< ယောရှု 24 >
1 ၁ ယောရှုသည်ဣသရေလအနွယ်ဝင်အပေါင်း တို့ကိုရှေခင်မြို့တွင်စုရုံးစေ၏။ သူသည် ဣသရေလအမျိုးသားအကြီးအကဲများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများ၊ အရာ ရှိများကိုဆင့်ခေါ်သဖြင့်သူတို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရှိလာကြ လေသည်။-
၁တဖန် ယောရှု သည် ဣသရေလ အမျိုး အပေါင်း တို့ကို ရှေခင် မြို့၌ စည်းဝေး စေ၍ ၊ ဣသရေလ အမျိုး အသက် ကြီးသူ၊ အကဲ အမှူး၊ တရား သူကြီး၊ အရာရှိ သောသူတို့ကို ခေါ် သဖြင့် ၊ သူတို့သည် ဘုရား သခင်ရှေ့ တော်သို့ ချဉ်းကပ် ကြ၏။
2 ၂ ထိုအခါယောရှုသည်လူအပေါင်းတို့အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားကဤသို့မိန့်တော်မူသည်။ `ရှေးအခါက သင်တို့၏ဘိုးဘေးများဖြစ်ကြသောတေရ၊ သူ၏သားအာဗြဟံနှင့်နာခေါ်တို့သည် ဥဖရတ်မြစ်တစ်ဘက်တွင်နေထိုင်၍အခြား သောဘုရားများကိုကိုးကွယ်ကြ၏။-
၂ထိုအခါ ယောရှု သည် လူ အပေါင်း တို့အား ဟောပြော လေသည်မှာ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အာဗြဟံ နှင့် နာခေါ် တို့၏ အဘ တေရ မှစ၍ သင် တို့ဘိုးဘေး တို့သည် ရှေး ကာလ၌ မြစ် ကြီးတစ်ဘက် မှာ နေ ၍ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကြ၏။
3 ၃ ငါသည်သင်တို့၏ဘိုးဘေးအာဗြဟံကို ဥဖရတ်မြစ်တစ်ဘက်ရှိဒေသမှခေါ်ဆောင် ပြီးလျှင် ခါနာန်ပြည်အရပ်ရပ်သို့ပို့ဆောင်၍ သူ၏အဆက်အနွယ်ကိုများပြားစေခဲ့ သည်။ သူ၌သားဣဇာက်ထွန်းကားစေ၏။-
၃သင် တို့အဘ အာဗြဟံ ကို မြစ် ကြီးတစ်ဘက် မှ ငါခေါ်ပြီးလျှင် ၊ ခါနာန် ပြည် အရပ်ရပ် သို့ ပို့ဆောင် ၍ သူ ၏ အမျိုး အနွယ်ကို များပြား စေလျက် ၊ ဣဇာက် ကို ပေး ၏။
4 ၄ ဣဇာက်၌သားများဖြစ်ကြသောယာကုပ်နှင့် ဧသောတို့ကိုထွန်းကားစေ၏။ ငါသည်ဧသော အားဧဒုံတောင်ကုန်းဒေသကိုအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကားအီဂျစ်ပြည် သို့သွားရောက်နေထိုင်ခဲ့ကြသည်။-
၄ဣဇာက် အား လည်း ၊ ယာကုပ် နှင့် ဧသော ကို ငါပေး ၍ ၊ ဧသော အား လည်း စိရ တောင် ကို အပိုင် ပေး ၏။ ယာကုပ် နှင့် သူ ၏သား တို့သည် အဲဂုတ္တု ပြည်သို့ သွား ကြ၏။
5 ၅ ထိုနောက်ငါသည်မောရှေနှင့်အာရုန်တို့ကို စေလွှတ်၍ အီဂျစ်ပြည်တွင်ဘေးဆိုးများ ဆိုက်ရောက်စေပြီးနောက်သင်တို့ကိုထုတ် ဆောင်ခဲ့၏။-
