< ယောရှု 9 >
1 ၁ ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။-
Afei, ahemfo a wɔwɔ Yordan atɔeɛ fam no nyinaa tee nsɛm a asisi. (Yeinom ne Hetifoɔ, Amorifoɔ, Kanaanfoɔ, Perisifoɔ, Hewifoɔ ne Yebusifoɔ ahemfo a na wɔtete mmepɔ nsase a ɛwɔ atɔeɛ fam mmepɔ ayaase ne Ɛpo Kɛseɛ no mpoano kɔsi Lebanon atifi fam mmepɔ so tɔnn.)
2 ၂ သူတို့သည်ယောရှုနှင့်ဣသရေလအမျိုး သားတို့အား စုပေါင်း၍တိုက်ခိုက်ရန်သဘော တူကြ၏။
Saa ahemfo yi boaa wɔn akodɔm ano ntɛm so sɛ wɔbɛko atia Yosua ne Israelfoɔ.
3 ၃ ဟိဝိအမျိုးသားများဖြစ်သောဂိဗောင်မြို့ သားတို့သည် ယေရိခေါမြို့နှင့် အာဣမြို့များ ကိုယောရှုမည်ကဲ့သို့တိုက်ခိုက်အောင်မြင်ခဲ့ ကြောင်းကြားသိရသောအခါ၊-
Nanso Gibeonfoɔ tee asɛm a ato Yeriko ne Ai no,
4 ၄ သူ့အားလိမ်လည်လှည့်စားရန်ကြံစည်ကြ လေသည်။ သူတို့သည်ဟောင်းနွမ်းသောရိက္ခာ အိတ်များနှင့်အဖာအထေးများရှိသော သားရေစပျစ်ရည်ဘူးများကိုမြည်းများ ပေါ်တွင်တင်ကြသည်။-
wɔfaa nnaadaa kwan so de gyee wɔn ho nkwa. Wɔsomaa ananmusifoɔ kɔɔ Yosua nkyɛn. Wɔde nkotokuo a atete ne mmoa nwoma nsã nkotokuo a ayɛ dada na wɔatetɛ mu soaa wɔn mfunumu.
5 ၅ သူတို့သည်အဝတ်အစုတ်အပြဲများကို ဝတ်ဆင်၍ ဟောင်းနွမ်းသောဖိနပ်များကိုစီး ကြသည်။ ခြောက်သွေ့၍မှိုတက်သောအစား အစာများကိုယူဆောင်ကြသည်။-
Wɔhyehyɛɛ ntadeɛ dada ne mpaboa a akyɛre na wɔapempam. Afei wɔfaa burodo a abɔ ntu sɛ wɔn aduane.
6 ၆ ထိုနောက်သူတို့သည်ဂိလဂါလအရပ်တွင် စခန်းချလျက်ရှိသော ယောရှုနှင့်ဣသရေလ အမျိုးသားတို့ထံသို့လာရောက်ကြ၍``အကျွန်ုပ် တို့သည်သင်တို့နှင့်ငြိမ်းချမ်းရေးစာချုပ်ချုပ် ဆိုရန်အဝေးအရပ်မှလာခဲ့ကြပါသည်'' ဟုဆိုလေသည်။
Wɔduruu Israelfoɔ atenaeɛ wɔ Gilgal no, wɔka kyerɛɛ Yosua ne Israel mmarimma no sɛ, “Yɛfiri akyirikyiri ɔman bi so na aba rebɛsrɛ mo sɛ mo ne yɛn nyɛ asomdwoeɛ apam.”
7 ၇ ထိုအခါဣသရေလအမျိုးသားတို့က``သင် တို့သည်ငါတို့အနီးအပါးတွင်နေထိုင်သူ များဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဆိုလျှင်သင် တို့နှင့်အဘယ်ကြောင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမည်နည်း'' ဟုဆိုကြ၏။
Israelfoɔ no buaa saa Hewifoɔ yi sɛ, “Ɛbɛyɛ dɛn na yɛahunu sɛ monnte mmɛn ha? Ɛfiri sɛ, sɛ ɛte saa a, yɛrentumi ne mo nnyɛ apam.”
8 ၈ သူတို့က``အကျွန်ုပ်တို့သည်ကိုယ်တော်၏အစေ ကိုခံပါမည်'' ဟုယောရှုအားပြန်ပြောကြ၏။ ယောရှုက``သင်တို့သည်မည်သူများဖြစ်ကြ သနည်း။ မည်သည့်အရပ်မှလာကြသနည်း'' ဟုမေးလေ၏။
Wɔbuaa sɛ, “Yɛbɛyɛ mo asomfoɔ.” Yosua bisaa wɔn sɛ, “Moyɛ ɛhefoɔ na mofiri he?”
