< တရားသူကြီးမှတ်စာ 14 >
1 ၁ တစ်နေ့သ၌ရှံဆုန်သည်တိမနမြို့သို့ရောက် ရှိသွားရာ ထိုမြို့တွင်ဖိလိတ္တိအမျိုးသမီး ကလေးတစ်ဦးကိုတွေ့မြင်လေသည်။-
၁တရံရောအခါ၊ ရှံဆုန် သည် တိမနတ် မြို့သို့ သွား ၍ ၊ ထိုမြို့၌ ဖိလိတ္တိ အမျိုးဖြစ်သော မိန်းမ တယောက်ကို မြင် လျှင်၊
2 ၂ သူသည်အိမ်သို့ပြန်ပြီးလျှင်မိမိ၏မိဘတို့ အား``တိမနမြို့တွင်ကျွန်တော်သဘောကျ သောမိန်းကလေးတစ်ယောက်ရှိပါသည်။ သူ နှင့်ထိမ်းမြားလက်ထပ်လိုသဖြင့်သူ့အား တောင်းရမ်းပေးကြပါ'' ဟုပြော၏။
၂မိဘ ထံ သို့ ပြန်လာ ၍ ၊ တိမနတ် မြို့၌ ဖိလိတ္တိ အမျိုးဖြစ်သော မိန်းမ တယောက်ကို မြင် ခဲ့ပြီ။ ကျွန်ုပ် ကြင်ဘက် ဖြစ်ဘို့ ရာတောင်း ၍ ပေးပါဟုဆို သော်၊
3 ၃ သို့ရာတွင်သူ၏မိဘတို့က``သင်သည်မိန်းမ တစ်ယောက်ရရှိနိုင်ရန် ထာဝရဘုရားကို မကိုးကွယ်သောဖိလိတ္တိအမျိုးသားတို့ထံ သို့အဘယ်ကြောင့်သွားရပါမည်နည်း။ ငါ တို့အမျိုးသားအချင်းချင်းအထဲမှသော် လည်းကောင်း၊ ငါတို့သားချင်းစုထဲမှသော် လည်းကောင်းမိန်းကလေးတစ်ယောက်ကို ရှာ၍မရနိုင်ပါသလော'' ဟုပြန်၍မေး ကြ၏။ ရှံဆုန်ကလည်းမိမိ၏ဖခင်အား``ထိုအမျိုး သမီးကိုသာလျှင်ကျွန်တော်၏အတွက်တောင်း ရမ်းပေးစေလိုပါသည်။ သူ့အားကျွန်တော်နှစ် သက်ပါသည်'' ဟုဆို၏။
၃မိဘ တို့က၊ သင် သည် အရေဖျားလှီးခြင်းကိုမခံ သော ဖိလိတ္တိ လူတို့တွင် မယား ကို သွား ၍ ယူ ရမည်အကြောင်း ၊ သင် ၏ညီအစ်ကို သမီး ငါ တို့အမျိုးသား ချင်းသမီးတို့တွင် မိန်းမတယောက်မျှ မ ရှိလောဟု ဆို သော်လည်း ၊ ရှံဆုန် က၊ ထို မိန်းမကို တောင်း ၍ ပေးပါ။ အလွန်နှစ်သိမ့် ပါသည်ဟု အဘ အား ပြောဆို ၏။
4 ၄ သို့ရာတွင်ထာဝရဘုရားသည်ဖိလိတ္တိအမျိုး သားတို့အား တိုက်ခိုက်ရန်အခွင့်အခါကိုရှာ လျက်ရှိသဖြင့် ရှံဆုန်အားဤအမှုအရာကို ပြုစေတော်မူလျက်ရှိကြောင်းကိုမူသူ၏ မိဘတို့သည်မသိကြ။ ထိုကာလသည်ကား ဣသရေလအမျိုးသားတို့အပေါ်ဝယ် ဖိလိတ္တိအမျိုးသားတို့ကြီးစိုးလျက်နေ သောကာလတည်း။
