< တရားသူကြီးမှတ်စာ 18 >

1 ထို​ကာ​လ​၌​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဘုရင် မ​ရှိ​သေး​ချေ။ ဒန်​အ​နွယ်​ဝင်​တို့​တွင်​လည်း အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ကဲ့ သို့ ကိုယ်​ပိုင်​နယ်​မြေ​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ ကြ​သေး​ပေ။ သို့​ဖြစ်​၍​မိ​မိ​တို့​သိမ်း​ယူ​၍ အ​တည်​တ​ကျ​နေ​ထိုင်​ရန်​နယ်​မြေ​ကို ရှာ​ဖွေ​လျက်​နေ​ကြ​၏။-
W one dni nie było króla w Izraelu, a tegoż czasu pokolenie Dan szukało sobie dziedzictwa do mieszkania; albowiem nie przypadło im było aż do onego dnia w pośrodku pokoleń Izraelskich dziedzictwo.
2 ဒန်​အ​မျိုး​သား​တို့​သည်​နယ်​မြေ​ကို​စူး​စမ်း ရှာ​ဖွေ​ရန် မိ​မိ​တို့​အ​နွယ်​ဝင်​အိမ်​ထောင်​စု အ​ပေါင်း​မှ အ​ရည်​အ​ချင်း​ရှိ​သူ​လူ​ငါး ယောက်​ကို​ရွေး​ချယ်​၍​ဇော​ရာ​မြို့​နှင့်​ဧ​ရှ တော​လ​မြို့​တို့​မှ​စေ​လွှတ်​လိုက်​ကြ​၏။ ထို သူ​တို့​သည်​တောင်​ကုန်း​ဒေ​သ​ဖြစ်​သော ဧ​ဖ​ရိမ်​ပြည်​သို့​ရောက်​လာ​သော​အ​ခါ မိက္ခာ​၏​အိမ်​တွင်​တည်း​ခို​ကြ​၏။-
Przetoż wyprawili synowie Dan z pokolenia swego pięciu mężów z granic swoich, mężów walecznych z Saraa i Estaol, aby przepatrzyli ziemię i wyszpiegowali ją, i rzekli do nich: Idźcież, wyszpiegujcie ziemię; i przyszli na górę Efraim aż do domu Michasowego i nocowali tam.
3 ထို​အိမ်​တွင်​ရှိ​နေ​စဉ်​လူ​တို့​သည်​လေဝိ​လူ ငယ်​ပြော​ဆို​သည့်​စ​ကား​သံ​ကို​သ​တိ​ထား မိ​ကြ​သ​ဖြင့် သူ့​ထံ​သို့​သွား​ပြီး​လျှင်``သင် သည်​ဤ​အ​ရပ်​သို့​အ​ဘယ်​ကြောင့်​ရောက်​နေ ပါ​သ​နည်း။ သင့်​အား​ဤ​အ​ရပ်​သို့​အ​ဘယ် သူ​ခေါ်​ဆောင်​လာ​ပါ​သ​နည်း'' ဟု​မေး​ကြ​၏။
A gdy byli blisko domu Michasowego, poznali głos młodzieńca Lewity, i zstąpiwszy tam, rzekli mu: Którz cię tu przywiódł? a co tu czynisz? i co tu masz za sprawę?
4 သူ​က​လည်း``ငါ​သည်​မိက္ခာ​နှင့်​အ​မှု​တစ်​ခု အ​တွက် သ​ဘော​တူ​ထား​ပါ​သည်။ သူ​သည်​ငါ့ အား​အ​ခ​ပေး​၍​မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ဖြင့်​ငှား​ရမ်း​ထား​ပါ​သည်'' ဟု​ပြန် ပြော​၏။
A on im odpowiedział: Tak a tak postanowił ze mną Michas, i najął mię, abym u niego był za kapłana.
