< ယောရှု 23 >

1 ကာ​လ​အ​တန်​ကြာ​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပတ်​ဝန်း ကျင်​ရှိ​ရန်​သူ​များ​၏​ဘေး​ရန်​မှ​ကင်း​ငြိမ်း စေ​တော်​မူ​၏။ ယော​ရှု​သည်​လည်း​အ​သက် အ​ရွယ်​အ​လွန်​ကြီး​ရင့်​လာ​ပြီ။-
ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ် ၍၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ် လုံး ပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်း သောအခါ၊
2 ထို့​ကြောင့်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ကြီး​အ​ကဲ​များ၊ ခေါင်း​ဆောင်​များ၊ တ​ရား သူ​ကြီး​များ၊ အ​ရာ​ရှိ​များ​မှ​စ​၍​အ​မျိုး သား​အ​ပေါင်း​တို့​ကို​ဆင့်​ခေါ်​ပြီး​လျှင်``ငါ သည်​အ​သက်​ကြီး​ရင့်​၍​အို​မင်း​လာ​ပြီ ဖြစ်​သည်။-
ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူများနှင့်တကွ အမျိုးသား အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါသည် အသက်ကြီးရင့်၍ အိုမင်းပြီ။
3 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အ​ကျိုး​အ​တွက်​ဤ​နိုင်​ငံ အ​ပေါင်း​တို့​ကို​မည်​ကဲ့​သို့​နှိမ်​နင်း​တော် မူ​ခဲ့​ကြောင်း​သင်​တို့​တွေ့​မြင်​ရ​ကြ​ပြီ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​ဘက်​မှ​စစ်​ကူ​တိုက်​တော်​မူ ခဲ့​၏။-
သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့အတွက် ဤလူမျိုးအပေါင်းတို့၌ ပြုတော်မူသမျှကို သင် တို့သည် သိမြင်ကြပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့ဘက်၌ စစ်တိုက်တော်မူပြီ။
4 ငါ​သည်​အ​ရှေ့​ဘက်​ယော်​ဒန်​မြစ်​မှ​အ​နောက် ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် တိုက်​ခိုက် သိမ်း​ယူ​ပြီး​သော​နိုင်​ငံ​သား​အား​လုံး​နှင့် တ​ကွ​သိမ်း​ယူ​ရန် ကျန်​ရှိ​နေ​သေး​သော နိုင်​ငံ​များ​ကို​သင်​တို့​၏​အ​နွယ်​များ​အား ခွဲ​ဝေ​သတ်​မှတ်​ပေး​ခဲ့​ပြီ။-
ယော်ဒန်မြစ်မှစ၍ အနောက်ပင်လယ်ကြီးတိုင် အောင်၊ ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်း သေးသော ဤလူမျိုးနေသောပြည်ကို သင်တို့အမျိုးများ အမွေခံစရာဘို့ စာရေးတံချ၍ ငါဝေဖန်ပြီ။
5 သင်​တို့​သည်​သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သော နိုင်​ငံ​များ​သို့​ချီ​တက်​တိုက်​ခိုက်​သော​အ​ခါ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ထို​နိုင်​ငံ​သား​တို့​ကို​သင်​တို့​ထံ​မှ​ဆုတ် ခွာ​ထွက်​ပြေး​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ တော်​အ​တိုင်း​သင်​တို့​သည်​သူ​တို့​၏​နယ် မြေ​ကို​သိမ်း​ပိုက်​ကြ​လိမ့်​မည်။-
သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ဤလူမျိုးတို့ကို နှင်ထုတ်၍ သင်တို့ မမြင်ရအောင် သုတ်သင်ပယ်ရှင်းတော်မူသဖြင့်၊ သူတို့၏ မြေကို သင်တို့သည် အပိုင်ရကြလိမ့်မည်။