9 ၉ ထိုအခါသူတို့က``အကျွန်ုပ်တို့သည်ကိုယ် တော်၏ဘုရားသခင်ထာဝရဘုရား၏ တန်ခိုးတော်အကြောင်းကို ကြားသိရသဖြင့် အလွန်ဝေးသောပြည်မှလာခဲ့ကြပါသည်။ အီဂျစ်ပြည်တွင်ပြုတော်မူခဲ့သမျှကို လည်းကောင်း၊-
Wɔbuaa sɛ, “Yɛfiri akyirikyiri asase bi so. Yɛate Awurade, mo Onyankopɔn no kɛseyɛ ne deɛ ɔyɛɛ wɔ Misraim nyinaa.
10 ၁၀ ယော်ဒန်မြစ်အရှေ့ဘက်တွင်စိုးစံသောအာ မောရိမင်းနှစ်ပါးဖြစ်သည့် ဟေရှဘုန်ဘုရင် ရှိဟုန်နှင့်အာရှတရုတ်မြို့၌နန်းစိုက်သော ဗာရှန်ဘုရင်သြဃတို့အား မည်ကဲ့သို့နှိမ် နင်းခဲ့ကြောင်းကိုလည်းကောင်းအကျွန်ုပ်တို့ ကြားရပါသည်။-
Afei yɛate deɛ ɔyɛɛ Amorifoɔ ahemfo baanu wɔ Asubɔnten Yordan apueeɛ fam, Hesbonhene Sihon ne Basanhene Og (a ɔtenaa Astarot no).
11 ၁၁ သို့ဖြစ်၍အကျွန်ုပ်တို့၏ခေါင်းဆောင်များ နှင့်အမျိုးသားအပေါင်းတို့ကခရီးအတွက် ရိက္ခာယူဆောင်လျက် ကိုယ်တော်နှင့်တွေ့ဆုံရန် အကျွန်ုပ်တို့အားစေလွှတ်ကြပါသည်။ ကိုယ် တော်ထံ၌အညံ့ခံ၍ငြိမ်းချမ်းရေးတောင်း ဆိုရန်အကျွန်ုပ်တို့အားမှာကြားလိုက်ပါ သည်။-
Ɛno enti, yɛn mpanimfoɔ ne ɔmanfoɔ no ka kyerɛɛ yɛn ɔhyɛ so sɛ, ‘Monsiesie mo ho mma akwantuo tenten. Monkɔhyia Israelfoɔ na mompae mu nka sɛ, “Yɛn nkurɔfoɔ bɛyɛ wɔn asomfoɔ na mompere asomdwoeɛ.”’
12 ၁၂ အကျွန်ုပ်တို့၏နေအိမ်မှကိုယ်တော်ထံသို့ ခရီးစထွက်ချိန်တွင်ရိက္ခာများမှာပူနွေး လတ်ဆတ်လျက်ရှိခဲ့ပါသည်။ ယခုထိုရိက္ခာ များကိုကြည့်ပါ။ ခြောက်သွေ့၍မှိုတက်လျက် ရှိပါသည်။-
Yɛresi mu no, na burodo yi yɛ hyeehyeehye a ɛfiri fononoo mu. Nanso sɛdeɛ mohunu no, akyenkyene na abɔ ntu.
13 ၁၃ စပျစ်ရည်ထည့်စဉ်ကသားရေဘူးများသည် လည်းအသစ်ဖြစ်ပါသည်။ ယခုကြည့်ပါ၊ ဘူး များစုတ်ပြဲလျက်ရှိပါသည်။ ခရီးဝေးမှလာ ခဲ့ရသဖြင့်အကျွန်ုပ်တို့၏အဝတ်နှင့်ဖိနပ် များသည်ဟောင်းနွမ်းလျက်ရှိပါသည်'' ဟု ယောရှုအားလျှောက်ထားကြ၏။
Saa mmoa nwoma nsã nkotokuo yi, ɛberɛ a yɛde nsã guu mu no na ɛyɛ foforɔ, nanso seesei, apaapae ayɛ dada. Na yɛn ntadeɛ ne mpaboa nso, ɛsiane akwantuo tenten enti, atete.”