၅မောရှေ နှင့် အာရုန် ကို ငါစေလွှတ် ၍ အဲဂုတ္တုလူ တို့၌ ပြု သည်အတိုင်း ၊ အဲဂုတ္တု ပြည်ကို ဆုံးမ သောနောက် ၊ သင် တို့ကို နှုတ် ဆောင်လေ၏။
6 ၆ ငါသည်သင်တို့၏ဘိုးဘေးများကိုအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့သောအခါ အီဂျစ်အမျိုး သားတို့သည်သူတို့နောက်သို့ရထားတပ်၊ မြင်း တပ်များနှင့်လိုက်၍တိုက်ခိုက်ကြသည်။ သူတို့ သည်ပင်လယ်နီသို့ရောက်ရှိလာသောအခါ၊-
၆ထိုသို့ သင် တို့အဘ များကို အဲဂုတ္တု ပြည်မှ ငါနှုတ်ဆောင် သဖြင့် ၊ သူတို့သည် ဧဒုံပင်လယ် သို့ ရောက် ၍ ၊ အဲဂုတ္တု လူတို့သည် ရထား နှင့် မြင်းစီး သူရဲပါလျက် ထိုပင်လယ် တိုင်အောင်လိုက် ကြ၏။
7 ၇ ငါ့ထံသို့အော်ဟစ်၍အကူအညီတောင်းခံ ကြသည်။ ထိုအခါငါသည်သူတို့နှင့်အီဂျစ် တပ်သားများအကြားတွင်အမှောင်ထုကို ကျစေ၏။ ရန်သူများအပေါ်သို့ပင်လယ်ရေ လွှမ်းစေသဖြင့် သူတို့သည်ရေနစ်သေဆုံး ကြကုန်၏။ ငါသည်အီဂျစ်ပြည်အားမည်ကဲ့ သို့ဆုံးမခဲ့သည်ကိုသင်တို့သိကြ၏။ ```သင်တို့သည်တောကန္တာရတွင်ကြာမြင့်စွာနေ ထိုင်ခဲ့ရကြ၏။-
၇ထာဝရဘုရား ကို အော်ဟစ် သောအခါ ၊ သင် တို့နှင့် အဲဂုတ္တု လူတို့စပ်ကြား မှာ မှောင်မိုက် ကို ငါထား ၍ သူ တို့ကို ပင်လယ် ရေလွှမ်းမိုး စေ၏။ အဲဂုတ္တု ပြည်၌ ငါပြု သောအမှုကို သင် တို့သည် ကိုယ်တိုင်မြင် ကြပြီ။ တော ၌ လည်း ကာလ ကြာမြင့် စွာနေ ရကြ၏။
8 ၈ ထိုနောက်ငါသည်သင်တို့ကိုအာမောရိအမျိုး သားတို့နေထိုင်ရာယော်ဒန်မြစ်အရှေ့ဘက်သို့ ပို့ဆောင်ခဲ့သည်။ သူတို့သည်သင်တို့ကိုတိုက်ခိုက် ကြသော်လည်းငါသည်သင်တို့အားအနိုင်ရစေ၏။ သင်တို့သည်သူတို့၏ပြည်ကိုချီတက်သိမ်းပိုက် သောအခါငါသည်သူတို့ကိုသုတ်သင်ပယ်ရှင်း ခဲ့၏။-
၈နောက် တဖန် ယော်ဒန် မြစ်အရှေ့ ဘက်၌ နေ သော အာမောရိ လူတို့ပြည် သို့ သင် တို့ကို ငါပို့ဆောင် ၍ ၊ သူတို့သည် စစ်တိုက် သောအခါ သူ တို့ကို သင် တို့လက် ၌ ငါအပ် ၍ သူ တို့မြေ ကို သင်တို့သည် သိမ်းယူ ကြ၏။ သူ တို့ကို သင် တို့ရှေ့ မှ ငါသုတ်သင် ပယ်ရှင်းလေ၏။
9 ၉ ထိုနောက်ဇိဖော်၏သားမောဘပြည်ဘုရင် ဗာလက်သည်ဣသရေလအမျိုးသားတို့ကို တိုက်ခိုက်လေသည်။ သူသည်သင်တို့ကိုကျိန်ဆဲ ရန်ဗောရ၏သားဗာလမ်ကိုခေါ်စေသည်။-
