< တရားသူကြီးမှတ်စာ 16 >

1 တစ်​နေ့​သ​၌​ရှံ​ဆုန်​သည် ဖိ​လိတ္တိ​အ​မျိုး​သား တို့​နေ​ထိုင်​ရာ​ဂါ​ဇ​မြို့​သို့​သွား​ရောက်​၏။ ထို မြို့​တွင်​ပြည့်​တန်​ဆာ​မ​တစ်​ဦး​ကို​တွေ့​၍​သူ နှင့်​အိပ်​စက်​လေ​သည်။-
و شمشون به غزه رفت و در آنجافاحشه‌ای دیده، نزد او داخل شد.۱
2 ဂါ​ဇ​မြို့​သား​တို့​သည်​ရှံ​ဆုန်​ရောက်​ရှိ​နေ​ကြောင်း ကို​ကြား​သိ​ကြ​သ​ဖြင့် ထို​အိမ်​ကို​ဝိုင်း​ရံ​ထား ပြီး​လျှင်​တစ်​ည​လုံး​မြို့​တံ​ခါး​ဝ​မှ​စောင့်​နေ ကြ​၏။ ``ငါ​တို့​သည်​သူ့​အား​မိုး​လင်း​သည်​တိုင် အောင်​စောင့်​ဆိုင်း​ပြီး​မှ​သတ်​ပစ်​မည်'' ဟု​ကြံ စည်​ကာ​ဆိတ်​ငြိမ်​စွာ​နေ​ကြ​၏။-
و به اهل غزه گفته شد که شمشون به اینجا آمده است. پس او را احاطه نموده، تمام شب برایش نزددروازه شهر کمین گذاردند، و تمام شب خاموش مانده، گفتند، چون صبح روشن شود او رامی کشیم.۲
3 သို့​ရာ​တွင်​ရှံ​ဆုန်​သည်​သန်း​ခေါင်​တိုင်​အောင် သာ​အိပ်​ပြီး​နောက်​ထ​၍​တံ​ခါး​ရွက်၊ တံ​ခါး တိုင်၊ ကန့်​လန့်​ကျင်​နှင့်​တ​ကွ​မြို့​တံ​ခါး​ကို ဆွဲ​နုတ်​ပြီး​လျှင်​ပ​ခုံး​ပေါ်​မှာ​ထမ်း​၍ ဟေ​ဗြုန် မြို့​အ​နီး​တောင်​ထိပ်​ပေါ်​သို့​ယူ​ဆောင်​သွား လေ​သည်။
و شمشون تا نصف شب خوابید. ونصف شب برخاسته، لنکهای دروازه شهر و دوباهو را گرفته، آنها را با پشت بند کند و بر دوش خود گذاشته، بر قله کوهی که در مقابل حبرون است، برد.۳
4 ထို​နောက်​ရှံ​ဆုန်​သည်​စော​ရက်​ချိုင့်​တွင် နေ​ထိုင် သော​ဒေ​လိ​လ​အ​မည်​ရှိ​သော​အ​မျိုး​သ​မီး ကို​ချစ်​ကြိုက်​ပြန်​၏။-
و بعد از آن واقع شد که زنی را در وادی سورق که اسمش دلیله بود، دوست می‌داشت.۴
5 ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဒေ​လိ​လ​ထံ သို့​လာ​၍``ရှံ​ဆုန်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ခွန်​အား​ကြီး​ရ​ကြောင်း​ကို​လည်း​ကောင်း၊ သူ့ အား​အ​ဘယ်​သို့​နှိမ်​နင်း​၍​ချည်​နှောင်​ထား နိုင်​ကြောင်း​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​သူ့​အား ဖြား​ယောင်း​၍​မေး​ပါ။ ငါ​တို့​တစ်​ယောက်​လျှင် ငွေ​တစ်​ဆယ့်​တစ်​ပိ​ဿာ​စီ​ပေး​ပါ​မည်'' ဟု​ပြော​၏။
وسروران فلسطینیان نزد او برآمده، وی را گفتند: «او را فریفته، دریافت کن که قوت عظیمش در چه چیز است، و چگونه بر او غالب آییم تا او را بسته، ذلیل نماییم، و هریکی از ما هزار و صد مثقال نقره به تو خواهیم داد.»۵
6 သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား``သင်​သည် ဤ​မျှ​ခွန်​အား​ကြီး​ရ​ခြင်း​မှာ​အ​ဘယ်​ကြောင့် နည်း။ သင့်​အား​အ​ဘယ်​နည်း​ဖြင့်​ချည်​နှောင်​၍ အနိုင်​ရ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။
