< ယောရှု 21 >

1 လေဝိ​အ​နွယ်​မိ​သား​စု​ခေါင်း​ဆောင်​တို့​သည် ခါ​နာန်​ပြည်၊ ရှိ​လော​မြို့​နေ​ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု​နှင့်​ဣ​သ​ရေ​လ အ​နွယ်​အ​ပေါင်း​တို့​၏​မိ​သား​စု​အ​ကြီး​အ​ကဲ တို့​ထံ​သို့​ချဉ်း​ကပ်​၍``ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နေ​ထိုင်​ရန်​မြို့​များ​နှင့်​အ​ကျွန်ုပ် တို့​၏​သိုး​နွား​များ​အ​တွက် ယင်း​မြို့​များ​ပတ် ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​သတ်​မှတ်​ပေး ရ​မည်​ဟူ​၍ မော​ရှေ​မှ​တစ်​ဆင့်​မိန့်​မှာ​တော် မူ​ခဲ့​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-
လေဝိသား အဆွေအမျိုးသူကြီးတို့သည်၊ ယဇ်ပု ရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုး တို့တွင် အဆွေအမျိုးသူကြီးတို့ထံသို့ ချဉ်းကပ်၍၊
2
အကျွန်ုပ်တို့ နေစရာဘို့ မြို့တို့ကို၎င်း၊ တိရစ္ဆာန် များတို့မြို့နယ်တို့ကို၎င်း ပေးစေခြင်းငှါ ထာဝရဘုရား သည် မောရှေအားဖြင့် မှာထားတော်မူပြီဟု ခါနာန်ပြည်၊ ရှိလောမြို့၌ ပြောဆိုကြလျှင်၊
3 ထို့​ကြောင့်​ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မိ​မိ​တို့​ရ​ရှိ​သော​နယ်​မြေ​ထဲ​မှ​မြို့​များ နှင့်​စား​ကျက်​များ​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့ အား​ခွဲ​ဝေ​သတ်​မှတ်​ပေး​ကြ​လေ​သည်။
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မိမိတို့အမွေခံရသော မြေထဲ က၊ မြို့နှင့် မြို့နယ်တို့ကို ပေးကြ၏။
4 လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​သား​ချင်း​စု​တို့ အ​တွက် မြို့​များ​ကို​ဦး​စွာ​ခွဲ​ဝေ​သတ်​မှတ် ပေး​ကြ​သည်။ ထို​သို့​ခွဲ​ဝေ​ပေး​ရာ​၌​ယဇ် ပု​ရော​ဟိတ်​အာ​ရုန်​မှ​ဆင်း​သက်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​အ​တွက် မြို့​တစ်​ဆယ့်​သုံး​မြို့ ကို​ယု​ဒ​နယ်​မြေ၊ ရှိ​မောင်​နယ်​မြေ၊ ဗင်္ယာ​မိန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​သည်။-
စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။
5 ကျန်​ရှိ​နေ​သော​ကော​ဟတ်​သား​ချင်း​စု​တို့ အ​တွက်​မြို့​ဆယ်​မြို့​ကို​ဧ​ဖ​ရိမ်​နယ်​မြေ၊ ဒန် နယ်​မြေ၊ အ​နောက်​ဘက်​မ​နာ​ရှေ​နယ်​မြေ ထဲ​မှ​သတ်​မှတ်​ပေး​ကြ​သည်။
ကြွင်းသော ကောဟတ်သားတို့သည် ဧဖရိမ် ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကို ရကြ၏။
6 ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် သုံး​မြို့​ကို​ဣ​သ​ခါ​နယ်​မြေ၊ အာ​ရှာ​နယ်​မြေ၊ န​ဿ​လိ​နယ်​မြေ၊ အ​ရှေ့​မ​နာ​ရှေ​နယ်​မြေ​ထဲ မှ​သတ်​မှတ်​ပေး​ကြ​သည်။
ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေခရိုင်ဝက်ထဲက၊ ဆယ်သုံးမြို့ကို ရကြ၏။
7 မေ​ရာ​ရိ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် နှစ်​မြို့​ကို​ရု​ဗင်​နယ်​မြေ၊ ဂဒ်​နယ်​မြေ၊ ဇာ​ဗု​လုန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​လေ​သည်။
မေရာရိသားတို့သည် အဆွေအမျိုးအလိုက် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက၊ ဆယ်နှစ်မြို့ကို ရကြ၏။
