< တရားသူကြီးမှတ်စာ 12 >

1 ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည်​စစ်​တိုက်​ရန်​ပြင် ဆင်​ကြ​၏။ သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ် ကျော်​ကာ​ဇာ​ဖုန်​မြို့​သို့​ချီ​သွား​ပြီး​လျှင် ယေ​ဖ​သ​အား``သင်​တို့​သည်​ငါ​တို့​ကို​မ​ခေါ် ဘဲ​အ​ဘယ်​ကြောင့်​အမ္မုန်​အ​မျိုး​သား​တို့​အား ချီ​တက်​တိုက်​ခိုက်​ခဲ့​ပါ​သ​နည်း။ သင်​ရှိ​ရာ သင်​၏​အိမ်​ကို​ငါ​တို့​မီး​ရှို့​ဖျက်​ဆီး​ပစ်​မည်'' ဟု​ပြော​၏။
ဧဖရိမ် အမျိုးသား တို့သည် စည်းဝေး ၍ မြောက် သို့ ချီ သွားလျှင် ၊ ယေဖသ အား သင်သည် ငါ တို့ကို မ ခေါ် ဘဲ၊ အမ္မုန် အမျိုးသား တို့ကို အဘယ်ကြောင့် တိုက် ခြင်းငှါ သွား သနည်း။ သင့် အိမ် ကို သင့် အပေါ် မှာ မီးရှို့ မည်ဟု ဆို ကြသော်၊
2 သို့​ရာ​တွင်​ယေ​ဖ​သ​က``ငါ​နှင့်​ငါ​၏​လူ​တို့ သည်​အမ္မုန်​အ​မျိုး​သား​တို့​နှင့်​ပြင်း​ပြင်း​ထန် ထန်​ခိုက်​ရန်​ဖြစ်​ခဲ့​ကြ​၏။ ငါ​သည်​သင်​တို့​ကို ခေါ်​သော်​လည်း ငါ​တို့​အား​ထို​သူ​တို့​လက်​မှ သင်​တို့​မ​ကယ်​ဘဲ​နေ​ခဲ့​ကြ​သည်။-
ယေဖသ က၊ ငါ နှင့် ငါ ၏လူ တို့သည် အမ္မုန် အမျိုးသား တို့နှင့် ကြီး သောအမှု ရှိ စဉ်အခါ၊ သင် တို့ကို ငါခေါ် သော်လည်း ၊ သင်တို့သည် အမ္မုန် လူတို့လက် မှ ငါ့ ကို မ ကယ် မနှုတ်ဘဲ နေကြ၏။
3 ယင်း​သို့​ငါ​တို့​အား​သင်​တို့​ကယ်​ကြ​မည့် ပုံ​မ​ပေါ်​သော​အ​ခါ ငါ​သည်​အ​သက်​စွန့်​၍ အမ္မုန်​အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရန်​ချီ သွား​ခဲ့​ရ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း ငါ့​အား​သူ​တို့​၏​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ တော်​မူ​၏။ သို့​ဖြစ်​၍​အ​ဘယ်​ကြောင့်​သင် သည်​ယ​ခု​ငါ့​အား​လာ​ရောက်​တိုက်​ခိုက် ပါ​သ​နည်း'' ဟု​ပြန်​ပြော​၏။-
မ ကယ် မနှုတ်ကြောင်း ကို ငါသည် သိမြင် သောအခါ ၊ ကိုယ် အသက် ကို စွန့်စား လျက် အမ္မုန် အမျိုးသား တို့ကို တိုက်ခြင်းငှါသွား ၍ ထာဝရဘုရား သည် သူ တို့ကို ငါ့ လက် ၌ အပ် တော်မူ၏။ သင်တို့သည် ငါ့ ကို တိုက် ခြင်းငှါ အဘယ်ကြောင့် ယနေ့ လာ ကြသနည်းဟု ပြောဆို ပြီးလျှင်၊
4 ထို​နောက်​ယေ​ဖ​သ​သည်​ဂိလဒ်​သူ​ရဲ​အ​ပေါင်း တို့​ကို​စု​ရုံး​စေ​လျက် ဧ​ဖ​ရိမ်​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​လေ​သည်။ (ဧ​ဖ​ရိမ်​ပြည် နှင့်​မ​နာ​ရှေ​ပြည်​တွင်​နေ​ထိုင်​သော​ဂိ​လဒ် ပြည်​သား​တို့​သည် သစ္စာ​ဖောက်​၍​ဧ​ဖ​ရိမ် ပြည်​မှ​ထွက်​သွား​သူ​များ​ဟူ​၍​စွပ်​စွဲ ပြော​ဆို​ခဲ့​သ​တည်း။-)
