< ယောရှု 4 >
1 ၁ ဣသရေလလူမျိုးတစ်ရပ်လုံးယော်ဒန်မြစ် ကိုဖြတ်ကူးပြီးသောအခါ ထာဝရဘုရား သည်ယောရှုအား၊-
Y CUANDO toda la gente hubo acabado de pasar el Jordán, Jehová habló á Josué, diciendo:
2 ၂ ``ဣသရေလတစ်နွယ်လျှင်တစ်ဦးကျဖြင့် တစ်ဆယ့်နှစ်ယောက်ကိုရွေးချယ်၍၊-
Tomad del pueblo doce hombres, de cada tribu uno,
3 ၃ ယော်ဒန်မြစ်လယ်၊ ယဇ်ပုရောဟိတ်များရပ်တန့် ခဲ့သောနေရာမှ ကျောက်တုံးတစ်ဆယ့်နှစ်တုံး ကိုသယ်ယူစေလော့။ သင်တို့ယနေ့စခန်းချ ရာအရပ်တွင်ထိုကျောက်တုံးများကိုထား လော့'' ဟုမိန့်တော်မူ၏။
Y mandadles, diciendo: Tomaos de aquí del medio del Jordán, del lugar donde están firmes los pies de los sacerdotes, doce piedras, las cuales pasaréis con vosotros, y las asentaréis en el alojamiento donde habéis de tener la noche.
4 ၄ ထို့ကြောင့်ယောရှုသည်ရွေးချယ်ပြီးသောလူ တစ်ဆယ့်နှစ်ယောက်ကိုဆင့်ခေါ်၍၊-
Entonces Josué llamó á los doce hombres, los cuales había él ordenado de entre los hijos de Israel, de cada tribu uno;
5 ၅ ``သင်တို့သည်ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့က ယော်ဒန်မြစ်ထဲ သို့ဆင်းလော့။ ဣသရေလတစ်နွယ်စီအတွက် တစ်ဦးလျှင်ကျောက်တုံးတစ်တုံးကျသယ် ဆောင်ခဲ့ရမည်။-
Y díjoles Josué: Pasad delante del arca de Jehová vuestro Dios al medio del Jordán; y cada uno de vosotros tome una piedra sobre su hombro, conforme al número de las tribus de los hijos de Israel;
6 ၆ ဤကျောက်တုံးများသည်ထာဝရဘုရား ပြုတော်မူသောအမှုတော်ကို လူတို့အား သတိရစေမည့်အထိမ်းအမှတ်ဖြစ်သည်။ နောင်အခါ၌သင်တို့၏သားသမီးများ က`ဤကျောက်တုံးများသည်မည်သည့်အဋ္ဌိပ္ပါယ် ကိုဆောင်ပါသနည်း' ဟုမေးမြန်းလျှင်၊-
Para que esto sea señal entre vosotros; y cuando vuestros hijos preguntaren á sus padres mañana, diciendo: ¿Qué os significan estas piedras?
7 ၇ သင်တို့ကထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ယော်ဒန်မြစ်ကိုဖြတ်ကူးစဉ်အခါက မြစ်ရေစီးရပ်တန့်သွားကြောင်းပြန်ပြောရ ကြမည်။ ဤကျောက်တုံးများသည်ဤအရပ် တွင်ဖြစ်ပျက်ခဲ့သမျှတို့ကိုဣသရေလ အမျိုးသားတို့အားအစဉ်သတိရစေ လိမ့်မည်'' ဟုဆို၏။
Les responderéis: Que las aguas del Jordán fueron partidas delante del arca del pacto de Jehová; cuando ella pasó el Jordán, las aguas del Jordán se partieron: y estas piedras serán por memoria á los hijos de Israel para siempre.
