< ယောရှု 6 >

1 ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ယေ​ရိ​ခေါ​မြို့ တွင်း​သို့​မ​ဝင်​နိုင်​ရန်​မြို့​တံ​ခါး​များ​ကို​ပိတ် ၍ အ​စောင့်​များ​ချ​ထား​လေ​သည်။ မည်​သူ​မျှ မြို့​ကို​ဝင်​ထွက်​သွား​လာ​ခြင်း​မ​ပြု​နိုင်။-
Now Jericho was tightly shut up because of the children of Israel. No one went out, and no one came in.
2 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ငါ​သည် ယေ​ရိ​ခေါ​မြို့​နှင့်​တ​ကွ မြို့​ကို​အုပ်​ချုပ်​သော မင်း​ကြီး​နှင့်​သူ​ရ​သတ္တိ​ရှိ​သော​စစ်​သူ​ရဲ အ​ပေါင်း​တို့​ကို သင်​၏​လက်​တွင်း​သို့​ကျ ရောက်​စေ​မည်။-
YHWH said to Joshua, "Look, I have given Jericho into your hand, with its king and the mighty men of valor.
3 သင်​နှင့်​သင်​၏​စစ်​သည်​တို့​သည်​တစ်​နေ့​လျှင် တစ်​ကြိမ်​ကျ​ဖြင့် ခြောက်​ရက်​တိုင်​မြို့​ကို​ပတ် ၍​ချီ​တက်​ရ​ကြ​မည်။-
All your men of war shall march around the city, going around the city once. You shall do this six days.
4 ယဇ်​ပု​ရော​ဟိတ်​ခုနစ်​ယောက်​တို့​သည်​တံပိုး​ခ​ရာ တစ်​လုံး​စီ​ကိုင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​က သွား​ရ​မည်။ သတ္တမ​နေ့​တွင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​တံပိုး​ခရာ​မှုတ်​၍​ရှေ့​ဆောင်​လျက် သင်​နှင့် သင်​၏​စစ်​သည်​တို့​သည်​မြို့​ကို​ခု​နစ်​ကြိမ် ပတ်​ရ​ကြ​မည်။-
Seven priests shall bear seven trumpets of rams' horns before the ark. On the seventh day, you shall march around the city seven times, and the priests shall blow the trumpets.
5 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​တံ​ပိုး​ခ​ရာ​ကို အ​သံ​ရှည်​ရှည်​တစ်​ချက်​မှုတ်​ရ​ကြ​မည်။ ထို အ​ချက်​ပေး​သံ​ကို​ကြား​ရ​လျှင် လူ​အ​ပေါင်း တို့​သည် အ​သံ​ကျယ်​စွာ​အော်​ဟစ်​ရ​ကြ​မည်။ ထို​အ​ခါ​မြို့​ရိုး​များ​ပြို​ကျ​သ​ဖြင့်​စစ်​သည် တပ်​သား​အား​လုံး မိ​မိ​တို့​ရှိ​နေ​ရာ​မှ​မြို့ တွင်း​သို့​အ​တား​အ​ဆီး​မ​ရှိ​ဘဲ​ဝင်​ရောက် နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
It shall be that when they make a long blast with the ram's horn, and when you hear the sound of the trumpet, all the people shall shout with a great shout; and the wall of the city shall fall down flat, and the people shall go up every man straight before him."
6 ယော​ရှု​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ကို​ခေါ်​ပြီး လျှင်``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ လော့။ သင်​တို့​အ​နက်​ခု​နစ်​ယောက်​တို့​သည် တံ​ပိုး​ခ​ရာ​များ​ကို​ကိုင်​လျက် ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရှေ့​က​သွား​ကြ​လော့'' ဟု​မှာ ကြား​၏။-
Joshua the son of Nun called the priests, and said to them, "Take up the ark of the covenant, and let seven priests bear seven trumpets of rams' horns before the ark of YHWH."
7 ရှေ့​ဆုံး​မှ​တပ်​သား​များ၊ ထို​နောက်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်၊ နောက်​ဆုံး တွင်​လူ​တို့​လိုက်​ပါ​လျက် မြို့​ကို​ပတ်​၍​ချီ တက်​ရန်​ယော​ရှု​အ​မိန့်​ပေး​လေ​၏။-
And he said to the people, "Advance. March around the city, and let the armed men pass on before YHWH's ark."