8 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​မဲ​ချ ၍​ဤ​မြို့​များ​နှင့်​စား​ကျက်​များ​ကို​လေဝိ အ​နွယ်​ဝင်​တို့​အ​တွက်​သတ်​မှတ်​ပေး​လေ​သည်။
ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် စာရေးတံပြု၍ ထိုမြို့တို့ကို မြို့နယ်နှင့်တကွ လေဝိသား တို့အား ပေးကြ၏။
9 လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​၏​သား​ချင်း​စု ဖြစ်​သည့်​အာ​ရုန်​သား​မြေး​တို့​အ​တွက်​ဦး​စွာ မဲ​ကျ​သ​ဖြင့် ယု​ဒ​နှင့်​ရှိမောင်​တို့​နယ်​မြေ​ထဲ​မှ မြို့​များ​ကို​သတ်​မှတ်​ပေး​ကြ​၏။-
ယုဒအမျိုးသားခရိုင်၊ ရှိမောင်အမျိုးသားခရိုင်ထဲ က ပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊
10 ၁၀
၁၀အာရုန်၏သားမြေးတို့သည် ပဌမစာရေးတံ အားဖြင့်ရသော မြို့တို့၏ အမည်များဟူမူကား၊
11 ၁၁ ယု​ဒ​နယ်​မြေ​တောင်​ကုန်း​ဒေ​သ​ရှိ​ယ​ခု​အ​ခါ ဟေ​ဗြုန်​မြို့​ဟု​နာ​မည်​တွင်​သော​အာ​ဘ​မြို့(အာ​ဘ သည်​အာ​န​က​၏​အ​ဖ​ဖြစ်​၏) နှင့်​တ​ကွ​ပတ်​ဝန်း ကျင်​ရှိ​စား​ကျက်​များ​ကို​သူ​တို့​အား​ပေး​ကြ​၏။-
၁၁ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူ သော အာနကအဘ အာဘနေသောမြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။
12 ၁၂ သို့​ရာ​တွင်​မြို့​ပတ်​ဝန်း​ကျင်​ရှိ​လယ်​ကွင်း​များ နှင့် ကျေး​ရွာ​များ​ကို​ယေ​ဖုန္နာ​၏​သား​ကာ​လက် အား​အ​ပိုင်​ပေး​ခဲ့​ပြီး​ဖြစ်​သည်။-
၁၂သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ၊ ရွာများ တို့ကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးကြ၏။
13 ၁၃ အာ​ရုန်​၏​သား​မြေး​တို့​အား​သတ်​မှတ်​ပေး သော​မြို့​များ​မှာ​ဟေ​ဗြုန်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့) အ​ပြင်​လိ​ဗ​န​မြို့၊-
၁၃လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေ ခြင်းငှါ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ် အာရုန်၏သားမြေးတို့အား ပေးကြ၏။
14 ၁၄ ယတ္တိ​ရ​မြို့၊ ဧ​ရှ​တေ​မော​မြို့၊- ဟော​လုန်​မြို့၊ ဒေ​ဗိ​ရ​မြို့၊-
၁၄ထိုမှတပါး၊ လိဗနမြို့နှင့်မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတေမောမြို့နှင့် မြို့နယ်၊
15 ၁၅
၁၅ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊
16 ၁၆ အ​ဣ​န​မြို့၊ ယုတ္တ​မြို့၊ ဗက်​ရှေ​မက်​မြို့​များ​နှင့်​တ​ကွ ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ဖြစ်​၏။ ဖော်​ပြ​ပါ​ကိုး​မြို့​တို့​ကို​ယု​ဒ​ပြည်​နယ်​နှင့် ရှိ​မောင်​ပြည်​နယ်​တို့​မှ​သတ်​မှတ်​ပေး​ခြင်း​ဖြစ်​၏။
၁၆အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တည်းဟူသော ထိုခရိုင်နှစ်ခရိုင် ထဲက ကိုးမြို့တို့ကို၎င်း၊
17 ၁၇ ဗင်္ယာ​မိန်​၏​နယ်​မြေ​မှ​သူ​တို့​အား​ဂိ​ဗောင်​မြို့၊ ဂေ​ဗ​မြို့၊-
၁၇ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊
18 ၁၈ အာ​န​သုတ်​မြို့၊ အာ​လ​မုန်​မြို့​စ​သည့်​မြို့​လေး မြို့​နှင့်​တ​ကွ ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​များ​ကို​သတ်​မှတ်​ပေး​လေ​သည်။