၉မောဘ ရှင်ဘုရင် ဇိဖေါ် ၏သား ဗာလက် သည် ထ ၍ ဣသရေလ အမျိုးကို စစ်တိုက် သဖြင့် ၊ သင် တို့ကို ကျိန်ဆဲ စေခြင်းငှါ ၊ ဗောရ ၏သား ဗာလမ် ကို ခေါ် သောအခါ၊
10 ၁၀ သို့ရာတွင်ငါသည်ဗာလမ်၏လျှောက်ဆိုချက် ကိုလက်မခံသဖြင့် သူသည်သင်တို့ကိုကောင်း ချီးပေးလေသည်။ ဤနည်းအားဖြင့်ငါသည် သင်တို့အားဗာလက်၏လက်မှကယ်တင်ခဲ့ သည်။-
၁၀ဗာလမ် ၏စကားကို ငါနား မ ထောင်သောကြောင့် ၊ သူသည် အထပ်ထပ်ကောင်းကြီး ပေး၍ သူ့ လက် မှ သင် တို့ကို ငါကယ် လွှတ်လေ၏။
11 ၁၁ ထိုနောက်သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး ၍ ယေရိခေါမြို့သို့ရောက်ရှိကြသည်။ ယေရိခေါ မြို့သား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုး သား၊ ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ ဟိဝိအမျိုးသားနှင့်ယေ ဗုသိအမျိုးသားတို့သည်သင်တို့ကိုတိုက်ခိုက် ကြသည်။ သို့ရာတွင်ငါသည်သင်တို့အားသူ တို့အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်စေ သည်။-
၁၁တဖန် သင်တို့သည် ယော်ဒန် မြစ်ကို ကူး ၍ ယေရိခေါ မြို့သို့ ရောက် ကြသောအခါ ၊ ယေရိခေါ လူ ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဂိရဂါရှိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့သည် သင်တို့ကို စစ်တိုက် ၍ သူ တို့ကို သင် တို့လက် ၌ ငါအပ် လေ၏။
12 ၁၂ သင်တို့ချီတက်လာစဉ်ငါသည်သူတို့ကို ကစဥ့်ကလျားဖြစ်စေပြီးလျှင် အာမောရိ ဘုရင်နှစ်ပါးကိုနှင်ထုတ်ခဲ့၏။ သင်တို့၏ဋ္ဌား နှင့်လေးလက်နက်တို့ဖြင့်အနိုင်ရကြသည် မဟုတ်။-
၁၂သင် တို့၌ ထား နှင့် လေး မ ပါဘဲ၊ သင် တို့ရှေ့ မှာ ပျားတူ ကို ငါစေလွှတ် ၍ ၊ အာမောရိ မင်းကြီး နှစ် ပါးကို သင် တို့ရှေ့ မှ ငါနှင်ထုတ် လေ၏။
13 ၁၃ သင်တို့မထွန်ယက်၊ မလုပ်ကိုင်ခဲ့ဘူးသောလယ် ယာနှင့်မတည်ခဲ့ဘူးသောမြို့များကိုသင်တို့ အားငါပေးခဲ့၏။ ယခုအခါသင်တို့သည်ထို မြေပေါ်တွင်နေထိုင်၍ သင်တို့မစိုက်သောစပျစ် ခြံနှင့်သံလွင်ခြံတို့မှအသီးကိုစားသုံးရ ကြ၏' ဟုဆို၏။
၁၃သင် တို့မ လုပ်သောမြေ ၊ မ တည် သော မြို့ တို့ကို ငါပေး ၍ သင်တို့သည် နေ ရကြ၏။ ကိုယ်တိုင်မ စိုက် သော စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်တို့ကို စား ရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
