< ယောရှု 5 >
1 ၁ ယော်ဒန်မြစ်အနောက်ဘက်တွင်စိုးစံသောအာ မောရိဘုရင်များနှင့် မြေထဲပင်လယ်ကမ်းခြေ တစ်လျှောက်စိုးစံသောခါနာန်ဘုရင်အပေါင်း တို့သည် ဣသရေလအမျိုးသားတို့ယော်ဒန် မြစ်ကိုဖြတ်ကူးပြီးသည်အထိ မြစ်ရေကို ထာဝရဘုရားခန်းခြောက်စေတော်မူကြောင်း ကြားသိရကြ၏။ ထိုကြောင့်သူတို့သည် ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့ ၍စိတ်ပျက်အားလျော့ကြကုန်၏။
Mafumu onse a Aamori, a kummawa kwa Yorodani ndi mafumu onse a Akanaani a mʼmbali mwa Nyanja anamva momwe Yehova anawumitsira Yorodani pamene Aisraeli ankawoloka. Choncho anachita mantha ndi kutayiratu mtima chifukwa cha Aisraeliwo.
2 ၂ ထာဝရဘုရားသည်ယောရှုအား``ကျောက် စောင်းဋ္ဌားများကိုပြုလုပ်၍ဣသရေလ အမျိုးသားတို့အား အရေဖျားလှီးခြင်း မင်္ဂလာကိုစီရင်ပေးလော့''ဟုမိန့်တော်မူ၏။-
Tsono Yehova anati kwa Yoswa, “Panga mipeni ya miyala ndipo uchitenso mwambo wa mdulidwe pa Aisraeli.”
3 ၃ သို့ဖြစ်၍ယောရှုသည်``အရေဖျားလှီးခြင်း တောင်ကုန်း'' ဟုနာမည်တွင်သည့်အရပ်တွင် ဣသရေလအမျိုးသားတို့အား အရေဖျား လှီးခြင်းမင်္ဂလာကိုစီရင်ပေးလေ၏။-
Choncho Yoswa anapanga mipeni ya miyala ndi kuchita mdulidwe Aisraeli ku Gibeyati Haaraloti.
4 ၄ အီဂျစ်ပြည်မှထွက်လာသောယောကျာ်းအား လုံးတို့သည် အရေဖျားလှီးခြင်းမင်္ဂလာကို ခံပြီးဖြစ်သည်။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် နှစ်ပေါင်းလေးဆယ်ကြာ သောတောကန္တာရခရီးတွင်မည်သည့်ယောကျာ်း ကလေးမျှအရေဖျားလှီးခြင်းမင်္ဂလာကို မခံခဲ့ရချေ။ ထိုအနှစ်လေးဆယ်ကာလ ကုန်ဆုံးသောအခါ၌အီဂျစ်ပြည်မှထွက် လာသောစစ်မှုထမ်းအရွယ်ရောက်သူယောကျာ်း အပေါင်းတို့သည် ထာဝရဘုရား၏ပညတ် တော်ကိုမလိုက်နာသဖြင့်သေဆုံးကြကုန်၏။ ထာဝရဘုရားသည်ဘိုးဘေးတို့အားပေး မည်ဟုကတိထားတော်မူသောမြေသြဇာ ထက်သန်၍ အစာရေစာပေါကြွယ်ဝသည့် ပြည်ကို ထိုသူတို့မမြင်ရဟုကျိန်ဆိုတော် မူသည်နှင့်အညီမြင်ခွင့်ကိုမရကြချေ။-
Chifukwa chimene Yoswa anachitira izi ndi ichi: Onse amene anatuluka mʼdziko la Igupto, amuna onse amene anali oyenera kumenya nkhondo anatha kufa mʼchipululu atatuluka mʼdziko la Igupto.
Anthu onse amene anatuluka mʼdziko la Igupto anali atachita mwambo wa mdulidwe, koma onse amene anabadwira mʼchipululu, pa ulendo wochoka ku Igupto, sanachite.
Aisraeli anakhala akuyenda mʼchipululu kwa zaka makumi anayi mpaka amuna onse amene potuluka mʼdziko la Igupto anali a msinkhu woyenera kupita ku nkhondo anamwalira. Iwo anafa chifukwa sanamvere mawu a Yehova. Yehova anawalumbirira kuti sadzalowa konse mʼdziko loyenda mkaka ndi uchi limene analonjeza kwa makolo awo kuti adzatipatsa.
7 ၇ သူတို့၏သားများသည်အရေဖျားလှီး ခြင်းမင်္ဂလာကိုမခံခဲ့ရသဖြင့် ယောရှု သည်ထိုသားများအတွက်အရေဖျားလှီး ခြင်းမင်္ဂလာကိုစီရင်ပေးခြင်းဖြစ်သည်။
Koma ana awo amene analowa mʼmalo mwawo ndiwo amene Yoswa anawachita mdulidwe popeza sanachite pamene anali pa ulendo wawo mʼchipululu muja.