پس دلیله به شمشون گفت: «تمنا اینکه به من بگویی که قوت عظیم تو در چه چیز است و چگونه می‌توان تو را بست و ذلیل نمود.»۶
7 ရှံ​ဆုန်​က``မ​ခြောက်​သေး​သော​လေး​ကြိုး​အ​သစ် ခု​နစ်​ပင်​ဖြင့်​ငါ့​ကို​ချည်​နှောင်​ထား​မည်​ဆို လျှင် ငါ​သည်​အ​ခြား​သူ​များ​နည်း​တူ​အား လျော့​လိမ့်​မည်'' ဟု​ဆို​၏။
شمشون وی را گفت: «اگر مرا به هفت ریسمان تر و تازه که خشک نباشد ببندند، من ضعیف و مثل سایر مردم خواهم شد.»۷
8 သို့​ဖြစ်​၍​ဖိ​လိတ္တိ​ဘု​ရင်​တို့​သည်​မ​ခြောက်​သေး သော​လေး​ကြိုး​အ​သစ်​ခု​နစ်​ပင်​ကို​ဒေ​လိ​လ အား​ပေး​သ​ဖြင့် ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား ချည်​နှောင်​ထား​လိုက်​လေ​သည်။-
و سروران فلسطینیان هفت ریسمان تر و تازه که خشک نشده بود، نزد او آوردند و او وی را به آنهابست.۸
9 သူ​မ​သည်​အ​ခြား​အ​ခန်း​တစ်​ခု​ထဲ​၌​လူ အ​ချို့​ကို​စောင့်​၍​နေ​စေ​ပြီး​လျှင်``ရှံ​ဆုန်၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​ထို​လေး​ကြိုး​တို့​ကို​မီး ထိ​သည့်​ချည်​မျှင်​သ​ဖွယ်​ဖြတ်​တောက်​ပစ်​လိုက် လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​ခွန်​အား ကြီး​ရ​ခြင်း​၏​လျှို့​ဝှက်​ချက်​ကို​မ​သိ​နိုင် ကြ​သေး​ပေ။
و کسان نزد وی در حجره در کمین می‌بودند و او وی را گفت: «ای شمشون فلسطینیان بر تو آمدند.» آنگاه ریسمانها رابگسیخت چنانکه ریسمان کتان که به آتش برخورد گسیخته شود، لهذا قوتش دریافت نشد.۹
10 ၁၀ ဒေ​လိ​လ​က​ရှံ​ဆုန်​အား``သင်​သည်​ကျွန်​မ အား​မှန်​ရာ​ကို​မ​ပြော​ဘဲ​အ​ရူး​လုပ်​လေ ပြီ။ သင့်​အား​အ​ဘယ်​သို့​ချည်​နှောင်​ထား​နိုင် မည်​ကို​ကျွန်​မ​အား​ကျေး​ဇူး​ပြု​၍​ပြော​ပြ ပါ'' ဟု​ဖြား​ယောင်း​ပြော​ဆို​၏။
و دلیله به شمشون گفت: «اینک استهزاکرده، به من دروغ گفتی، پس الان مرا خبر بده که به چه چیز تو را توان بست.»۱۰
11 ၁၁ သူ​က​လည်း``ငါ့​အား​တစ်​ကြိမ်​တစ်​ခါ​မျှ အ​သုံး​မ​ပြု​ရ​သေး​သည့်​ကြိုး​သစ်​များ​ဖြင့် ချည်​နှောင်​မည်​ဆို​လျှင် ငါ​သည်​အ​ခြား​သူ များ​ကဲ့​သို့​ပင်​အား​လျော့​ပေ​အံ့'' ဟု​ပြန် ပြော​၏။
او وی را گفت: «اگر مرا با طنابهای تازه که با آنها هیچ کار کرده نشده است، ببندند، ضعیف و مثل سایر مردان خواهم شد.»۱۱
12 ၁၂ သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ကြိုး​သစ်​ကို​ယူ ပြီး​လျှင် သူ့​အား​ချည်​နှောင်​လေ​သည်။ ထို နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​နေ ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ လူ​တို့​သည်​အ​ခန်း တစ်​ခု​ထဲ​တွင်​စောင့်​နေ​ကြ​၏။ သို့​ရာ​တွင် ရှံ​ဆုန်​သည်​မိ​မိ​လက်​များ​မှ​ကြိုး​တို့​ကို ချည်​မျှင်​သ​ဖွယ်​ဖြတ်​တောက်​လိုက်​လေ​သည်။