14 ၁၄ ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။-
၁၄ယခု မှာ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ကြည်ဖြူ ခြင်း၊ သစ္စာ စောင့်ခြင်းနှင့်တကွ ဝတ်ပြု ကြလော့။ မြစ် ကြီးတစ်ဘက် ၌ ၎င်း၊ အဲဂုတ္တု ပြည်၌ ၎င်း၊ ဘိုးဘေး တို့ဝတ်ပြု သော ဘုရား များကို ပယ် ၍ ထာဝရဘုရား ကိုသာ ဝတ်ပြု ကြလော့။
15 ၁၅ အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။
၁၅သို့မဟုတ် ထာဝရဘုရား အား ဝတ် မ ပြုကောင်းဟု သင် တို့ထင် လျှင်၊ မြစ် ကြီးတစ်ဘက် ၌ ဘိုးဘေး တို့ဝတ်ပြု သော ဘုရား ၊ သင် တို့နေ ရာ အာမောရိ ပြည်သားတို့၏ ဘုရား များတွင်၊ အဘယ် မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေး ကြလော့။ ငါ နှင့် ငါ့ အိမ်သား ဖြစ်လျှင် ထာဝရဘုရား ကိုသာ ဝတ်ပြု မည်ဟု ဆိုလေသော်၊
16 ၁၆ ထိုအခါလူအပေါင်းတို့က``အကျွန်ုပ်တို့သည် မည်သည့်အချိန်၌မျှ ထာဝရဘုရားကိုစွန့် ၍အခြားသောဘုရားများကိုကိုးကွယ်မည် မဟုတ်ပါ။-
၁၆လူ များတို့က အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ခြင်းငှါ ထာဝရဘုရား ကို စွန့် သောအမှုသည် အကျွန်ုပ် တို့နှင့် ဝေး ပါစေသော။
17 ၁၇ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား သည် အကျွန်ုပ်တို့၏ဖခင်များနှင့်အကျွန်ုပ်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့ပါပြီ။ ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာအမှုများကိုအကျွန်ုပ်တို့မြင်ခဲ့ရ ကြပါပြီ။ နိုင်ငံအသီးသီးကိုဖြတ်သန်း ရာခရီးတစ်လျှောက်တွင်ကိုယ်တော်သည် အကျွန်ုပ်တို့အားကာကွယ်စောင့်ရှောက် တော်မူခဲ့ပါသည်။-
၁၇ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ အဘ တို့နှင့် ငါ တို့ကို နှုတ် ဆောင်၍ ၊ ကြီးစွာ သော နိမိတ် လက္ခဏာတို့ကို ငါ တို့မျက်မှောက် ၌ ပြ တော်မူပြီ။ ငါတို့သွား လေရာရာအရပ် ၊ ရှောက် လေရာရာလူမျိုး တို့တွင် စောင့် တော်မူပြီ။
18 ၁၈ အကျွန်ုပ်တို့သည်ဤပြည်ထဲသို့ချီတက် လာစဉ်က ကိုယ်တော်သည်ဤဒေသရှိအာ မောရိအမျိုးသားအပေါင်းတို့ကိုနှင်ထုတ် တော်မူခဲ့ပါသည်။ သို့ဖြစ်၍အကျွန်ုပ်တို့ သည်ထာဝရဘုရားကိုသာဝတ်ပြုကိုး ကွယ်ပါမည်။ ကိုယ်တော်သည်အကျွန်ုပ်တို့ ၏ဘုရားဖြစ်တော်မူ၏'' ဟုဖြေကြား ကြ၏။
