< ယောရှု 23 >
1 ၁ ကာလအတန်ကြာပြီးနောက်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အား ပတ်ဝန်း ကျင်ရှိရန်သူများ၏ဘေးရန်မှကင်းငြိမ်း စေတော်မူ၏။ ယောရှုသည်လည်းအသက် အရွယ်အလွန်ကြီးရင့်လာပြီ။-
၁ထာဝရဘုရား သည် ပတ်ဝန်းကျင် နေသောရန်သူ အပေါင်း တို့လက်မှ ဣသရေလ အမျိုးကို ကယ်လွှတ်၍၊ ငြိမ်သက် ခြင်းအခွင့်ကို ကြာမြင့် စွာသော ကာလ ပတ်လုံးပေးတော်မူပြီးမှ ၊ ယောရှု သည် အသက် ကြီး၍ အိုမင်းသောအခါ၊
2 ၂ ထို့ကြောင့်သူသည်ဣသရေလအမျိုးသား အကြီးအကဲများ၊ ခေါင်းဆောင်များ၊ တရား သူကြီးများ၊ အရာရှိများမှစ၍အမျိုး သားအပေါင်းတို့ကိုဆင့်ခေါ်ပြီးလျှင်``ငါ သည်အသက်ကြီးရင့်၍အိုမင်းလာပြီ ဖြစ်သည်။-
၂ဣသရေလ အမျိုး အသက် ကြီးသူ၊ အကဲ အမှူး၊ တရား သူကြီး၊ အရာရှိ သောသူများနှင့်တကွ အမျိုးသားအပေါင်း တို့ကို ခေါ် ပြီးလျှင် ၊ ငါ သည် အသက် ကြီးရင့်၍ အိုမင်း ပြီ။
3 ၃ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အကျိုးအတွက်ဤနိုင်ငံ အပေါင်းတို့ကိုမည်ကဲ့သို့နှိမ်နင်းတော် မူခဲ့ကြောင်းသင်တို့တွေ့မြင်ရကြပြီ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ဘက်မှစစ်ကူတိုက်တော်မူ ခဲ့၏။-
၃သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့အတွက် ဤ လူမျိုး အပေါင်း တို့၌ ပြု တော်မူသမျှ ကို သင် တို့သည် သိ မြင်ကြပြီ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့ဘက် ၌ စစ်တိုက် တော်မူပြီ။
4 ၄ ငါသည်အရှေ့ဘက်ယော်ဒန်မြစ်မှအနောက် ဘက်မြေထဲပင်လယ်သို့တိုင်အောင် တိုက်ခိုက် သိမ်းယူပြီးသောနိုင်ငံသားအားလုံးနှင့် တကွသိမ်းယူရန် ကျန်ရှိနေသေးသော နိုင်ငံများကိုသင်တို့၏အနွယ်များအား ခွဲဝေသတ်မှတ်ပေးခဲ့ပြီ။-
၄ယော်ဒန် မြစ်မှစ၍အနောက် ပင်လယ်ကြီး တိုင်အောင်၊ ငါပယ်ရှင်း သမျှ သော လူမျိုး တို့နှင့်တကွ ကြွင်း သေးသော ဤ လူမျိုး နေသောပြည်ကို သင် တို့အမျိုး များ အမွေ ခံစရာဘို့ စာရေးတံ ချ၍ ငါဝေဖန် ပြီ။
5 ၅ သင်တို့သည်သိမ်းယူရန်ကျန်ရှိနေသေးသော နိုင်ငံများသို့ချီတက်တိုက်ခိုက်သောအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ထိုနိုင်ငံသားတို့ကိုသင်တို့ထံမှဆုတ် ခွာထွက်ပြေးစေတော်မူလိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိ တော်အတိုင်းသင်တို့သည်သူတို့၏နယ် မြေကိုသိမ်းပိုက်ကြလိမ့်မည်။-
၅သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဂတိ တော် ရှိသည်အတိုင်း ၊ ဤလူမျိုးတို့ကို နှင်ထုတ် ၍ သင် တို့မမြင်ရအောင် သုတ်သင် ပယ်ရှင်းတော်မူသဖြင့်၊ သူ တို့၏ မြေ ကို သင်တို့သည် အပိုင် ရကြလိမ့်မည်။
6 ၆ သို့ဖြစ်၍သင်တို့သည်မောရှေ၏ပညတ်ကျမ်း တွင်ပါရှိသမျှသောပညတ်များကိုတစ် သဝေမတိမ်းလိုက်နာစောင့်ထိန်းရန်သတိ ပြုကြလော့။-
