< တရားသူကြီးမှတ်စာ 15 >
1 ၁ ကာလအနည်းငယ်ကြာ၍ဂျုံစပါးများ ရိတ်သိမ်းချိန်ရောက်သောအခါ ရှံဆုန်သည် ဆိတ်ငယ်တစ်ကောင်ကိုယူ၍မိမိဇနီးထံသို့ အလည်သွားလေသည်။ သူသည်သူငယ်မ၏ ဖခင်အား``အကျွန်ုပ်သည်ဇနီး၏အိပ်ခန်းသို့ ဝင်လိုပါသည်'' ဟုပြော၏။ သို့ရာတွင်ဖခင်ဖြစ်သူကဝင်ခွင့်မပေးချေ။-
E aconteceu depois de dias, que no tempo da colheita do trigo, Sansão visitou à sua mulher com um cabrito, dizendo: Entrarei à minha mulher à câmara. Mas o pai dela não o deixou entrar.
2 ၂ သူသည်ရှံဆုန်အား``သင်သည်သင်၏ဇနီးအား မုန်းလေပြီဟုအကယ်ပင်ငါထင်မှတ်သဖြင့် သူ့အားသင်၏မိတ်ဆွေနှင့်ပေးစားလိုက်ပါ သည်။ သို့ရာတွင်သူ၏ညီမသည်သူ့ထက်ပင် ပို၍လှပါ၏။ သူ့အစားထိုသူငယ်မကို သင်ယူနိုင်ပါသည်'' ဟုဆိုလေသည်။
E disse o pai dela: Persuadi-me que a aborrecias, e dei-a a teu companheiro. Mas sua irmã menor, não é mais bela que ela? Toma-a, pois, em seu lugar.
3 ၃ ရှံဆုန်ကလည်း``ဖိလိတ္တိအမျိုးသားတို့အား ဤတစ်ကြိမ်ငါပြုသည့်အမှုအတွက်ငါ ၌တာဝန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၍၊-
E Sansão lhes respondeu: Eu serei sem culpa esta vez para com os filisteus, se mal lhes fizer.
4 ၄ ထွက်သွားပြီးလျှင်မြေခွေးသုံးရာကိုဖမ်း ဆီး၍ နှစ်ကောင်တစ်တွဲအမြီးချင်းဆက်ကာ အမြီးထုံးကြားထဲတွင်မီးတုတ်ကိုချည် ၏။-
E foi Sansão e agarrou trezentas raposas, e tomando tochas, e segurando aquelas pelas caudas, pôs entre cada duas caudas uma tocha.
5 ၅ ထိုနောက်မီးတုတ်ကိုမီးညှိ၍ ဖိလိတ္တိလယ် များထဲသို့မြေခွေးတို့ကိုလွှတ်လိုက်လေ သည်။ ဤနည်းအားဖြင့်သူသည်ရိတ်သိမ်း ပြီးဂျုံစပါးတို့ကိုသာမကမရိတ်သိမ်း ရသေးသည့်ဂျုံပင်များကိုပါမီးသင့် လောင်ကျွမ်းသွားစေ၏။ သံလွင်ဥယျာဉ် တို့သည်လည်းမီးလောင်ကျွမ်းကုန်၏။-
Depois, acendendo as tochas, lançou as raposas nas plantações dos filisteus, e queimou pilhas de cereais e cereais nos pés, e vinhas e olivais.
6 ၆ ဤအမှုကိုမည်သူပြုသည်ကိုဖိလိတ္တိ အမျိုးသားတို့စုံစမ်းမေးမြန်းကြသော အခါ တိမနမြို့မှသူ၏ယောက္ခမသည် ရှံဆုန်၏ဇနီးအားရှံဆုန်၏မိတ်ဆွေတစ်ဦး နှင့်ပေးစားလိုက်သောကြောင့် ရှံဆုန်ဤကဲ့သို့ ပြုသည်ကိုသိရှိကြရ၏။ ထို့ကြောင့်သူတို့ သည်ထိုအမျိုးသမီးနှင့်သူ၏ဖခင်၏ အိမ်ကိုမီးရှို့ကြလေသည်။
E disseram os filisteus: Quem fez isto? E foi-lhes dito: Sansão, o genro do timnateu, porque lhe tirou sua mulher e a deu a seu companheiro. E vieram os filisteus, e queimaram a fogo a ela e a seu pai.
