< တရားသူကြီးမှတ်စာ 15 >

1 ကာ​လ​အ​နည်း​ငယ်​ကြာ​၍​ဂျုံ​စ​ပါး​များ ရိတ်​သိမ်း​ချိန်​ရောက်​သော​အ​ခါ ရှံ​ဆုန်​သည် ဆိတ်​ငယ်​တစ်​ကောင်​ကို​ယူ​၍​မိ​မိ​ဇနီး​ထံ​သို့ အ​လည်​သွား​လေ​သည်။ သူ​သည်​သူ​ငယ်​မ​၏ ဖခင်​အား``အ​ကျွန်ုပ်​သည်​ဇနီး​၏​အိပ်​ခန်း​သို့ ဝင်​လို​ပါ​သည်'' ဟု​ပြော​၏။ သို့​ရာ​တွင်​ဖ​ခင်​ဖြစ်​သူ​က​ဝင်​ခွင့်​မ​ပေး​ချေ။-
နောက်တဖန်ဂျုံ စပါးရိတ် ရာ ကာလ ၌ ရှံဆုန် သည် ဆိတ် သငယ် ပါ လျက်၊ မိမိ မယား ကို ကြည့်ရှု ခြင်းငှါသွား၍၊ သူ့အခန်း ထဲမှာ သူနှင့်အတူ အိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား ၍၊
2 သူ​သည်​ရှံ​ဆုန်​အား``သင်​သည်​သင်​၏​ဇနီး​အား မုန်း​လေ​ပြီ​ဟု​အ​ကယ်​ပင်​ငါ​ထင်​မှတ်​သ​ဖြင့် သူ့​အား​သင်​၏​မိတ်​ဆွေ​နှင့်​ပေး​စား​လိုက်​ပါ သည်။ သို့​ရာ​တွင်​သူ​၏​ညီ​မ​သည်​သူ့​ထက်​ပင် ပို​၍​လှ​ပါ​၏။ သူ့​အ​စား​ထို​သူ​ငယ်​မ​ကို သင်​ယူ​နိုင်​ပါ​သည်'' ဟု​ဆို​လေ​သည်။
သင်သည် ငါ့သမီးကို ဆက်ဆက်မုန်း သည်ဟု ငါအထင်ရောက်သောကြောင့် ၊ သင့် အပေါင်းအဘော် အား ငါပေးစား ပြီ။ သူ့ ညီမ သည် သူ့ ထက် သာ၍လှ သည် မဟုတ် လော။ အစ်မ ၏ကိုယ်စား ညီမကို ယူပါတော့ဟု ဆို ၏။
3 ရှံ​ဆုန်​က​လည်း``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား ဤ​တစ်​ကြိမ်​ငါ​ပြု​သည့်​အ​မှု​အ​တွက်​ငါ ၌​တာ​ဝန်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၍၊-
ထိုအမှုကို ထောက်၍ ရှံဆုန် က၊ ငါ သည် ဖိလိတ္တိ လူတို့၌ အပြစ် ပြု သော်လည်း၊ သူတို့သည် ငါ့ကို အပြစ်တင် စရာမရှိဟု ဆို သည်နှင့်အညီ၊
4 ထွက်​သွား​ပြီး​လျှင်​မြေ​ခွေး​သုံးရာ​ကို​ဖမ်း ဆီး​၍ နှစ်​ကောင်​တစ်​တွဲ​အမြီး​ချင်း​ဆက်​ကာ အ​မြီး​ထုံး​ကြား​ထဲ​တွင်​မီး​တုတ်​ကို​ချည် ၏။-
သွား ၍ မြေခွေး သုံး ရာ တို့ကို ဘမ်း ပြီးမှ ၊ မြေခွေးအမြီး တခုနှင့် တခုကို ပေါင်း လျက် ၊ အမြီး နှစ် ခုကြား ၌ မီးရှူး ကို စည်း ၍၊
