< တရားသူကြီးမှတ်စာ 18 >
1 ၁ ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ ဒန်အနွယ်ဝင်တို့တွင်လည်း အခြားဣသရေလအမျိုးသားများကဲ့ သို့ ကိုယ်ပိုင်နယ်မြေတစ်စုံတစ်ရာမျှမရှိ ကြသေးပေ။ သို့ဖြစ်၍မိမိတို့သိမ်းယူ၍ အတည်တကျနေထိုင်ရန်နယ်မြေကို ရှာဖွေလျက်နေကြ၏။-
in diebus illis non erat rex in Israhel et tribus Dan quaerebat possessionem sibi ut habitaret in ea usque ad illum enim diem inter ceteras tribus sortem non acceperat
2 ၂ ဒန်အမျိုးသားတို့သည်နယ်မြေကိုစူးစမ်း ရှာဖွေရန် မိမိတို့အနွယ်ဝင်အိမ်ထောင်စု အပေါင်းမှ အရည်အချင်းရှိသူလူငါး ယောက်ကိုရွေးချယ်၍ဇောရာမြို့နှင့်ဧရှ တောလမြို့တို့မှစေလွှတ်လိုက်ကြ၏။ ထို သူတို့သည်တောင်ကုန်းဒေသဖြစ်သော ဧဖရိမ်ပြည်သို့ရောက်လာသောအခါ မိက္ခာ၏အိမ်တွင်တည်းခိုကြ၏။-
miserunt igitur filii Dan stirpis et familiae suae quinque viros fortissimos de Saraa et Esthaol ut explorarent terram et diligenter inspicerent dixeruntque eis ite et considerate terram qui cum pergentes venissent in montem Ephraim et intrassent domum Micha requieverunt ibi
3 ၃ ထိုအိမ်တွင်ရှိနေစဉ်လူတို့သည်လေဝိလူ ငယ်ပြောဆိုသည့်စကားသံကိုသတိထား မိကြသဖြင့် သူ့ထံသို့သွားပြီးလျှင်``သင် သည်ဤအရပ်သို့အဘယ်ကြောင့်ရောက်နေ ပါသနည်း။ သင့်အားဤအရပ်သို့အဘယ် သူခေါ်ဆောင်လာပါသနည်း'' ဟုမေးကြ၏။
et agnoscentes vocem adulescentis Levitae utentesque illius diversorio dixerunt ad eum quis te huc adduxit quid hic agis quam ob causam huc venire voluisti
4 ၄ သူကလည်း``ငါသည်မိက္ခာနှင့်အမှုတစ်ခု အတွက် သဘောတူထားပါသည်။ သူသည်ငါ့ အားအခပေး၍မိမိ၏ယဇ်ပုရောဟိတ် အဖြစ်ဖြင့်ငှားရမ်းထားပါသည်'' ဟုပြန် ပြော၏။
qui respondit eis haec et haec praestitit mihi Michas et me mercede conduxit ut sim ei sacerdos
5 ၅ ထိုအခါသူတို့က``ငါတို့သည်ဤခရီးတွင် အောင်မြင်မှုရှိမည်မရှိမည်ကို ဘုရားသခင် အားကျေးဇူးပြု၍လျှောက်ထားမေးမြန်း ပေးပါ'' ဟုဆိုကြ၏။
rogaveruntque eum ut consuleret Dominum et scire possent an prospero itinere pergerent et res haberet effectum
6 ၆ ယဇ်ပုရောဟိတ်က``မည်သို့မျှသင်တို့စိုးရိမ် ရန်မလိုပါ။ ဘုရားသခင်သည်ဤခရီးတွင် သင်တို့အားစောင့်ရှောက်တော်မူလျက်ရှိပါ သည်'' ဟုပြန်ပြော၏။
qui respondit eis ite cum pace Dominus respicit viam vestram et iter quo pergitis
