< တရားသူကြီးမှတ်စာ 11 >
1 ၁ သူရဲကောင်းတစ်ဦးဖြစ်သူယေဖသသည် ပြည့်တန်ဆာမတစ်ယောက်၏သားဖြစ်၏။ သူ၏ဖခင်ဂိလဒ်၌၊-
EXISTÍA entonces Jephté, Galaadita, hombre valiente, hijo de una ramera, al cual había engendrado Galaad.
2 ၂ မယားနှင့်ရသောသားများလည်းရှိ၏။ ထို သူတို့သည်ကြီးပြင်းလာသောအခါ ယေ ဖသအားနေအိမ်မှနှင်ထုတ်လိုက်ကြ၏။ သူတို့က``သင်သည်အခြားမိန်းမနှင့်ရ သောသားဖြစ်သဖြင့် ငါတို့ဖခင်၏အမွေ ကိုခံရလိမ့်မည်မဟုတ်'' ဟုဆိုကြ၏။-
Y la mujer de Galaad [también] le había parido hijos; los cuales cuando fueron grandes, echaron fuera á Jephté, diciéndole: No heredarás en la casa de nuestro padre, porque eres bastardo.
3 ၃ ယေဖသသည်လည်းမိမိ၏ညီအစ်ကိုများ ထံမှထွက်ပြေး၍ တောဘပြည်၌နေထိုင် လေသည်။ ထိုအရပ်၌သူသည်အခြေအနေ မဲ့သူလူတစ်စု၏လေးစားမှုကိုခံရ သဖြင့် ထိုသူတို့သည်သူ၏နောက်သို့ လိုက်ကြလေသည်။
Huyendo pues Jephté á causa de sus hermanos, habitó en tierra de Tob; y juntáronse con él hombres ociosos, los cuales con él salían.
4 ၄ ထိုနောက်ကာလအနည်းငယ်ကြာသောအခါ အမ္မုန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့နှင့်စစ်ဖြစ်ကြ၏။-
Y aconteció que después de días los hijos de Ammón hicieron guerra contra Israel:
5 ၅ ထိုအခါဂိလဒ်ပြည်၏ခေါင်းဆောင်တို့သည် ယေဖသကိုခေါ်ယူရန်တောဘပြည်သို့သွား၍၊-
Y como los hijos de Ammón tenían guerra contra Israel, los ancianos de Galaad fueron para volver á Jephté de tierra de Tob;
6 ၆ သူ့အား``အမ္မုန်အမျိုးသားများကိုတိုက်ခိုက် ရန် ငါတို့အားဦးဆောင်ပါ'' ဟုပြောကြား ကြ၏။
Y dijeron á Jephté: Ven, y serás nuestro capitán, para que peleemos con los hijos de Ammón.
7 ၇ သို့ရာတွင်ယေဖသက``သင်တို့သည်ငါ့ကို အလွန်မုန်းသဖြင့်အဖအိမ်မှနှင်ထုတ်ခဲ့ ကြ၏။ ယခုဒုက္ခရောက်သောအခါကျမှ အဘယ်ကြောင့်ငါ့ထံသို့လာကြပါသနည်း'' ဟုပြန်ပြောလေသည်။
Y Jephté respondió á los ancianos de Galaad: ¿No me habéis vosotros aborrecido, y me echasteis de la casa de mi padre? ¿por qué pues venís ahora á mí cuando estáis en aflicción?
8 ၈ သူတို့သည်ယေဖသအား``ယခုသင့်ထံသို့ ငါတို့လာကြသည်မှာအမ္မုန်အမျိုးသားတို့ အား ငါတို့နှင့်အတူသွားရောက်တိုက်ခိုက်ရန် နှင့်ဂိလဒ်ပြည်သားအပေါင်းတို့အားခေါင်း ဆောင်စေရန်ဖြစ်ပါသည်'' ဟုဆိုကြ၏။
Y los ancianos de Galaad respondieron á Jephté: Por esta misma causa tornamos ahora á ti, para que vengas con nosotros, y pelees contra los hijos de Ammón, y nos seas cabeza á todos los que moramos en Galaad.