14 ၁၄ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအားမေးမြန်းလျှောက်ထားခြင်းမပြု ဘဲ ထိုသူတို့ထံမှရိက္ခာကိုလက်ခံကြသည်။-
Enti, Israelfoɔ no hwehwɛɛ wɔn burodo no ho nanso wɔammisa Awurade.
15 ၁၅ ယောရှုသည်သူတို့နှင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍သူတို့အားအသက်ချမ်းသာပေး လေ၏။ ဣသရေလအကြီးအကဲတို့ကလည်း ငြိမ်းချမ်းရေးစာချုပ်ကိုတည်စေမည်ဟုကတိ သစ္စာပြုကြ၏။
Yosua kɔɔ so ne wɔn yɛɛ asomdwoeɛ apam no na Israel mpanimfoɔ no kekaa ntam a emu yɛ den nam so gye too mu.
16 ၁၆ ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း ရေးစာချုပ်ချုပ်ဆိုပြီးနောက်သုံးရက်ကြာ သောအခါထိုသူတို့သည် မိမိတို့အနီး အနားတွင်နေထိုင်သူများဖြစ်ကြောင်း ကြားသိရလေသည်။-
Nnansa akyi no, nokorɛ no daa adi sɛ saa nnipa a wɔyɛ Gibeonfoɔ no te bɛn.
17 ၁၇ သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ထိုအရပ်မှထွက်ခွာခဲ့ကြရာသုံးရက်မြောက် သောနေ့၌ ထိုသူတို့နေထိုင်ရာမြို့များဖြစ် သောဂိဗောင်မြို့၊ ခေဖိရာမြို့၊ ဗေရုတ်မြို့နှင့် ကိရယတ်ယာရိမ်မြို့များသို့ရောက်ရှိကြ လေသည်။-
Enti, Israelfoɔ no anna so koraa na wɔyɛɛ sɛ wɔbɛyɛ nhwehwɛmu. Nnansa akyi no wɔduruu wɔn nkuro no so. Saa nkuro no ne Gibeon, Kefira, Beerot ne Kiriat-Yearim.
18 ၁၈ သို့ရာတွင်ဣသရေလအမျိုးသားအကြီး အကဲတို့သည် ဘုရားသခင်ထာဝရဘုရား ကိုတိုင်တည်၍ကတိသစ္စာပြုခဲ့ကြသဖြင့် သူတို့ကိုမသတ်ဖြတ်မသုတ်သင်နိုင်ကြ ချေ။ ထိုကြောင့်ဣသရေလအမျိုးသားတို့ သည် အကြီးအကဲတို့အားအပြစ်တင် ကြ၏။-
Nanso, Israelfoɔ no anto anhyɛ nkuro no so, ɛfiri sɛ, na wɔn mpanimfoɔ aka ntam akyerɛ Awurade, Israel Onyankopɔn. Esiane Apam no enti, Israelfoɔ no nwiinwii hyɛɛ wɔn mpanimfoɔ no.
19 ၁၉ ထိုအခါသူတို့က``ငါတို့သည်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားကိုတိုင်တည်၍ ကတိသစ္စာပြုထား ပြီးဖြစ်ခြင်းကြောင့် သူတို့ကိုလက်ဖျား နှင့်ပင်မတို့နိုင်။-
Na mpanimfoɔ no buaa sɛ, “Yɛaka ntam wɔ Awurade, Israel Onyankopɔn anim. Yɛrentumi mfa yɛn nsa nka wɔn.
20 ၂၀ ငါတို့ပြုထားသောကတိသစ္စာကြောင့်သူ တို့ကိုအသက်ချမ်းသာခွင့်ပေးရမည်။ ငါ တို့ကတိမတည်လျှင်ဘုရားသခင်သည် ငါတို့အားဒဏ်ခတ်တော်မူလိမ့်မည်။-
Ɛsɛ sɛ yɛma wɔtena. Sɛ yɛbu yɛn ntam no so a, Onyankopɔn bo bɛfu yɛn.
21 ၂၁ သူတို့အားအသက်ချမ်းသာခွင့်ပေးကြကုန် အံ့။ သို့ရာတွင်သူတို့အား ငါတို့အတွက်ရေ ခပ်ထင်းခုတ်အလုပ်များကိုလုပ်ကိုင်စေရ မည်'' ဟုအကြံပေးသည့်အတိုင်းဣသ ရေလအမျိုးသားတို့ကသဘောတူကြ ၏။
Momma wɔntena. Nanso, yɛbɛma wɔabu nnua, akɔ asuo ama asafo no nyinaa.” Enti Israelfoɔ no dii ɛbɔ a wɔahyɛ Gibeonfoɔ no so.