8 ၈ ထိုသူတို့သည်ယောရှုစေခိုင်းသမျှကို ဆောင်ရွက်ကြ၏။ ထာဝရဘုရားသည်ယောရှု အားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည် ဣသရေလတစ်နွယ်လျှင်ကျောက်တုံးတစ် တုံးကျဖြင့်ကျောက်တုံးတစ်ဆယ့်နှစ်တုံး ကို ယော်ဒန်မြစ်လယ်မှသယ်ဆောင်၍စခန်း တွင်း၌ချထားကြ၏။-
Y los hijos de Israel lo hicieron así como Josué [les] mandó: que levantaron doce piedras del medio del Jordán, como Jehová lo había dicho á Josué, conforme al número de las tribus de los hijos de Israel, y pasáronlas consigo al alojamiento, y las asentaron allí.
9 ၉ ယောရှုသည်ယော်ဒန်မြစ်လယ်တွင်ပဋိညာဉ် သေတ္တာတော်ကို ပင့်ဆောင်သောယဇ်ပုရောဟိတ် များရပ်သည့်နေရာ၌လည်း ကျောက်တုံးတစ် ဆယ့်နှစ်တုံးကိုစိုက်ထူထား၏။ (ထိုကျောက် တုံးများသည်ထိုနေရာတွင်ယနေ့တိုင် တည်ရှိ၏။-)
Josué también levantó doce piedras en medio del Jordán, en el lugar donde estuvieron los pies de los sacerdotes que llevaban el arca del pacto; y han estado allí hasta hoy.
10 ၁၀ ယောရှုမှတစ်ဆင့်ထာဝရဘုရားမိန့်မှာ သမျှကို လူအပေါင်းတို့ဆောင်ရွက်ပြီးစီး သည်အထိ ယဇ်ပုရောဟိတ်တို့သည်ယော်ဒန် မြစ်လယ်တွင်ရပ်နေကြ၏။ ဤသို့ဆောင် ရွက်ရန်မောရှေမှာကြားခဲ့ခြင်းဖြစ်၏။ လူတို့သည်လည်းမြစ်ကိုအလျင်အမြန် ဖြတ်ကူးကြ၏။-
Y los sacerdotes que llevaban el arca se pararon en medio del Jordán, hasta tanto que se acabó todo lo que Jehová había mandado á Josué que hablase al pueblo, conforme á todas las cosas que Moisés había á Josué mandado: y el pueblo se dió priesa y pasó.
11 ၁၁ သူတို့အားလုံးတစ်ဘက်ကမ်းသို့ရောက်ရှိ ကြသောအခါ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်၍လူတို့ရှေ့ကသွားကြ သည်။-
Y cuando todo el pueblo acabó de pasar, pasó también el arca de Jehová, y los sacerdotes, en presencia del pueblo.
12 ၁၂ ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်မနာရှေအနွယ်တစ် ဝက်တို့သည်မောရှေမှာကြားခဲ့သည့်အတိုင်း အခြားဣသရေလအမျိုးသားတို့ရှေ့က လက်နက်စွဲကိုင်၍ချီတက်ကြသည်။-
También los hijos de Rubén y los hijos de Gad, y la media tribu de Manasés, pasaron armados delante de los hijos de Israel, según Moisés les había dicho:
13 ၁၃ သူတို့သည်လူအင်အားလေးသောင်းခန့်ရှိ၍ တိုက်ပွဲဝင်ရန် ထာဝရဘုရား၏ရှေ့တော်၌ မြစ်ကိုဖြတ်လျက် ယေရိခေါမြို့အနီးရှိ လွင်ပြင်သို့ချီတက်ကြလေသည်။-
Como cuarenta mil hombres armados á punto pasaron hacia la campiña de Jericó delante de Jehová á la guerra.
14 ၁၄ ထိုနေ့၌ထာဝရဘုရားပြုတော်မူသော အမှုကြောင့် ဣသရေလအမျိုးသားတို့သည် ယောရှုအားခေါင်းဆောင်ကြီးအဖြစ်ရိုသေ လေးစားကြ၏။ သူတို့သည်မောရှေကိုရိုသေ လေးစားသည့်နည်းတူယောရှုကိုလည်း သူ အသက်ရှင်သမျှကာလပတ်လုံးရိုသေ လေးစားကြ၏။
En aquel día Jehová engrandeció á Josué en ojos de todo Israel: y temiéronle, como habían temido á Moisés, todos los días de su vida.
