< တရားသူကြီးမှတ်စာ 13 >
1 ၁ ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားအားတစ်ဖန်ပြစ်မှားကြပြန်၏။ သို့ ဖြစ်၍ကိုယ်တော်သည်သူတို့အားအနှစ် လေးဆယ်ပတ်လုံး ဖိလိတ္တိအမျိုးသားတို့ ၏စိုးမိုးအုပ်ချုပ်မှုကိုခံစေတော်မူ၏။
BOEIPA mikhmuh ah boethae saii ham te Israel ca rhoek loh koep a koei uh. Te dongah amih te BOEIPA loh kum sawmli khuiah Philisti kut dongah a paek.
2 ၂ ထိုကာလ၌ဒန်အနွယ်ဝင်ဇောရာမြို့သား မာနော်ဆိုသူလူတစ်ယောက်ရှိ၏။ သူ၏ ဇနီးမှာမြုံ၍နေသဖြင့်သားသမီးမရ နိုင်ပေ။-
Te vaengah Dan koca Zorah hlang pakhat te om tih a ming tah Manoah ni. Tedae a yuu te yaa tih ca cun pawh.
3 ၃ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထို အမျိုးသမီး၏ရှေ့တွင်ပေါ်လာ၍``သင်သည် အဘယ်အခါမျှသားသမီးမရနိုင်ခဲ့ သော်လည်း မကြာမီကိုယ်ဝန်ဆောင်၍သား ယောကျာ်းကိုဖွားမြင်လိမ့်မည်။-
Tedae BOEIPA kah puencawn loh a yuu taengah a phoe pah tih, “Na yaa tih ca na cun pawt cakhaw na vawn vetih capa na cun pawn ni he.
4 ၄ သို့ဖြစ်၍စပျစ်ရည်ကိုသော်လည်းကောင်း၊ သေ ရည်သေရက်ကိုသော်လည်းကောင်း ဘယ်အခါ ၌မျှမသောက်နှင့်။ တားမြစ်ထားသည့်အစား အစာမှန်သမျှကိုလည်းရှောင်လော့။-
Te dongah misurtui khaw, yu khaw na ok pawt ham neh rhalawt boeih tah na caak pawt ham te ngaithuen laeh.
5 ၅ သင်သည်သားကိုဖွားမြင်ပြီးနောက်သူ၏ ဆံပင်ကိုအဘယ်အခါ၌မျှမရိတ်နှင့်။ အ ဘယ်ကြောင့်ဆိုသော်ထိုသူငယ်သည်မိမိ ဖွားမြင်ချိန်မှစ၍နာဇရိဂိုဏ်းဝင် အဖြစ်ဖြင့်ဘုရားသခင်အားဆက်ကပ်ထား သူဖြစ်သောကြောင့်တည်း။ သူသည်ဣသရေလ လူမျိုးကိုဖိလိတ္တိအမျိုးသားတို့၏လက်မှ ကယ်ဆယ်ခြင်းကိုအစပြုလိမ့်မည်'' ဟု ဆို၏။
Na vawn vetih capa na cun vaengah thiha loh anih lu dongla pawk boel saeh ne. Bungko khui lamloh camoe te Pathen kah hlangcoelh la om vetih Philisti kut lamkah Israel khang ham khaw anih loh a tong ni,” a ti nah.
6 ၆ ထိုနောက်ထိုအမျိုးသမီးသည်မိမိ၏ခင် ပွန်းထံသို့သွား၍``ဘုရားသခင်၏စေတမန် တော်သည်ကျွန်မထံသို့လာပါသည်။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာအဆင်းကိုဆောင်ပါ၏။ ကျွန်မသည်သူ့အား`သင်အဘယ်အရပ်မှ လာသနည်း' ဟူ၍မမေးပါ။ သူကလည်း သူ၏နာမည်ကိုကျွန်မအားမပြောပါ။-
Te phoeiah huta cet tih a va taengah, “Pathen kah hlang loh kai taengah halo tih, a mueimae khaw Pathen puencawn kah a mueimae bangla a rhih om tloe. Anih te me lamkah ha pawk khaw ka dawt pawt tih a ming khaw kai taengah thui van pawh.