7 ၇ ထို့ကြောင့်ထိုလူငါးယောက်တို့သည်လဲရှ မြို့သို့ထွက်သွားကြ၏။ ထိုမြို့သားတို့သည် ဇိဒုန်မြို့သားများကဲ့သို့ အေးဆေးငြိမ်းချမ်း စွာနေထိုင်ကြသူများဖြစ်ကြောင်း၊ မည်သူ နှင့်မျှအငြင်းမပွားတတ်ကြောင်း၊ သူတို့ လိုအပ်သမျှတို့ကိုလည်းရရှိကြကြောင်း၊ သူတို့သည်ဇိဒုန်မြို့သားတို့နှင့်အလွန် အလှမ်းကွာရာတွင်နေထိုင်ကြလျက် အခြားအဘယ်လူမျိုးနှင့်မျှလည်း အဆက်အသွယ်မရှိကြကြောင်းကို စူးစမ်းသိရှိကြလေသည်။-
euntes itaque quinque viri venerunt Lais videruntque populum habitantem in ea absque ullo timore iuxta Sidoniorum consuetudinem securum et quietum nullo eis penitus resistente magnarumque opum et procul a Sidone atque a cunctis hominibus separatum
8 ၈ ထိုသူငါးယောက်တို့သည်ဇောရာမြို့နှင့် ဧရှတောလမြို့တို့သို့ပြန်လည်ရောက်ရှိ ကြသောအခါ အမျိုးသားချင်းတို့က``သင် တို့အဘယ်သို့စုံစမ်းတွေ့ရှိခဲ့ရသနည်း'' ဟုမေးမြန်းကြ၏။-
reversique ad fratres suos in Saraa et Esthaol et quid egissent sciscitantibus responderunt
9 ၉ သူတို့ကလည်း``လာကြ၊ လဲရှမြို့ကိုငါ တို့သွားရောက်တိုက်ခိုက်ကြကုန်အံ့။ ထို နယ်မြေသည်အလွန်ကောင်းမွန်ကြောင်း ကိုငါတို့တွေ့မြင်ခဲ့ရပြီ။ ဤအရပ်တွင် ဆိုင်းလင့်၍နေကြမည်လော။ အလျင် အမြန်ထိုနယ်မြေကိုဝင်ရောက်သိမ်းယူ ကြကုန်အံ့။-
surgite et ascendamus ad eos vidimus enim terram valde opulentam et uberem nolite neglegere nolite cessare eamus et possideamus eam nullus erit labor
10 ၁၀ ထိုအရပ်သို့သင်တို့ရောက်ကြသောအခါ လူတို့သည် စိုးစဉ်းမျှမယုံသင်္ကာမဖြစ်ကြ သည်ကိုတွေ့ရှိရကြလိမ့်မည်။ ထိုနယ်မြေ သည်ကျယ်ပြန့်၍လူသားတို့လိုချင်တောင့် တသောအရာတို့နှင့်လည်းပြည့်စုံ၏။ ထို နယ်မြေကိုသင်တို့အားဘုရားသခင်ပေး သနားတော်မူလေပြီ'' ဟုဆိုကြ၏။
intrabimus ad securos in regionem latissimam tradetque nobis Dominus locum in quo nullius rei est penuria eorum quae gignuntur in terra
11 ၁၁ သို့ဖြစ်၍ဒန်အနွယ်ဝင်လူပေါင်းခြောက်ရာ တို့သည် တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ဇောရာမြို့နှင့်ဧရှတောလမြို့တို့မှထွက်ခွာ သွားလေသည်။-
profecti igitur sunt de cognatione Dan id est de Saraa et Esthaol sescenti viri accincti armis bellicis
12 ၁၂ သူတို့သည်ယုဒပြည်၊ ကိရယတ်ယာရိမ်မြို့၌ တပ်စခန်းချကြ၏။ ထိုအကြောင်းကြောင့်ထို အရပ်သည်ဒန်တပ်စခန်းဟူ၍ယနေ့တိုင် အောင်အမည်တွင်သတည်း။-
