< ယောရှု 23 >
1 ၁ ကာလအတန်ကြာပြီးနောက်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အား ပတ်ဝန်း ကျင်ရှိရန်သူများ၏ဘေးရန်မှကင်းငြိမ်း စေတော်မူ၏။ ယောရှုသည်လည်းအသက် အရွယ်အလွန်ကြီးရင့်လာပြီ။-
След много време, когато Господ беше успокоил Израиля от всичките му околни неприятели, и Исус беше остарял и в напреднала възраст.
2 ၂ ထို့ကြောင့်သူသည်ဣသရေလအမျိုးသား အကြီးအကဲများ၊ ခေါင်းဆောင်များ၊ တရား သူကြီးများ၊ အရာရှိများမှစ၍အမျိုး သားအပေါင်းတို့ကိုဆင့်ခေါ်ပြီးလျှင်``ငါ သည်အသက်ကြီးရင့်၍အိုမင်းလာပြီ ဖြစ်သည်။-
Исус свика целия Израил, старейшините им, началниците им, та из каза: Аз остарях и съм в напреднала възраст;
3 ၃ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အကျိုးအတွက်ဤနိုင်ငံ အပေါင်းတို့ကိုမည်ကဲ့သို့နှိမ်နင်းတော် မူခဲ့ကြောင်းသင်တို့တွေ့မြင်ရကြပြီ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ဘက်မှစစ်ကူတိုက်တော်မူ ခဲ့၏။-
а вие видяхте всичко, що Господ вашият Бог извърши за вас на всички тия народи; защото Господ вашият Бог, Той е, Който е воювал за вас.
4 ၄ ငါသည်အရှေ့ဘက်ယော်ဒန်မြစ်မှအနောက် ဘက်မြေထဲပင်လယ်သို့တိုင်အောင် တိုက်ခိုက် သိမ်းယူပြီးသောနိုင်ငံသားအားလုံးနှင့် တကွသိမ်းယူရန် ကျန်ရှိနေသေးသော နိုင်ငံများကိုသင်တို့၏အနွယ်များအား ခွဲဝေသတ်မှတ်ပေးခဲ့ပြီ။-
Ето, разделих между вас с жребие в наследство на племената ви земята на тия останали народи, и на всичките народи, които погубих, от Иордан до голямото море, към захождането на слънцето.
5 ၅ သင်တို့သည်သိမ်းယူရန်ကျန်ရှိနေသေးသော နိုင်ငံများသို့ချီတက်တိုက်ခိုက်သောအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ထိုနိုင်ငံသားတို့ကိုသင်တို့ထံမှဆုတ် ခွာထွက်ပြေးစေတော်မူလိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိ တော်အတိုင်းသင်တို့သည်သူတို့၏နယ် မြေကိုသိမ်းပိုက်ကြလိမ့်မည်။-
И Господ вашият Бог, Той ще ги изпъди от пред вас и ще ги изгони от пред очите ви; и вие ще завладеете земята им, според както Господ вашият Бог ви се е обещал.
6 ၆ သို့ဖြစ်၍သင်တို့သည်မောရှေ၏ပညတ်ကျမ်း တွင်ပါရှိသမျှသောပညတ်များကိုတစ် သဝေမတိမ်းလိုက်နာစောင့်ထိန်းရန်သတိ ပြုကြလော့။-
Бъдете, прочее, много храбри, да пазите и да вършите всичко, що е написано в книгата на Моисеевия закон, без да се отклонявате от него ни на дясно ни на ляво,
7 ၇ သင်တို့တွင်ကျန်ရှိနေသေးသောလူမျိုးများ နှင့်ပေါင်းဖော်ဆက်ဆံခြင်းမပြုမိစေရန် သော်လည်းကောင်း၊ သူတို့ဘုရားများ၏အ မည်နာမများကိုထုတ်ဖော်ပြောဆိုခြင်း၊ ထို ဘုရားများကိုတိုင်တည်၍ကျိန်ဆိုခြင်း၊ ဦး ချဝတ်ပြုခြင်းတို့ကိုမပြုမိစေရန်သော် လည်းကောင်းသတိပြုရမည်။-
за да се не смесвате с тия народи, които останаха помежду ви, нито да споменавате имената на боговете им, нито да се кълнете в тях, нито да им служите, нито да им се кланяте;
8 ၈ သင်တို့သည်ယနေ့အထိထာဝရဘုရား ၏သစ္စာတော်ကိုစောင့်ထိန်းသကဲ့သို့ဆက် လက်စောင့်ထိန်းကြလော့။-
но към Господа вашия Бог да сте привързани, както сте били до днес.
9 ၉ သင်တို့စစ်ချီတိုက်ခိုက်စဉ်အခါကထာဝရ ဘုရားသည် အင်အားကြီးသောလူမျိုးတို့ကို နှင်ထုတ်ခဲ့သဖြင့်မည်သူမျှသင်တို့အား ခုခံနိုင်စွမ်းမရှိခဲ့ချေ။-
Защото Господ е изгонил от пред вас големи и силни народи; и до днес никой не може да устои пред вас.
