< တရားသူကြီးမှတ်စာ 17 >
1 ၁ အခါတစ်ပါးကမိက္ခာအမည်ရှိသောလူ တစ်ယောက်သည် ဧဖရိမ်တောင်ကုန်းဒေသ တွင်နေထိုင်၏။-
Og der var en Mand fra Efraims Bjerg, og hans Navn var Mika.
2 ၂ သူသည်မိမိ၏မိခင်အား``မိခင်၏ငွေတစ်ဆယ့် တစ်ပိဿာပျောက်ဆုံးသွားစဉ်အခါကခိုး ယူသူအား မိခင်ကျိန်ဆဲခဲ့သည်ကိုကျွန်တော် ကြားရပါသည်။ ထိုငွေသည်ကျွန်တော့်မှာ ရှိပါသည်။ ကျွန်တော်ယူမိပါသည်'' ဟု ပြောလေသည်။ သူ၏မိခင်ကလည်း``ငါ့သား၊ ထာဝရဘုရား သည်သင့်အားကောင်းချီးပေးတော်မူပါစေ သော'' ဟုဆို၏။-
Og han sagde til sin Moder: De tusinde og hundrede Sekel Sølv, som ere tagne fra dig, og om hvilke du har udtalt en Forbandelse og sagt det endog i mit Paahør, se, det Sølv er hos mig, jeg har taget det; da sagde hans Moder: Velsignet være du, min Søn, for Herren!
3 ၃ သူသည်ထိုငွေကိုမိခင်အားပြန်၍ပေး၏။ ထို အခါမိခင်ဖြစ်သူက``ငါ့သား၊ ကျိန်စာ မသင့်စိမ့်သောငှာငါကိုယ်တိုင်ပင်ထိုငွေကို ထာဝရဘုရားအားပေးလှူဆက်ကပ်မည်။ ငွေဖြင့်မွမ်းမံထားသည့်သစ်သားရုပ်တု တစ်ခုကိုပြုလုပ်ရာတွင် ထိုငွေကိုအသုံး ပြုမည်ဖြစ်၍သင့်အားပြန်ပေးမည်'' ဟုဆို၏။-
Saa gav han sin Moder de tusinde og hundrede Sekel Sølv tilbage; og hans Moder sagde: Jeg har helliget Herren det Sølv fra min Haand for min Søn til at gøre et udskaaret og støbt Billede, derfor giver jeg dig det nu tilbage.
4 ၄ သားဖြစ်သူသည်လည်းထိုငွေကိုမယူဘဲ အမိအားပြန်၍ပေးလေသည်။ ထိုအခါ မိခင်သည်ငွေနှစ်ပိဿာကိုယူ၍ပန်းထိမ် အားပေးအပ်ကာ သစ်သားရုပ်တုတစ်ခု ထုလုပ်စေပြီးလျှင်ငွေဖြင့်မွမ်းမံစေ၏။ ထိုရုပ်တုကိုမိက္ခာ၏အိမ်တွင်ထားရှိ သတည်း။
Men han gav sin Moder Sølvet tilbage; da tog hans Moder to Hundrede Sekel Sølv og gav Guldsmeden det, og han gjorde et udskaaret og støbt Billede deraf, og det var i Mikas Hus.
5 ၅ ဤမိက္ခာဆိုသူ၌ မိမိကိုယ်ပိုင်ဝတ်ပြုကိုး ကွယ်ရာဌာနတစ်ခုရှိ၏။ သူသည်ရုပ်တု များနှင့်သင်တိုင်းတော်တစ်ခုကိုပြုလုပ် ပြီးလျှင် မိမိသားတစ်ယောက်အားမိမိ ၏ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ခန့်ထား လေသည်။-
Og den Mand Mika havde et Guds Hus, og han gjorde en Livkjortel og Husguder og fyldte een af sine Sønners Haand, at han blev hans Præst.
