< တရားသူကြီးမှတ်စာ 16 >
1 ၁ တစ်နေ့သ၌ရှံဆုန်သည် ဖိလိတ္တိအမျိုးသား တို့နေထိုင်ရာဂါဇမြို့သို့သွားရောက်၏။ ထို မြို့တွင်ပြည့်တန်ဆာမတစ်ဦးကိုတွေ့၍သူ နှင့်အိပ်စက်လေသည်။-
Then went Samson to Gaza, and saw there an harlot, and went in to her.
2 ၂ ဂါဇမြို့သားတို့သည်ရှံဆုန်ရောက်ရှိနေကြောင်း ကိုကြားသိကြသဖြင့် ထိုအိမ်ကိုဝိုင်းရံထား ပြီးလျှင်တစ်ညလုံးမြို့တံခါးဝမှစောင့်နေ ကြ၏။ ``ငါတို့သည်သူ့အားမိုးလင်းသည်တိုင် အောင်စောင့်ဆိုင်းပြီးမှသတ်ပစ်မည်'' ဟုကြံ စည်ကာဆိတ်ငြိမ်စွာနေကြ၏။-
And it was told the Gazites, saying, Samson is come here. And they compassed him in, and laid wait for him all night in the gate of the city, and were quiet all the night, saying, In the morning, when it is day, we shall kill him.
3 ၃ သို့ရာတွင်ရှံဆုန်သည်သန်းခေါင်တိုင်အောင် သာအိပ်ပြီးနောက်ထ၍တံခါးရွက်၊ တံခါး တိုင်၊ ကန့်လန့်ကျင်နှင့်တကွမြို့တံခါးကို ဆွဲနုတ်ပြီးလျှင်ပခုံးပေါ်မှာထမ်း၍ ဟေဗြုန် မြို့အနီးတောင်ထိပ်ပေါ်သို့ယူဆောင်သွား လေသည်။
And Samson lay till midnight, and arose at midnight, and took the doors of the gate of the city, and the two posts, and went away with them, bar and all, and put them on his shoulders, and carried them up to the top of an hill that is before Hebron.
4 ၄ ထိုနောက်ရှံဆုန်သည်စောရက်ချိုင့်တွင် နေထိုင် သောဒေလိလအမည်ရှိသောအမျိုးသမီး ကိုချစ်ကြိုက်ပြန်၏။-
And it came to pass afterward, that he loved a woman in the valley of Sorek, whose name was Delilah.
5 ၅ ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဒေလိလထံ သို့လာ၍``ရှံဆုန်သည်အဘယ်ကြောင့်ဤမျှ ခွန်အားကြီးရကြောင်းကိုလည်းကောင်း၊ သူ့ အားအဘယ်သို့နှိမ်နင်း၍ချည်နှောင်ထား နိုင်ကြောင်းကိုလည်းကောင်းသိရှိရန်သူ့အား ဖြားယောင်း၍မေးပါ။ ငါတို့တစ်ယောက်လျှင် ငွေတစ်ဆယ့်တစ်ပိဿာစီပေးပါမည်'' ဟုပြော၏။
And the lords of the Philistines came up to her, and said to her, Entice him, and see wherein his great strength lies, and by what means we may prevail against him, that we may bind him to afflict him; and we will give you every one of us eleven hundred pieces of silver.
6 ၆ သို့ဖြစ်၍ဒေလိလသည်ရှံဆုန်အား``သင်သည် ဤမျှခွန်အားကြီးရခြင်းမှာအဘယ်ကြောင့် နည်း။ သင့်အားအဘယ်နည်းဖြင့်ချည်နှောင်၍ အနိုင်ရနိုင်ပါမည်နည်း'' ဟုမေး၏။
And Delilah said to Samson, Tell me, I pray you, wherein your great strength lies, and with which you might be bound to afflict you.
7 ၇ ရှံဆုန်က``မခြောက်သေးသောလေးကြိုးအသစ် ခုနစ်ပင်ဖြင့်ငါ့ကိုချည်နှောင်ထားမည်ဆို လျှင် ငါသည်အခြားသူများနည်းတူအား လျော့လိမ့်မည်'' ဟုဆို၏။
And Samson said to her, If they bind me with seven green thongs that were never dried, then shall I be weak, and be as another man.