10 ၁၀ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်ကတိတော်ရှိသည်အတိုင်း သင်တို့ အတွက်စစ်တိုက်တော်မူသဖြင့်သင်တို့ အထဲမှသူရဲတစ်ယောက်က ရန်သူတစ် ထောင်ကိုကစဥ့်ကလျားထွက်ပြေးစေ နိုင်၏။-
Един от вас е гонил хиляда, защото Господ вашият Бог, Той е Който воюва за вас, според както ви се е обещал.
11 ၁၁ သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်မြတ်နိုးရန်သတိမူကြ လော့။-
За това, внимавайте добре да любите Господа вашия Бог.
12 ၁၂ သင်တို့သည်သစ္စာဖောက်၍သင်တို့တွင်ကျန် ရှိနေသေးသော အခြားလူမျိုးများနှင့် ပေါင်းဖက်အိမ်ထောင်ဖက်ပြုကြလျှင်၊-
Иначе, ако се върнете някога назад та се привържете към остатъка на тия народи, към останалите между вас, и правите сватовство с тях, и се смесвате с тях и се с вас,
13 ၁၃ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်သင်တို့ချီတက်တိုက်ခိုက်သောအခါ ထိုလူမျိုးများကိုနှင်ထုတ်ပေးတော့မည် မဟုတ်ကြောင်းသိမှတ်ကြလော့။ ထိုလူမျိုး များသည်သင်တို့အတွက်ကျော့ကွင်းသို့ မဟုတ်ထောင်ချောက်၊ သင်တို့၏ကျောပေါ် သို့ကျသောကြာပွတ်သို့မဟုတ် မျက်စိကို စူးသောဆူးသဖွယ်ဖြစ်လိမ့်မည်။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးသနား တော်မူသော ဤသာယာသောပြည်တွင်သင် တို့တစ်ယောက်မကျန်သေကြေပျက်စီး သည့်တိုင်အောင်ထိုလူမျိုးတို့သည်သင် တို့အားအန္တရာယ်ပြုကြလိမ့်မည်။
да знаете добре, че Господ вашият Бог не ще вече да изгони от пред очите ви тия народи; но те ще бъдат клопка и примка бичове по ребрата ви и тръне в очите ви, догдето изчезнете из тая добра земя, която Господ вашият Бог ви е дал.
14 ၁၄ ငါမူကားစုတေရမည့်အချိန်နီးလာပြီ။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည်ကတိ တော်ရှိသည်အတိုင်း သင်တို့အတွက်ကောင်းချီး မင်္ဂလာရှိသမျှကိုချပေးတော်မူခဲ့သည်ဟု သင်တို့စိတ်အတွင်း၌ခံစားရကြ၏။ ကိုယ်တော် သည်ကတိတော်ရှိသမျှအကောင်အထည်ပေါ် စေခဲ့လေပြီ။ အကောင်အထည်မပေါ်သည့် ကတိတော်ဟူ၍တစ်ခုမျှမရှိ။-
И, ето, днес аз отивам по пътя на целия свят; и вие знаете с цялото си сърце и цялата си душа, че не пропадна ни едно от тия добри неща, които Господ вашият Бог говори за вас; всичките се сбъднаха за вас; ни едно от тях не пропадна.
15 ၁၅ ကိုယ်တော်သည်ကတိတော်ရှိသည်အတိုင်းသင် တို့အား ကောင်းချီးမင်္ဂလာကိုချပေးတော်မူသည် မှန်သော်လည်း ကိုယ်တော်စကားကိုနားမထောင် လျှင်မူကား သင်တို့အပေါ်သို့ဘေးဒုက္ခအပေါင်း တို့ကိုကျရောက်စေတော်မူလိမ့်မည်။-
Но, ще стане, че, както се сбъднаха за вас всичките добри неща, които Господ вашият Бог говори на вас, така Господ ще докара на вас всичките зли неща, догдето ви изтреби из тая добра земя, която Господ вашият Бог ви е дал,
16 ၁၆ သင်တို့သည်ပဋိညာဉ်ကိုစောင့်ထိန်းရန်သင် တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာ တော်မူသော်လည်း မစောင့်ထိန်းဘဲအခြား သောဘုရားများကိုဝတ်ပြုကိုးကွယ်ကြလျှင် ကိုယ်တော်သည်အမျက်ထွက်တော်မူသဖြင့် ပေးသနားတော်မူသောဤသာယာသော ပြည်တွင်သင်တို့တစ်ယောက်မကျန်သေကြေ ပျက်စီးသည်အထိ သင်တို့အားဒဏ်ခတ် တော်မူလိမ့်မည်'' ဟုမိန့်မှာလေ၏။
когато престъпите завета на Господа вашия Бог, който Той ви заповяда, отидете и служите на други богове та им се кланяте; тогава гневът на Господа ще пламне против вас, и вие скоро ще изчезнете из добрата земя, която Той ви е дал.