ဂိလဒ် ပြည်သား အပေါင်း တို့ကို စုဝေး စေ၍ ဧဖရိမ် အမျိုးကို တိုက် ကြ၏။ ဧဖရိမ် လူတို့က၊ သင် တို့သည် ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးထဲက ထွက်ပြေး ၍ အမျိုးမစစ်သောသူဖြစ်သည်ဟု ဂိလဒ် ပြည်သားတို့ကို ကဲ့ရဲ့ ဘူးသောကြောင့် ၊ ဧဖရိမ် လူတို့ကို လုပ်ကြံ ကြ၏။
5 ဧ​ဖ​ရိမ်​ပြည်​သား​တို့​မ​လွတ်​မြောက်​နိုင်​စေ ရန်​ဂိ​လဒ်​ပြည်​သား​တို့​သည် ယော်​ဒန်​မြစ် တစ်​ဘက်​ကမ်း​သို့​ကူး​ဖြတ်​နိုင်​သည့်​နေ ရာ​ရှိ​သ​မျှ​ကို​သိမ်း​ထား​ကြ​၏။-
ဂိလဒ် လူတို့သည် ဧဖရိမ် လူတို့ရှေ့မှာ ယော်ဒန် မြစ်ကူး ရာအရပ်တို့ကို ဆီးတား ၍ ပြေးလွတ် သော ဧဖရိမ် လူက၊ ကူး ပါရစေဟု အခွင့်တောင်း သောအခါ ၊ ဂိလဒ် လူ တို့က၊ သင် သည် ဧဖရိမ် အမျိုးသားဖြစ်သလော ဟုမေး စစ်သော် ၊ သူက မဟုတ် ပါဟု ဆို လျှင်၊
6 ဧ​ဖ​ရိမ်​ပြည်​သား​တစ်​စုံ​တစ်​ယောက်​သည် ထွက်​မြောက်​နိုင်​ရန် မြစ်​ကို​ဖြတ်​ကူး​ခွင့်​တောင်း ခံ​သည့်​အ​ခါ​တိုင်း​ဂိ​လဒ်​ပြည်​သား​တို့ က``သင်​သည်​ဧ​ဖ​ရိမ်​ပြည်​သား​လော'' ဟု မေး​စစ်​၏။ ``မ​ဟုတ်​ပါ'' ဟု​ဆို​လျှင်``ရှိ​ဗော လက်'' ဟူ​သော​စ​ကား​ကို​ဆို​စေ​၏။ သို့​ရာ တွင်​အ​ကယ်​၍​ထို​သူ​သည်​စ​ကား​ကို ပီ​သ​စွာ​မ​ပြော​နိုင်​ဘဲ``သိ​ဗော​လက်'' ဟု ဆို​ခဲ့​သော်​သူ့​အား​ဖမ်း​ဆီး​၍​ယော်​ဒန် မြစ်​ကူး​ရာ​အ​ရပ်​၌​သတ်​ကြ​သည်။ ထို စစ်​ပွဲ​၌​ဧ​ဖ​ရိမ်​ပြည်​သား​လေး​သောင်း နှစ်​ထောင်​ကျ​ဆုံး​ရ​ကြ​လေ​သည်။
သူတို့က၊ ရှိဗောလက် ဟူသောစကားကို ပြော တော့ဟုဆို သော် ၊ ဧဖရိမ်လူသည် ထိုစကားကို ပြီ အောင် မ ပြော တတ် ဘဲ သိဗောလက် ဟု ပြော ၏။ ထိုသို့ပြောသောသူ ကို ဘမ်းဆီး ၍ ယော်ဒန် မြစ်ကူး ရာအရပ်၌ သတ် ကြ၏။ ထိုအခါ ဧဖရိမ် အမျိုးသားလေးသောင်း နှစ်ထောင်သေ ကြ၏။
7 ယေ​ဖ​သ​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​ခြောက်​နှစ်​မျှ​ခေါင်း​ဆောင်​ပြီး​နောက် ကွယ်​လွန်​သော် သူ​၏​ရုပ်​အ​လောင်း​ကို​ဂိ​လဒ် ပြည်​ရှိ​သူ​၏​ဌာ​နေ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။
ဂိလဒ် ပြည်သားယေဖသ သည် ဣသရေလ အမျိုးကို ခြောက် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဂိလဒ် မြို့တမြို့ ၌ သင်္ဂြိုဟ် လေ၏။
8 ယေ​ဖ​သ​ကွယ်​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ လူ​မျိုး​အား ခေါင်း​ဆောင်​သူ​မှာ​ဗက်​လင်​မြို့ သား​ဣ​ဗ​ဇန်​ဖြစ်​၏။ သူ​၌​သား​သုံး​ဆယ် နှင့်​သမီး​သုံး​ဆယ်​ရှိ​၏။-