5 ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​ဤ​ခ​ရီး​တွင် အောင်​မြင်​မှု​ရှိ​မည်​မ​ရှိ​မည်​ကို ဘု​ရား​သ​ခင် အား​ကျေး​ဇူး​ပြု​၍​လျှောက်​ထား​မေး​မြန်း ပေး​ပါ'' ဟု​ဆို​ကြ​၏။
I rzekli do niego: Prosimy poradź się Boga, abyśmy wiedzieli, poszczęścili się nam ta droga nasza, którą idziemy.
6 ယဇ်​ပု​ရော​ဟိတ်​က``မည်​သို့​မျှ​သင်​တို့​စိုး​ရိမ် ရန်​မ​လို​ပါ။ ဘု​ရား​သ​ခင်​သည်​ဤ​ခ​ရီး​တွင် သင်​တို့​အား​စောင့်​ရှောက်​တော်​မူ​လျက်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။
I odpowiedział im kapłan: Idźcie w pokoju; albowiem sprawuje Pan drogę waszę, którą idziecie.
7 ထို့​ကြောင့်​ထို​လူ​ငါး​ယောက်​တို့​သည်​လဲ​ရှ မြို့​သို့​ထွက်​သွား​ကြ​၏။ ထို​မြို့​သား​တို့​သည် ဇိ​ဒုန်​မြို့​သား​များ​ကဲ့​သို့ အေး​ဆေး​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြောင်း၊ မည်​သူ နှင့်​မျှ​အ​ငြင်း​မ​ပွား​တတ်​ကြောင်း၊ သူ​တို့ လို​အပ်​သ​မျှ​တို့​ကို​လည်း​ရ​ရှိ​ကြ​ကြောင်း၊ သူ​တို့​သည်​ဇိ​ဒုန်​မြို့​သား​တို့​နှင့်​အ​လွန် အ​လှမ်း​ကွာ​ရာ​တွင်​နေ​ထိုင်​ကြ​လျက် အ​ခြား​အ​ဘယ်​လူ​မျိုး​နှင့်​မျှ​လည်း အ​ဆက်​အ​သွယ်​မ​ရှိ​ကြ​ကြောင်း​ကို စူး​စမ်း​သိ​ရှိ​ကြ​လေ​သည်။-
A tak poszedłszy onych pięć mężów, przyszli do Lais, a ujrzeli lud, który w nim był, mieszkający bezpiecznie według zwyczaju Sydończyków w próżnowaniu i w bezpieczeństwie; bo nie był, kto by ich trapił w onej ziemi, albo posiadał królestwo ich; nadto odległymi byli od Sydończyków, i żadnej sprawy z nikim nie mieli.
8 ထို​သူ​ငါး​ယောက်​တို့​သည်​ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​တို့​သို့​ပြန်​လည်​ရောက်​ရှိ ကြ​သော​အ​ခါ အ​မျိုး​သား​ချင်း​တို့​က``သင် တို့​အ​ဘယ်​သို့​စုံ​စမ်း​တွေ့​ရှိ​ခဲ့​ရ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-
Gdy się tedy wrócili do braci swych do Saraa i do Estaol, rzekli im bracia ich: Cóżeście sprawili?
9 သူ​တို့​က​လည်း``လာ​ကြ၊ လဲ​ရှ​မြို့​ကို​ငါ တို့​သွား​ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထို နယ်​မြေ​သည်​အ​လွန်​ကောင်း​မွန်​ကြောင်း ကို​ငါ​တို့​တွေ့​မြင်​ခဲ့​ရ​ပြီ။ ဤ​အ​ရပ်​တွင် ဆိုင်း​လင့်​၍​နေ​ကြ​မည်​လော။ အ​လျင် အ​မြန်​ထို​နယ်​မြေ​ကို​ဝင်​ရောက်​သိမ်း​ယူ ကြ​ကုန်​အံ့။-
I rzekli: Wstańcie, a ciągnijmy przeciwko nim; bośmy widzieli ziemię, a oto, bardzo dobra. A wy nie dbacie? NIe leńcież się iść, a przyszedłszy osieść tę ziemię.