5 ထို​နောက်​မီး​တုတ်​ကို​မီး​ညှိ​၍ ဖိ​လိတ္တိ​လယ် များ​ထဲ​သို့​မြေ​ခွေး​တို့​ကို​လွှတ်​လိုက်​လေ သည်။ ဤ​နည်း​အား​ဖြင့်​သူ​သည်​ရိတ်​သိမ်း ပြီး​ဂျုံ​စပါး​တို့​ကို​သာ​မ​က​မ​ရိတ်​သိမ်း ရ​သေး​သည့်​ဂျုံ​ပင်​များ​ကို​ပါ​မီး​သင့် လောင်​ကျွမ်း​သွား​စေ​၏။ သံ​လွင်​ဥ​ယျာဉ် တို့​သည်​လည်း​မီး​လောင်​ကျွမ်း​ကုန်​၏။-
မီးရှူး တို့ကို မီး ညှိ သဖြင့် ဖိလိတ္တိ လူတို့ စပါး လယ်ထဲ သို့ လွှတ် လိုက်၍ စပါး ပင်ကို၎င်း၊ ကောက်လှိုင်း ကို၎င်း၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်တို့ကို၎င်း မီးလောင် လေ၏။
6 ဤ​အ​မှု​ကို​မည်​သူ​ပြု​သည်​ကို​ဖိ​လိတ္တိ အ​မျိုး​သား​တို့​စုံ​စမ်း​မေး​မြန်း​ကြ​သော အ​ခါ တိ​မ​န​မြို့​မှ​သူ​၏​ယောက္ခ​မ​သည် ရှံ​ဆုန်​၏​ဇနီး​အား​ရှံ​ဆုန်​၏​မိတ်​ဆွေ​တစ်​ဦး နှင့်​ပေး​စား​လိုက်​သော​ကြောင့် ရှံ​ဆုန်​ဤ​ကဲ့​သို့ ပြု​သည်​ကို​သိ​ရှိ​ကြ​ရ​၏။ ထို့​ကြောင့်​သူ​တို့ သည်​ထို​အ​မျိုး​သ​မီး​နှင့်​သူ​၏​ဖ​ခင်​၏ အိမ်​ကို​မီး​ရှို့​ကြ​လေ​သည်။
ဖိလိတ္တိ လူတို့ကလည်း၊ ဤ အမှုကို အဘယ်သူ ပြု သနည်းဟု မေးမြန်း သော် ၊ တိမနတ် မြို့သား၏ သားမက် ရှံဆုန် ပြုပြီ။ သူ ၏မယား ကို သူ ၏အပေါင်းအဘော် အား ပေးစား ပြီတကားဟု ပြန် ပြောလျှင်၊ ဖိလိတ္တိ လူတို့သည် လာ ၍ ထိုမိန်းမ နှင့် သူ ၏အဘ ကို မီးရှို့ ကြ၏။
7 ရှံ​ဆုန်​က​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား``သင် တို့​သည်​ဤ​သို့​ပြု​ကြ​သည်​ဆို​လျှင် ငါ​သည် လည်း​သင်​တို့​အား​လက်​စား​မ​ချေ​ရ​မ​ချင်း နား​နေ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ငါ​ကျိန်​ဆို ၏'' ဟု​ဆို​၍၊-
ရှံဆုန် ကလည်း ၊ ထိုသို့ ပြု သောကြောင့် ငါသည် စိတ်ပြေ အောင်ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက် စွာနေမည်ဟု ဆို လျက်၊
8 သူ​တို့​အား​ပြင်း​ထန်​စွာ​တိုက်​ခိုက်​လေ​၏။ သူ သည်​လူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ်​ပြီး နောက် ဧ​တံ​ကျောက်​ဆောင်​အ​တွင်း​ရှိ​ဂူ​၌ သွား​ရောက်​နေ​ထိုင်​လေ​သည်။
သူတို့ကို ကြီးစွာ သော လုပ်ကြံခြင်းအားဖြင့်တပြိုင်နက်ရိုက်သတ်ပြီးလျှင်ဧတံ ကျောက်ထိပ်သို့ သွား၍ နေ ၏။