၆သို့ဖြစ်၍ သင်တို့သည် မောရှေ ၏ပညတ္တိ ကျမ်းစာ လမ်းမှ လက်ျာ ဘက် လက်ဝဲ ဘက်သို့ မ လွှဲ ဘဲ၊ ပါသမျှအတိုင်း ကျင့် စောင့်ခြင်းငှါ ၎င်း၊
7 ၇ သင်တို့တွင်ကျန်ရှိနေသေးသောလူမျိုးများ နှင့်ပေါင်းဖော်ဆက်ဆံခြင်းမပြုမိစေရန် သော်လည်းကောင်း၊ သူတို့ဘုရားများ၏အ မည်နာမများကိုထုတ်ဖော်ပြောဆိုခြင်း၊ ထို ဘုရားများကိုတိုင်တည်၍ကျိန်ဆိုခြင်း၊ ဦး ချဝတ်ပြုခြင်းတို့ကိုမပြုမိစေရန်သော် လည်းကောင်းသတိပြုရမည်။-
၇သင် တို့တွင် ကြွင်း သေးသော ဤ လူမျိုး နှင့် မ ပေါင်းဘော် ၊ သူ တို့ဘုရား ၏နာမ ကို မြွက် ၍ မ ကျိန် ဆို၊ ဝတ် မ ပြု ဦး မ ညွှတ်ဘဲ၊
8 ၈ သင်တို့သည်ယနေ့အထိထာဝရဘုရား ၏သစ္စာတော်ကိုစောင့်ထိန်းသကဲ့သို့ဆက် လက်စောင့်ထိန်းကြလော့။-
၈ယနေ့ တိုင်အောင် ကျင့် သကဲ့သို့ ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား ၌ ဆည်းကပ် မှီဝဲခြင်းငှါ၎င်း၊ အလွန် ရဲရင့် သောစိတ် ရှိကြလော့။
9 ၉ သင်တို့စစ်ချီတိုက်ခိုက်စဉ်အခါကထာဝရ ဘုရားသည် အင်အားကြီးသောလူမျိုးတို့ကို နှင်ထုတ်ခဲ့သဖြင့်မည်သူမျှသင်တို့အား ခုခံနိုင်စွမ်းမရှိခဲ့ချေ။-
၉အကြောင်းမူကား၊ ကြီးမား ၍ ခွန်အား နှင့်ပြည့်စုံသော လူမျိုး တို့ကို ထာဝရဘုရား သည် သင် တို့ရှေ့ မှ နှင်ထုတ် တော်မူသဖြင့် ၊ ယနေ့ တိုင်အောင် သင် တို့ရှေ့ ၌ အဘယ်သူ မျှမ ရပ် နိုင်။
10 ၁၀ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်ကတိတော်ရှိသည်အတိုင်း သင်တို့ အတွက်စစ်တိုက်တော်မူသဖြင့်သင်တို့ အထဲမှသူရဲတစ်ယောက်က ရန်သူတစ် ထောင်ကိုကစဥ့်ကလျားထွက်ပြေးစေ နိုင်၏။-
၁၀သင် တို့တယောက် သော်လည်းအခြားသောသူ တထောင် ကို ပြေး စေလိမ့်မည်။ အကြောင်း မူကား၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် ဂတိ တော်ရှိသည်အတိုင်း သင် တို့ဘက် ၌ စစ်တိုက် တော်မူ၏။
11 ၁၁ သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်မြတ်နိုးရန်သတိမူကြ လော့။-
၁၁သို့ဖြစ်၍ သင် တို့၏ဘုရား သခင်ထာဝရဘုရား ကို ချစ် ခြင်းငှါ ကိုယ် စိတ် နှလုံးကို သတိ ပြုကြလော့။
12 ၁၂ သင်တို့သည်သစ္စာဖောက်၍သင်တို့တွင်ကျန် ရှိနေသေးသော အခြားလူမျိုးများနှင့် ပေါင်းဖက်အိမ်ထောင်ဖက်ပြုကြလျှင်၊-
၁၂သို့မဟုတ် သင်တို့သည် ရွေ့ လျော့၍ ၊ သင် တို့တွင် ကျန် ကြွင်းသေးသော ဤ လူမျိုး တို့၌ မှီဝဲ လျက် ၊ ထိမ်းမြား ပေးစား၍ ပေါင်းဘော် ဆက်ဆံခြင်းရှိလျှင်၊
13 ၁၃ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ချီတက်တိုက်ခိုက်သောအခါ ထိုလူမျိုးများကိုနှင်ထုတ်ပေးတော့မည် မဟုတ်ကြောင်းသိမှတ်ကြလော့။ ထိုလူမျိုး များသည်သင်တို့အတွက်ကျော့ကွင်းသို့ မဟုတ်ထောင်ချောက်၊ သင်တို့၏ကျောပေါ် သို့ကျသောကြာပွတ်သို့မဟုတ် မျက်စိကို စူးသောဆူးသဖွယ်ဖြစ်လိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးသနား တော်မူသော ဤသာယာသောပြည်တွင်သင် တို့တစ်ယောက်မကျန်သေကြေပျက်စီး သည့်တိုင်အောင်ထိုလူမျိုးတို့သည်သင် တို့အားအန္တရာယ်ပြုကြလိမ့်မည်။