7 ၇ သို့ရာတွင်ကျွန်မသည်ကိုယ်ဝန်ဆောင်၍ သားယောကျာ်းကိုဖွားမြင်မည်ဖြစ်ကြောင်း ကိုမူ ဧကန်အမှန်ပင်ကျွန်မအားသူပြော ပါ၏။ ကလေးသူငယ်သည်အသက်ရှင်သ မျှကာလပတ်လုံးနာဇရိဂိုဏ်းဝင်အဖြစ် ဖြင့် ဘုရားသခင်အားဆက်ကပ်ထားသူ ဖြစ်မည်ဖြစ်၍ ကျွန်မအားစပျစ်ရည်ကို သော်လည်းကောင်း၊ သေရည်သေရက်ကိုသော် လည်းကောင်းမသောက်ရန်နှင့် တားမြစ်ထား သည့်အစားအစာမှန်သမျှကိုရှောင်ကြဉ် ရန်ပြောပါသည်'' ဟုဆိုလေသည်။
Tedae kai taengah, 'Na vawn vetih capa na cun ni. Te dongah misur khaw, yu khaw, o boel lamtah a ti a hnai boeih te ca boeh, camoe te bungko khui lamloh a duek hnin duela Pathen kah hlangcoelh la om ni, ' a ti,” a ti nah tih a thui pah.
8 ၈ ထိုအခါမာနော်သည်``အို ထာဝရဘုရား၊ ကိုယ်တော်စေလွှတ်ခဲ့သူအားကျေးဇူးပြု၍ အကျွန်ုပ်တို့ထံသို့တစ်ဖန်ပြန်လည်စေလွှတ် ပေးတော်မူ၍ သားငယ်မွေးဖွားလာသော အခါသူ့အားအကျွန်ုပ်တို့အဘယ်သို့ပြု ကြရမည်ကိုလည်းအမိန့်ရှိတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
Te phoeiah Manoah loh BOEIPA taengah thangthui tih, “Aw, Boeipa, Pathen hlang nan tueih te kaimih taengla koep ha pawk dae saeh. Te daengah ni ka cun ham camoe taengah ka saii te kaimih taengah n'thuinuet,” a ti nah.
9 ၉ ဘုရားသခင်သည်လည်းမာနော်တောင်း လျှောက်သည့်အတိုင်းပြုတော်မူသဖြင့် ကိုယ် တော်၏ကောင်းကင်တမန်သည်လယ်ထဲ၌ ထိုင်နေသောအမျိုးသမီးထံသို့ပြန်လာ လေသည်။ ထိုအခါ၌သူ၏ခင်ပွန်း မာနော်မှာသူနှင့်အတူမရှိချေ။-
Manoah ol te Pathen loh a yaak dongah Pathen kah puencawn loh Manoah yuu taengla koep a pawk pah. Te vaengah anih te lohma ah om dae a va Manoah te anih taengah om pawh.
10 ၁၀ သို့ဖြစ်၍သူသည်ချက်ချင်းပြေး၍မိမိ၏ ခင်ပွန်းအား``တစ်နေ့ကကျွန်မထံသို့လာ သူသည်ယခုပြန်လည်ရောက်ရှိနေပါပြီ'' ဟုပြော၏။
Te dongah huta te koe yong tih a va taengah a thui pah. Te vaengah hlaemvai ah kai taengla aka pawk hlang te kai taengla tarha phoe,” a ti nah.
11 ၁၁ မာနော်သည်လည်းထ၍မိမိဇနီးနောက်သို့ လိုက်သွားပြီးလျှင်သူ့အား``သင်သည်အကျွန်ုပ် ၏ဇနီးနှင့်စကားပြောခဲ့သူမှန်ပါသလော'' ဟုမေး၏။ ``မှန်ပါသည်'' ဟုထိုသူကဆို၏။
Manoah khaw thoo tih a yuu hnukah cet tih hlang te a paan tih kai yuu taengah aka cal hlang te nang a?” a ti nah hatah, “Kai ni ue,” a ti nah.
12 ၁၂ မာနော်က``သို့ဖြစ်ပါလျှင်သင်ပြောသည့် အတိုင်းဖြစ်ပျက်လာသောအခါ ထိုသူငယ် သည်အဘယ်အရာကိုပြုရပါမည်နည်း။ အဘယ်သို့နေထိုင်ပြုမူရပါမည်နည်း'' ဟုမေး၏။
Te vaengah Manoah loh, “Na ol te pai pawn vetih camoe kah laitloeknah neh a bibi ta metlam a om eh?,” a ti nah.