9 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​သို့ လာ​၍​စ​ခန်း​ချ​ကာ​လေ​ဟိ​မြို့​ကို​တိုက်​ခိုက် ကြ​၏။-
တဖန် ဖိလိတ္တိ လူတို့သည် ယုဒ ပြည်သို့ ချီ သွား၍ တပ်ချ သဖြင့် ၊ လေဟိ အရပ်၌ အနှံ့အပြား နေကြ၏။
10 ၁၀ ယု​ဒ​ပြည်​သူ​တို့​က``သင်​တို့​သည်​အ​ဘယ် ကြောင့်​ငါ​တို့​အား​တိုက်​ခိုက်​ကြ​ပါ​သ​နည်း'' ဟု​မေး​လျှင်​သူ​တို့​က``ငါ​တို့​သည်​ရှံ​ဆုန်​ကို ဖမ်း​ဆီး​၍ ငါ​တို့​အား​သူ​ပြု​သ​ကဲ့​သို့​သူ့ အား​ပြု​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​သည်'' ဟု​ပြန်​လည်​ပြော​ကြား​ကြ​၏။-
၁၀ယုဒ လူ တို့ကလည်း ၊ အဘယ်ကြောင့် ချီ လာကြသနည်းဟုမေး သော် ၊ ငါ တို့၌ ရှံဆုန်ပြု သကဲ့သို့ သူ့ ကို ချည်နှောင် ၍ ပြု ခြင်းငှါ ချီ လာသည်ဟု ပြန်ပြော ကြ၏။
11 ၁၁ ထို​အ​ခါ​ယု​ဒ​ပြည်​သား​လူ​သုံး​ထောင်​တို့​သည် ရှံ​ဆုန်​နေ​သော​ဧ​တံ​ကျောက်​ဂူ​သို့​သွား​၍​သူ့ အား``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ငါ​တို့​အား အ​စိုး​ရ​သူ​များ​ဖြစ်​သည်​ကို​သင်​မ​သိ​ပါ သ​လော။ အ​ဘယ်​သို့​အ​မှု​ကို​ငါ​တို့​အား​သင် ပြု​ခဲ့​ပါ​ပြီ​နည်း'' ဟု​မေး​ကြ​၏။ သူ​က​လည်း``ငါ​သည်​သူ​တို့​ငါ့​အား​ပြု​သည် အ​တိုင်း​သာ​လျှင် သူ​တို့​အား​ပြု​ခဲ့​ပါ​၏'' ဟု ဖြေ​ကြား​လေ​သည်။
၁၁ထိုအခါ ယုဒ လူ သုံး ထောင် တို့သည် ဧတံ ကျောက် ထိပ် သို့ သွား ၍ ၊ ဖိလိတ္တိ လူတို့သည် ငါ တို့သခင် ဖြစ်ကြောင်း ကို သင်မ သိ သလော။ သင်သည် ငါ တို့၌ အဘယ်သို့ ပြု သနည်းဟုမေး သော် ၊ ငါ ၌ သူတို့ပြု သကဲ့သို့ သူ တို့၌ ငါပြု ပြီဟု ပြန် ပြော၏။
12 ၁၂ သူ​တို့​သည်​ရှံဆုန်​အား``ငါ​တို့​လာ​ရောက်​ကြ ခြင်း​မှာ​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက် သို့​အပ်​နှံ​ရန်​ဖြစ်​ပါ​သည်'' ဟု​ဆို​ကြ​၏။ ရှံ​ဆုန်​က​လည်း``သင်​တို့​ကိုယ်​တိုင်​ငါ့​အား မသတ်​ပါ​ဟု​က​တိ​ပြု​ပါ​လော့'' ဟု​ဆို​၏။
၁၂သူတို့ကလည်း ၊ သင့် ကို ချည်နှောင် ၍ ဖိလိတ္တိ လူတို့လက် သို့ အပ် ခြင်းငှါ ယခု ငါတို့ လာ ကြပြီဟုဆို သော် ၊ ရှံဆုန် က၊ သင်တို့သည် ကိုယ်တိုင် ငါ့ ကို မလုပ်ကြံ ပါဟု ကျိန်ဆို ကြလော့ဟု ဆို လျှင်၊