9 ၉ ယေဖသက``အကယ်၍သင်တို့သည်အမ္မုန် အမျိုးသားတို့အား တိုက်ခိုက်ရန်ငါ့ကိုအိမ် သို့ပြန်လည်ခေါ်ဆောင်သဖြင့် ထာဝရဘုရား ကလည်းငါ့အားအောင်ပွဲခံစေတော်မူသည် ဆိုပါလျှင် ငါသည်သင်တို့၏ဘုရင်ဖြစ်လာ ရမည်'' ဟုပြန်ပြောလေသည်။
Jephté entonces dijo á los ancianos de Galaad: Si me volvéis para que pelee contra los hijos de Ammón, y Jehová los entregare delante de mí, ¿seré yo vuestra cabeza?
10 ၁၀ ထိုသူတို့ကလည်း``ငါတို့သဘောတူပါသည်။ ထာဝရဘုရားသည်ငါတို့၏အသိသက်သေ ပင်ဖြစ်ပါ၏'' ဟုဖြေကြားကြ၏။-
Y los ancianos de Galaad respondieron á Jephté: Jehová oiga entre nosotros, si no hiciéremos como tú dices.
11 ၁၁ ထို့ကြောင့်ယေဖသသည်ဂိလဒ်ပြည်ခေါင်းဆောင် များနှင့်အတူလိုက်သွားလေသည်။ လူတို့သည် လည်းသူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ခေါင်းဆောင်အဖြစ်ဖြင့်လည်းကောင်း ချီးမြှောက်ကြ၏။ ယေဖသသည်မိဇပါမြို့ ၌ထာဝရဘုရား၏ရှေ့တော်မှောက်တွင် မိ မိတောင်းဆိုချက်များကိုပြန်လည်ဖော် ပြလျှောက်ထား၏။
Entonces Jephté vino con los ancianos de Galaad, y el pueblo lo eligió por su cabeza y príncipe; y Jephté habló todas sus palabras delante de Jehová en Mizpa.
12 ၁၂ ထိုနောက်သူသည်အမ္မုန်ဘုရင်ထံသို့စေတမန် များကိုလွှတ်၍``သင်နှင့်ငါတို့တွင်အဘယ် ရန်စရှိပါသနည်း။ သင်သည်အဘယ်ကြောင့် ငါတို့ပြည်သို့ချဉ်းနင်းဝင်ရောက်ရပါ သနည်း'' ဟုမေး၏။
Y envió Jephté embajadores al rey de los Ammonitas, diciendo: ¿Qué tienes tú conmigo que has venido á mí para hacer guerra en mi tierra?
13 ၁၃ အမ္မုန်ဘုရင်က``ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှထွက်ခွာလာသောအခါ ငါ၏နယ်မြေကိုအာနုန်မြစ်မှယဗ္ဗုတ်မြစ် နှင့်ယော်ဒန်မြစ်တိုင်အောင်သိမ်းယူခဲ့ကြ၏။ သို့ဖြစ်၍သင်တို့သည်ယခုအခါထိုနယ် မြေကို ငါ့အားငြိမ်းချမ်းစွာပြန်လည်ပေး အပ်ရကြမည်'' ဟုစေတမန်တို့အားပြန် ကြားစေ၏။
Y el rey de los Ammonitas respondió á los embajadores de Jephté: Por cuanto Israel tomó mi tierra, cuando subió de Egipto, desde Arnón hasta Jaboc y el Jordán; por tanto, devuélvelas ahora en paz.
14 ၁၄ ယေဖသသည်အမ္မုန်ဘုရင်ထံသို့စေတမန် များကိုပြန်လည်စေလွှတ်ကာဤသို့ဖြေ ကြား၏။ ``မောဘပြည်ကိုသော်လည်းကောင်း၊ အမ္မုန်ပြည်ကိုသော်လည်းကောင်း ဣသရေလ အမျိုးသားတို့သိမ်းယူခဲ့ကြသည်ဆိုသည် မှာမဟုတ်မမှန်ပါ။-
Y Jephté tornó á enviar otros embajadores al rey de los Ammonitas,
Para decirle: Jephté ha dicho así: Israel no tomó tierra de Moab, ni tierra de los hijos de Ammón:
16 ၁၆ အဖြစ်မှန်မှာဣသရေလအမျိုးသားတို့ သည် အီဂျစ်ပြည်မှထွက်ခွာလာသောအခါ ၌သူတို့သည်သဲကန္တာရကိုဖြတ်၍ အာက ဘာပင်လယ်ကွေ့အနီးကာဒေရှမြို့သို့ ရောက်ရှိကြ၏။-
Mas subiendo Israel de Egipto, anduvo por el desierto hasta el mar Bermejo, y llegó á Cades.