၁၈အာနသုတ်မြို့နှင့် မြို့နယ်၊ အာလမုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။
19 ၁၉ သို့​ဖြစ်​၍​အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယဇ်​ပု​ရော ဟိတ်​တို့​အား မြို့​ပေါင်း​တစ်​ဆယ်​သုံး​မြို့​နှင့်​ယင်း တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​သတ် မှတ်​ပေး​လေ​သည်။
၁၉အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့ရသော မြို့ပေါင်းကား၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း။
20 ၂၀ လေ​ဝိ​အ​နွယ်​ဝင်​ကော​ဟတ်​၏​ကျန်​သော​သား ချင်း​စု​တို့​အား ဧ​ဖ​ရိမ်​နယ်​မြေ​ထဲ​မှ​မြို့ အ​ချို့​ကို​သတ်​မှတ်​ပေး​သည်။-
၂၀ကြွင်းသောကောဟတ်သား အဆွေအမျိုးဖြစ် သော လေဝိသားတို့သည် စာရေးတံပြု၍ ဧဖရိမ်ခရိုင်ထဲ က ရသည်အတိုင်း၊
21 ၂၁ သူ​တို့​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​တွင်​ရှိ သော​ရှေ​ခင်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့၊) ဂေ​ဇာ​မြို့၊-
၂၁လူအသက်ကို သတ်မိသောသူမှီခိုရာမြို့ ဖြစ်စေ ခြင်းငှါ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့် တကွ ပေးကြ၏။
22 ၂၂ ကိ​ဗ​ဇိမ်​မြို့၊ ဗေ​သော​ရုန်​မြို့​စ​သည့်​မြို့​လေး မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​ရ ရှိ​ကြ​သည်။-
၂၂ထိုမှတပါး ဂေဇာမြို့နှင့်မြို့နယ်၊ ကိဗဇိမ်မြို့နှင့် မြို့နယ်၊ ဗေသောရုန်မြို့နှင့် မြို့နယ်တည်းဟူသော လေး မြို့တို့ကို၎င်း၊
23 ၂၃ သူ​တို့​သည်​ဒန်​နယ်​မြေ​ထဲ​မှ​ဧ​လ​တေ​က မြို့၊ ဂိဗ္ဗ​သုန်​မြို့၊-
၂၃ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗိ သုန်မြို့နှင့် မြို့နယ်၊
24 ၂၄ အာ​ဇ​လုန်​မြို့၊ ဂါ​သ​ရိမ္မုန်​မြို့ စ​သည့်​မြို့​လေး မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​ရ​ရှိ ကြ​သည်။-
၂၄အာဇလုန်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
25 ၂၅ သူ​တို့​သည်​အ​နောက်​မ​နာ​ရှေ​နယ်​မြေ​မှ​မြို့​နှစ် မြို့​ကို​ရ​ရှိ​ကြ​သည်။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင် ရှိ​စား​ကျက်​များ​အ​ပါ​အ​ဝင်​တာနက်​မြို့​နှင့် ဂါ​သ​ရိမ္မုန်​မြို့​များ​ဖြစ်​သည်။-
၂၅မနာရှေခရိုင်ဝက်ထဲက တာနက်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း ပေးကြ၏။
26 ၂၆ သို့​ဖြစ်​၍​ကျန်​သော​ကော​ဟတ်​သား​ချင်း​စု​သည် မြို့​ကြီး​စု​စု​ပေါင်း​ဆယ်​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ စား​ကျက်​များ​ကို​ရ​ရှိ​ကြ​လေ​သည်။
၂၆ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် ရသောမြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်မြို့ တည်း။
27 ၂၇ လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုံ​၏​သား​ချင်း​စု​တို့ သည်​အ​ရှေ့​မ​နာ​ရှေ​နယ်​မြေ​မှ​မြို့​နှစ်​မြို့ ကို​ရ​ရှိ​ကြ​၏။ ၎င်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ စား​ကျက်​များ​အ​ပါ​အ​ဝင်​ဗာ​ရှန်​ပြည်​ရှိ ဂေါ​လန်​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့) နှင့်​ဗေ​ရှ တေ​ရ​မြို့​တို့​ဖြစ်​သည်။-