10 ၁၀ ထို​အ​ရပ်​သို့​သင်​တို့​ရောက်​ကြ​သော​အ​ခါ လူ​တို့​သည် စိုး​စဉ်း​မျှ​မ​ယုံ​သင်္ကာ​မ​ဖြစ်​ကြ သည်​ကို​တွေ့​ရှိ​ရ​ကြ​လိမ့်​မည်။ ထို​နယ်​မြေ သည်​ကျယ်​ပြန့်​၍​လူ​သား​တို့​လို​ချင်​တောင့် တ​သော​အ​ရာ​တို့​နှင့်​လည်း​ပြည့်​စုံ​၏။ ထို နယ်​မြေ​ကို​သင်​တို့​အား​ဘု​ရား​သ​ခင်​ပေး သ​နား​တော်​မူ​လေ​ပြီ'' ဟု​ဆို​ကြ​၏။
Gdy wnijdziecie, przyjdziecie do ludu bezpiecznego, do ziemi przestronnej; bo ją dał Bóg w ręce wasze, miejsce, kędy nie masz żadnego niedostatku wszystkich rzeczy, które są na ziemi.
11 ၁၁ သို့​ဖြစ်​၍​ဒန်​အ​နွယ်​ဝင်​လူ​ပေါင်း​ခြောက်​ရာ တို့​သည် တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ပြင်​လျက် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ​မြို့​တို့​မှ​ထွက်​ခွာ သွား​လေ​သည်။-
I wyszło stamtąd z pokolenia Dan, z Saraa i z Estaol, sześć set mężów gotowych do boju.
12 ၁၂ သူ​တို့​သည်​ယု​ဒ​ပြည်၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​၌ တပ်​စခန်း​ချ​ကြ​၏။ ထို​အ​ကြောင်း​ကြောင့်​ထို အ​ရပ်​သည်​ဒန်​တပ်​စ​ခန်း​ဟူ​၍​ယ​နေ့​တိုင် အောင်​အ​မည်​တွင်​သ​တည်း။-
A idąc położyli się obozem u Karyjatyjarym w Juda; przetoż nazwali ono miejsce obóz Danów aż do dnia dzisiejszego, a jest za Karyjatyjarym.
13 ၁၃ သူ​တို့​သည်​ထို​အ​ရပ်​မှ​ဆက်​လက်​၍​ခ​ရီး ပြု​ကြ​ရာ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​မိက္ခာ ၏​အိမ်​သို့​ရောက်​ကြ​၏။
A ruszywszy się stamtąd na górę Efraim przyszli aż do domu Michasowego;
14 ၁၄ ထို​အ​ခါ​လဲ​ရှ​နယ်​သို့​သွား​ရောက်​စူး​စမ်း ထောက်​လှမ်း​ခဲ့​သော​လူ​ငါး​ယောက်​တို့​က မိ​မိ တို့​၏​အ​ပေါင်း​အ​ဖော်​များ​အား``ဤ​အိမ်​စု အ​နက်​အိမ်​တစ်​လုံး​တွင်​ငွေ​ဖြင့်​မွမ်း​မံ​ထား သည့်​ရုပ်​တု​တစ်​ခု​ရှိ​သည်​ကို သင်​တို့​သိ​ကြ ပါ​၏​လော။ ထို​အိမ်​တွင်​အ​ခြား​ရုပ်​တု​များ နှင့်​သင်​တိုင်း​တော်​တစ်​ခု​လည်း​ရှိ​၏။ ငါ​တို့ အ​ဘယ်​သို့​ပြု​သင့်​သည်​ဟု​သင်​တို့​ထင် မြင်​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။-
I mówili oni pięć mężowie, którzy chodzili na szpiegi do ziemi Lais, i rzekli do braci swych: Wiecież, iż w tym domu jest Efod i Terafim, i obraz ryty i lany? przetoż teraz wiedzcie, co macie czynić.
15 ၁၅ သို့​ဖြစ်​၍​သူ​တို့​သည်​လေဝိ​လူ​ငယ်​နေ​ထိုင် ရာ မိက္ခာ​၏​အိမ်​သို့​သွား​၍​သူ့​အား​နှုတ်​ခွန်း ဆက်​ကြ​၏။-
A zstąpiwszy tam, przyszli do domu młodzieńca Lewity, w dom Michasów, i pozdrowili go w pokoju.