17 ၁၇ ထိုအခါသူတို့သည်ဧဒုံဘုရင်ထံသို့စေ တမန်များကိုလွှတ်၍ ဧဒုံပြည်ကိုဖြတ်သွား ခွင့်ပြုရန်လျှောက်ထားကြ၏။ သို့ရာတွင်ဧဒုံ ဘုရင်ကခွင့်ပြုတော်မမူ။ သူတို့သည်မောဘ ဘုရင်အားလည်းထိုနည်းတူလျှောက်ထားကြ ပြန်၏။ ထိုဘုရင်ကလည်းခွင့်မပြုချေ။ သို့ ဖြစ်၍ဣသရေလအမျိုးသားတို့သည်ကာ ဒေရှမြို့တွင်နေထိုင်ရကြ၏။-
Entonces Israel envió embajadores al rey de Edom, diciendo: Yo te ruego que me dejes pasar por tu tierra. Mas el rey de Edom no los escuchó. Envió también al rey de Moab; el cual tampoco quiso: quedóse por tanto Israel en Cades.
18 ၁၈ ထိုနောက်သူတို့သည်ဧဒုံပြည်နှင့်မောဘ ပြည်တို့ကိုပတ်၍သဲကန္တာရကိုဖြတ်ပြီး လျှင် မောဘပြည်၏အရှေ့ဘက်၊ အာနုန်မြစ် တစ်ဘက်ကမ်းသို့ရောက်ရှိလာသောအခါ ထိုအရပ်တွင်စခန်းချကြ၏။ အာနုန်မြစ် သည်မောဘပြည်၏နယ်နိမိတ်ဖြစ်သဖြင့် ထိုမြစ်ကိုသူတို့မကူးမဖြတ်ကြ။-
Después, yendo por el desierto, rodeó la tierra de Edom y la tierra de Moab, y viniendo por el lado oriental de la tierra de Moab, asentó su campo de estotra parte de Arnón, y no entraron por el término de Moab: porque Arnón término es de Moab.
19 ၁၉ ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟေရှဘုန်မြို့ရှိအာမောရိလူမျိုးတို့၏ ဘုရင်၊ ရှိဟုန်ထံသို့စေလွှတ်ပြီးလျှင်သူ ၏ပြည်ကိုဖြတ်ကျော်ကာ မိမိတို့ပြည်သို့ သွားရောက်ခွင့်ပြုရန်ပန်ကြားလျှောက် ထားကြ၏။-
Y envió Israel embajadores á Sehón rey de los Amorrheos, rey de Hesbón, diciéndole: Ruégote que me dejes pasar por tu tierra hasta mi lugar.
20 ၂၀ သို့ရာတွင်ရှိဟုန်မင်းကခွင့်မပြုချေ။ သူ သည်မိမိ၏တပ်မတော်တစ်ခုလုံးကိုစုရုံး စေပြီးလျှင် ယာဟတ်မြို့သို့လာရောက်စခန်း ချကာဣသရေလအမျိုးသားတို့အား တိုက်ခိုက်လေသည်။-
Mas Sehón no se fió de Israel para darle paso por su término; antes juntando Sehón toda su gente, puso campo en Jaas, y peleó contra Israel.
21 ၂၁ သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား ရှိဟုန်မင်းနှင့်တပ်မ တော်ကိုနှိမ်နင်းအောင်မြင်ခွင့်ပေးတော်မူ သဖြင့် ဣသရေလအမျိုးသားတို့သည်ထို ပြည်၌နေထိုင်သောအာမောရိအမျိုးသား တို့၏နယ်မြေရှိသမျှကိုသိမ်းယူကြ၏။-
Empero Jehová el Dios de Israel entregó á Sehón y á todo su pueblo en mano de Israel, y venciólos: y poseyó Israel toda la tierra del Amorrheo que habitaba en aquel país.