၄ထာဝရဘုရား စီရင်တော်မူသောအားဖြင့် ၊ ရှံဆုန်သည် ဖိလိတ္တိ လူတို့၌ အမှု ရှာ ကြောင်း ကို မိဘ တို့သည် မ ရိပ်မိ ကြ။ ထို ကာလ ၌ ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို အုပ်စိုး သတည်း။
5 ၅ သို့ဖြစ်၍ရှံဆုန်သည်မိမိ၏မိဘတို့နှင့် အတူတိမနမြို့သို့သွားလေသည်။ သူတို့ သည်စပျစ်ဥယျာဉ်များကိုဖြတ်သန်းသွား ကြစဉ် ခြင်္သေ့ငယ်တစ်ကောင်ဟောက်လျက်နေ သံကိုရှံဆုန်ကြားရ၏။-
၅ထိုအခါ ရှံဆုန် သည် မိဘ နှင့်တကွ တိမနတ် မြို့သို့ သွား ၍ ၊ တိမနတ် စပျစ် ဥယျာဉ်များသို့ ရောက် လျှင် ၊ ခြင်္သေ့ ပျို တကောင်သည် သူ့ ကိုတွေ့ ၍ ဟောက် လေ၏။
6 ၆ ထာဝရဘုရား၏တန်ခိုးတော်သည်သူ့အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ၏။ သို့ ဖြစ်၍ရှံဆုန်သည်မိမိ၏လက်နှစ်ဘက်တည်း ဖြင့် ထိုခြင်္သေ့အားဆိတ်ငယ်ကလေးကိုဆွဲဖဲ့ သကဲ့သို့ဆွဲဖဲ့ပစ်လိုက်လေသည်။ သို့ရာတွင် သူသည်မိမိပြုခဲ့သည့်အမှုကိုမိဘတို့ အားမပြောဘဲနေ၏။
၆ထိုအခါ ရှံဆုန် လက် ၌ တစုံတခု မျှ မ ပါသော်လည်း ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် ၊ သူသည် ဆိတ် သငယ်ကို ဆွဲဖြတ် သကဲ့သို့ ထိုခြင်္သေ့ ကို ဆွဲဖြတ် ၏။ သို့ရာတွင် မိမိပြု သော အမှုကို မိဘ တို့အား မ ကြားမပြော ဘဲနေ၏။
7 ၇ ထိုနောက်သူသည်သူငယ်မထံသို့သွား၍ တွေ့ဆုံစကားပြောကြည့်ရာသူငယ်မကို နှစ်သက်သဘောကျလေသည်။-
၇မြို့သို့ ရောက် ၍ မိန်းမ နှင့် နှုတ်ဆက် သဖြင့် ရှံဆုန် သည် နှစ်သိမ့် ၏။
8 ၈ ထိုနောက်ရက်အနည်းငယ်ကြာသောအခါ ရှံဆုန်သည် ထိုသူငယ်မနှင့်လက်ထပ်ထိမ်းမြား ရန်ပြန်လာ၏။ ထိုခရီးတွင်သူသည်လမ်းမ မှလွှဲရှောင်ကာ မိမိယခင်ကသတ်ခဲ့သည့် ခြင်္သေ့ကိုကြည့်ရှုရန်သွားရာခြင်္သေ့အသေ ကောင်ထဲ၌ပျားအုံနှင့်ပျားများကိုတွေ့ ရှိရသဖြင့်အံ့သြ၍သွားလေသည်။-
၈အချိန် စေ့၍ ထိုမိန်းမကို သိမ်း ယူခြင်းငှါ သွား စဉ်အခါ ၊ ခြင်္သေ့ အကောင် ကို ကြည့်ရှု အံ့သောငှါ ၊ လမ်းမှ လွှဲ သွား၍ ခြင်္သေ့ အကောင် ထဲမှာ ပျား အုံ နှင့် ပျားရည် ရှိသည်ကို တွေ့မြင် လျှင်၊