16 ၁၆ တိုက်​ခိုက်​ရန်​အ​သင့်​ရှိ​သော​ဒန်​အ​နွယ်​ဝင် စစ်​သည် ခြောက်​ရာ​တို့​သည်​ဝင်း​တံ​ခါး​ဝ တွင်​စောင့်​ဆိုင်း​နေ​ကြ​၏။-
Ale sześć set mężów gotowych do boju, którzy byli z synów Danowych, stali przed drzwiami.
17 ၁၇ ထောက်​လှမ်း​ရန်​သွား​ရောက်​ခဲ့​သော​လူ​ငါး ယောက်​တို့​သည် အိမ်​ထဲ​သို့​ဝင်​၍​ငွေ​ဖြင့်​မွမ်း မံ​ထား​သည့်​ရုပ်တု​နှင့်​အ​ခြား​ရုပ်​တု​များ​ကို လည်း​ကောင်း၊ သင်​တိုင်း​တော်​ကို​လည်း​ကောင်း​ယူ ကြ​၏။ ထို​အ​ချိန်​၌​ယဇ်​ပု​ရော​ဟိတ်​သည်​စစ် သား​ခြောက်​ရာ​နှင့်​အ​တူ​ဝင်း​တံ​ခါး​ဝ​တွင် ရှိ​သ​တည်း။
A tak wszedłszy tam oni pięć mężów, którzy chodzili na wyszpiegowanie ziemi, wzięli obraz ryty, i Efod, i Terafim, i obraz lany; a kapłan stał przede drzwiami bramy z sześcią set mężów gotowych do boju.
18 ၁၈ မိက္ခာ​၏​အိမ်​သို့​ထို​သူ​တို့​ဝင်​၍​ရုပ်​တု​များ နှင့် သင်​တိုင်း​တော်​တို့​ကို​ယူ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​က​သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။
A ci, którzy weszli do domu Michasowego, wzięli obraz ryty, Efod i Terafim, i obraz lany; i rzekł do nich kapłan: Cóż to czynicie?
19 ၁၉ သူ​တို့​က​လည်း``ဆိတ်​ဆိတ်​နေ​လော့။ စ​ကား တစ်​ခွန်း​မျှ​မ​ပြော​နှင့်။ သင်​သည်​ငါ​တို့​နှင့် အ​တူ​လိုက်​၍​ငါ​တို့​အား​အ​ကြံ​ပေး​သူ အ​ဖြစ်​ဆောင်​ရွက်​ပါ​လော့။ လူ​တစ်​ယောက် ၏​အိမ်​ထောင်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​ပြု ရ​ခြင်း​ထက် ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တစ် ခု​လုံး​အ​တွက်​ပြု​ရ​ခြင်း​က​သင့်​အ​ဖို့ ပို​၍​ကောင်း​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​ကြ​၏။-
A oni mu odpowiedzieli: Milcz, włóż rękę twą na usta twoje, a pójdź z nami, a bądź nam za ojca i za kapłana; cóżci lepiej, być kapłanem w domu męża jednego, czyli być kapłanem pokolenia i domu Izraelskiego?
20 ၂၀ ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်​လွန်​စွာ ဝမ်း​မြောက်​သ​ဖြင့် ရုပ်​တု​များ​နှင့်​သင်​တိုင်း တော်​တို့​ကို​ယူ​၍​ထို​လူ​စု​နှင့်​အ​တူ လိုက်​သွား​လေ​သည်။
I uradowało się serce kapłanowe, a wziąwszy Efod i Terafim, i obraz ryty, wszedł w pośrodek onego ludu.
21 ၂၁ သူ​တို့​သည်​ပြန်​လှည့်​ပြီး​လျှင်​ထွက်​ခွာ သွား​ကြ​၏။ မိ​မိ​တို့​၏​သား​သ​မီး​များ၊ တိ​ရစ္ဆာန်​များ​နှင့်​ဝန်​စည်​စ​လယ်​များ​ကို ရှေ့​မှ​အ​လျင်​သွား​နှင့်​စေ​ကြ​၏။-
A oni obróciwszy się poszli, a puścili przed sobą dziatki i bydło, i co było kosztowniejszego.