22 ၂၂ သူတို့သည်တောင်သို့လားသော်အာနုန်မြစ်၊ မြောက်သို့လားသော်ယဗ္ဗုတ်မြစ်တိုင်အောင် လည်းကောင်း၊ အရှေ့သို့လားသော်သဲကန္တာရ၊ အနောက်သို့လားသော်ယော်ဒန်မြစ်တိုင်အောင် လည်းကောင်းအာမောရိနယ်မြေရှိသမျှ ကိုသိမ်းယူကြ၏။-
Poseyeron también todo el término del Amorrheo desde Arnón hasta Jaboc, y desde el desierto hasta el Jordán.
23 ၂၃ သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အတွက် အမ္မုန်အမျိုးသား တို့အားနှင်ထုတ်ပေးတော်မူသောအရှင်မှာ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားပေတည်း။-
Así que Jehová el Dios de Israel echó los Amorrheos delante de su pueblo Israel: ¿y lo has de poseer tú?
24 ၂၄ သင်သည်ထိုနယ်မြေကိုပြန်လည်ရယူရန် ကြိုးစားပါမည်လော။ သင်၏ဘုရားခေမုရှ ပေးအပ်သမျှနယ်မြေကိုသင်သိမ်းပိုက်ထား နိုင်ပါ၏။ ငါတို့အတွက်ငါတို့ဘုရားသခင် ထာဝရဘုရားသိမ်းယူတော်မူသောနယ် မြေရှိသမျှကိုငါတို့သိမ်းပိုက်ထားမည်။-
Si Chêmos tu dios te echase alguno, ¿no lo poseerías tú? Así poseeremos nosotros á todo aquel que echó Jehová nuestro Dios de delante de nosotros.
25 ၂၅ သင်သည်မိမိကိုယ်ကိုမောဘဘုရင်၊ ဇိဖော် ၏သားဗာလက်ထက်ပိုမိုကြီးမြတ်သည်ဟု ထင်မှတ်ပါသလော။ သူသည်ဣသရေလ လူမျိုးကိုရန်ပြု၍တိုက်ခိုက်ဖူးပါသ လော။-
¿Eres tú ahora en algo mejor que Balac hijo de Sephor, rey de Moab? ¿tuvo él cuestión contra Israel, ó hizo guerra contra ellos?
26 ၂၆ ဣသရေလအမျိုးသားတို့သည်ဟေရှဘုန် မြို့နှင့်အာရော်မြို့တို့ကိုလည်းကောင်း၊ ထိုမြို့ များအနီးတစ်ဝိုက်ရှိမြို့တို့နှင့်အာနုန်မြစ် ကမ်းပေါ်ရှိမြို့မှန်သမျှကိုလည်းကောင်း နှစ် ပေါင်းသုံးရာတိုင်တိုင်သိမ်းပိုက်ထားစဉ်က သင်သည်အဘယ်ကြောင့်ထိုမြို့တို့ကိုပြန် လည်မသိမ်းမယူခဲ့ပါသနည်း။-
Cuando Israel ha estado habitando por trescientos años á Hesbón y sus aldeas, á Aroer y sus aldeas, y todas las ciudades que están á los términos de Arnón, ¿por qué no las habéis reclamado en ese tiempo?
27 ၂၇ ငါသည်သင့်အားအဘယ်သို့မျှမပြစ်မှား။ သင်သာလျှင်ငါ့အားစစ်တိုက်ခြင်းဖြင့် အမှားကိုပြု၏။ ထာဝရဘုရားသည်တရား သူကြီးဖြစ်တော်မူ၏။ ကိုယ်တော်သည်ဣသ ရေလအမျိုးသားနှင့်အမ္မုန်အမျိုးသား တို့စပ်ကြား၌ ယနေ့တရားစီရင်ဆုံး ဖြတ်တော်မူပါလိမ့်မည်။-''
Así que, yo nada he pecado contra ti, mas tú haces mal conmigo haciéndome guerra: Jehová, que es el juez, juzgue hoy entre los hijos de Israel y los hijos de Ammón.