9 ၉ သူသည်ပျားရည်အနည်းငယ်ကိုလက်ထဲ သို့ခြစ်ယူကာခရီးပြုရင်းစား၏။ မိဘ တို့ထံသို့ရောက်သောအခါ၌သူတို့အား လည်းအနည်းငယ်ပေး၍စားစေ၏။ သို့ရာ တွင်ပျားရည်ကိုခြင်္သေ့အသေကောင်၏ အထဲမှရရှိကြောင်းကိုမူရှံဆုန်သည် သူတို့အားမပြောချေ။
၉နှိုက် ယူ၍ စား လျက် ခရီးသွား လေ၏။ မိဘ ထံ သို့ ရောက် သော် ပေး ၍ သူတို့သည်လည်း စား ကြ၏။ သို့ရာတွင် ထိုပျားရည် ကို ခြင်္သေ့ အကောင် ထဲက နှိုက် ယူကြောင်း ကို မ ကြားမပြော ဘဲ နေ၏။
10 ၁၀ သူ၏ဖခင်သည်ချွေးမ၏အိမ်သို့တစ်ဖန် သွားရောက်၏။ ရှံဆုန်သည်လူပျိုလူရွယ်တို့ ဋ္ဌလေ့ထုံးစံရှိသည့်အတိုင်းစားသောက် ပွဲကိုကျင်းပ၏။-
၁၀အဘ သည်လည်း ၊ မိန်းမ နေရာအရပ်သို့ သွား ပြန်၍ ရှံဆုန် သည် လူပျို ထုံးစံအတိုင်း ပွဲ လုပ် လေ၏။
11 ၁၁ အရပ်သားတို့သည်သူ့ကိုမြင်လျှင်လူပျို လူရွယ်သုံးဆယ်ကိုသူနှင့်အတူပွဲခံစေ ခြင်းငှာစေလွှတ်လိုက်ကြ၏။-
၁၁ထိုအရပ်သား တို့သည် ရှံဆုန် ကို မြင် သောအခါ ၊ သူ နှင့်အတူ ပွဲခံခြင်းငှါအပေါင်းအဘော် သုံးဆယ် တို့ကို ခေါ် ခဲ့ကြ၏။
12 ၁၂ ရှံဆုန်ကသူတို့အား``သင်တို့အားစကား ထာကိုငါဝှက်မည်။ သင်တို့သည်မင်္ဂလာဆောင် ပွဲရက်ခုနစ်ရက်မလွန်မီဖော်နိုင်လျှင် ခြုံထည် သုံးဆယ်နှင့်အင်္ကျီသုံးဆယ်ကိုငါပေးမည်။-
၁၂ရှံဆုန် ကလည်း ၊ သင် တို့အား စကားဝှက် ကို ငါပြော မည်။ ပွဲ ခံရာခုနစ် ရက် တွင် ဘော်ပြ နိုင်လျှင် ခြုံထည် သုံးဆယ် ၊ အင်္ကျီ သုံးဆယ် ကို ငါပေး မည်။
13 ၁၃ မဖော်နိုင်လျှင်ငါ့အားသင်တို့ကခြုံထည် သုံးဆယ်နှင့်အင်္ကျီသုံးဆယ်ပေးကြရမည်'' ဟုဆို၏။ ``သူတို့ကစကားထာကိုဝှက်သာဝှက်ပါ။ ငါတို့နားထောင်ပါရစေ'' ဟုဆိုကြ၏။
၁၃မ ဘော် မပြနိုင် လျှင် သင် တို့သည် ခြုံထည် သုံးဆယ် ၊ အင်္ကျီ သုံးဆယ် ကို ငါ့ အား ပေး ရမည်ဟုဆို သော်သူတို့က၊ သင့် စကားဝှက် ကို ငါတို့အား ကြား ပြော ပါဟု ဝန်ခံ ကြ၏။