22 ၂၂ ထို​သူ​တို့​အ​တန်​ငယ်​ခ​ရီး​ရောက်​သော​အ​ခါ မိက္ခာ​သည် မိ​မိ​၏​အိမ်​နီး​ချင်း​တို့​တိုက်​ပွဲ​ဝင် ရန်​စု​ရုံး​လေ​သည်။ သူ​တို့​သည်​ဒန်​အ​မျိုး သား​တို့​အား​လိုက်​၍​မီ​သော​အ​ခါ၊-
A gdy byli opodal od domu Michasowego, tedy mężowie, którzy mieszkali w domach bliskich domu Michasowego, zebrawszy się gonili syny Dan.
23 ၂၃ ဟစ်​ခေါ်​ကြ​၏။ သူ​တို့​သည်​လည်း​လှည့်​၍​ကြည့် ပြီး​လျှင် မိက္ခာ​အား``သင်​တို့​တွင်​အ​ဘယ်​အ​ရေး အ​ခင်း​ရှိ​သ​နည်း။ ဤ​လူ​ထု​နှင့်​အဘယ်​ကြောင့် လိုက်​လာ​ကြ​သ​နည်း'' ဟု​မေး​၏။
I wołali za synami Dan, którzy obejrzawszy się rzekli do Michasa: Cóż ci, żeś się tak skupił?
24 ၂၄ မိက္ခာ​က​လည်း`` `အ​ဘယ်​အ​ရေး​အ​ခင်း​ရှိ သ​နည်း' ဟု​ဆို​ရာ​၌​သင်​တို့​အ​ဘယ်​သို့​ဆို လို​ပါ​သ​နည်း။ သင်​တို့​သည်​ငါ​၏​ယဇ်​ပု​ရော ဟိတ်​နှင့် ငါ​ထု​လုပ်​ထား​သော​ရုပ်​တု​တို့​ကို ယူ​သွား​ကြ​ပါ​သည်​တ​ကား။ ငါ​၌​အ​ဘယ် အ​ရာ​ကျန်​ရှိ​သေး​သ​နည်း'' ဟု​ပြန်​ပြော လေ​၏။
I odpowiedział: Bogi moje, którem sprawił, pobraliście, i kapłana, a odeszliście, i cóż więcej mieć będę? a jeszcze mówicie: Cóż ci?
25 ၂၅ ဒန်​အ​မျိုး​သား​တို့​က``ဤ​သူ​တို့​သည်​အ​မျက် ထွက်​၍ သင်​တို့​အား​မ​တိုက်​ခိုက်​စေ​လို​လျှင် နောက်​ထပ်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော​ပါ​နှင့်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​တစ်​ခု​လုံး​သေ သွား​လိမ့်​မည်'' ဟု​ဆို​ကြ​၏။-
Na to mu odpowiedzieli synowie Dan: Niech nie słyszymy głosu twego za sobą, by się snać nie rzucili na was mężowie rozgniewani, a straciłbyś duszę twoję i duszę domu twego.
26 ၂၆ ထို​နောက်​သူ​တို့​သည်​ခ​ရီး​ဆက်​ကြ​၏။ မိက္ခာ သည်​သူ​တို့​အား​ခု​ခံ​တိုက်​ခိုက်​နိုင်​စွမ်း​မ​ရှိ သည်​ကို သိ​သ​ဖြင့်​လှည့်​၍​အိမ်​သို့​ပြန်​လေ​၏။
I poszli synowie Dan drogą swoją; a widząc Michas, że byli możniejsi niźli on, wrócił się i szedł do domu swego.