28 ၂၈ သို့ရာတွင်အမ္မုန်ဘုရင်သည်ယေဖသပြန် လည်ဖြေကြားသောစကားကိုမည်သို့မျှ ပမာဏမပြုချေ။
Mas el rey de los hijos de Ammón no atendió las razones de Jephté que le envió.
29 ၂၉ ထိုအခါထာဝရဘုရား၏ဝိညာဉ်တော် သည် ယေဖသအပေါ်သို့သက်ရောက်တော် မူ၏။ ယေဖသသည်ဂိလဒ်ပြည်နှင့်မနာ ရှေပြည်တစ်လျှောက်သို့သွားပြီးလျှင် ဂိလဒ် ပြည်မိဇပါမြို့သို့ပြန်လာသည်။ ထို နောက်အမ္မုန်ပြည်သို့ချီတက်လေ၏။-
Y el espíritu de Jehová fué sobre Jephté: y pasó por Galaad y Manasés; y de allí pasó á Mizpa de Galaad; y de Mizpa de Galaad pasó á los hijos de Ammón.
30 ၃၀ သူသည်ထာဝရဘုရားအားဤသို့သစ္စာ ကတိပြု၏။ ``အကယ်၍ကိုယ်တော်သည် အကျွန်ုပ်ကိုအမ္မုန်အမျိုးသားတို့အပေါ် ၌အောင်ပွဲခံစေတော်မူမည်ဆိုပါက၊-
Y Jephté hizo voto á Jehová, diciendo: Si entregares á los Ammonitas en mis manos,
31 ၃၁ အကျွန်ုပ်အားခရီးဦးကြိုပြုရန်အိမ်မှ ဦးစွာပထမထွက်လာသူအား မီးရှို့ရာ ယဇ်အဖြစ်ဖြင့်ကိုယ်တော်အားပူဇော်ဆက် သပါမည်။''
Cualquiera que me saliere á recibir de las puertas de mi casa, cuando volviere de los Ammonitas en paz, será de Jehová, y le ofreceré en holocausto.
32 ၃၂ သို့ဖြစ်၍ယေဖသသည်မြစ်ကိုကူးဖြတ် ပြီးလျှင် အမ္မုန်အမျိုးသားတို့အားတိုက်ခိုက် ရာ ထာဝရဘုရားသည်သူ့အားအောင်ပွဲ ခံစေတော်မူ၏။-
Pasó pues Jephté á los hijos de Ammón para pelear contra ellos; y Jehová los entregó en su mano.
33 ၃၃ သူသည်ရန်သူများကိုအာရော်မြို့မှအစပြု ၍ မိန္နိတ်မြို့၏ပတ်ဝန်းကျင်ဒေသတစ်လျှောက် ရှိမြို့ပေါင်းနှစ်ဆယ်ကိုလည်းကောင်း၊ အာဗေ လခေရမိမ်မြို့သို့တိုင်အောင်လည်းကောင်း လိုက် လံတိုက်ခိုက်ရာလူသတ်ပွဲကြီးဖြစ်ခဲ့၏။ သို့ ဖြစ်၍အမ္မုန်အမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့်စစ်တိုက်ရာတွင်အရေး ရှုံးနိမ့်သွားလေ၏။
Y los hirió de grandísimo estrago desde Aroer hasta llegar á Minnith, veinte ciudades; y hasta la vega de las viñas. Así fueron domeñados los Ammonitas delante de los hijos de Israel.
34 ၃၄ ယေဖသသည်မိဇပါမြို့နေအိမ်သို့ပြန်လာ သောအခါ သမီးဖြစ်သူသည်ပတ်သာကိုတီး ၍ကခုန်လျက် သူ့အားခရီးဦးကြိုပြုရန် ထွက်လာ၏။ သူသည်ကားတစ်ဦးတည်းသော သမီးဖြစ်သတည်း။-
Y volviendo Jephté á Mizpa á su casa, he aquí que su hija le salió á recibir con adufes y danzas, y era la sola, la única suya; no tenía fuera de ella otro hijo ni hija.