ascendentesque manserunt in Cariathiarim Iudae qui locus ex eo tempore castrorum Dan nomen accepit et est post tergum Cariathiarim
13 ၁၃ သူတို့သည်ထိုအရပ်မှဆက်လက်၍ခရီး ပြုကြရာ ဧဖရိမ်တောင်ကုန်းဒေသရှိမိက္ခာ ၏အိမ်သို့ရောက်ကြ၏။
inde transierunt in montem Ephraim cumque venissent ad domum Micha
14 ၁၄ ထိုအခါလဲရှနယ်သို့သွားရောက်စူးစမ်း ထောက်လှမ်းခဲ့သောလူငါးယောက်တို့က မိမိ တို့၏အပေါင်းအဖော်များအား``ဤအိမ်စု အနက်အိမ်တစ်လုံးတွင်ငွေဖြင့်မွမ်းမံထား သည့်ရုပ်တုတစ်ခုရှိသည်ကို သင်တို့သိကြ ပါ၏လော။ ထိုအိမ်တွင်အခြားရုပ်တုများ နှင့်သင်တိုင်းတော်တစ်ခုလည်းရှိ၏။ ငါတို့ အဘယ်သို့ပြုသင့်သည်ဟုသင်တို့ထင် မြင်ကြပါသနည်း'' ဟုမေး၏။-
dixerunt quinque viri qui prius missi fuerant ad considerandam terram Lais ceteris fratribus suis nostis quod in domibus istis sit ephod et therafin et sculptile atque conflatile videte quid vobis placeat
15 ၁၅ သို့ဖြစ်၍သူတို့သည်လေဝိလူငယ်နေထိုင် ရာ မိက္ခာ၏အိမ်သို့သွား၍သူ့အားနှုတ်ခွန်း ဆက်ကြ၏။-
et cum paululum declinassent ingressi sunt domum adulescentis Levitae qui erat in domo Micha salutaveruntque eum verbis pacificis
16 ၁၆ တိုက်ခိုက်ရန်အသင့်ရှိသောဒန်အနွယ်ဝင် စစ်သည် ခြောက်ရာတို့သည်ဝင်းတံခါးဝ တွင်စောင့်ဆိုင်းနေကြ၏။-
sescenti autem viri ita ut erant armati stabant ante ostium
17 ၁၇ ထောက်လှမ်းရန်သွားရောက်ခဲ့သောလူငါး ယောက်တို့သည် အိမ်ထဲသို့ဝင်၍ငွေဖြင့်မွမ်း မံထားသည့်ရုပ်တုနှင့်အခြားရုပ်တုများကို လည်းကောင်း၊ သင်တိုင်းတော်ကိုလည်းကောင်းယူ ကြ၏။ ထိုအချိန်၌ယဇ်ပုရောဟိတ်သည်စစ် သားခြောက်ရာနှင့်အတူဝင်းတံခါးဝတွင် ရှိသတည်း။
at illi qui ingressi fuerant domum iuvenis sculptile et ephod et therafin atque conflatile tollere nitebantur et sacerdos stabat ante ostium sescentis viris fortissimis haut procul expectantibus
18 ၁၈ မိက္ခာ၏အိမ်သို့ထိုသူတို့ဝင်၍ရုပ်တုများ နှင့် သင်တိုင်းတော်တို့ကိုယူကြသောအခါ ယဇ်ပုရောဟိတ်ကသူတို့အား``သင်တို့သည် အဘယ်သို့ပြုကြပါသနည်း'' ဟုမေး၏။
tulerunt igitur qui intraverant sculptile ephod et idola atque conflatile quibus dixit sacerdos quid facitis