8 ၈ သို့ဖြစ်၍ဖိလိတ္တိဘုရင်တို့သည်မခြောက်သေး သောလေးကြိုးအသစ်ခုနစ်ပင်ကိုဒေလိလ အားပေးသဖြင့် ဒေလိလသည်ရှံဆုန်အား ချည်နှောင်ထားလိုက်လေသည်။-
Then the lords of the Philistines brought up to her seven green thongs which had not been dried, and she bound him with them.
9 ၉ သူမသည်အခြားအခန်းတစ်ခုထဲ၌လူ အချို့ကိုစောင့်၍နေစေပြီးလျှင်``ရှံဆုန်၊ ဖိလိတ္တိ အမျိုးသားတို့လာနေကြပြီ'' ဟုဟစ်အော်၏။ သို့ရာတွင်ရှံဆုန်သည်ထိုလေးကြိုးတို့ကိုမီး ထိသည့်ချည်မျှင်သဖွယ်ဖြတ်တောက်ပစ်လိုက် လေသည်။ သို့ဖြစ်၍သူတို့သည်သူခွန်အား ကြီးရခြင်း၏လျှို့ဝှက်ချက်ကိုမသိနိုင် ကြသေးပေ။
Now there were men lying in wait, abiding with her in the chamber. And she said to him, The Philistines be on you, Samson. And he broke the thongs, as a thread of wick is broken when it touches the fire. So his strength was not known.
10 ၁၀ ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မ အားမှန်ရာကိုမပြောဘဲအရူးလုပ်လေ ပြီ။ သင့်အားအဘယ်သို့ချည်နှောင်ထားနိုင် မည်ကိုကျွန်မအားကျေးဇူးပြု၍ပြောပြ ပါ'' ဟုဖြားယောင်းပြောဆို၏။
And Delilah said to Samson, Behold, you have mocked me, and told me lies: now tell me, I pray you, with which you might be bound.
11 ၁၁ သူကလည်း``ငါ့အားတစ်ကြိမ်တစ်ခါမျှ အသုံးမပြုရသေးသည့်ကြိုးသစ်များဖြင့် ချည်နှောင်မည်ဆိုလျှင် ငါသည်အခြားသူ များကဲ့သို့ပင်အားလျော့ပေအံ့'' ဟုပြန် ပြော၏။
And he said to her, If they bind me fast with new ropes that never were occupied, then shall I be weak, and be as another man.
12 ၁၂ သို့ဖြစ်၍ဒေလိလသည်ကြိုးသစ်ကိုယူ ပြီးလျှင် သူ့အားချည်နှောင်လေသည်။ ထို နောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာနေ ကြပြီ'' ဟုဟစ်အော်၏။ လူတို့သည်အခန်း တစ်ခုထဲတွင်စောင့်နေကြ၏။ သို့ရာတွင် ရှံဆုန်သည်မိမိလက်များမှကြိုးတို့ကို ချည်မျှင်သဖွယ်ဖြတ်တောက်လိုက်လေသည်။
Delilah therefore took new ropes, and bound him therewith, and said to him, The Philistines be on you, Samson. And there were liers in wait abiding in the chamber. And he broke them from off his arms like a thread.
13 ၁၃ ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မအား မှန်ရာကိုမပြောဘဲအရူးလုပ်လျက်ပင်ရှိနေ ပါသေး၏။ သင့်အားအဘယ်သို့ချည်နှောင်ထား ရမည်ကိုကျွန်မအားပြောပါလော့'' ဟုဖြား ယောင်းပြောဆိုပြန်၏။ ရှံဆုန်က``ငါ၏ဆံပင်ခုနစ်စုကိုယက်ကန်း စင်ထဲသို့ယက်သွင်းကာ သပ်နှင့်ရိုက်၍ထား မည်ဆိုလျှင်ငါသည်အခြားသူများနည်း တူအားလျော့လိမ့်မည်'' ဟုပြော၏။
And Delilah said to Samson, Till now you have mocked me, and told me lies: tell me with which you might be bound. And he said to her, If you weave the seven locks of my head with the web.