14 ၁၄ ရှံဆုန်က၊ ``စားသူ့အထဲမှစားစရာ၊သန်သူ့အထဲမှချို မြိန်ရာ၊ ထွက်ပေါ်လာခဲ့တာ'' ဟုဆိုလေသည်။ သုံးရက်ကြာသော်လည်းထို သူတို့သည်စကားထာကိုမဖော်နိုင်ကြ သေးပေ။
၁၄ရှံဆုန်ကလည်း၊ စား တတ်သောသူ၏အထဲ က အစာ ၊ သန်စွမ်း သောသူ၏အထဲ က အချို ထွက် လေစွဟု ဆို ၏။ ထိုစကားဝှက် အနက်ကို သူတို့သည် သုံး ရက် ပတ်လုံးရှာ ၍ မ တွေ့နိုင် ကြ။
15 ၁၅ လေးရက်မြောက်သောနေ့၌သူတို့က ရှံဆုန်၏ ဇနီးအား``သင်၏ခင်ပွန်းကိုလှည့်ဖြား၍ထို စကားထာကိုငါတို့သိရှိရအောင်ဖော်ပြ ခိုင်းပါလော့။ အကယ်၍ဤသို့သင်မပြုပါ မူသင်နှင့်တကွသင့်ဖခင်၏နေအိမ်ကိုပါ ငါတို့မီးရှို့ဖျက်ဆီးပစ်မည်။ သင်တို့ဇနီး မောင်နှံနှစ်ယောက်သည် ငါတို့၏ပစ္စည်းဥစ္စာ ကိုလုယူလို၍ငါတို့အားဖိတ်ခေါ်ခဲ့ သည်မဟုတ်လော'' ဟုကြိမ်းမောင်းကြ၏။
၁၅စတုတ္ထ နေ့ ရောက် မှ၊ သူတို့က၊ သင် ၏လင် သည် စကားဝှက် အနက်ကို ဘော်ပြ စေခြင်းငှါသူ့ကို ချော့မော့ ရမည်။ သို့မဟုတ် သင် နှင့်တကွ သင့် အဆွေအမျိုး ကို မီးရှို့ မည်။ ငါ တို့ဥစ္စာကို လုယူ ခြင်းငှါ ငါ တို့ကို ခေါ်ဘိတ် သလောဟုရှံဆုန် ၏ မယား ကို ဆို သောကြောင့်၊
16 ၁၆ ထို့ကြောင့်ရှံဆုန်၏ဇနီးသည်မျက်ရည်စက် လက်နှင့်သူ့ထံသို့သွား၍``သင်သည်ကျွန်မ ကိုချစ်သူမဟုတ်။ မုန်းသူသာဖြစ်သည်။ ကျွန်မ အားမဖော်ပြဘဲကျွန်မ၏မိတ်ဆွေများအား စကားထာဝှက်ထားလေပြီ'' ဟုဆိုလေသည်။ ရှံဆုန်ကလည်း``ငါသည်မိဘတို့ကိုပင်မ ဖော်ပြဘဲ သင့်အားဖော်ပြရမည်လော'' ဟု ပြန်ပြော၏။-
၁၆သူသည် လင်ရှေ့မှာ ငိုကြွေး ၍ သင်သည် ငါ့ ကို မ ချစ် မုန်း ပါ၏။ ငါ့ အမျိုးသား ချင်းတို့အား စကားဝှက် ကို ပြော သော်လည်း ၊ အနက် ကို ငါ့ အား မ ပြပါတကားဟု ဆို ၏။ ရှံဆုန်ကလည်း၊ ငါသည် ကိုယ် မိဘ ကိုမျှ မ ပြ ဘဲ သင့် အား ပြ ရမည်လောဟုဆို သော်လည်း၊