6 ၆ ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ လူတိုင်းပင်မိမိ၏စိတ် သဘောအတိုင်းပြုလုပ်လေသည်။
I de samme Dage var ingen Konge i Israel; hver gjorde, hvad ret var for hans Øjne.
7 ၇ ထိုကာလ၌ယုဒပြည်ဗက်လင်မြို့တွင် နေထိုင် သောလေဝိအမျိုးသားလူငယ်တစ်ယောက်သည်၊-
Og der var en ung Karl fra Bethlehem i Juda, af Judas Slægt; men han var en Levit, og han var fremmed der.
8 ၈ အခြားတစ်မြို့တစ်ရွာသို့သွားရောက်နေထိုင် ရန်ဗက်လင်မြို့မှထွက်ခွာလာစဉ် ဧဖရိမ် တောင်ကုန်းဒေသရှိမိက္ခာ၏အိမ်သို့ရောက် ရှိလာလေသည်။-
Men denne Mand gik fra Staden Bethlehem i Juda for at opholde sig, hvor han fandt Lejlighed; og han kom paa Efraims Bjerg til Mikas Hus for at fortsætte sin Vej.
9 ၉ မိက္ခာက``သင်သည်အဘယ်အရပ်မှလာသနည်း'' ဟုမေး၏။ သူက``အကျွန်ုပ်သည်ယုဒပြည်ဗက် လင်မြို့မှလေဝိအမျိုးသားဖြစ်၍နေထိုင်ရန် အရပ်ကိုရှာနေသူဖြစ်ပါသည်'' ဟုပြန်ပြော လေသည်။
Da sagde Mika til ham: Hvorfra kommer du? og han sagde til ham: Jeg er en Levit fra Bethlehem i Juda, og jeg gaar hen for at opholde mig, hvor jeg finder en Lejlighed.
10 ၁၀ မိက္ခာကလည်း``အကျွန်ုပ်နှင့်အတူနေပါလော့။ အကျွန်ုပ်အားအကြံဉာဏ်ပေးသူ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ်အဖြစ်ဖြင့်နေပါလော့။ သင့် အားတစ်နှစ်လျှင်ငွေဒင်္ဂါးတစ်ဆယ်နှင့်ဝတ်စုံ ကိုလည်းကောင်း၊ အစားအစာကိုလည်းကောင်း အကျွန်ုပ်ထောက်ပံ့ပါမည်'' ဟုဆိုလေသော်၊-
Da sagde Mika til ham: Bliv hos mig, og bliv min Fader og Præst, saa vil jeg hvert Aar give dig ti Sekel Sølv og behørige Klæder og din Føde; og Leviten gik ind.
11 ၁၁ လေဝိလူငယ်သည်မိက္ခာနှင့်အတူနေထိုင် ရန်သဘောတူလိုက်၏။ သူသည်မိက္ခာ၏သား သဖွယ်အတူနေထိုင်လေသည်။
Og Leviten samtykkede i at blive hos Manden; og den unge Karl var ham som en af hans Sønner.
12 ၁၂ မိက္ခာသည်သူ့အားမိမိ၏ယဇ်ပုရောဟိတ်အဖြစ် ဖြင့်ခန့်ထားသဖြင့် သူသည်မိက္ခာ၏အိမ်၌နေထိုင် လေသည်။-
Og Mika fyldte Levitens Haand, og den unge Karl blev hans Præst; og han var i Mikas Hus.
13 ၁၃ မိက္ခာကလည်း``ယခုငါသည်လေဝိအမျိုးသား တစ်ဦးအား မိမိ၏ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ရရှိထားလေပြီ။ ထို့ကြောင့်ထာဝရဘုရား သည်အစစအရာရာ၌ ငါ့အားတိုးတက် အောင်မြင်စေတော်မူလိမ့်မည်'' ဟုဆို၏။
Og Mika sagde: Nu ved jeg, at Herren skal gøre vel imod mig, efterdi jeg har en Levit til Præst.