< ယောရှု 3 >
1 ၁ နောက်တစ်နေ့နံနက်စောစောအချိန်၌ ယောရှု နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် အကေရှစခန်းမှယော်ဒန်မြစ်သို့ထွက်ခွာ လာကြသည်။ မြစ်ကိုမဖြတ်ကူးမီမြစ်နား တွင်စခန်းချကြ၏။-
Joshua got up early in the morning; and they moved from Shittim and came to the Jordan, he and all the children of Israel. They camped there before they crossed over.
2 ၂ သုံးရက်လွန်ပြီးနောက်ခေါင်းဆောင်တို့သည် စခန်းသို့လှည့်လည်၍-
After three days, the officers went through the middle of the camp;
3 ၃ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ယဇ်ပုရောဟိတ်များ ပင့်ဆောင်လာသည်ကိုမြင်လျှင် သင်တို့သည် စခန်းသိမ်း၍သူတို့နောက်သို့လိုက်ကြရ မည်။-
and they commanded the people, saying, “When you see the ark of the LORD your God’s covenant, and the Levitical priests bearing it, then leave your place and follow it.
4 ၄ သင်တို့သည်ဤလမ်းကိုတစ်ခါမျှမသွား ဘူးသဖြင့် သူတို့ကလမ်းပြလိမ့်မည်။ သို့ ရာတွင်သင်တို့သည်ပဋိညာဉ်သေတ္တာတော် အနီးသို့မချဉ်းကပ်ရ။ သေတ္တာတော်နောက် မှမိုင်ဝက်ခန့်ခွာ၍လိုက်ရကြမည်'' ဟု လူအပေါင်းတို့အားမှာကြားလေ၏။
Yet there shall be a space between you and it of about two thousand cubits by measure—do not come closer to it—that you may know the way by which you must go; for you have not passed this way before.”
5 ၅ ထိုနောက်ယောရှုကလူတို့အား``နက်ဖြန် နေ့တွင်ထာဝရဘုရားသည်သင်တို့အား အံ့ဖွယ်သောနိမိတ်လက္ခဏာကိုပြတော်မူ မည်ဖြစ်၍ သင်တို့ကိုယ်ကိုသန့်စင်စေကြ လော့'' ဟုညွှန်ကြားလေ၏။-
Joshua said to the people, “Sanctify yourselves; for tomorrow the LORD will do wonders among you.”
6 ၆ ထိုနောက်သူသည်ယဇ်ပုရောဟိတ်တို့အား ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်၍ လူထု ရှေ့ကချီတက်ရန်စေခိုင်းသည့်အတိုင်းသူ တို့သည်ချီတက်သွားကြ၏။
Joshua spoke to the priests, saying, “Take up the ark of the covenant, and cross over before the people.” They took up the ark of the covenant, and went before the people.
7 ၇ ထာဝရဘုရားသည်ယောရှုအား``ဣသရေလ အမျိုးသားတို့ရှေ့တွင် ယနေ့မှစ၍သင့်အား ငါချီးမြှောက်မည်။ ငါသည်မောရှေနှင့်အတူ ရှိသကဲ့သို့သင်နှင့်အတူရှိကြောင်းသူတို့ သိရကြလိမ့်မည်။-
The LORD said to Joshua, “Today I will begin to magnify you in the sight of all Israel, that they may know that as I was with Moses, so I will be with you.
8 ၈ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ကြသော ယဇ်ပုရောဟိတ်များသည်မြစ်ကမ်းစပ်သို့ ရောက်သောအခါ သူတို့ကိုရေထဲ၌ရပ်နေ ရန်မှာကြားလော့'' ဟုမိန့်တော်မူ၏။
You shall command the priests who bear the ark of the covenant, saying, ‘When you come to the brink of the waters of the Jordan, you shall stand still in the Jordan.’”
9 ၉ ထိုနောက်ယောရှုသည်လူအပေါင်းတို့အား``လာ ကြ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကိုနားထောင်ကြလော့။-
Joshua said to the children of Israel, “Come here, and hear the words of the LORD your God.”
