဖြစ်​မ​ပျက် ခဲ့​ဘူး​ပါ။ ထို့​ကြောင့်​ငါ​တို့​သည်​ဤ​အ​မှု​နှင့် ပတ်​သက်​၍​တစ်​ခု​ခု​ပြု​ကြ​ရ​မည်။ အ​ဘယ် သို့​ပြု​ကြ​ရ​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။
그것을 보는 자가 다 가로되 `이스라엘 자손이 애굽 땅에서 나온 날부터 오늘날까지 이런 일은 행치도 아니하였고 보지도 못하였도다 생각하고 상의한 후에 말하자' 하니라

< တရားသူကြီးမှတ်စာ 19 >