14 ၁၄ ထိုအခါဒေလိလသည်သူ့အားချော့၍ သိပ်ပြီးလျှင် သူ၏ဆံပင်ခုနစ်စုကိုယူ၍ ရက်ကန်းစင်ထဲသို့ရက်သွင်းကာသပ်ရိုက် ထားလိုက်၏။ ထိုနောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုး သားတို့လာနေကြပြီ'' ဟုဟစ်အော်လေသည်။ သို့ရာတွင်ရှံဆုန်သည်နိုးထပြီးလျှင် မိမိ ၏ဆံပင်ကိုယက်ကန်းစင်မှဆွဲထုတ်လိုက် ၏။
And she fastened it with the pin, and said to him, The Philistines be on you, Samson. And he awaked out of his sleep, and went away with the pin of the beam, and with the web.
15 ၁၅ သို့ဖြစ်၍ဒေလိလကသူအား``သင်သည် ကျွန်မကိုတကယ်မချစ်ဘဲနှင့်ချစ်ပါသည် ဟု အဘယ်သို့ပြောနိုင်ပါသနည်း။ ကျွန်မ အားသင်အရူးလုပ်ခဲ့သည်မှာသုံးကြိမ်တိုင် တိုင်ရှိလေပြီ။ သင်သည်ယခုတိုင်အောင်ပင် မိမိအဘယ်ကြောင့်သန်စွမ်းရကြောင်းကို ကျွန်မအားပြောမပြသေးပါတကား'' ဟုဆို၏။-
And she said to him, How can you say, I love you, when your heart is not with me? you have mocked me these three times, and have not told me wherein your great strength lies.
16 ၁၆ ဤသို့လျှင်သူသည်ဆက်လက်၍တစ်နေ့ပြီး တစ်နေ့မေးမြန်းလျက်နေရကား ရှံဆုန်သည် ဒေလိလ၏ပူဆာမှုကိုလွန်စွာငြီးငွေ့လာ ပြီးလျှင်နောက်ဆုံး၌``ငါ၏ဆံပင်သည်တစ် ကြိမ်တစ်ခါမျှမရိတ်မဖြတ်ရသေး။ ငါ သည်လည်းမွေးစကပင်လျှင်နာဇရိဂိုဏ်း ဝင်အဖြစ်ဖြင့် ဘုရားသခင်အားဆက်ကပ် ထားသူဖြစ်သည်။ အကယ်၍ငါ၏ဆံပင်ကို ရိတ်ဖြတ်လိုက်သည်ရှိသော်ငါသည်ခွန်အား ဆုတ်ယုတ်၍သူတစ်ပါးနည်းတူအားနည်း ပေအံ့'' ဟုအမှန်အတိုင်းထုတ်ဖော်ပြော ဆိုလိုက်တော့၏။
And it came to pass, when she pressed him daily with her words, and urged him, so that his soul was vexed to death;
That he told her all his heart, and said to her, There has not come a razor on my head; for I have been a Nazarite to God from my mother’s womb: if I be shaven, then my strength will go from me, and I shall become weak, and be like any other man.
18 ၁၈ ယင်းသို့အမှန်အတိုင်းပြောဆိုသည်ကို ဒေလိလသိသောအခါ သူသည်ဖိလိတ္တိ ဘုရင်တို့ထံသို့လူလွှတ်၍``ဤတစ်ကြိမ် ပြန်လာခဲ့ကြပါ။ ကျွန်မသည်ရှံဆုန်ထံ မှမှန်ရာကိုသိရှိရပါပြီ'' ဟုပြောကြား လိုက်၏။ ထိုသူတို့သည်လည်းငွေများ ကိုယူ၍လာကြ၏။-
And when Delilah saw that he had told her all his heart, she sent and called for the lords of the Philistines, saying, Come up this once, for he has showed me all his heart. Then the lords of the Philistines came up to her, and brought money in their hand.