13 ၁၃ ``ကောင်း​ပြီ။ ငါ​တို့​သည်​သင့်​ကို​ချည်​နှောင်​၍ ထို​သူ​တို့​၏​လက်​သို့​အပ်​နှံ​ပါ​အံ့။ သင့်​အား ငါ​တို့​သတ်​မည်​မ​ဟုတ်​ပါ'' ဟု​က​တိ​ပြု ကြ​၏။ ဤ​သို့​လျှင်​သူ​တို့​သည်​သူ့​အား​ကြိုး သစ်​နှစ်​ချောင်း​ဖြင့်​ချည်​နှောင်​ပြီး​လျှင်​ကျောက် ဆောင်​မှ​ပြန်​လည်​ခေါ်​ဆောင်​လာ​ကြ​၏။
၁၃သူတို့က၊ ငါတို့သည် မ လုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင် ၍ သူ တို့လက် ၌ အပ် မည်။ အကယ်စင်စစ်ကိုယ်တိုင်သင့် ကို မ သတ် ပါဟုဆို လျက် ကြိုး သစ် နှစ် စင်းဖြင့် ချည်နှောင် ၍ ကျောက် ပေါ်က ဆောင် ခဲ့ကြ၏။
14 ၁၄ လေ​ဟိ​အ​ရပ်​သို့​ရောက်​သော​အ​ခါ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အော်​ဟစ်​ကာ​ရှံ​ဆုန် ထံ​သို့​ပြေး​၍​လာ​ကြ​၏။ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​သည်​ရှံ​ဆုန်​အား​ရုတ်​တ​ရက် သန်​စွမ်း​လာ​စေ​တော်​မူ​သ​ဖြင့် သူ​သည်​မိ​မိ ၏​လက်​များ​ကို​ချည်​နှောင်​ထား​သော​ကြိုး တို့​ကို​မီး​ကျွမ်း​သည့်​အပ်​ချည်​မျှင်​ပ​မာ ပြတ်​စေ​၏။-
၁၄လေဟိ အရပ်သို့ ရောက် သောအခါ၊ ဖိလိတ္တိ လူတို့သည် ကြွေးကြော် ကြ၏။ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် ၊ သူ့ လက် ၌ ချည်သော ကြိုး တို့သည် မီး ထိ သော ပိုက်ဆန် ကဲ့သို့ ဖြစ်၍ အချည် အနှောင် ကျွတ် လေ၏။
15 ၁၅ ထို​နောက်​သူ​သည်​မ​ကြာ​မီ​က​သေ​သွား​သည့် မြည်း​တစ်​ကောင်​၏​မေး​ရိုး​တစ်​ချောင်း​ကို​တွေ့ ရှိ​သ​ဖြင့်​ကောက်​ယူ​ပြီး​လျှင် ထို​မေး​ရိုး​ဖြင့် လူ​တစ်​ထောင်​မျှ​ကို​တိုက်​ခိုက်​သတ်​ဖြတ်​ပစ် လိုက်​လေ​သည်။
၁၅သူသည်လည်း မြည်း မေးရိုး လတ်လတ် ကို တွေ့ ၍ ကိုင် ယူပြီးလျှင် လူ တထောင် တို့ကိုသတ် လေ၏။
16 ၁၆ သို့​ဖြစ်​၍​ရှံ​ဆုန်​က၊ ``မြည်း​မေး​ရိုး​ဖြင့်​လူ​တစ်​ထောင်​ကို​ငါ​သတ်​ပြီ။ မြည်း​မေး​ရိုး​ဖြင့်​အ​လောင်း​တွေ​အ​ပုံ​ပုံ​ဖြစ်​စေ​ပြီ'' ဟူ​၍​သီ​ဆို​လေ​၏။
၁၆သတ်ပြီးလျှင် မြည်း မေးရိုး ဖြင့် အပုံ ပုံ၊ မြည်း မေးရိုး ဖြင့် လူ တထောင် ကို ငါသတ် လေပြီဟု ဆို သောနောက်၊