၁၃သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် နောက်တဖန် ဤ လူမျိုး တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မ မူ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား ပေး တော်မူ၍ ကောင်းမွန် သော ဤပြည် ၌ သင် တို့သည် မပျောက် မပျက်မှီတိုင်အောင် သူတို့သည် သင် တို့၌ ကျော့ကွင်း ၊ ထောင်ချောက် ၊ သင်တို့နံစောင် ၌ နှင်တံ ၊ သင် တို့မျက်စိ ၌ ဆူး ဖြစ် ကြလိမ့်မည်အကြောင်း ကို ဧကန် အမှန် သိမှတ် ကြလော့။
14 ၁၄ ငါမူကားစုတေရမည့်အချိန်နီးလာပြီ။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည်ကတိ တော်ရှိသည်အတိုင်း သင်တို့အတွက်ကောင်းချီး မင်္ဂလာရှိသမျှကိုချပေးတော်မူခဲ့သည်ဟု သင်တို့စိတ်အတွင်း၌ခံစားရကြ၏။ ကိုယ်တော် သည်ကတိတော်ရှိသမျှအကောင်အထည်ပေါ် စေခဲ့လေပြီ။ အကောင်အထည်မပေါ်သည့် ကတိတော်ဟူ၍တစ်ခုမျှမရှိ။-
၁၄ငါ သော်ကား၊ မြေ သားအပေါင်း တို့သွားရာလမ်း သို့ ယနေ့ သွား လုပြီ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့အဘို့ မိန့် တော်မူသော ကောင်းကျိုး တစုံတပါးမျှ မ ယုတ်မလျော့ ၊ အကုန်အစင်ပြည့်စုံကြောင်းကို သင် တို့သည် စိတ် နှလုံးထဲ မှာ သိ ကြ၏။
15 ၁၅ ကိုယ်တော်သည်ကတိတော်ရှိသည်အတိုင်းသင် တို့အား ကောင်းချီးမင်္ဂလာကိုချပေးတော်မူသည် မှန်သော်လည်း ကိုယ်တော်စကားကိုနားမထောင် လျှင်မူကား သင်တို့အပေါ်သို့ဘေးဒုက္ခအပေါင်း တို့ကိုကျရောက်စေတော်မူလိမ့်မည်။-
၁၅သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဂတိ တော် ရှိသည်အတိုင်း ၊ ကောင်းကျိုး အပေါင်း တို့သည် သင် တို့အပေါ် ၌ ရောက် သကဲ့သို့ ၊ ထိုအတူ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော ဤ ကောင်းမွန် သောပြည် မှ သင် တို့ကို သုတ်သင် ပယ်ရှင်းတော်မမူမှီ တိုင်အောင် ၊ ထာဝရဘုရား သည် သင် တို့အပေါ် ၌ ဘေး ဥပဒ် အပေါင်း တို့ကို ရောက် စေတော်မူမည်။
16 ၁၆ သင်တို့သည်ပဋိညာဉ်ကိုစောင့်ထိန်းရန်သင် တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာ တော်မူသော်လည်း မစောင့်ထိန်းဘဲအခြား သောဘုရားများကိုဝတ်ပြုကိုးကွယ်ကြလျှင် ကိုယ်တော်သည်အမျက်ထွက်တော်မူသဖြင့် ပေးသနားတော်မူသောဤသာယာသော ပြည်တွင်သင်တို့တစ်ယောက်မကျန်သေကြေ ပျက်စီးသည်အထိ သင်တို့အားဒဏ်ခတ် တော်မူလိမ့်မည်'' ဟုမိန့်မှာလေ၏။
၁၆သင် တို့သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ထား တော်မူသော ပဋိညာဉ် တရားကို ပြစ်မှားလျက်၊ အခြား တပါးသော ဘုရား တို့ထံသို့သွား ၍ ဦးညွှတ် ဝတ်ပြု လျှင် ၊ ထာဝရဘုရား သည် အမျက် ထွက် ၍ ၊ အရင်ပေး တော်မူသော ဤကောင်းမွန် သောပြည် ၌ သင်တို့သည် အလျင် အမြန်ပျောက် ပျက်ကြလိမ့်မည်ဟု ဟောပြော၏။