8 ယော​ရှု​အ​မိန့်​ပေး​သည့်​အ​တိုင်း​တံပိုး​ခရာ​မှုတ် သော​ယဇ်​ပု​ရော​ဟိတ်​များ​ရှေ့​က လက်​နက်​ကိုင် တပ်​သား​များ​စ​တင်​ချီ​တက်​လေ​သည်။ သူ​တို့ နောက်​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင် သော​ယဇ်​ပု​ရော​ဟိတ်​များ၊ သူ​တို့​နောက်​တွင် တပ်​သား​များ​လိုက်​ပါ​ချီ​တက်​ကြ​သည်။ သူ တို့​ချီ​တက်​နေ​စဉ်​ယဇ်​ပု​ရော​ဟိတ်​များ​က တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ကြ​သည်။-
It was so, that when Joshua had spoken to the people, the seven priests bearing the seven trumpets of rams' horns before YHWH advanced, and blew the trumpets; and the ark of the covenant of YHWH followed them.
9
The armed men went before the priests who blew the trumpets, and the ark went after them. The trumpets sounded as they went.
10 ၁၀ ယော​ရှု​က​လူ​အ​ပေါင်း​တို့​အား``ငါ​အ​မိန့် မ​ပေး​မီ​မည်​သူ​မျှ​မ​အော်​ဟစ်​ရ။ စ​ကား တစ်​ခွန်း​မျှ​မ​ပြော​ရ'' ဟု​မှာ​ထား​ပြီး ဖြစ်​၏။-
Joshua commanded the people, saying, "You shall not shout, nor let your voice be heard, neither shall any word proceed out of your mouth, until the day I tell you to shout. Then you shall shout."
11 ၁၁ သို့​ဖြစ်​၍​ယော​ရှု​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အား​မြို့​ကို ပ​ထ​မ အ​ကြိမ်​လှည့်​ပတ်​စေ​၏။ ထို​နောက်​သူ​တို့​သည် စခန်း​သို့​ပြန်​လာ​၍​တစ်​ည​တာ​ရပ်​နား​ကြ သည်။
So he caused the ark of YHWH to go around the city, going about it once. Then they came into the camp, and lodged in the camp.
12 ၁၂ နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင်​ယော​ရှု​သည် နိုး​ထ​၏။ ယဇ်​ပု​ရော​ဟိတ်​နှင့်​စစ်​သည်​တို့​သည် ဒု​တိ​ယ​အကြိမ်​မြို့​ကို​ယ​ခင်​နည်း​အ​တိုင်း လှည့်​ပတ်​ကြ​၏။-
Joshua rose early in the morning, and the priests took up the ark of YHWH.
13 ၁၃ ရှေ့​ဆုံး​က​တပ်​သား​များ၊ ထို​နောက်​တံ​ပိုး​ခ​ရာ ခု​နစ်​လုံး​ကို​မှုတ်​သော​ယဇ်​ပု​ရော​ဟိတ်​ခု​နစ် ယောက်၊ သူ​တို့​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​နောက်​ဆုံး​တပ်​သား​များ​လိုက် ပါ​ချီ​တက်​ကြ​၏။ သူ​တို့​ချီ​တက်​နေ​စဉ် ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကို​မှုတ်​ကြ​သည်။-
The seven priests bearing the seven trumpets of rams' horns before the ark of YHWH went on continually, and blew the trumpets: and the armed men went before them. The rear guard came after the ark of YHWH. The trumpets sounded as they went.
14 ၁၄ ဒု​တိ​ယ​နေ့​၌​သူ​တို့​သည်​တစ်​ဖန်​မြို့​ကို တစ် ကြိမ်​လှည့်​ပတ်​၍​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။ သူ​တို့​သည်​ဤ​နည်း​နှင်​နှင်​ခြောက်​ရက် တိုင်​တိုင်​မြို့​ကို​လှည့်​ပတ်​ကြ​သည်။
The second day they marched around the city once, and returned into the camp. They did this six days.