7 ၇ ရှံဆုန်ကဖိလိတ္တိအမျိုးသားတို့အား``သင် တို့သည်ဤသို့ပြုကြသည်ဆိုလျှင် ငါသည် လည်းသင်တို့အားလက်စားမချေရမချင်း နားနေလိမ့်မည်မဟုတ်ကြောင်းငါကျိန်ဆို ၏'' ဟုဆို၍၊-
Então Sansão lhes disse: Assim o havíeis de fazer? Mas eu me vingarei de vós, e depois cessarei.
8 ၈ သူတို့အားပြင်းထန်စွာတိုက်ခိုက်လေ၏။ သူ သည်လူအမြောက်အမြားကိုသတ်ဖြတ်ပြီး နောက် ဧတံကျောက်ဆောင်အတွင်းရှိဂူ၌ သွားရောက်နေထိုင်လေသည်။
E feriu-os perna e coxa com grande mortandade; e desceu, e ficou na caverna da penha de Etã.
9 ၉ ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်သို့ လာ၍စခန်းချကာလေဟိမြို့ကိုတိုက်ခိုက် ကြ၏။-
E os filisteus subiram e puseram acampamento em Judá, e estenderam-se por Leí.
10 ၁၀ ယုဒပြည်သူတို့က``သင်တို့သည်အဘယ် ကြောင့်ငါတို့အားတိုက်ခိုက်ကြပါသနည်း'' ဟုမေးလျှင်သူတို့က``ငါတို့သည်ရှံဆုန်ကို ဖမ်းဆီး၍ ငါတို့အားသူပြုသကဲ့သို့သူ့ အားပြုရန်လာရောက်ကြခြင်းဖြစ်သည်'' ဟုပြန်လည်ပြောကြားကြ၏။-
E os homens de Judá lhes disseram: Por que subistes contra nós? E eles responderam: A prender a Sansão subimos, para fazer-lhe como ele nos fez.
11 ၁၁ ထိုအခါယုဒပြည်သားလူသုံးထောင်တို့သည် ရှံဆုန်နေသောဧတံကျောက်ဂူသို့သွား၍သူ့ အား``ဖိလိတ္တိအမျိုးသားတို့သည်ငါတို့အား အစိုးရသူများဖြစ်သည်ကိုသင်မသိပါ သလော။ အဘယ်သို့အမှုကိုငါတို့အားသင် ပြုခဲ့ပါပြီနည်း'' ဟုမေးကြ၏။ သူကလည်း``ငါသည်သူတို့ငါ့အားပြုသည် အတိုင်းသာလျှင် သူတို့အားပြုခဲ့ပါ၏'' ဟု ဖြေကြားလေသည်။
E vieram três mil homens de Judá à caverna da penha de Etã, e disseram a Sansão: Não sabes tu que os filisteus dominam sobre nós? Por que nos fizeste isto? E ele lhes respondeu: Eu lhes fiz como eles me fizeram.
12 ၁၂ သူတို့သည်ရှံဆုန်အား``ငါတို့လာရောက်ကြ ခြင်းမှာသင့်ကိုချည်နှောင်၍ ထိုသူတို့၏လက် သို့အပ်နှံရန်ဖြစ်ပါသည်'' ဟုဆိုကြ၏။ ရှံဆုန်ကလည်း``သင်တို့ကိုယ်တိုင်ငါ့အား မသတ်ပါဟုကတိပြုပါလော့'' ဟုဆို၏။
Eles então lhe disseram: Nós viemos para prender-te, e entregar-te em mão dos filisteus. E Sansão lhes respondeu: Jurai-me que vós não me matareis.
13 ၁၃ ``ကောင်းပြီ။ ငါတို့သည်သင့်ကိုချည်နှောင်၍ ထိုသူတို့၏လက်သို့အပ်နှံပါအံ့။ သင့်အား ငါတို့သတ်မည်မဟုတ်ပါ'' ဟုကတိပြု ကြ၏။ ဤသို့လျှင်သူတို့သည်သူ့အားကြိုး သစ်နှစ်ချောင်းဖြင့်ချည်နှောင်ပြီးလျှင်ကျောက် ဆောင်မှပြန်လည်ခေါ်ဆောင်လာကြ၏။
E eles lhe responderam, dizendo: Não, somente te prenderemos, e te entregaremos em suas mãos; mas não te mataremos. Então lhe ataram com duas cordas novas, e fizeram-lhe vir da penha.