19 ၁၉ သူတို့ကလည်း``ဆိတ်ဆိတ်နေလော့။ စကား တစ်ခွန်းမျှမပြောနှင့်။ သင်သည်ငါတို့နှင့် အတူလိုက်၍ငါတို့အားအကြံပေးသူ အဖြစ်ဆောင်ရွက်ပါလော့။ လူတစ်ယောက် ၏အိမ်ထောင်အတွက်ယဇ်ပုရောဟိတ်ပြု ရခြင်းထက် ဣသရေလအနွယ်ဝင်တစ် ခုလုံးအတွက်ပြုရခြင်းကသင့်အဖို့ ပို၍ကောင်းမည်မဟုတ်ပါလော'' ဟု ပြောကြ၏။-
cui responderunt tace et pone digitum super os tuum venique nobiscum ut habeamus te patrem et sacerdotem quid tibi melius est ut sis sacerdos in domo unius viri an in una tribu et familia in Israhel
20 ၂၀ ထိုအခါယဇ်ပုရောဟိတ်သည်လွန်စွာ ဝမ်းမြောက်သဖြင့် ရုပ်တုများနှင့်သင်တိုင်း တော်တို့ကိုယူ၍ထိုလူစုနှင့်အတူ လိုက်သွားလေသည်။
quod cum audisset adquievit sermonibus eorum et tulit ephod et idola ac sculptile et cum eis profectus est
21 ၂၁ သူတို့သည်ပြန်လှည့်ပြီးလျှင်ထွက်ခွာ သွားကြ၏။ မိမိတို့၏သားသမီးများ၊ တိရစ္ဆာန်များနှင့်ဝန်စည်စလယ်များကို ရှေ့မှအလျင်သွားနှင့်စေကြ၏။-
qui cum pergerent et ante se ire fecissent parvulos et iumenta et omne quod erat pretiosum
22 ၂၂ ထိုသူတို့အတန်ငယ်ခရီးရောက်သောအခါ မိက္ခာသည် မိမိ၏အိမ်နီးချင်းတို့တိုက်ပွဲဝင် ရန်စုရုံးလေသည်။ သူတို့သည်ဒန်အမျိုး သားတို့အားလိုက်၍မီသောအခါ၊-
iamque a domo Michae essent procul viri qui habitabant in aedibus Michae conclamantes secuti sunt
23 ၂၃ ဟစ်ခေါ်ကြ၏။ သူတို့သည်လည်းလှည့်၍ကြည့် ပြီးလျှင် မိက္ခာအား``သင်တို့တွင်အဘယ်အရေး အခင်းရှိသနည်း။ ဤလူထုနှင့်အဘယ်ကြောင့် လိုက်လာကြသနည်း'' ဟုမေး၏။
et post tergum clamare coeperunt qui cum respexissent dixerunt ad Micham quid tibi vis cur clamas
24 ၂၄ မိက္ခာကလည်း`` `အဘယ်အရေးအခင်းရှိ သနည်း' ဟုဆိုရာ၌သင်တို့အဘယ်သို့ဆို လိုပါသနည်း။ သင်တို့သည်ငါ၏ယဇ်ပုရော ဟိတ်နှင့် ငါထုလုပ်ထားသောရုပ်တုတို့ကို ယူသွားကြပါသည်တကား။ ငါ၌အဘယ် အရာကျန်ရှိသေးသနည်း'' ဟုပြန်ပြော လေ၏။
qui respondit deos meos quos mihi feci tulistis et sacerdotem et omnia quae habeo et dicitis quid tibi est
25 ၂၅ ဒန်အမျိုးသားတို့က``ဤသူတို့သည်အမျက် ထွက်၍ သင်တို့အားမတိုက်ခိုက်စေလိုလျှင် နောက်ထပ်စကားတစ်ခွန်းမျှမပြောပါနှင့်။ သင်နှင့်သင်၏အိမ်ထောင်စုတစ်ခုလုံးသေ သွားလိမ့်မည်'' ဟုဆိုကြ၏။-
dixeruntque ei filii Dan cave ne ultra loquaris ad nos et veniant ad te viri animo concitati et ipse cum omni domo tua pereas
26 ၂၆ ထိုနောက်သူတို့သည်ခရီးဆက်ကြ၏။ မိက္ခာ သည်သူတို့အားခုခံတိုက်ခိုက်နိုင်စွမ်းမရှိ သည်ကို သိသဖြင့်လှည့်၍အိမ်သို့ပြန်လေ၏။