၁၈ထာဝရဘုရား သည်လည်း ၊ ဤပြည် ၌ နေ သောသူ အာမောရိ လူ အပေါင်း တို့ကို ငါ တို့ရှေ့ မှ နှင်ထုတ် တော်မူပြီ။ ထာဝရဘုရား အား ဝတ်ပြု ပါမည်။ ထိုဘုရား သည် ငါ တို့ဘုရား သခင်ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။
19 ၁၉ ထိုအခါယောရှုကလူတို့အား``သင်တို့သည် ထာဝရဘုရားကိုဝတ်ပြုကိုးကွယ်နိုင်စွမ်း ရှိကြမည်မဟုတ်။ ကိုယ်တော်သည်သန့်ရှင်း မြင့်မြတ်သောဘုရားဖြစ်၍သင်တို့၏ အပြစ်များကိုလွှတ်တော်မူမည်မဟုတ်။ ကိုယ် တော်သည်ပြိုင်ဘက်ကိုလုံးဝလက်ခံတော် မမူ။-
၁၉ယောရှု ကလည်း ၊ သင်တို့သည် ထာဝရဘုရား အား ဝတ် မ ပြုနိုင်။။ ထိုဘုရား သည် သန့်ရှင်း သောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင် တို့လွန်ကျူး ပြစ်မှားသော အပြစ် တို့ကို သည်းခံ တော်မ မူ။
20 ၂၀ သင်တို့သည်ထာဝရဘုရားကိုစွန့်၍ အခြားသောဘုရားများကိုဝတ်ပြုလျှင် သင်တို့ကိုကျေးဇူးပြုတော်မူခဲ့သော ထာဝရဘုရားသည် သင်တို့ကိုရန်ဘက် ပြု၍သေကြေပျက်စီးရန်ဒဏ်ခတ်တော် မူလိမ့်မည်'' ဟုပြောကြားလေသည်။
၂၀သင်တို့သည် ထာဝရဘုရား ကို စွန့် ၍ တကျွန်းတနိုင်ငံ ဘုရား တို့ကို ဝတ်ပြု လျှင် ၊ သင် တို့၌ ကျေးဇူး ပြုတော်မူပြီးမှ တဖန် လှည့် ၍ ညှဉ်းဆဲ ဖျက်ဆီးတော်မူမည်ဟု ဆိုလျှင်၊
21 ၂၁ လူတို့က``အကျွန်ုပ်တို့သည်ထာဝရဘုရား ကိုသာဝတ်ပြုကိုးကွယ်ပါမည်'' ဟုယောရှု အားပြန်၍လျှောက်ထားကြ၏။
၂၁လူ များတို့က၊ မ ဟုတ်ပါ။ ထာဝရဘုရား ကိုသာ ဝတ်ပြု ပါမည်ဟု ပြန်လျှောက် ကြ၏။
22 ၂၂ ယောရှုကလည်း``သင်တို့သည်ထာဝရဘုရား ကိုသာဝတ်ပြုမည်ဟုထွက်ဆိုရာ၌သင်တို့ ကိုယ်တိုင်သက်သေဖြစ်ကြ၏'' ဟုဆို၏။ ထိုအခါသူတို့က``အကျွန်ုပ်တို့ကိုယ်တိုင် သက်သေဖြစ်ကြောင်းဝန်ခံပါ၏'' ဟုပြန် လျှောက်ကြ၏။
၂၂ယောရှု ကလည်း ၊ သင် တို့သည် ထာဝရဘုရား ကို ဝတ်ပြု ခြင်းငှါ ထိုဘုရားကို ရွေး ကြပြီဟု ကိုယ်အမှု၌ ကိုယ်သက်သေ ခံကြသည်ဟုဆို လျှင် သူတို့က၊ သက်သေ ခံကြပါ၏ဟု လျှောက် ကြသော်၊
23 ၂၃ ယောရှုက``သို့ဖြစ်လျှင်သင်တို့တွင်ရှိသော အခြားဘုရားများကိုစွန့်ပယ်၍ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားဆည်းကပ်ကိုးကွယ်ကြလော့'' ဟုဆိုလေ၏။