و دلیله طنابهای تازه گرفته، او رابا آنها بست و به وی گفت: «ای شمشون فلسطینیان بر تو آمدند.» و کسان در حجره درکمین می‌بودند. آنگاه آنها را از بازوهای خود مثل نخ بگسیخت.۱۲
13 ၁၃ ဒေ​လိ​လ​က​ရှံ​ဆုန်​အား``သင်​သည်​ကျွန်​မ​အား မှန်​ရာ​ကို​မ​ပြော​ဘဲ​အ​ရူး​လုပ်​လျက်​ပင်​ရှိ​နေ ပါ​သေး​၏။ သင့်​အား​အ​ဘယ်​သို့​ချည်​နှောင်​ထား ရ​မည်​ကို​ကျွန်​မ​အား​ပြော​ပါ​လော့'' ဟု​ဖြား ယောင်း​ပြော​ဆို​ပြန်​၏။ ရှံ​ဆုန်​က``ငါ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယက်​ကန်း စင်​ထဲ​သို့​ယက်​သွင်း​ကာ သပ်​နှင့်​ရိုက်​၍​ထား မည်​ဆို​လျှင်​ငါ​သည်​အ​ခြား​သူ​များ​နည်း တူ​အား​လျော့​လိမ့်​မည်'' ဟု​ပြော​၏။
و دلیله به شمشون گفت: «تابحال مرااستهزا نموده، دروغ گفتی. مرا بگو که به چه چیزبسته می‌شوی.» او وی را گفت: «اگر هفت گیسوی سر مرا با تار ببافی.»۱۳
14 ၁၄ ထို​အ​ခါ​ဒေ​လိ​လ​သည်​သူ့​အား​ချော့​၍ သိပ်​ပြီး​လျှင် သူ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယူ​၍ ရက်​ကန်း​စင်​ထဲ​သို့​ရက်​သွင်း​ကာ​သပ်​ရိုက် ထား​လိုက်​၏။ ထို​နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​လေ​သည်။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​နိုး​ထ​ပြီး​လျှင် မိ​မိ ၏​ဆံ​ပင်​ကို​ယက်​ကန်း​စင်​မှ​ဆွဲ​ထုတ်​လိုက် ၏။
پس آنها را به میخ قایم بست و وی را گفت: «ای شمشون فلسطینیان بر تو آمدند.» آنگاه از خواب بیدار شده، هم میخ نورد نساج و هم تار را برکند.۱۴
15 ၁၅ သို့​ဖြစ်​၍​ဒေ​လိ​လ​က​သူ​အား``သင်​သည် ကျွန်​မ​ကို​တ​ကယ်​မ​ချစ်​ဘဲ​နှင့်​ချစ်​ပါ​သည် ဟု အ​ဘယ်​သို့​ပြော​နိုင်​ပါ​သ​နည်း။ ကျွန်​မ အား​သင်​အ​ရူး​လုပ်​ခဲ့​သည်​မှာ​သုံး​ကြိမ်​တိုင် တိုင်​ရှိ​လေ​ပြီ။ သင်​သည်​ယ​ခု​တိုင်​အောင်​ပင် မိ​မိ​အ​ဘယ်​ကြောင့်​သန်​စွမ်း​ရ​ကြောင်း​ကို ကျွန်​မ​အား​ပြော​မ​ပြ​သေး​ပါ​တ​ကား'' ဟု​ဆို​၏။-
و او وی را گفت: «چگونه می‌گویی که مرادوست می‌داری و حال آنکه دل تو با من نیست. این سه مرتبه مرا استهزا نموده، مرا خبر ندادی که قوت عظیم تو در چه چیز است.»۱۵
16 ၁၆ ဤ​သို့​လျှင်​သူ​သည်​ဆက်​လက်​၍​တစ်​နေ့​ပြီး တစ်​နေ့​မေး​မြန်း​လျက်​နေ​ရ​ကား ရှံ​ဆုန်​သည် ဒေ​လိ​လ​၏​ပူ​ဆာ​မှု​ကို​လွန်​စွာ​ငြီး​ငွေ့​လာ ပြီး​လျှင်​နောက်​ဆုံး​၌``ငါ​၏​ဆံ​ပင်​သည်​တစ် ကြိမ်​တစ်​ခါ​မျှ​မ​ရိတ်​မ​ဖြတ်​ရ​သေး။ ငါ သည်​လည်း​မွေး​စ​က​ပင်​လျှင်​နာ​ဇ​ရိ​ဂိုဏ်း ဝင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ် ထား​သူ​ဖြစ်​သည်။ အ​ကယ်​၍​ငါ​၏​ဆံပင်​ကို ရိတ်​ဖြတ်​လိုက်​သည်​ရှိ​သော်​ငါ​သည်​ခွန်​အား ဆုတ်​ယုတ်​၍​သူ​တစ်​ပါး​နည်း​တူ​အား​နည်း ပေ​အံ့'' ဟု​အ​မှန်​အ​တိုင်း​ထုတ်​ဖော်​ပြော ဆို​လိုက်​တော့​၏။