35 ၃၅ ယေဖသသည်သူ့ကိုမြင်သောအခါစိတ် မချမ်းမသာဖြစ်လျက် မိမိအဝတ်ကိုဆွဲ ဆုတ်ကာ``အို ငါ့သမီး၊ သင်သည်ငါ၏စိတ်နှလုံး ကိုကြေကွဲစေလေပြီ။ ငါ့အားစိတ်ဝေဒနာ ခံစားစေသူမှာအဘယ်ကြောင့်သင်ဖြစ်ရ ပါသနည်း။ ငါသည်ထာဝရဘုရားအား ကြီးလေးသည့်သစ္စာကတိကိုပြန်လည်ရုတ် သိမ်း၍မရတော့ပါ'' ဟုပြော၏။
Y como él la vió, rompió sus vestidos diciendo: ¡Ay, hija mía! de verdad me has abatido, y tú eres de los que me afligen: porque yo he abierto mi boca á Jehová, y no podré retractarme.
36 ၃၆ သူငယ်မကလည်း``အကယ်၍ဖခင်သည် ထာဝရ ဘုရားအားသစ္စာကတိပြုထားပြီးပြီဟုဆို လျှင် ထိုသစ္စာကတိအတိုင်းကျွန်မအားပြု ပါလေ။ ထာဝရဘုရားသည်ဖခင်အားမိမိ ၏ရန်သူတို့အပေါ်၌လက်စားချေခွင့်ကို ပေးတော်မူပါပြီ။-
Ella entonces le respondió: Padre mío, si has abierto tu boca á Jehová, haz de mí como salió de tu boca, pues que Jehová ha hecho venganza en tus enemigos los hijos de Ammón.
37 ၃၇ သို့ရာတွင်ကျွန်မတစ်ခုတောင်းခံပါရစေ။ ကျွန်မသည်အပျိုစင်ဘဝဖြင့်အသက်ကုန် ဆုံးရသည့်အတွက် အပေါင်းအဖော်များနှင့် အတူတောင်ရိုးပေါ်တွင်လှည့်လည်၍ ငိုကြွေး မြည်တမ်းနိုင်ရန်နှစ်လမျှကျွန်မအား လွတ်လွတ်လပ်လပ်နေခွင့်ပြုပါ'' ဟုတောင်း ပန်၏။-
Y tornó á decir á su padre: Hágasme esto: déjame por dos meses que vaya y descienda por los montes, y llore mi virginidad, yo y mis compañeras.
38 ၃၈ ယေဖသသည်သမီးဖြစ်သူအားနှစ်လမျှ ခွင့်ပြု၍ ထွက်ခွာသွားစေလေသည်။ သူငယ်မ သည်အိမ်ထောင်မကျ၊ သားသမီးမရဘဲ သေဆုံးရတော့မည်ဖြစ်၍ သူနှင့်တကွသူ ၏အပေါင်းအဖော်တို့သည်တောင်ရိုးပေါ် သို့တက်၍ငိုကြွေးမြည်တမ်းကြကုန်၏။-
El entonces dijo: Ve. Y dejóla por dos meses. Y ella fué con sus compañeras, y lloró su virginidad por los montes.
39 ၃၉ နှစ်လမျှကြာသောအခါသူသည်မိမိ၏ ဖခင်ထံသို့ပြန်လာလေသည်။ ဖခင်သည် လည်းထာဝရဘုရားအားမိမိသစ္စာကတိ ပြုထားသည့်အတိုင်းပြုသဖြင့် သူငယ်မ သည်အပျိုစင်အဖြစ်နှင့်ပင်လျှင်ဘဝ ဆုံးရလေတော့၏။ ဤအဖြစ်အပျက်ကြောင့်၊-
Pasados los dos meses volvió á su padre, é hizo de ella conforme á su voto que había hecho. Y ella nunca conoció varón.
40 ၄၀ ဣသရေလပြည်ဂိလဒ်မြို့သားယေဖသ ၏သမီးအတွက်နှစ်စဉ်နှစ်တိုင်းလေးရက်မျှ ဣသရေလအမျိုးသမီးတို့သည်ထွက်၍ ငိုကြွေးမြည်တမ်းကြသည့်ဋ္ဌလေ့ထုံးစံရှိ သတည်း။
De aquí fué la costumbre en Israel que de año en año iban las doncellas de Israel á endechar á la hija de Jephté Galaadita, cuatro días en el año.