၂၇လေဝိအဆွေအမျိုး၊ ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ ဗာရှန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေ ရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း၊
28 ၂၈ သူ​တို့​သည်​ဣ​သ​ခါ​နယ်​မြေ​မှ​မြို့​လေး​မြို့ ကို​ရ​ရှိ​ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ စား​ကျက်​များ​အ​ပါ​အ​ဝင်​ကိ​ရှုန်​မြို့၊ ဒါ ဗ​ရေ​မြို့၊-
၂၈ဣသခါခရိုင်ထဲက ကိရှုန်မြို့နှင့် မြို့နယ်၊ ဒါဗရေ မြို့နှင့် မြို့နယ်၊
29 ၂၉ ယာ​မုတ်​မြို့​နှင့်​အင်္ဂေန္နမ်​မြို့​တို့​ဖြစ်​ကြ​၏။-
၂၉ယာမုတ်မြို့နှင့် မြို့နယ်၊ အင်္ဂန္နမ်မြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
30 ၃၀ သူ​တို့​သည်​အာ​ရှာ​နယ်​မြေ​ထဲ​မှ​မြို့​လေး​မြို့ ကို​ရ​ရှိ​ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​များ​အ​ပါ​အ​ဝင်​မိ​ရှ​လ​မြို့၊ အာ​ဗ​ဒုန် မြို့၊-
၃၀အာရှာခရိုင်ထဲက မိရှလမြို့နှင့်မြို့နယ်၊ အာဗ ဒုန်မြို့နှင့် မြို့နယ်၊
31 ၃၁ ဟေ​လ​ကတ်​မြို့​နှင့်​ရ​ဟော​ဘ​မြို့​တို့​ဖြစ်​ကြ​၏။-
၃၁ဟေလကတ်မြို့နှင့် မြို့နယ်၊ ရဟောဘမြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို၎င်း၊
32 ၃၂ သူ​တို့​သည်​န​ဿ​လိ​နယ်​မြေ​မှ​မြို့​သုံး​မြို့​ကို ရ​ရှိ​ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​များ​အ​ပါ​အ​ဝင်​ဂါ​လိ​လဲ​ပြည်​ရှိ ကေ​ဒေ​ရှ​မြို့(ခို​လှုံ​ရာ​မြို့​တစ်​မြို့၊) ဟမ္မုဒ္ဒေါ​မြို့၊ ကာ​တံ​မြို့​တို့​ဖြစ်​ကြ​၏။-
၃၂နဿလိခရိုင်ထဲက၊ လူအသက်ကို သတ်မိသော သူမှီခိုရာမြို့၊ ဂါလိလဲပြည်၌ ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုဒ္ဒေါမြို့နှင့် မြို့နယ်၊ ကာတံမြို့နှင့် မြို့နယ်တည်းဟူ သော သုံးမြို့တို့ကို၎င်း ပေးကြ၏။
33 ၃၃ သို့​ဖြစ်​၍​ဂေ​ရ​ရှုံ​၏​သား​ချင်း​စု​သည်​မြို့ ပေါင်း​တစ်​ဆယ့်​သုံး​မြို့​နှင့် ယင်း​တို့​၏​ပတ်​ဝန်း ကျင်​ရှိ​စား​ကျက်​များ​ကို​ရ​ရှိ​ကြ​လေ​သည်။
၃၃ဂေရရှုံသားတို့သည်၊ အဆွေအမျိုးအလိုက်ရ သော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်သုံးမြို့တည်း။
34 ၃၄ ကျန်​ရှိ​နေ​သော​လေ​ဝိ​အ​နွယ်​ဝင်​ဖြစ်​သည့်​မေ​ရာ ရိ​သား​ချင်း​စု​တို့​သည် ဇာ​ဗု​လုန်​နယ်​မြေ​မှ​မြို့ လေး​မြို့​ကို​ရ​ရှိ​ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင် ရှိ​စား​ကျက်​များ​အ​ပါ​အ​ဝင်​ယော​က​နံ​မြို့၊ ကာ​တ​မြို့၊-
၃၄ကြွင်းသော လေဝိသား၊ မေရာရိအဆွေအမျိုးတို့ အား ဇာဗုလုန်ခရိုင်ထဲက ယောကနံမြို့နှင့် မြို့နယ်၊ ကာတမြို့နှင့်မြို့နယ်၊
35 ၃၅ ဒိ​မ​န​မြို့၊ န​ဟာ​လာ​လ​မြို့​တို့​ဖြစ်​ကြ​၏။
၃၅ဒိမနမြို့နှင့် မြို့နယ်၊ နဟာလာလမြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
36 ၃၆ သူ​တို့​သည်​ရုဗင်​နယ်​မြေ​မှ​မြို့​လေး​မြို့​ကို​ရ​ရှိ ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက် များ​အ​ပါ​အ​ဝင်​ဗေ​ဇာ​မြို့၊ ယ​ဟာ​ဇာ​မြို့၊-
၃၆ရုဗင်ခရိုင်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗေဇာမြို့နှင့် မြို့နယ်၊ ယဟာဇမြို့နှင့် မြို့နယ်၊