و چون اووی را هر روز به سخنان خود عاجز می‌ساخت واو را الحاح می‌نمود و جانش تا به موت تنگ می‌شد،۱۶
17 ၁၇
هر‌چه در دل خود داشت برای او بیان کرده، گفت که «استره بر سر من نیامده است، زیرا که از رحم مادرم برای خداوند نذیره شده‌ام، واگر تراشیده شوم، قوتم از من خواهد رفت وضعیف و مثل سایر مردمان خواهم شد.»۱۷
18 ၁၈ ယင်း​သို့​အ​မှန်​အ​တိုင်း​ပြော​ဆို​သည်​ကို ဒေ​လိ​လ​သိ​သော​အ​ခါ သူ​သည်​ဖိ​လိတ္တိ ဘု​ရင်​တို့​ထံ​သို့​လူ​လွှတ်​၍``ဤ​တစ်​ကြိမ် ပြန်​လာ​ခဲ့​ကြ​ပါ။ ကျွန်​မ​သည်​ရှံ​ဆုန်​ထံ မှ​မှန်​ရာ​ကို​သိ​ရှိ​ရ​ပါ​ပြီ'' ဟု​ပြော​ကြား လိုက်​၏။ ထို​သူ​တို့​သည်​လည်း​ငွေ​များ ကို​ယူ​၍​လာ​ကြ​၏။-
پس چون دلیله دید که هرآنچه در دلش بود، برای او بیان کرده است، فرستاد و سروران فلسطینیان را طلبیده، گفت: «این دفعه بیایید زیراهرچه در دل داشت مرا گفته است.» آنگاه سروران فلسطینیان نزد او آمدند و نقد را به‌دست خود آوردند.۱۸
19 ၁၉ ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား​မိ​မိ​၏​ပေါင်​ပေါ် တွင်​ချော့​၍​သိပ်​ပြီး​မှ လူ​တစ်​ယောက်​ကို​ခေါ် ၍​ရှံ​ဆုန်​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ရိတ်​ဖြတ်​စေ​၏။ ရှံ​ဆုန်​၌​ခွန်​အား​ပျောက်​ကွယ်​သွား​ပြီ​ဖြစ်​၍ ဒေ​လိ​လ​သည်​သူ့​အား​စ​တင်​ညှင်း​ပန်း​လေ တော့​သည်။-
و او را بر زانوهای خودخوابانیده، کسی را طلبید و هفت گیسوی سرش را تراشید. پس به ذلیل نمودن او شروع کرد وقوتش از او برفت.۱۹
20 ၂၀ သူ​သည်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ ထို​အ​ခါ​ရှံ​ဆုန် သည်​အိပ်​ရာ​မှ​နိုး​ထ​၍​ယ​ခု​တစ်​ကြိမ်​လည်း ခါ​တိုင်း​ကဲ့​သို့​ပင် မိ​မိ​လွတ်​မြောက်​နိုင်​လိမ့် မည်​ဟု​ထင်​မှတ်​၏။ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ခွာ​သွား​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ကို​မူ​သူ မ​သိ။-
و گفت: «ای شمشون فلسطینیان بر تو آمدند.» آنگاه از خواب بیدارشده، گفت: «مثل پیشتر بیرون رفته، خود رامی افشانم. اما او ندانست که خداوند از او دورشده است.۲۰
21 ၂၁ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လည်း​သူ့​အား ဖမ်း​ဆီး​ကာ​သူ​၏​မျက်​စိ​ကို​ဖောက်​ပြီး နောက် သူ့​အား​ဂါ​ဇ​မြို့​သို့​ခေါ်​ဆောင်​၍ ကြေး​ဝါ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ပြီး​လျှင် ထောင်​ထဲ​၌​ကြိတ်​ဆုံ​ကျောက်​ကို​လှည့်​စေ ကြ​၏။-