6 သို့​ဖြစ်​၍​သင်​တို့​သည်​မော​ရှေ​၏​ပညတ်​ကျမ်း တွင်​ပါ​ရှိ​သ​မျှ​သော​ပ​ညတ်​များ​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ရန်​သ​တိ ပြု​ကြ​လော့။-
သို့ဖြစ်၍ သင်တို့သည် မောရှေ၏ပညတ္တိကျမ်း စာလမ်းမှ လက်ျာဘက် ဘက်ဝဲဘက်သို့ မလွှဲဘဲ၊ ပါသမျှ အတိုင်း ကျင့်စောင့်ခြင်းငှါ၎င်း၊
7 သင်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော​လူ​မျိုး​များ နှင့်​ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​မ​ပြု​မိ​စေ​ရန် သော်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​၏​အ မည်​နာ​မ​များ​ကို​ထုတ်​ဖော်​ပြော​ဆို​ခြင်း၊ ထို ဘု​ရား​များ​ကို​တိုင်​တည်​၍​ကျိန်​ဆို​ခြင်း၊ ဦး ချ​ဝတ်​ပြု​ခြင်း​တို့​ကို​မ​ပြု​မိ​စေ​ရန်​သော် လည်း​ကောင်း​သ​တိ​ပြု​ရ​မည်။-
သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဘော်၊ သူတို့ဘုရား၏နာမကို မြွက်၍ မကျိန်ဆို၊ ဝတ်မပြု ဦးမညွှတ်ဘဲ၊
8 သင်​တို့​သည်​ယ​နေ့​အ​ထိ​ထာ​ဝ​ရ​ဘု​ရား ၏​သစ္စာ​တော်​ကို​စောင့်​ထိန်း​သ​ကဲ့​သို့​ဆက် လက်​စောင့်​ထိန်း​ကြ​လော့။-
ယနေ့တိုင်အောင် ကျင့်သကဲ့သို့၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၌ ဆည်းကပ်မှီဝဲခြင်းငှါ၎င်း၊ အလွန်ရဲရင့်သောစိတ် ရှိကြလော့။
9 သင်​တို့​စစ်​ချီ​တိုက်​ခိုက်​စဉ်​အ​ခါ​က​ထာ​ဝ​ရ ဘု​ရား​သည် အင်​အား​ကြီး​သော​လူ​မျိုး​တို့​ကို နှင်​ထုတ်​ခဲ့​သ​ဖြင့်​မည်​သူ​မျှ​သင်​တို့​အား ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ခဲ့​ချေ။-
အကြောင်းမူကား၊ ကြီးမား၍ ခွန်အားနှင့်ပြည့်စုံ သော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ ယနေ့တိုင်အောင် သင်တို့ရှေ့၌ အဘယ်သူမျှ မရပ်နိုင်။
10 ၁၀ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့ အ​တွက်​စစ်​တိုက်​တော်​မူ​သ​ဖြင့်​သင်​တို့ အ​ထဲ​မှ​သူ​ရဲ​တစ်​ယောက်​က ရန်​သူ​တစ် ထောင်​ကို​က​စဥ့်​က​လျား​ထွက်​ပြေး​စေ နိုင်​၏။-
၁၀သင်တို့တယောက်သော်လည်း အခြားသော သူ တထောင်ကို ပြေးစေလိမ့်မည်။ အကြောင်းမူကား၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိတော်ရှိသည် အတိုင်း သင်တို့ဘက်၌ စစ်တိုက်တော်မူ၏။
11 ၁၁ သို့​ဖြစ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ချစ်​မြတ်​နိုး​ရန်​သ​တိ​မူ​ကြ လော့။-
၁၁သို့ဖြစ်၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား ကို ချစ်ခြင်းငှါ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့။
12 ၁၂ သင်​တို့​သည်​သစ္စာ​ဖောက်​၍​သင်​တို့​တွင်​ကျန် ရှိ​နေ​သေး​သော အ​ခြား​လူ​မျိုး​များ​နှင့် ပေါင်း​ဖက်​အိမ်​ထောင်​ဖက်​ပြု​ကြ​လျှင်၊-
၁၂သို့မဟုတ် သင်တို့သည် ရွေ့လျော့၍၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့၌ မှီဝဲလျက်၊ ထိမ်းမြား ပေးစား၍ ပေါင်းဘော်ဆက်ဆံခြင်းရှိလျှင်၊