37 ၃၇ ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့​တို့​ဖြစ်​ကြ​၏။
၃၇ကေဒမုတ်မြို့နှင့်မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊
38 ၃၈ သူ​တို့​သည်​ဂဒ်​နယ်​မြေ​မှ​မြို့​လေး​မြို့​ကို​ရ​ရှိ ကြ​၏။ ယင်း​တို့​မှာ​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက် များ​အ​ပါ​အ​ဝင်​ဂိ​လဒ်​ပြည်​ရှိ​ရာ​မုတ်​မြို့(ခို လှုံ​ရာ​မြို့​တစ်​မြို့၊) မ​ဟာ​နိမ်​မြို့၊ ဟေ​ရှ​ဘုန်​မြို့၊ ယာ​ဇာ​မြို့​တို့​ဖြစ်​ကြ​၏။-
၃၈ဂဒ်ခရိုင်ထဲက၊ လူအသက်ကို သတ်မိသောသူမှီ ခိုရာမြို့၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့ နှင့် မြို့နယ်၊
39 ၃၉
၃၉ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။
40 ၄၀ သို့​ဖြစ်​၍​မေ​ရာ​ရိ​သား​ချင်း​စု​သည်​မြို့​ပေါင်း တစ်​ဆယ့်​နှစ်​မြို့​ကို​ရ​ရှိ​ကြ​သည်။
၄၀ကြွင်းသောလေဝိအဆွေအမျိုး မေရာရိသားတို့ သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ရသော မြို့ နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်နှစ်မြို့တည်း။
41 ၄၁ အ​ချုပ်​အား​ဖြင့်​ဆို​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ပိုင်​သော​ပြည်​ထဲ​မှ​မြို့​ပေါင်း​လေး​ဆယ့်​ရှစ်​မြို့ နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​ခွဲ​ဝေ​သတ်​မှတ်​ပေး​ကြ​၏။
၄၁ဣသရေလအမျိုးသားနေရာ နိုင်ငံအဝင်၊ လေဝိသားနေသော မြို့ပေါင်းကား၊ မြို့နယ်နှင့်တကွ လေးဆယ်ရှစ်မြို့တည်း။
42 ၄၂
၄၂ထိုမြို့ရှိသမျှတို့သည် ပတ်ဝန်းကျင်နယ်နှင့် ပြည့် စုံလျက်ရှိသတည်း။
43 ၄၃ ဤ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု က​တိ​ထား​တော်​မူ​သော​ပြည်​တစ်​ပြည်​လုံး​ကို သူ​တို့​အား​ပေး​တော်​မူ​၏။ သူ​တို့​သည်​ထို​ပြည် ကို​သိမ်း​ပိုက်​၍​အ​ခြေ​စိုက်​နေ​ထိုင်​ကြ​လေ သည်။-
၄၃ထာဝရဘုရားကလည်း၊ ငါပေးမည်ဟု ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်ရှိသမျှကို ဣသရေလ အမျိုးသားတို့အား ပေးတော်မူသဖြင့်၊ သူတို့သည် သိမ်းယူ ၍ နေရာကျကြ၏။
44 ၄၄ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘိုး​ဘေး​တို့​အား က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​တစ်​ပြည်​လုံး တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​လေ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ရန်​သူ​ရှိ​သ​မျှ​တို့​ကို​တိုက်​ခိုက်​အောင်​မြင် စေ​တော်​မူ​၏။ မည်​သည့်​ရန်​သူ​က​မျှ​သူ​တို့ ကို​မ​ခု​ခံ​နိုင်။-
၄၄ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသမျှအတိုင်း၊ ပတ်ဝန်းကျင်အရပ်တို့၌ ငြိမ်ဝပ်ရာအခွင့်ကို ပေးတော်မူ သဖြင့်၊ သူတို့ရှေ့မှာ အဘယ်ရန်သူမျှမရပ်နိုင်။ ရန်သူ အပေါင်းတို့ကို သူတို့လက်သို့ အပ်တော်မူ၏။
45 ၄၅ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထား​တော်​မူ​သော​က​တိ​တော် ရှိ​သ​မျှ​အ​တိုင်း​ပြု​တော်​မူ​သ​တည်း။
၄၅ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ မိန့်တော်မူသော ကောင်းကျိုးတစုံတပါးမျှမလျော့၊ ရှိသမျှ တို့သည် ပြည့်စုံကြ၏။

< ယောရှု 21 >