၂၃ယောရှုက၊ သို့ဖြစ်လျှင် ၊ သင် တို့တွင် ရှိသော တကျွန်းတနိုင်ငံ ဘုရား တို့ကို ပယ် ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ဘက်သို့ စိတ် နှလုံးကို ညွှတ် ကြလော့ဟု ဆိုလေ၏။
24 ၂၄ ထိုအခါလူတို့ကယောရှုအား``အကျွန်ုပ်တို့ သည်အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်၍ ကိုယ်တော်၏ စကားတော်ကိုနားထောင်ပါမည်'' ဟုကတိ ပေးကြ၏။
၂၄လူ များတို့ကလည်း ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ကို ဝတ်ပြု ပါမည်။ စကား တော်ကို နားထောင် ပါမည်ဟု ဝန်ခံ ပြီးမှ၊
25 ၂၅ ထို့ကြောင့်ယောရှုသည်ထိုနေ့၌လူတို့နှင့် ပဋိညာဉ်ပြုပြီးလျှင် ရှေခင်မြို့တွင်သူတို့ လိုက်နာရမည့်ပညတ်များကိုပြဋ္ဌာန်းပေး လေသည်။-
၂၅ယောရှု သည် ထို နေ့ ၌ လူ များတို့နှင့် ပဋိညာဉ် ပြု ၍ ရှေခင် မြို့မှာ စီရင် ထုံးဖွဲ့ ချက်ကို ထား လေ၏။
26 ၂၆ ယောရှုသည်ဤပညတ်များကိုဘုရားသခင်၏ ပညတ်ကျမ်းစာတွင်ရေးထားလေ၏။ ထိုနောက်သူ သည်ကျောက်တုံးကြီးတစ်တုံးကိုထာဝရဘုရား ၏သန့်ရှင်းရာဌာနတော်ရှိဝက်သစ်ချပင် အောက်တွင်စိုက်ထူလေသည်။-
၂၆ထို စကား ကိုလည်း ဘုရား သခင်၏ ဓမ္မ ကျမ်းစာ ၌ ရေး ထား၍ ၊ ထာဝရဘုရား ၏ သန့်ရှင်း ရာဌာနတော် နား မှာရှိသော သပိတ် ပင်အောက် ၌ ကျောက် ကြီး ကို ထောင် လျက်၊
27 ၂၇ ယောရှုကလူအပေါင်းတို့အား``ဤကျောက်တုံး သည်ငါတို့အတွက်သက်သေဖြစ်စေမည်။ ငါတို့ အားထာဝရဘုရားမိန့်တော်မူသမျှကိုဤ ကျောက်တုံးသည်ကြားရပြီ။ သို့ဖြစ်၍သင်တို့ သည်သင်တို့၏ဘုရားသခင်ကိုပုန်ကန်လျှင် ဤကျောက်တုံးသည်သက်သေဖြစ်ကြလိမ့် မည်'' ဟုမိန့်ကြားလေ၏။-
၂၇ဤ ကျောက် သည် ငါ တို့အား သက်သေ ဖြစ် ရလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသောစကား အလုံးစုံ ကို ကြား ရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရား သခင်ကို ငြင်းပယ် ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင် တို့အား သက်သေ ဖြစ် ရလိမ့်မည်ဟု လူ အပေါင်း တို့အား ပြောဆို ပြီးမှ၊
28 ၂၈ ထိုနောက်ယောရှုသည်လူအပေါင်းတို့ကို ပြန်ခွင့်ပြုသဖြင့်သူတို့သည် မိမိတို့၏ နေရပ်သို့ပြန်သွားကြလေသည်။
၂၈အသီး အသီးမိမိ တို့အမွေ ခံရာအရပ်သို့ ပြန် သွားရသောအခွင့်ကိုပေးလေ၏။