13 ၁၃ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​ချီ​တက်​တိုက်​ခိုက်​သော​အ​ခါ ထို​လူ​မျိုး​များ​ကို​နှင်​ထုတ်​ပေး​တော့​မည် မ​ဟုတ်​ကြောင်း​သိ​မှတ်​ကြ​လော့။ ထို​လူ​မျိုး များ​သည်​သင်​တို့​အ​တွက်​ကျော့​ကွင်း​သို့ မ​ဟုတ်​ထောင်​ချောက်၊ သင်​တို့​၏​ကျော​ပေါ် သို့​ကျ​သော​ကြာ​ပွတ်​သို့​မ​ဟုတ် မျက်​စိ​ကို စူး​သော​ဆူး​သ​ဖွယ်​ဖြစ်​လိမ့်​မည်။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​သော ဤ​သာ​ယာ​သော​ပြည်​တွင်​သင် တို့​တစ်​ယောက်​မ​ကျန်​သေ​ကြေ​ပျက်​စီး သည့်​တိုင်​အောင်​ထို​လူ​မျိုး​တို့​သည်​သင် တို့​အား​အန္တရာယ်​ပြု​ကြ​လိမ့်​မည်။
၁၃သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင် ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့။
14 ၁၄ ငါ​မူ​ကား​စု​တေ​ရ​မည့်​အ​ချိန်​နီး​လာ​ပြီ။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ တော်​ရှိ​သည်​အ​တိုင်း သင်​တို့​အ​တွက်​ကောင်း​ချီး မင်္ဂ​လာ​ရှိ​သ​မျှ​ကို​ချ​ပေး​တော်​မူ​ခဲ့​သည်​ဟု သင်​တို့​စိတ်​အ​တွင်း​၌​ခံ​စား​ရ​ကြ​၏။ ကိုယ်​တော် သည်​ကတိ​တော်​ရှိ​သ​မျှ​အ​ကောင်​အ​ထည်​ပေါ် စေ​ခဲ့​လေ​ပြီ။ အ​ကောင်​အ​ထည်​မ​ပေါ်​သည့် ကတိ​တော်​ဟူ​၍​တစ်​ခု​မျှ​မ​ရှိ။-
၁၄ငါသော်ကား၊ မြေသားအပေါင်းတို့သွားရာလမ်း သို့ ယနေ့သွားလုပြီ။ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့အဘို့ မိန့်တော်မူသော ကောင်းကျိုး တစုံတပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်း ကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။
15 ၁၅ ကိုယ်​တော်​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း​သင် တို့​အား ကောင်း​ချီး​မင်္ဂလာ​ကို​ချ​ပေး​တော်​မူ​သည် မှန်​သော်​လည်း ကိုယ်​တော်​စ​ကား​ကို​နား​မ​ထောင် လျှင်​မူ​ကား သင်​တို့​အ​ပေါ်​သို့​ဘေး​ဒုက္ခ​အ​ပေါင်း တို့​ကို​ကျ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-
၁၅သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်း မွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေး ဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည်။
16 ၁၆ သင်​တို့​သည်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သော်​လည်း မ​စောင့်​ထိန်း​ဘဲ​အ​ခြား သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ပေး​သ​နား​တော်​မူ​သော​ဤ​သာ​ယာ​သော ပြည်​တွင်​သင်​တို့​တစ်​ယောက်​မ​ကျန်​သေ​ကြေ ပျက်​စီး​သည်​အ​ထိ သင်​တို့​အား​ဒဏ်​ခတ် တော်​မူ​လိမ့်​မည်'' ဟု​မိန့်​မှာ​လေ​၏။
၁၆သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက်၊ အခြားတပါးသော ဘုရားတို့ထံသို့သွား၍ ဦးညွှတ်ဝတ်ပြု လျှင်၊ ထာဝရဘုရားသည် အမျက်ထွက်၍၊ အရင်ပေး တော်မူသော ဤကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော၏။

< ယောရှု 23 >