8 ၈ အရေဖျားလှီးခြင်းမင်္ဂလာကိုစီရင်ပြီးနောက် ဣသရေလအမျိုးသားအပေါင်းတို့သည်အနာ ကျက်သည့်တိုင်အောင်စခန်းထဲတွင်နေထိုင် ကြလေသည်။-
Atamaliza kuchita mdulidwe uja, anthu onse anakakhala ku misasa yawo kudikira kuti zilonda zipole.
9 ၉ ထိုနောက်ထာဝရဘုရားသည်ယောရှုအား``အီဂျစ် ပြည်တွင်သင်တို့ကျွန်ခံရသောအရှက်ကိုငါ သည်ယနေ့ဖယ်ရှားပြီ'' ဟုမိန့်တော်မူ၏။ ထို့ ကြောင့်ထိုအရပ်သည်ယနေ့တိုင်အောင်ဂိလ ဂါလ ဟုနာမည်တွင်လေသည်။
Kenaka Yehova anati kwa Yoswa, “Kuyambira tsopano anthu a ku Igupto sadzakunyozaninso.” Nʼchifukwa chake malowa anatchedwa Giligala mpaka lero.
10 ၁၀ ဣသရေလအမျိုးသားတို့သည်ယေရိခေါ မြို့အနီးလွင်ပြင်၌ရှိသောဂိလဂါလ အရပ်တွင် စခန်းချနေစဉ်ပထမလတစ် ဆယ့်လေးရက်နေ့ည၌ပသခါပွဲတော်ကို ကျင်းပကြသည်။-
Akupumulabe ku Giligala kuja mʼchigwa cha Yeriko, Aisraeli anachita chikondwerero cha Paska madzulo pa tsiku la 14 la mwezi woyamba womwewo.
11 ၁၁ နောက်တစ်နေ့၌သူတို့သည်ပထမဦးဆုံးအကြိမ် အနေဖြင့် ခါနာန်ပြည်ထွက်စပါးနှင့်ပြုလုပ် သောပေါက်ပေါက်နှင့်တဆေးမပါသောမုန့်ကို စားရကြသည်။-
Mmawa mwake ndi pamene anayamba kudya zakudya za mʼdziko la Kanaani. Anaphika buledi wopanda yisiti ndi kukazinga tirigu tsiku lomwelo.
12 ၁၂ ထိုနေ့မှစ၍မန္နမုန့်ကောင်းကင်မှမကျသဖြင့် ဣသရေလအမျိုးသားတို့သည်မန္နမုန့်ကို မစားရတော့ချေ။ ထိုအချိန်မှစ၍သူတို့ သည်ခါနာန်ပြည်ထွက်အသီးအနှံများကို စားရကြသည်။
Atangodya chakudya cha mʼdzikomo, mana anasiya kugwa, ndipo sanapezekenso. Kuyambira nthawi imeneyo Aisraeli anayamba kudya chakudya cha mʼdziko la Kanaani.
13 ၁၃ ယောရှုသည်ယေရိခေါမြို့အနီးသို့ရောက်ရှိ လာစဉ် မိမိရှေ့တွင်ဋ္ဌားလွတ်ကိုင်သူတစ်ဦး ရပ်နေသည်ကိုရုတ်တရက်မြင်ရသည်။ ယောရှု သည်ထိုသူထံသို့ချဉ်းကပ်၍``သင်သည်ငါတို့ ဘက်တော်သားလော၊ ရန်သူလော'' ဟုမေး၏။
Tsiku lina pamene Yoswa anali pafupi ndi Yeriko, anakweza maso ake ndipo mwadzidzidzi anaona munthu atayima patsogolo pake ndi lupanga losolola mʼdzanja lake. Yoswa anapita pamene panali munthuyo ndipo anamufunsa kuti, “Kodi uli mbali yathu kapena ya adani athu?”
14 ၁၄ ထိုသူက``ဘက်တော်သားလည်းမဟုတ်၊ ရန်သူ လည်းမဟုတ်၊ ထာဝရဘုရား၏တပ်မှူးအ ဖြစ်ငါလာ၏'' ဟုဖြေကြား၏။ ထိုအခါယောရှုသည်မြေပေါ်တွင်ပျပ်ဝပ်ရှိခိုး လျက်``အရှင်၊ ကိုယ်တော့်ကျွန်အားအမိန့်ရှိတော် မူပါ'' ဟုလျှောက်လေ၏။
Iye anayankha kuti “Sindili mbali iliyonse. Ndabwera monga mkulu wa asilikali a Yehova.” Pomwepo Yoswa anadzigwetsa chafufumimba kupereka ulemu, ndipo anamufunsa, “Kodi mbuye wanga muli ndi uthenga wotani kwa mtumiki wanu?”
15 ၁၅ ထာဝရဘုရား၏တပ်မှူးက``သင်၏ဖိနပ်ကို ချွတ်လော့။ သင်နင်းသောမြေသည်သန့်ရှင်းမြင့် မြတ်သောမြေဖြစ်၏'' ဟုဆိုလေ၏။ ထိုသူ အမိန့်ပေးသည်အတိုင်းယောရှုလိုက်နာ၏။
Mkulu wa asilikali a Yehova uja anayankha kuti, “Vula nsapato zako, pakuti wayima pa malo wopatulika.” Ndipo Yoswa anachitadi zimene anawuzidwazo.