27 ၂၇ ဒန်​အ​မျိုး​သား​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့် တ​ကွ​မိက္ခာ​ပြု​လုပ်​ထား​သည့်​ရုပ်​တု​များ​ကို ယူ​ပြီး​နောက် အေး​ဆေး​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ကြ​သူ​တို့​၏​လဲ​ရှ​မြို့​သို့​သွား​ရောက်​တိုက် ခိုက်​ကြ​၏။ ထို​မြို့​သည်​ဗက်​ရ​ဟော​ဘ​မြို့ တည်​ရှိ​ရာ​ချိုင့်​ဝှမ်း​၌​ပင်​တည်​ရှိ​သည်။ သူ တို့​သည်​မြို့​သား​တို့​ကို​သတ်​၍​မြို့​ကို​လည်း မီး​ရှို့​ပစ်​ကြ​၏။ သူ​တို့​အား​ကယ်​ဆယ်​သည့် သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ချေ။ အ​ဘယ် ကြောင့်​ဆို​သော်​လဲ​ရှ​မြို့​သည်​ဇိ​ဒုန်​မြို့​နှင့် အ​လွန်​ခ​ရီး​လှမ်း​သည့်​ပြင် လဲ​ရှ​မြို့​သား တို့​သည်​အ​ခြား​လူ​တို့​နှင့်​ဆက်​သွယ်​မှု လုံး​ဝ​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။ ဒန်​အ​မျိုး သား​တို့​သည်​ထို​မြို့​ကို​ပြန်​လည်​တည် ထောင်​ကာ​အ​တည်​တ​ကျ​နေ​ထိုင်​ကြ လေ​သည်။-
Tedy oni wziąwszy to, co był sprawił Michas, i z kapłanem, którego miał, przyszli do Lais, do ludu próżnującego i bezpiecznego, i wysiekli je ostrzem miecza, a miasto spalili ogniem.
28 ၂၈
A nie był, kto by ich ratował; albowiem byli daleko od Sydonu, i nie mieli żadnej sprawy z nikim, a to miasto leżało w dolinie, która jest w Betrohob, które znowu pobudowawszy mieszkali w niem.
29 ၂၉ ယင်း​အ​မည်​လဲ​ရှ​မြို့​ကို​လည်း​ယာ​ကုပ် ၏​သား မိ​မိ​တို့​၏​ဘိုး​ဘေး​ဖြစ်​သူ​ဒန်​ကို အ​စွဲ​ပြု​၍​ဒန်​မြို့​ဟု​ပြောင်း​လဲ​ခေါ်​ဝေါ် ကြ​၏။-
I nazwali imię miasta onego Dan według imienia Dana, ojca swego, który się był urodził Izraelowi; a przedtem imię miasta onego było Lais.
30 ၃၀ ဒန်​အ​မျိုး​သား​တို့​သည်​မိက္ခာ​ပြုလုပ်​သည့်​ရုပ် တု​ကို​တည်​ထား​ပြီး​လျှင် ဝတ်​ပြု​ကိုး​ကွယ် ကြ​လေ​သည်။ မော​ရှေ​၏​မြေး၊ ဂေ​ရ​ရှုံ​၏ သား​ယော​န​သန်​က သူ​တို့​၏​ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​လေ​သည်။ သူ​၏ သား​စဉ်​မြေး​ဆက်​တို့​သည်​လည်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဖမ်း​ဆီး​သိမ်း​သွား​ခြင်း ခံ​ရ​ချိန်​တိုင်​အောင် သူ​တို့​၏​ယဇ်​ပု​ရော ဟိတ်​များ​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​ကြ​၏။-
A tak postawili sobie synowie Dan obraz ryty; a Jonatan, syn Gersona Manasesowego, on i synowie jego, byli kapłanami w pokoleniu Dan aż do czasu pojmania obywateli onej ziemi.
31 ၃၁ ရှိ​လော​မြို့​၌​ဘု​ရား​သ​ခင်​အား​ဝတ်​ပြု​ကိုး ကွယ်​ရာ​တဲ​တော်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ် လုံး မိက္ခာ​ပြု​လုပ်​သည့်​ရုပ်​တု​သည်​လည်း​ထို အ​ရပ်​၌​တည်​ရှိ​နေ​သ​တည်း။
Wystawili tedy sobie on obraz ryty, który był uczynił Michas, po wszystkie dni, póki był dom Boży w Sylo.

< တရားသူကြီးမှတ်စာ 18 >