15 ၁၅ ထိုနောက်ထာဝရဘုရားသည်ပဋိညာဉ် သေတ္တာတော်ကို ပင့်ဆောင်သောယဇ်ပုရော ဟိတ်များယော်ဒန်မြစ်ထဲမှတက်လာရန် ယောရှုအားဆင့်ဆိုစေတော်မူ၏။-
Y Jehová habló á Josué, diciendo:
Manda á los sacerdotes que llevan el arca del testimonio, que suban del Jordán.
17 ၁၇ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယောရှုဆင့်ဆိုလေ၏။-
Y Josué mandó á los sacerdotes, diciendo: Subid del Jordán.
18 ၁၈ ယဇ်ပုရောဟိတ်တို့သည်မြစ်ကမ်းပေါ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် မြစ်ရေသည်တစ် ဖန်စီးဆင်းသဖြင့်ကမ်းတစ်လျှောက်လုံး ရေပြည့်လျှံလာ၏။
Y aconteció que como los sacerdotes que llevaban el arca del pacto de Jehová, subieron del medio del Jordán, y las plantas de los pies de los sacerdotes estuvieron en seco, las aguas del Jordán se volvieron á su lugar, corriendo como antes sobre todos sus bordes.
19 ၁၉ လူအပေါင်းတို့သည်ပထမလဆယ်ရက်နေ့ ၌ယော်ဒန်မြစ်ကိုဖြတ်ကူးကြပြီးနောက် ယေရိခေါမြို့အရှေ့၊ ဂိလဂါလအရပ် ၌စခန်းချကြသည်။-
Y el pueblo subió del Jordán el diez del mes primero, y asentaron el campo en Gilgal, al lado oriental de Jericó.
20 ၂၀ ယောရှုသည်ယော်ဒန်မြစ်တွင်းမှသယ်ယူခဲ့ သောကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုထို အရပ်တွင်စိုက်ထူလေ၏။-
Y Josué erigió en Gilgal las doce piedras que habían traído del Jordán.
21 ၂၁ ထိုနောက်သူသည်ဣသရေလအမျိုးသား တို့အား``နောင်အခါ၌သင်တို့၏သားသမီး တို့ကဤကျောက်တုံးများသည် မည်သည့် အဋ္ဌိပ္ပါယ်ကိုဆောင်ပါသနည်းဟူ၍သင် တို့အားမေးမြန်းကြလျှင်၊-
Y habló á los hijos de Israel, diciendo: Cuando mañana preguntaren vuestros hijos á sus padres, y dijeren: ¿Qué os significan estas piedras?
22 ၂၂ သင်တို့ကဣသရေလအမျိုးသားတို့သည် ယော်ဒန်မြစ်ကိုခြောက်သွေ့သောမြေပေါ် ဖြတ်ကူးခဲ့ကြောင်းကိုပြောကြားလော့။-
Declararéis á vuestros hijos, diciendo: Israel pasó en seco por este Jordán.
23 ၂၃ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ပင်လယ်နီကိုခြောက်သွေ့စေတော်မူသကဲ့သို့ ယော်ဒန်မြစ်ကိုသင်တို့ဖြတ်ကူးပြီးသည် တိုင်အောင်ခန်းခြောက်စေတော်မူကြောင်းပြော ကြားလော့။-
Porque Jehová vuestro Dios secó las aguas del Jordán delante de vosotros, hasta que habíais pasado, á la manera que Jehová vuestro Dios lo había hecho en el mar Bermejo, al cual secó delante de nosotros hasta que pasamos:
24 ၂၄ ဤအံ့ဖွယ်သောနိမိတ်လက္ခဏာကြောင့်ကမ္ဘာ ပေါ်ရှိလူအပေါင်းတို့သည် ထာဝရဘုရား ၏တန်ခိုးတော်ကြီးမားပုံကိုသိမြင်ကြ လိမ့်မည်။ သင်တို့သည်လည်းသင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲ ကြောက်ရွံ့ရိုသေကြလိမ့်မည်'' ဟုဆိုလေ ၏။
Para que todos los pueblos de la tierra conozcan la mano de Jehová, que es fuerte; para que temáis á Jehová vuestro Dios todos los días.