19 ၁၉ ဒေလိလသည်ရှံဆုန်အားမိမိ၏ပေါင်ပေါ် တွင်ချော့၍သိပ်ပြီးမှ လူတစ်ယောက်ကိုခေါ် ၍ရှံဆုန်၏ဆံပင်ခုနစ်စုကိုရိတ်ဖြတ်စေ၏။ ရှံဆုန်၌ခွန်အားပျောက်ကွယ်သွားပြီဖြစ်၍ ဒေလိလသည်သူ့အားစတင်ညှင်းပန်းလေ တော့သည်။-
And she made him sleep on her knees; and she called for a man, and she caused him to shave off the seven locks of his head; and she began to afflict him, and his strength went from him.
20 ၂၀ သူသည်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာ နေကြပြီ'' ဟုဟစ်အော်၏။ ထိုအခါရှံဆုန် သည်အိပ်ရာမှနိုးထ၍ယခုတစ်ကြိမ်လည်း ခါတိုင်းကဲ့သို့ပင် မိမိလွတ်မြောက်နိုင်လိမ့် မည်ဟုထင်မှတ်၏။ မိမိအားထာဝရဘုရား စွန့်ခွာသွားတော်မူပြီဖြစ်ကြောင်းကိုမူသူ မသိ။-
And she said, The Philistines be on you, Samson. And he awoke out of his sleep, and said, I will go out as at other times before, and shake myself. And he knew not that the LORD was departed from him.
21 ၂၁ ဖိလိတ္တိအမျိုးသားတို့သည်လည်းသူ့အား ဖမ်းဆီးကာသူ၏မျက်စိကိုဖောက်ပြီး နောက် သူ့အားဂါဇမြို့သို့ခေါ်ဆောင်၍ ကြေးဝါကြိုးများဖြင့်ချည်နှောင်ပြီးလျှင် ထောင်ထဲ၌ကြိတ်ဆုံကျောက်ကိုလှည့်စေ ကြ၏။-
But the Philistines took him, and put out his eyes, and brought him down to Gaza, and bound him with fetters of brass; and he did grind in the prison house.
22 ၂၂ သို့ရာတွင်သူ၏ဆံပင်သည်ပြန်၍ရှည်စ ပြုလာလေသည်။
However, the hair of his head began to grow again after he was shaven.
23 ၂၃ ဖိလိတ္တိဘုရင်တို့သည်မိမိတို့၏ဘုရားဒါဂုန် အား ယဇ်ပူဇော်ရန်နှင့်အောင်ပွဲခံရန်အတွက် စုဝေးကြ၏။ သူတို့က``ငါတို့၏ဘုရားသည် ငါတို့အားမိမိတို့ရန်သူရှံဆုန်၏အပေါ် ၌အောင်ပွဲခံစေတော်မူပြီ'' ဟုသီဆိုကြ၏။-
Then the lords of the Philistines gathered them together for to offer a great sacrifice to Dagon their god, and to rejoice: for they said, Our god has delivered Samson our enemy into our hand.
24 ၂၄ သူတို့သည်အလွန်ပျော်ရွှင်လျက်``ရှံဆုန်ကိုခေါ် ခဲ့ကြ။ သူ့အားငါတို့ကိုဖျော်ဖြေစေမည်'' ဟုဆို ကြ၏။ သူတို့သည်ရှံဆုန်ကိုထောင်ထဲမှခေါ်ဆောင် ၍ မိမိတို့အားဖျော်ဖြေစေ၏။ မဏ္ဍပ်တိုင်မကြီး အကြားတွင်ရပ်စေ၏။ လူတို့သည်သူ့ကိုမြင် လေလျှင်``ငါတို့၏ဘုရားသည်ငါတို့ပြည်ကို ယိုယွင်းပျက်စီးစေ၍ ငါတို့လူအမြောက် အမြားကိုသတ်ဖြတ်ခဲ့သောရန်သူ၏အပေါ် ၌ငါတို့အားအောင်ပွဲခံစေတော်မူပြီ'' ဟု မိမိတို့ဘုရား၏ဂုဏ်ကျေးဇူးကိုချီးမွမ်း၏။-
And when the people saw him, they praised their god: for they said, Our god has delivered into our hands our enemy, and the destroyer of our country, which slew many of us.
And it came to pass, when their hearts were merry, that they said, Call for Samson, that he may make us sport. And they called for Samson out of the prison house; and he made them sport: and they set him between the pillars.