پس فلسطینیان او را گرفته، چشمانش را کندند و او را به غزه آورده، به زنجیرهای برنجین بستند و در زندان دستاس می‌کرد.۲۱
22 ၂၂ သို့​ရာ​တွင်​သူ​၏​ဆံပင်​သည်​ပြန်​၍​ရှည်​စ ပြု​လာ​လေ​သည်။
و موی سرش بعد از تراشیدن باز به بلند شدن شروع نمود.۲۲
23 ၂၃ ဖိ​လိတ္တိ​ဘုရင်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​ဒါ​ဂုန် အား ယဇ်​ပူ​ဇော်​ရန်​နှင့်​အောင်​ပွဲ​ခံ​ရန်​အ​တွက် စု​ဝေး​ကြ​၏။ သူ​တို့​က``ငါ​တို့​၏​ဘု​ရား​သည် ငါ​တို့​အား​မိ​မိ​တို့​ရန်​သူ​ရှံ​ဆုန်​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု​သီ​ဆို​ကြ​၏။-
و سروران فلسطینیان جمع شدند تا قربانی عظیمی برای خدای خود، داجون بگذرانند، وبزم نمایند زیرا گفتند خدای ما دشمن ما شمشون را به‌دست ما تسلیم نموده است.۲۳
24 ၂၄ သူ​တို့​သည်​အ​လွန်​ပျော်​ရွှင်​လျက်``ရှံ​ဆုန်​ကို​ခေါ် ခဲ့​ကြ။ သူ့​အား​ငါ​တို့​ကို​ဖျော်​ဖြေ​စေ​မည်'' ဟု​ဆို ကြ​၏။ သူ​တို့​သည်​ရှံ​ဆုန်​ကို​ထောင်​ထဲ​မှ​ခေါ်​ဆောင် ၍ မိ​မိ​တို့​အား​ဖျော်​ဖြေ​စေ​၏။ မဏ္ဍပ်​တိုင်​မ​ကြီး အ​ကြား​တွင်​ရပ်​စေ​၏။ လူ​တို့​သည်​သူ့​ကို​မြင် လေ​လျှင်``ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို ယို​ယွင်း​ပျက်​စီး​စေ​၍ ငါ​တို့​လူ​အ​မြောက် အ​မြား​ကို​သတ်​ဖြတ်​ခဲ့​သော​ရန်​သူ​၏​အ​ပေါ် ၌​ငါ​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု မိ​မိ​တို့​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​ကို​ချီး​မွမ်း​၏။-
و چون خلق او را دیدند خدای خود را تمجید نمودند، زیراگفتند خدای ما دشمن ما را که زمین ما را خراب کرد و بسیاری از ما را کشت، به‌دست ما تسلیم نموده است.۲۴
25 ၂၅
و چون دل ایشان شاد شد، گفتند: «شمشون را بخوانید تا برای ما بازی کند.» پس شمشون را از زندان آورده، برای ایشان بازی می کرد، و او را در میان ستونها برپا داشتند.۲۵
26 ၂၆ ရှံ​ဆုန်​သည်​မိ​မိ​အား​လက်​ဆွဲ​၍​ခေါ်​ယူ​လာ သော​သူ​ငယ်​အား``မဏ္ဍပ်​တိုင်​မ​ကြီး​တို့​ကို​ငါ့ အား​ကိုင်​ခွင့်​ပြု​ပါ။ ယင်း​တို့​ကို​ငါ​မှီ​၍​နေ လို​ပါ​သည်'' ဟု​ပြော​၏။-
وشمشون به پسری که دست او را می‌گرفت، گفت: «مرا واگذار تا ستونهایی که خانه بر آنها قایم است، لمس نموده، بر آنها تکیه نمایم.»۲۶