17 ၁၇ ထို​နောက်​သူ​သည်​မြည်း​မေး​ရိုး​ကို​လွှင့်​ပစ်​လိုက် သည်။ ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက်​သည့်​အ​ရပ်​ကို ရာ​မတ်​လေ​ဟိ​ဟူ​၍​ခေါ်​ဝေါ်​ကြ​သ​တည်း။
၁၇မြည်းမေးရိုး ကို ပစ် လိုက်၍ ၊ ထို အရပ် ကို ရာမတ်လေဟိ အမည် ဖြင့် တွင်လေ၏။
18 ၁၈ ထို​နောက်​ရှံ​ဆုန်​သည်​အ​လွန်​ရေ​ငတ်​၍​လာ​သ ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့``ဤ​အောင်​ပွဲ​ကြီး ကို​အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​တော်​မူ​ခဲ့​ပါ ပြီ။ ယ​ခု​အ​ကျွန်ုပ်​သည်​ရေ​ငတ်​၍​သေ​ရ​ပါ တော့​မည်​လော။ ဘု​ရား​မဲ့​သူ​ဤ​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​ပါ​တော့​မည် လော'' ဟု​ဆု​တောင်း​၏။-
၁၈အလွန် ရေငတ် ၍ ထာဝရဘုရား ကို ဆုတောင်း လျက် ၊ ကိုယ်တော်သည် ဤ ကြီးစွာ သော ကယ်တင် ခြင်းကို ကိုယ်တော် ၏ကျွန် လက် ၌ ပေး တော်မူပြီးမှ ၊ ယခု အကျွန်ုပ်သည် ရေငတ် သဖြင့် သေ ၍ အရေဖျားလှီးခြင်းကိုမခံ သော လူတို့လက် သို့ ရောက် ရပါမည်လောဟု လျှောက် သော်၊
19 ၁၉ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ဟိ​အ​ရပ် မြေ​ချိုင့်​တစ်​နေ​ရာ​တွင် စမ်း​ပေါက်​စေ​တော်​မူ သ​ဖြင့်​ရေ​ထွက်​လာ​၏။ ရှံ​ဆုန်​သည်​ထို​ရေ​ကို သောက်​ရ​၍​လန်း​ဆန်း​လာ​လေ​သည်။ သို့​ဖြစ် ၍​ထို​စမ်း​ပေါက်​ကို​အ​ဟက္ကော​ရ​ဟု​ခေါ်​ဝေါ် ၍​ယ​နေ့​တိုင်​အောင်​လေ​ဟိ​အ​ရပ်​၌​ရှိ​သ တည်း။-
၁၉လေဟိ အရပ်၌ ချိုင့်ဝှမ်း ရာကို ဘုရား သခင် ဖောက် တော်မူ၍ ရေ ထွက် လေ၏။ သူသည် ရေကို သောက် သဖြင့် အသက် ရှူပြန်၍ အား ဖြည့် လေ၏။ သို့ဖြစ်၍ ထို ချိုင့်ဝှမ်းရာကို အဟက္ကောရ အမည် ဖြင့် တွင်၍ ယနေ့ တိုင်အောင် လေဟိ အရပ်၌ ရှိသတည်း။
20 ၂၀ ရှံ​ဆုန်​သည်​လည်း​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ကြီး​စိုး​နေ​ချိန်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင်​ခေါင်း ဆောင်​ခဲ့​လေ​သည်။
၂၀ရှံဆုန်သည်လည်း ဖိလိတ္တိ လူတို့လက်ထက် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် အုပ်စိုး လေ၏။

< တရားသူကြီးမှတ်စာ 15 >