13 ၁၃ ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သင်၏ဇနီးသည်သူ့အားငါပြောပြ ခဲ့သမျှသောအရာတို့ကိုသေချာစွာဆောင် ရွက်ရမည်။-
Te dongah Manoah te BOEIPA puencawn loh, “Na yuu taengah ka thui te mah boeih tuem saeh.
14 ၁၄ သူသည်စပျစ်နွယ်ပင်မှရရှိသည့်အရာဟူ သမျှကိုမစားရ။ စပျစ်ရည်ကိုသော်လည်း ကောင်း၊ သေရည်သေရက်ကိုသော်လည်းကောင်း မသောက်ရ။ တားမြစ်ထားသည့်အစားအစာ မှန်သမျှကိုရှောင်ရမည်။ သူသည်ငါမှာကြား ခဲ့သမျှသောအရာတို့ကိုပြုရမည်'' ဟု ပြန်ပြောလေသည်။
Misur sulyam lamkah aka thoeng boeih te ca boel saeh, Misurtui khaw, yu khaw o boel saeh, a tihnai boeih tah ca boel saeh, anih ka uen vanbangla boeih tuem saeh,” a ti nah.
15 ၁၅ မာနော်သည်ထိုသူမှာကောင်းကင်တမန်ဖြစ် ကြောင်းကိုမသိသဖြင့်သူ့အား``ကျေးဇူးပြု ၍မသွားပါနှင့်ဦး။ သင့်အတွက်ဆိတ်ငယ် တစ်ကောင်ကိုအကျွန်ုပ်တို့ချက်ပြုတ်ပါရ စေ'' ဟုဆို၏။ သို့သော်ကောင်းကင်တမန်က``အကယ်၍ငါ သည်မသွားဘဲနေလျှင်လည်း သင်၏အစား အစာကိုစားလိမ့်မည်မဟုတ်။ အကယ်၍ထို အစားအစာတို့ကိုသင်ပြင်ဆင်လိုသည် ဆိုပါမူ ယင်းကိုမီးရှို့ရာယဇ်အဖြစ်ဖြင့် ထာဝရဘုရားအားပူဇော်လော့'' ဟု ဆိုလေသည်။
Te vaengah BOEIPA kah puencawn te Manoah loh, “Nang uelh mai dae lamtah nang ham maae ca ng'ngawn dae mako,” a ti nah.
Tedae Manoah te BOEIPA kah puencawn loh, “Kai nan hloh cakhaw na buh ka ca mahpawh, tedae BOEIPA ham hmueihhlutnah na hmoel coeng atah nawn mai,” a ti nah. Te vaengah anih te BOEIPA puencawn ni tila Manoah loh ming pawh.
17 ၁၇ မာနော်ကလည်းသင်၏နာမည်ကိုအကျွန်ုပ် သိပါရစေ။ သို့မှသာလျှင်သင်ပြောဆိုသည့် စကားများမှန်ကန်လာသောအခါ သင့်အား အကျွန်ုပ်တို့ဂုဏ်ပြုနိုင်ပါလိမ့်မည်'' ဟုပြန် ပြော၏။
Te phoeiah Manoah loh BOEIPA puencawn te, “Na olka bangla ha pawk vaengah nang kan thangpom uh ham akhaw na ming ulae?,” a ti nah.
18 ၁၈ ကောင်းကင်တမန်က``ငါ၏နာမကိုအဘယ် ကြောင့်သိလိုသနည်း။ ယင်းမှာအံ့သြဖွယ် ကောင်းသည့်နာမဖြစ်၏'' ဟုဆို၏။
Tedae BOEIPA kah puencawn loh, “Ka ming te bahamlae nan dawt, he tah mangvawt ni,” a ti nah.