ယေဖသ နောက်မှ ဗက်လင် မြို့သားဣဗဇန် သည်၊ ဣသရေလ အမျိုးကို အုပ်စိုး ၏။
9 သူ​သည်​မိ​မိ​၏​သ​မီး​တို့​အား​မိ​မိ​သား ချင်း​စု​ဝင်​မ​ဟုတ်​သူ​များ​နှင့်​ထိမ်း​မြား ပေး​၍ မိ​မိ​သား​များ​အား​မိ​မိ​သား​ချင်း စု​ဝင်​မ​ဟုတ်​သော​အ​မျိုး​သ​မီး​များ နှင့်​ထိမ်း​မြား​ပေး​လေ​သည်။ ဣ​ဗ​ဇန်​သည် ဣ​သ​ရေ​လ​အ​မျိုး​အား​ခု​နစ်​နှစ်​မျှ ခေါင်း​ဆောင်​ရ​ပြီး​နောက်၊-
ထိုမင်း သည် သား သုံးဆယ် ၊ သမီး သုံးဆယ် ရှိ ၏။ သမီးများကို အခြား တပါးသို့ စေလွှတ် ၍ ချွေးမ သုံးဆယ် ကို သိမ်း ထား၏။
10 ၁၀ ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို ဗက်​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏။
၁၀ဣဗဇန် သည် ဣသရေလ အမျိုးကို ခုနစ် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဗက်လင် မြို့၌ သင်္ဂြိုဟ် လေ၏။
11 ၁၁ ဣ​ဗ​ဇန်​ကွယ်​လွန်​ပြီး​နောက် ဇာ​ဗု​လုန်​မြို့​သား ဧ​လုန်​သည်​ဆယ်​နှစ်​မျှ ဣ​သ​ရေ​လ​လူ​မျိုး​၏ ခေါင်း​ဆောင်​ဖြစ်​လာ​၏။-
၁၁ဣဗဇန် နောက်မှ ဇာဗုလုန် အမျိုးသားဧလုန် သည်၊ ဣသရေလ အမျိုးကို ဆယ် နှစ် အုပ်စိုး ၏။
12 ၁၂ ထို​နောက်​သူ​သည်​ကွယ်​လွန်​သော်​သူ​၏​ရုပ် အ​လောင်း​ကို ဇာ​ဗု​လုန်​နယ်​မြေ​ရှိ​အာ​ဇ​လုန် မြို့​၌​သင်္ဂြိုဟ်​ကြ​လေ​သည်။-
၁၂ထိုမင်း သေ ၍ ဇာဗုလုန် ခရိုင် ၊ အာဇလုန် မြို့၌ သင်္ဂြိုဟ် လေ၏။
13 ၁၃ ဧ​လုန်​ကွယ်​လွန်​ပြီး​နောက်​ပိ​ရ​သုန်​မြို့​နေ​ဟိ လေ​လ​၏​သား​အာ​ဗ​ဒုန်​သည် ဣ​သ​ရေ​လ လူ​မျိုး​ကို​ခေါင်း​ဆောင်​ရ​၏။-
၁၃ဧလုန် နောက်မှ ပိရသုန် မြို့နေ ဟိလေလ ၏သား အာဗဒုန် သည်၊ ဣသရေလ အမျိုးကို အုပ်စိုး ၏။
14 ၁၄ သူ​၌​မြည်း​တစ်​ကောင်​စီ​စီး​နင်း​သော​သား လေး​ဆယ်​နှင့်​မြေး​သုံး​ဆယ်​ရှိ​၏။ အာ​ဗ​ဒုန် သည်​ဣ​သ​ရေ​လ​လူ​မျိုး​ကို​ရှစ်​နှစ်​မျှ ခေါင်း​ဆောင်​ပြီး​လျှင်၊-
၁၄ထိုမင်း သည် သား လေးဆယ် ၊ မြေး သုံးဆယ် ရှိ ၍ သားမြေးတို့သည် ခုနစ်ဆယ် သော မြည်း သငယ်တို့ကို စီး ကြ၏။
15 ၁၅ ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို​အာ မ​လက်​တောင်​ကုန်း​ဒေ​သ၊ ဧ​ဖ​ရိမ်​နယ်​ရှိ ပိ​ရ​သုန်​မြို့​၌​သင်္ဂြိုဟ်​ကြ​၏။
၁၅ပိရသုန် မြို့နေဟိလေလ သား အာဗဒုန် သည်၊ ဣသရေလ အမျိုးကို ရှစ် နှစ် အုပ်စိုး ပြီးမှ သေ ၍ ဧဖရိမ် ခရိုင် ၊ ပိရသုန် မြို့၊ အာမလက် တောင် ပေါ် မှာ သင်္ဂြိုဟ် လေ၏။

< တရားသူကြီးမှတ်စာ 12 >