et sic coepto itinere perrexerunt videns autem Micha quod fortiores se essent reversus est in domum suam
27 ၂၇ ဒန်အမျိုးသားတို့သည်ယဇ်ပုရောဟိတ်နှင့် တကွမိက္ခာပြုလုပ်ထားသည့်ရုပ်တုများကို ယူပြီးနောက် အေးဆေးငြိမ်းချမ်းစွာနေထိုင် ကြသူတို့၏လဲရှမြို့သို့သွားရောက်တိုက် ခိုက်ကြ၏။ ထိုမြို့သည်ဗက်ရဟောဘမြို့ တည်ရှိရာချိုင့်ဝှမ်း၌ပင်တည်ရှိသည်။ သူ တို့သည်မြို့သားတို့ကိုသတ်၍မြို့ကိုလည်း မီးရှို့ပစ်ကြ၏။ သူတို့အားကယ်ဆယ်သည့် သူတစ်စုံတစ်ယောက်မျှမရှိချေ။ အဘယ် ကြောင့်ဆိုသော်လဲရှမြို့သည်ဇိဒုန်မြို့နှင့် အလွန်ခရီးလှမ်းသည့်ပြင် လဲရှမြို့သား တို့သည်အခြားလူတို့နှင့်ဆက်သွယ်မှု လုံးဝမရှိသောကြောင့်ဖြစ်၏။ ဒန်အမျိုး သားတို့သည်ထိုမြို့ကိုပြန်လည်တည် ထောင်ကာအတည်တကျနေထိုင်ကြ လေသည်။-
sescenti autem viri tulerunt sacerdotem et quae supra diximus veneruntque in Lais ad populum quiescentem atque securum et percusserunt eos in ore gladii urbemque incendio tradiderunt
nullo penitus ferente praesidium eo quod procul habitarent a Sidone et cum nullo hominum haberent quicquam societatis ac negotii erat autem civitas sita in regione Roob quam rursum extruentes habitaverunt in ea
29 ၂၉ ယင်းအမည်လဲရှမြို့ကိုလည်းယာကုပ် ၏သား မိမိတို့၏ဘိုးဘေးဖြစ်သူဒန်ကို အစွဲပြု၍ဒန်မြို့ဟုပြောင်းလဲခေါ်ဝေါ် ကြ၏။-
vocato nomine civitatis Dan iuxta vocabulum patris sui quem genuerat Israhel quae prius Lais dicebatur
30 ၃၀ ဒန်အမျိုးသားတို့သည်မိက္ခာပြုလုပ်သည့်ရုပ် တုကိုတည်ထားပြီးလျှင် ဝတ်ပြုကိုးကွယ် ကြလေသည်။ မောရှေ၏မြေး၊ ဂေရရှုံ၏ သားယောနသန်က သူတို့၏ယဇ်ပုရော ဟိတ်အဖြစ်ဖြင့်ဆောင်ရွက်လေသည်။ သူ၏ သားစဉ်မြေးဆက်တို့သည်လည်း ဣသရေလ အမျိုးသားတို့ဖမ်းဆီးသိမ်းသွားခြင်း ခံရချိန်တိုင်အောင် သူတို့၏ယဇ်ပုရော ဟိတ်များအဖြစ်ဖြင့်ဆောင်ရွက်ကြ၏။-
posueruntque sibi sculptile et Ionathan filium Gersan filii Mosi ac filios eius sacerdotes in tribu Dan usque ad diem captivitatis suae
31 ၃၁ ရှိလောမြို့၌ဘုရားသခင်အားဝတ်ပြုကိုး ကွယ်ရာတဲတော်ရှိနေသမျှကာလပတ် လုံး မိက္ခာပြုလုပ်သည့်ရုပ်တုသည်လည်းထို အရပ်၌တည်ရှိနေသတည်း။
mansitque apud eos idolum Michae omni tempore quo fuit domus Dei in Silo in diebus illis non erat rex in Israhel