26 ၂၆ ရှံဆုန်သည်မိမိအားလက်ဆွဲ၍ခေါ်ယူလာ သောသူငယ်အား``မဏ္ဍပ်တိုင်မကြီးတို့ကိုငါ့ အားကိုင်ခွင့်ပြုပါ။ ယင်းတို့ကိုငါမှီ၍နေ လိုပါသည်'' ဟုပြော၏။-
And Samson said to the lad that held him by the hand, Suffer me that I may feel the pillars whereupon the house stands, that I may lean on them.
27 ၂၇ ထိုမဏ္ဍပ်သည်အမျိုးသားအမျိုးသမီးများ နှင့်ပြည့်လျှံလျက်ရှိ၏။ ဖိလိတ္တိဘုရင်ငါးပါး တို့သည်လည်းထိုမဏ္ဍပ်တွင်ရှိကြ၏။ အမျိုး သားအမျိုးသမီးစုစုပေါင်းသုံးထောင်ခန့် သည် မဏ္ဍပ်အမိုးပေါ်မှရှံဆုန်ဖျော်ဖြေနေ သည်ကိုကြည့်ရှုလျက်ရှိကြ၏။
Now the house was full of men and women; and all the lords of the Philistines were there; and there were on the roof about three thousand men and women, that beheld while Samson made sport.
28 ၂၈ ထိုအခါရှံဆုန်က``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကိုအောက်မေ့သတိရတော်မူပါ။ အို ဘုရားသခင်၊ အကျွန်ုပ်၏မျက်စိနှစ်လုံးကို ဖောက်ပစ်သည့်အတွက် ဖိလိတ္တိအမျိုးသားတို့ အားတစ်ချက်တည်းဖြင့်လက်စားချေနိုင်ရန် အကျွန်ုပ်အားဤတစ်ကြိမ်သာလျှင်ခွန်အား ကိုပြန်လည်ရရှိစေတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုလေသည်။-
And Samson called to the LORD, and said, O Lord God, remember me, I pray you, and strengthen me, I pray you, only this once, O God, that I may be at once avenged of the Philistines for my two eyes.
29 ၂၉ ထိုနောက်သူသည်မဏ္ဍပ်ဗဟိုတိုင်မကြီးနှစ်ခု ကို လက်တစ်ဘက်စီဖြင့်ကိုင်၍တွန်းပြီးလျှင်၊-
And Samson took hold of the two middle pillars on which the house stood, and on which it was borne up, of the one with his right hand, and of the other with his left.
30 ၃၀ ``အကျွန်ုပ်အားဖိလိတ္တိလူတို့နှင့်အတူသေခွင့် ပြုတော်မူပါ'' ဟုဟစ်အော်၏။ သူသည်အစွမ်းကုန် တွန်းလိုက်ရာမဏ္ဍပ်သည် ဘုရင်ငါးပါးနှင့်တကွ ရှိသမျှသောလူတို့အပေါ်သို့ပြိုကျလေသည်။ ရှံဆုန်သည်သေဆဲအချိန်၌သတ်ခဲ့သည့်လူ ဦးရေမှာအသက်ရှင်စဉ်အခါကသတ်ခဲ့ သည့်လူဦးရေထက်ပို၍များပြား၏။
And Samson said, Let me die with the Philistines. And he bowed himself with all his might; and the house fell on the lords, and on all the people that were therein. So the dead which he slew at his death were more than they which he slew in his life.
31 ၃၁ ရှံဆုန်၏ညီများနှင့်အခြားအိမ်ထောင်စု သားတို့သည် လာရောက်၍သူ၏ရုပ်အလောင်း ကိုယူပြီးလျှင် ဇောရာမြို့နှင့်ဧရှတောလ မြို့စပ်ကြားရှိဖခင်ဖြစ်သူမာနော်၏သင်္ချိုင်း ဂူတွင်သင်္ဂြိုဟ်ကြ၏။ သူသည်နှစ်ပေါင်းနှစ် ဆယ်တိုင်တိုင်ဣသရေလလူမျိုး၏ခေါင်း ဆောင်ဖြစ်ခဲ့သတည်း။
Then his brothers and all the house of his father came down, and took him, and brought him up, and buried him between Zorah and Eshtaol in the burial plot of Manoah his father. And he judged Israel twenty years.