10 ၁၀ သင်တို့ချီတက်သောအခါဘုရားသခင် သည်ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဟိဝိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ အာမောရိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ကိုမုချနှင်ထုတ် တော်မူမည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အစိုးရတော်မူသောထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် သင်တို့ကိုရှေ့ ဆောင်၍ယော်ဒန်မြစ်ကိုဖြတ်ကူးသော အခါအသက်ရှင်တော်မူသောဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ သည်ကိုသင်တို့သိကြလိမ့်မည်။-
Joshua said, “By this you shall know that the living God is among you, and that he will without fail drive the Canaanite, the Hittite, the Hivite, the Perizzite, the Girgashite, the Amorite, and the Jebusite out from before you.
Behold, the ark of the covenant of the Lord of all the earth passes over before you into the Jordan.
12 ၁၂ ယခုမူဣသရေလတစ်နွယ်လျှင်တစ်ဦး ကျဖြင့် လူတစ်ဆယ့်နှစ်ယောက်ကိုရွေး ချယ်ကြလော့။-
Now therefore take twelve men out of the tribes of Israel, for every tribe a man.
13 ၁၃ ကမ္ဘာမြေကြီးတစ်ခုလုံးကိုအစိုးရတော် မူသော ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်ကြသည့်ယဇ်ပုရောဟိတ် များသည် မြစ်ရေကိုနင်းမိသည်နှင့်တစ်ပြိုင် နက်မြစ်ညာမှစီးဆင်းလာသောရေသည် ရပ်တန့်၍တစ်နေရာတည်းတွင်ပင်စုပုံ လျက်ရှိလိမ့်မည်'' ဟုဆိုလေ၏။
It shall be that when the soles of the feet of the priests who bear the ark of GOD, the Lord of all the earth, rest in the waters of the Jordan, that the waters of the Jordan will be cut off. The waters that come down from above shall stand in one heap.”
14 ၁၄ ထိုအချိန်အခါသည်စပါးရိတ်သိမ်းချိန် ဖြစ်သည်။ မြစ်ရေလျှံချိန်လည်းဖြစ်သည်။ လူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးရန်စခန်း မှထွက်ခွာလာကြသောအခါ ယဇ်ပုရောဟိတ် များသည်သူတို့ရှေ့ကပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်သွားကြ၏။ ယဇ်ပုရောဟိတ်များ သည်မြစ်ထဲသို့ဆင်းမိသည်နှင့်တစ်ပြိုင်နက်၊-
When the people moved from their tents to pass over the Jordan, the priests who bore the ark of the covenant being before the people,
and when those who bore the ark had come to the Jordan, and the feet of the priests who bore the ark had dipped in the edge of the water (for the Jordan overflows all its banks all the time of harvest),
16 ၁၆ ရေစီးရပ်တန့်၍မြစ်ညာဘက်အတန်ကွာ ဝေးသောနေရာ၌ တည်ရှိသည့်ဇာရတန် မြို့အနီးအာဒံမြို့၌ရေစုပုံလျက်ရှိလေ သည်။ ပင်လယ်သေထဲသို့စီးဆင်းသောမြစ် ရေသည်ပြတ်သွားသဖြင့် လူအပေါင်းတို့ သည်ယေရိခေါမြို့အနီးတစ်ဘက်ကမ်း သို့ဖြတ်ကူးနိုင်ကြလေသည်။-
the waters which came down from above stood, and rose up in one heap a great way off, at Adam, the city that is beside Zarethan; and those that went down toward the sea of the Arabah, even the Salt Sea, were wholly cut off. Then the people passed over near Jericho.
17 ၁၇ လူအပေါင်းတို့လျှောက်၍ဖြတ်ကူးပြီးသည် တိုင်အောင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်သော ယဇ်ပုရောဟိတ်များ သည်ခြောက်သွေ့သောမြစ်လယ်တွင်ရပ်နေ ကြ၏။
The priests who bore the ark of the LORD’s covenant stood firm on dry ground in the middle of the Jordan; and all Israel crossed over on dry ground, until all the nation had passed completely over the Jordan.