15 ၁၅ သတ္တမ​နေ့​နံ​နက်​အ​ရုဏ်​တက်​အ​ချိန်​၌​သူ​တို့ သည်​နိုး​ထ​၍ ယ​ခင်​လှည့်​ပတ်​နည်း​အ​တိုင်း​မြို့ ကို​ခုနစ်​ကြိမ်​လှည့်​ပတ်​ကြ​လေ​သည်။ ထို​နေ့​၌ သာ​မြို့​ကို​ခု​နစ်​ကြိမ်​တိုင်​အောင်​လှည့်​ပတ်​ကြ သည်။-
It happened on the seventh day, that they rose early at the dawning of the day, and marched around the city in the same way seven times. Only on this day they marched around the city seven times.
16 ၁၆ မြို့​ကို​သတ္တ​မ​အ​ကြိမ်​လှည့်​ပတ်​နေ​စဉ်​ယဇ် ပု​ရော​ဟိတ်​များ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​အံ့ ဆဲ​ဆဲ​၌​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``ဟစ် အော်​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​အား​မြို့​ကို​အပ်​တော်​မူ​ပြီ။-
It happened at the seventh time, when the priests blew the trumpets, Joshua said to the people, "Shout, for YHWH has given you the city.
17 ၁၇ မြို့​နှင့်​တ​ကွ​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ပူ​ဇော် သ​ကာ​အ​ဖြစ်​လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။ ပြည့် တန်​ဆာ​မ​ရာ​ခပ်​သည်​ငါ​တို့​၏​သူ​လျှို​များ ကို​ဝှက်​ထား​ခဲ့​သော​ကြောင့် သူ​နှင့်​သူ​၏​အိမ် သူ​အိမ်​သား​တို့​ကို​သာ​လျှင်​အ​သက်​ချမ်း သာ​ပေး​ရ​မည်။-
The city shall be devoted, even it and all that is in it, to YHWH. Only Rahab the prostitute shall live, she and all who are with her in the house, because she hid the messengers that we sent.
18 ၁၈ သို့​ရာ​တွင်​သင်​တို့​သည်​ဖျက်​ဆီး​ပစ်​ရ​မည့် အ​ရာ​များ​မှ​မည်​သည့်​ပစ္စည်း​မျှ​မ​ယူ​ရ။ အ​ကယ်​၍​ယူ​မိ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​စ​ခန်း​တွင်​ဘေး​ဒုက္ခ​ဆိုက်​ရောက် လိမ့်​မည်။-
But as for you, only keep yourselves from the devoted thing, so as not to covet and take of the devoted thing and make the camp of Israel accursed, and bring trouble on it.
19 ၁၉ ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​ထား​သော ဝတ္ထု​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ကား ထာ​ဝ​ရ​ဘု​ရား အ​တွက်​သီး​သန့်​သတ်​မှတ်​ထား​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဘဏ္ဍာ​တော်​တိုက်​ထဲ​သို့​သွင်း​ထား​ရ မည်'' ဟု​မိန့်​ဆို​လေ​သည်။
But all the silver, and gold, and vessels of bronze and iron, are holy to YHWH. They shall come into YHWH's treasury."
20 ၂၀ ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​တို့​တံ​ပိုး​ခရာ မှုတ်​လျှင်​မှုတ်​ခြင်း လူ​အ​ပေါင်း​တို့​သည် တ​ခဲ​နက်​ကြွေး​ကြော်​ရာ​မြို့​ရိုး​များ​ပြို​ကျ လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည်​မြို့​တွင်း​သို့​အ​တား​အ​ဆီး​မ​ရှိ​ဘဲ ဝင်​ရောက်​၍​မြို့​ကို​သိမ်း​ယူ​ကြ​၏။-
So the people shouted, and the priests blew the trumpets. It happened, when the people heard the sound of the trumpet, that the people shouted with a great shout, and the wall fell down flat, so that the people went up into the city, every man straight before him, and they took the city.
21 ၂၁ သူ​တို့​သည်​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ယောကျာ်း၊ မိန်း​မ​အ​ကြီး​အ​ငယ်​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း​တို့​ကို​လည်း​ကောင်း၊ ဋ္ဌား​ဖြင့်​သတ် ဖြတ်​သုတ်​သင်​ကြ​၏။
They utterly destroyed all that was in the city, both man and woman, both young and old, and ox, and sheep, and donkey, with the edge of the sword.