29 ၂၉ ထိုနောက်ထာဝရဘုရား၏အစေခံ၊ နုန်၏ သားယောရှုသည်အသက်တစ်ရာ့တစ်ဆယ် ရှိသော်အနိစ္စရောက်လေသည်။-
၂၉ထိုနောက်မှ ထာဝရဘုရား ၏ကျွန် ၊ နုန် ၏သား ယောရှု သည် အသက် တရာ တဆယ် ရှိသော် အနိစ္စ ရောက်လေ၏။
30 ၃၀ သူတို့သည်ဂါရှတောင်မြောက်ဘက်၊ ဧဖရိမ် တောင်ကုန်းပေါ်ရှိတိမနဿေရမြို့ရှိသူ ပိုင်သောမြေကွက်တွင်သူ့အလောင်းကိုသင်္ဂြိုဟ် ကြလေသည်။
၃၀ဧဖရိမ် တောင် ပေါ်၊ ဂါရှ ကုန်း မြောက် မှာ ရှိသောသူ ၏အမွေ ခံရာ တိမနဿေရ မြို့နယ်မြေ ၌ သင်္ဂြိုဟ် ကြ၏။
31 ၃၁ ယောရှုအသက်ရှင်နေသမျှကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ယောရှု အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့အတွက် ထာဝရဘုရားပြုတော်မူ သမျှကိုတွေ့မြင်ခဲ့သည့်ခေါင်းဆောင်များ အသက်ရှင်နေသေးသမျှကာလပတ်လုံး ၌လည်း သူတို့သည်ထာဝရဘုရားကို ဝတ်ပြုကိုးကွယ်ကြ၏။
၃၁ယောရှု လက်ထက်ကာလ ပတ်လုံး ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးအဘို့ ပြု တော်မူသမျှ တို့ကို သိ ၍ ယောရှု မရှိသည်နောက် အသက် ရှင်သေးသော အသက်ကြီး သူတို့လက်ထက် ၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။
32 ၃၂ ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှယူဆောင်ခဲ့သောယောသပ်၏အရိုး များကို ရှေခင်၏ဖခင်ဟာမော်၏သားများ ထံမှယာကုပ်ငွေတစ်ရာဖြင့်ဝယ်သော ရှေခင် မြို့ရှိမြေကွက်တွင်မြှုပ်နှံကြလေသည်။ ဤ မြေကွက်သည်ယောသပ်၏အဆက်အနွယ် များဆက်ခံရရှိသောမြေကွက်ဖြစ်သည်။
၃၂ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သော ယောသပ် ၏အရိုး တို့ကို၊ ရှေခင် ၏အဘ ဟာမော် ၏သား တို့တွင် ငွေ တ ပိဿာနှင့် ယာကုပ် ဝယ် သော ရှေခင် မြို့နယ်မြေ အကွက် ၌ သင်္ဂြိုဟ် ကြ၏။ ထိုမြေအကွက်သည် ယောသပ် သား တို့ အမွေ မြေဖြစ် သတည်း။
33 ၃၃ အာရုန်၏သားဧလာဇာသည်လည်းအနိစ္စ ရောက်သဖြင့် သူ၏အလောင်းကိုသူ၏သား ဖိနဟတ်အားပေးထားသောဧဖရိမ်တောင် ကုန်းဒေသရှိဂစ်ဗီအာမြို့တွင်သင်္ဂြိုဟ်ကြ လေသည်။ ယောရှုမှတ်စာပြီး၏။
၃၃အာရုန် သား ယဇ်ပုရောဟိတ်ဧလာဇာ သည်လည်း အနိစ္စ ရောက်လေ၏။ သူ ၏သား ဖိနဟတ် အား လူများပေး ခဲ့သော ဧဖရိမ် တောင် ပေါ်၊ ဖိနဟတ် ကုန်း ၌ သင်္ဂြိုဟ် ကြ၏။