19 ၁၉ သို့ဖြစ်၍မာနော်သည်ဆိတ်ငယ်တစ်ကောင်နှင့် ဘောဇဉ်ပူဇော်သကာကို ကျောက်ယဇ်ပလ္လင်ပေါ် တွင်တင်ပြီးလျှင် အံ့သြဖွယ်အမှုတို့ကိုပြု တော်မူသောထာဝရဘုရားအားပူဇော် လေ၏။-
Te daengah Manoah loh maae ca neh khocang te a loh tih BOEIPA ham lungpang dongah a tloeng. Tedae khobaerhambae la a saii ham khaw Manoah neh a yuu loh a hmuh rhoi.
20 ၂၀ ယဇ်ပလ္လင်မှမီးလျှံများအထက်သို့တက်လျက်နေ စဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည်မီး လျှံထဲမှနေ၍ ကောင်းကင်ဘုံသို့တက်သွားသည် ကိုမာနော်တို့ဇနီးမောင်နှံတွေ့မြင်ရကြလေ သည်။ ထိုအခါကျမှထိုသူသည်ကောင်းကင် တမန်ဖြစ်ကြောင်းကိုမာနော်သိရှိရသတည်း။ သို့ဖြစ်၍သူတို့ဇနီးမောင်နှံနှစ်ယောက်သည် မြေပေါ်သို့ပျပ်ဝပ်လိုက်ကြ၏။ ထိုကောင်းကင် တမန်ကိုမူကားနောက်တစ်ဖန်အဘယ်အခါ ၌မျှသူတို့မတွေ့မမြင်ရကြတော့ချေ။
Te vaengah hmaihluei te hmueihtuk lamloh vaan la luei tih hmueihtuk hmaihluei khuiah BOEIPA puencawn khaw luei hang. Manoah neh a yuu loh a hmuh vaengah a maelhmai neh diklai la bakop rhoi.
Te phoeiah Manoah taengah khaw Manoah yuu taengah khaw a phoe ham te BOEIPA puencawn loh khoep voel pawh. Te daengah anih te BOEIPA puencawn ni tila Manoah loh a ming.
22 ၂၂ မာနော်ကမိမိ၏ဇနီးအား``ငါတို့ဘုရားသခင်ကိုဖူးမြင်ရကြပြီဖြစ်၍အမှန် ပင်သေရကြပေတော့အံ့'' ဟုဆို၏။
Te dongah Manoah loh a yuu taengah, “Pathen m'hmuh tih n'duek rhoe n'duek pawn ni,” a ti nah.
23 ၂၃ သို့ရာတွင်ဇနီးဖြစ်သူက``အကယ်၍ထာဝရ ဘုရားသည်ငါတို့ကိုသေစေလိုသည်ဆိုပါမူ ငါတို့၏ပူဇော်သကာများကိုလက်ခံတော်မူ မည်မဟုတ်။ ဤသို့သောစကားတို့ကိုလည်းဤ အချိန်အခါ၌မိန့်တော်မူမည်မဟုတ်'' ဟု ပြန်ပြောလေသည်။
Tedae anih te a yuu loh, “Mamih rhoi ngawn hamla BOEIPA loh ngaih koinih mamih kut lamkah hmueihhlutnah neh khocang te doe pawt vetih he rhoek boeih he mamih rhoi n'tueng mahpawh, a tue khaw tahae kah bangla mamih rhoi taengah n'yaak sak mahpawh,” a ti nah.
24 ၂၄ ထိုအမျိုးသမီးသည်သားယောကျာ်းကို ဖွားမြင်၍ သူငယ်အားရှံဆုန်ဟူသောအမည် ဖြင့်မှည့်၏။ ကလေးငယ်သည်လည်းကြီးပြင်း လာရာဘုရားသခင်သည်သူ့အားကောင်း ချီးပေးတော်မူ၏။-
Te dongah a yuu loh camoe a cun tih a ming te Samson a sak. Camoe a rhoeng hang vaengah anih te BOEIPA loh yoe a then sak.
25 ၂၅ သူငယ်သည်ဇောရာမြို့နှင့်ရှေတောလမြို့ စပ်ကြားဒန်တပ်စခန်း၌ရှိနေစဉ် ထာဝရ ဘုရား၏တန်ခိုးတော်သည်သူ့အားစတင် ၍ခွန်အားကြီးမားလာစေတော်မူသည်။
Anih cahoeh ham te Zorah laklo neh Eshtaol laklo kah Mahanehdan ah BOEIPA Mueihla loh a tong.