22 ၂၂ ထို​နောက်​ယော​ရှု​သည်​ထို​ပြည်​ကို​ထောက်​လှမ်း ခဲ့​သော​သူ​လျှို​နှစ်​ယောက်​တို့​အား``သင်​တို့​သည် ပြည့်​တန်​ဆာ​မ​အား​က​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သူ့​အိမ်​သူ​အိမ်​သား​တို့​ကို​ခေါ်​ဆောင်​ခဲ့​လော့'' ဟု စေ​ခိုင်း​လေ​၏။-
And Joshua said to the two young men who had spied out the land, "Go into the prostitute's house, and bring out from there the woman and all that she has, as you swore to her."
23 ၂၃ ထို​ကြောင့်​သူ​တို့​သည်​ရာခပ်​နှင့်​တ​ကွ​သူ​၏ မိ​ဘ​များ၊ မောင်​နှ​မ​များ​နှင့်​အိမ်​သူ​အိမ်​သား များ​ကို​ခေါ်​ဆောင်​ခဲ့​၏။ ကျေး​ကျွန်​များ​ပါ မ​ကျန်​သူ​တို့​အား​လုံး​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​စ​ခန်း​အ​နီး​လုံ​ခြုံ​သော အ​ရပ်​တွင်​နေ​ရာ​ချ​ထား​ကြ​လေ​သည်။-
The young men who were spies went in, and brought out Rahab with her father, her mother, her brothers, and all that she had. They also brought out all her relatives, and they set them outside of the camp of Israel.
24 ၂၄ ထို​နောက်​သူ​တို့​သည်​မြို့​နှင့်​တ​ကွ​မြို့​တွင်း ၌​ရှိ​သ​မျှ​သော​အ​ရာ​အား​လုံး​ကို​မီး​ရှို့ ဖျက်​ဆီး​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည် ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​သော​ဝတ္ထု​ပစ္စည်း များ​ကို​သိမ်း​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဘဏ္ဍာ တော်​တိုက်​ထဲ​သို့​သွင်း​ကြ​သည်။-
They burnt the city with fire, and all that was in it. Only they put the silver, the gold, and the vessels of bronze and of iron into the treasury of YHWH's house.
25 ၂၅ ပြည့်​တန်​ဆာ​မ​ရာ​ခပ်​သည်​ယေ​ရိ​ခေါ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် စေ​လွှတ်​လိုက် သော​သူ​နှစ်​ယောက်​တို့​ကို​ဝှက်​ထား​ခဲ့​ခြင်း ကြောင့် ယော​ရှု​သည်​သူ​နှင့်​သူ​၏​ဆွေ​မျိုး​အား လုံး​တို့​ကို​အ​သက်​ချမ်း​သာ​ပေး​၏။ (သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​လျက်​ရှိ​ကြ​သည်။)
But Rahab the prostitute, her father's household, and all that she had, Joshua saved alive. She lived in the midst of Israel to this day, because she hid the messengers, whom Joshua sent to spy out Jericho.
26 ၂၆ ထို​အ​ခါ​ယော​ရှု​က``ယေ​ရိ​ခေါ​မြို့​ကို​ပြန် လည်​တည်​ဆောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​၏​ကျိန်​စာ​သင့်​ပါ​စေ​သား။ မြို့​၏​အုတ်​မြစ်​ကို​တည်​သော​သူ​သည် သား​ဦး​ဆုံး​ရ​ပါ​စေ​သား။ မြို့​တံ​ခါး​ကို​ဆောက်​သော​သူ​သည်​သား​ထွေး ဆုံး​ရ​ပါ​စေ​သား'' ဟူ​၍​ကျိန်​ဆို​လေ​၏။
Joshua commanded them with an oath at that time, saying, "Cursed be the man before YHWH, who rises up and builds this city Jericho. With the loss of his firstborn shall he lay its foundation, and with the loss of his youngest son shall he set up its gates."
27 ၂၇ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​နှင့်​အ​တူ​ရှိ တော်​မူ​၍​သူ​၏​နာ​မည်​သည်​တစ်​ပြည်​လုံး တွင်​ထင်​ရှား​ကျော်​စော​လေ​၏။
So YHWH was with Joshua; and his fame was in all the land.

< ယောရှု 6 >