14 ၁၄ လေဟိအရပ်သို့ရောက်သောအခါ ဖိလိတ္တိ အမျိုးသားတို့သည်အော်ဟစ်ကာရှံဆုန် ထံသို့ပြေး၍လာကြ၏။ ဘုရားသခင်၏ တန်ခိုးတော်သည်ရှံဆုန်အားရုတ်တရက် သန်စွမ်းလာစေတော်မူသဖြင့် သူသည်မိမိ ၏လက်များကိုချည်နှောင်ထားသောကြိုး တို့ကိုမီးကျွမ်းသည့်အပ်ချည်မျှင်ပမာ ပြတ်စေ၏။-
E assim que veio até Leí, os filisteus lhe saíram a receber com gritos de vitória: e o espírito do SENHOR caiu sobre ele, e as cordas que estavam em seus braços se tornaram como linho queimado com fogo, e as amarras se caíram de suas mãos.
15 ၁၅ ထိုနောက်သူသည်မကြာမီကသေသွားသည့် မြည်းတစ်ကောင်၏မေးရိုးတစ်ချောင်းကိုတွေ့ ရှိသဖြင့်ကောက်ယူပြီးလျှင် ထိုမေးရိုးဖြင့် လူတစ်ထောင်မျှကိုတိုက်ခိုက်သတ်ဖြတ်ပစ် လိုက်လေသည်။
E achando uma queixada de asno fresca, estendeu a mão e tomou-a, e feriu com ela a mil homens.
16 ၁၆ သို့ဖြစ်၍ရှံဆုန်က၊ ``မြည်းမေးရိုးဖြင့်လူတစ်ထောင်ကိုငါသတ်ပြီ။ မြည်းမေးရိုးဖြင့်အလောင်းတွေအပုံပုံဖြစ်စေပြီ'' ဟူ၍သီဆိုလေ၏။
Então Sansão disse: Com a queixada de um asno, um amontoado, dois amontoados; Com a queixada de um asno feri mil homens.
17 ၁၇ ထိုနောက်သူသည်မြည်းမေးရိုးကိုလွှင့်ပစ်လိုက် သည်။ ဤအမှုအရာဖြစ်ပျက်သည့်အရပ်ကို ရာမတ်လေဟိဟူ၍ခေါ်ဝေါ်ကြသတည်း။
E acabando de falar, lançou de sua mão a queixada, e chamou a aquele lugar Ramate-Leí.
18 ၁၈ ထိုနောက်ရှံဆုန်သည်အလွန်ရေငတ်၍လာသ ဖြင့် ထာဝရဘုရားထံတော်သို့``ဤအောင်ပွဲကြီး ကိုအကျွန်ုပ်အားကိုယ်တော်ပေးတော်မူခဲ့ပါ ပြီ။ ယခုအကျွန်ုပ်သည်ရေငတ်၍သေရပါ တော့မည်လော။ ဘုရားမဲ့သူဤဖိလိတ္တိအမျိုး သားတို့၏လက်တွင်အဖမ်းခံရပါတော့မည် လော'' ဟုဆုတောင်း၏။-
E tendo grande sede, clamou logo ao SENHOR, e disse: Tu deste esta grande salvação por meio de teu servo: e morrerei eu agora de sede, e cairei em mão dos incircuncisos?
19 ၁၉ ထိုအခါထာဝရဘုရားသည်လေဟိအရပ် မြေချိုင့်တစ်နေရာတွင် စမ်းပေါက်စေတော်မူ သဖြင့်ရေထွက်လာ၏။ ရှံဆုန်သည်ထိုရေကို သောက်ရ၍လန်းဆန်းလာလေသည်။ သို့ဖြစ် ၍ထိုစမ်းပေါက်ကိုအဟက္ကောရဟုခေါ်ဝေါ် ၍ယနေ့တိုင်အောင်လေဟိအရပ်၌ရှိသ တည်း။-
Então quebrou Deus uma cavidade em Leí, e saíram dali águas, e bebeu, e recuperou seu espírito, e reanimou-se. Portanto chamou seu nome daquele lugar, En-Hacoré, o qual é em Leí, até hoje.
20 ၂၀ ရှံဆုန်သည်လည်းဖိလိတ္တိအမျိုးသားတို့ ကြီးစိုးနေချိန်၌ ဣသရေလအမျိုးသား တို့အားအနှစ်နှစ်ဆယ်တိုင်တိုင်ခေါင်း ဆောင်ခဲ့လေသည်။
E julgou a Israel nos dias dos filisteus vinte anos.