27 ၂၇ ထို​မဏ္ဍပ်​သည်​အ​မျိုး​သား​အ​မျိုး​သ​မီး​များ နှင့်​ပြည့်​လျှံ​လျက်​ရှိ​၏။ ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​သည်​လည်း​ထို​မဏ္ဍပ်​တွင်​ရှိ​ကြ​၏။ အ​မျိုး သား​အ​မျိုး​သ​မီး​စု​စု​ပေါင်း​သုံး​ထောင်​ခန့် သည် မဏ္ဍပ်​အ​မိုး​ပေါ်​မှ​ရှံ​ဆုန်​ဖျော်​ဖြေ​နေ သည်​ကို​ကြည့်​ရှု​လျက်​ရှိ​ကြ​၏။
و خانه از مردان و زنان پر بود و جمیع سروران فلسطینیان در آن بودند و قریب به سه هزار مرد و زن برپشت بام، بازی شمشون را تماشا می‌کردند.۲۷
28 ၂၈ ထို​အ​ခါ​ရှံ​ဆုန်​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​မျက်​စိ​နှစ်​လုံး​ကို ဖောက်​ပစ်​သည့်​အ​တွက် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ အား​တစ်​ချက်​တည်း​ဖြင့်​လက်​စား​ချေ​နိုင်​ရန် အ​ကျွန်ုပ်​အား​ဤ​တစ်​ကြိမ်​သာ​လျှင်​ခွန်​အား ကို​ပြန်​လည်​ရ​ရှိ​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​လေ​သည်။-
و شمشون از خداوند استدعا نموده، گفت: «ای خداوند یهوه مرا بیاد آور و‌ای خدا این مرتبه فقط مرا قوت بده تا یک انتقام برای دو چشم خوداز فلسطینیان بکشم.»۲۸
29 ၂၉ ထို​နောက်​သူ​သည်​မဏ္ဍပ်​ဗ​ဟို​တိုင်​မ​ကြီး​နှစ်​ခု ကို လက်​တစ်​ဘက်​စီ​ဖြင့်​ကိုင်​၍​တွန်း​ပြီး​လျှင်၊-
و شمشون دو ستون میان را که خانه بر آنها قایم بود، یکی را به‌دست راست و دیگری را به‌دست چپ خود گرفته، بر آنها تکیه نمود.۲۹
30 ၃၀ ``အ​ကျွန်ုပ်​အား​ဖိ​လိတ္တိ​လူ​တို့​နှင့်​အ​တူ​သေ​ခွင့် ပြု​တော်​မူ​ပါ'' ဟု​ဟစ်​အော်​၏။ သူ​သည်​အ​စွမ်း​ကုန် တွန်း​လိုက်​ရာ​မဏ္ဍပ်​သည် ဘု​ရင်​ငါး​ပါး​နှင့်​တ​ကွ ရှိ​သ​မျှ​သော​လူ​တို့​အ​ပေါ်​သို့​ပြို​ကျ​လေ​သည်။ ရှံ​ဆုန်​သည်​သေ​ဆဲ​အ​ချိန်​၌​သတ်​ခဲ့​သည့်​လူ ဦး​ရေ​မှာ​အ​သက်​ရှင်​စဉ်​အ​ခါ​က​သတ်​ခဲ့ သည့်​လူ​ဦး​ရေ​ထက်​ပို​၍​များ​ပြား​၏။
و شمشون گفت: «همراه فلسطینیان بمیرم و با زور خم شده، خانه بر سروران و برتمامی خلقی که در آن بودند، افتاد. پس مردگانی که در موت خود کشت از مردگانی که درزندگی‌اش کشته بود، زیادتر بودند.۳۰
31 ၃၁ ရှံ​ဆုန်​၏​ညီ​များ​နှင့်​အ​ခြား​အိမ်​ထောင်​စု သား​တို့​သည် လာ​ရောက်​၍​သူ​၏​ရုပ်​အ​လောင်း ကို​ယူ​ပြီး​လျှင် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ မြို့​စပ်​ကြား​ရှိ​ဖ​ခင်​ဖြစ်​သူ​မာ​နော်​၏​သင်္ချိုင်း ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​သည်​နှစ်​ပေါင်း​နှစ် ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​လူ​မျိုး​၏​ခေါင်း ဆောင်​ဖြစ်​ခဲ့​သ​တည်း။
آنگاه برادرانش و تمامی خاندان پدرش آمده، او رابرداشتند و او را آورده، در قبر پدرش مانوح درمیان صرعه و اشتاول دفن کردند. و او بیست سال بر اسرائیل داوری کرد.۳۱

< တရားသူကြီးမှတ်စာ 16 >