22 ၂၂ ယောရှုသည်ဂိဗောင်မြို့သားတို့ကိုဆင့်ခေါ် ၍``သင်တို့သည်ငါတို့အနီးတွင်နေထိုင်ပါ လျက်နှင့် ဝေးသောအရပ်မှလာသည်ဟု အဘယ်ကြောင့်ငါတို့ကိုလှည့်စားပြောဆို ကြပါသနည်း။-
Na Yosua frɛɛ Gibeonfoɔ mpanimfoɔ no bisaa wɔn sɛ, “Adɛn enti na motwaa atorɔ kyerɛɛ yɛn? Adɛn enti na mokaa sɛ mote akyirikyiri asase so wɔ ɛberɛ a mote yɛn mu pɛɛ?
23 ၂၃ ထိုပြစ်မှုကြောင့်ဘုရားသခင်သည်သင်တို့ ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။ သို့ဖြစ်၍ ငါ့ဘုရားသခင်၏အိမ်တော်အတွက် သင်တို့ သည်ရေခပ်ထင်းခုတ်အလုပ်ကိုလုပ်၍ အမြဲကျွန်ခံရကြမည်'' ဟုဆို၏။
Nnome mmra mo so! Ɛfiri ɛnnɛ rekorɔ, mobɛbu nnua, atwe nsuo de akɔ me Onyankopɔn fie.”
24 ၂၄ ထိုအခါသူတို့က``ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်တစ်ပြည်လုံးကို သင်တို့အားပေးမည်ဟူ၍လည်းကောင်း၊ ပြည် သူပြည်သားအားလုံးတို့ကိုသတ်ဖြတ်သုတ် သင်ရမည်ဟူ၍လည်းကောင်း မိမိ၏အစေခံ မောရှေအားမိန့်တော်မူကြောင်းအကျွန်ုပ်တို့ ကြားသိရသဖြင့် သေဘေးကိုကြောက်ရွံ့ သောကြောင့်ထိုကဲ့သို့ပြုမိပါပြီ။-
Wɔbuaa Yosua sɛ, “Yɛyɛɛ saa, ɛfiri sɛ, wɔka kyerɛɛ yɛn sɛ, Awurade, mo Onyankopɔn hyɛɛ ne ɔsomfoɔ Mose sɛ ɔmmɛko nni saa asase yi nyinaa so na ɔnsɛe nnipa a wɔte so nyinaa. Yɛsuroo sɛ mobɛkum yɛn. Ɛno enti na ɛma yɛyɛɛ saa.
25 ၂၅ ယခုအကျွန်ုပ်တို့သည်ကိုယ်တော်၏လက် တွင်းသို့ရောက်ရှိနေပြီဖြစ်၍ ကိုယ်တော် ပြုသင့်သည်ဟုထင်သည့်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြလေသည်။-
Seesei yɛdan mo. Deɛ mosusu sɛ ɛyɛ ma mo biara no, monyɛ.”
26 ၂၆ ထိုကြောင့်ယောရှုသည်ဣသရေလအမျိုး သားတို့၏လက်ချက်ဖြင့် သေမည့်ဘေးမှ သူတို့ကိုကယ်ဆယ်လိုက်လေသည်။-
Yosua amma Israelfoɔ no ankum wɔn.
27 ၂၇ တစ်ချိန်တည်း၌ပင်သူတို့အားကျွန်များ အဖြစ်ဣသရေလအမျိုးသားများနှင့် ထာဝရဘုရား၏ယဇ်ပလ္လင်အတွက်ရေခပ် ထင်းခုတ်သည့်အလုပ်ကိုလုပ်စေ၏။ ယနေ့ တိုင်အောင်သူတို့သည်ထာဝရဘုရားရွေး ချယ်သောဝတ်ပြုကိုးကွယ်ရာဌာနတွင် ရေခပ်ထင်းခုတ်သည့်အလုပ်ကိုလုပ်ရ ကြလေသည်။
Na ɛda no, ɔmaa Gibeonfoɔ no yɛɛ nnuabufoɔ ne asukɔfoɔ maa Israelfoɔ ne Awurade afɔrebukyia no wɔ baabiara a Awurade bɛka sɛ wɔnsi no no. Saa nhyehyɛeɛ no wɔ hɔ bɛsi ɛnnɛ.