17 ၁၇ ထိုအမျိုးသမီးသည်ဤအမှုနှင့်ပတ်သက်၍ ပွဲရက်ခုနစ်ရက်စလုံးပင်ငိုကြွေးလျက်နေ၏။ သို့ရာတွင်ခုနစ်ရက်မြောက်သောနေ့၌သူ သည်အလွန်ပူဆာသဖြင့် ရှံဆုန်သည်သူ့အား စကားထာကိုဖော်ပြလိုက်တော့၏။ ထိုအခါ သူသည်လည်းဖိလိတ္တိအမျိုးသားတို့အား ပြောပြလိုက်လေသည်။-
၁၇ပွဲ ခံရာခုနစ် ရက် စေ့အောင် လင် ရှေ့ မှာ ငိုကြွေး ၍ ခုနစ် ရက်မြောက်သောနေ့ ၌ အလွန်ပူဆာ သောကြောင့် အနက်ကို ဘော်ပြ ၏။ မိန်းမသည်လည်း အမျိုးသား ချင်းတို့အား ပြန်ပြော လေ၏။
18 ၁၈ သို့ဖြစ်၍ခုနစ်ရက်မြောက်သောနေ့၌အိပ် ခန်းအတွင်းသို့ ရှံဆုန်မဝင်မီထိုမြို့သား တို့က၊ ``ပျားရည်ထက်ချိုမြိန်သောအရာ၊ ခြင်္သေ့ထက်သန်စွမ်းသောသူရှိနိုင်ပါသလော'' ဟုဆိုကြ၏။ ရှံဆုန်ကလည်း ``အကယ်၍သင်တို့သည်ငါ၏နွားမနှင့် မထွန်မယက်ရလျှင် ငါ့စကားထာကိုဖော်ပြနိုင်ကြလိမ့်မည်မဟုတ်'' ဟုပြန်ပြောလေသည်။
၁၈မြို့ သား တို့သည် ခုနစ် ရက်မြောက်သောနေ့ နေ မ ဝင် မှီလာ၍ ပျားရည် ထက် အဘယ် အရာ ချို သနည်း။ ခြင်္သေ့ ထက် အဘယ် အရာ သန်စွမ်း သနည်းဟု ဘော်ပြ ကြ၏။ ရှံဆုန်ကလည်း ၊ သင်တို့သည် ငါ့ နွားမပျို နှင့် မ ထွန် လျှင် ငါ့ စကားဝှက် အနက်ကို ရှာ ၍ မ တွေ့ဟုဆို ၏။
19 ၁၉ ထာဝရဘုရား၏တန်ခိုးတော်သည်ရှံဆုန် အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ သဖြင့် သူသည်အာရှကေလုန်မြို့သို့သွား ပြီးလျှင်လူသုံးဆယ်ကိုသတ်၍ ဝတ်ကောင်း စားလှများကိုချွတ်ယူကာစကားထာ ကိုဖော်ပြသောသူတို့အားပေးအပ်လိုက်၏။ ထိုနောက်သူသည်အမျက်ထွက်၍မိမိအိမ် သို့ပြန်သွားလေသည်။-
၁၉ထာဝရဘုရား ၏ဝိညာဉ် တော်သည် ရှံဆုန် အပေါ် မှာ သက်ရောက် သဖြင့် ၊ သူသည် အာရှကေလုန် မြို့သို့သွား ၍ မြို့သား သုံးဆယ် ကိုသတ် ပြီးမှ သူ တို့ဥစ္စာ ကို လုယူ ၍ စကားဝှက် အနက်ကို ဘော်ပြ သောသူတို့အား အဝတ် စုံတို့ကိုပေး ပြီးမှ ၊ အမျက် ထွက် ၍ မိမိ အဘ အိမ် သို့ ပြန် သွားလေ၏။
20 ၂၀ သူ၏ဇနီးကိုမင်္ဂလာဆောင်ပွဲတွင်ရှံဆုန် ၏လူပျိုရံဖြစ်သူနှင့်ပေးစားလိုက်ကြ၏။
၂၀မယား ကိုကား ရှံဆုန် ပေါင်းဘော် သော အဆွေ ခင်ပွန်းအား ပေးစားသတည်း။