< ယောရှု 21 >
1 ၁ လေဝိအနွယ်မိသားစုခေါင်းဆောင်တို့သည် ခါနာန်ပြည်၊ ရှိလောမြို့နေယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်အပေါင်းတို့၏မိသားစုအကြီးအကဲ တို့ထံသို့ချဉ်းကပ်၍``ထာဝရဘုရားသည် အကျွန်ုပ်တို့နေထိုင်ရန်မြို့များနှင့်အကျွန်ုပ် တို့၏သိုးနွားများအတွက် ယင်းမြို့များပတ် ဝန်းကျင်ရှိစားကျက်များကိုသတ်မှတ်ပေး ရမည်ဟူ၍ မောရှေမှတစ်ဆင့်မိန့်မှာတော် မူခဲ့ပါသည်'' ဟုလျှောက်ထားကြ၏။-
And the heads of the families of the sons of Levi drew near to Eleazar the priest, and to Joshua the [son] of Naue, and to the heads of families of the tribes of Israel.
And they spoke to them in Selo in the land of Chanaan, saying, The Lord gave commandment by Moses to give us cities to dwell in, and the country round about for our cattle.
3 ၃ ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မိမိတို့ရရှိသောနယ်မြေထဲမှမြို့များ နှင့်စားကျက်များကိုလေဝိအနွယ်ဝင်တို့ အားခွဲဝေသတ်မှတ်ပေးကြလေသည်။
So the children of Israel gave to the Levites in their inheritance by the command of the Lord the cities and the country round.
4 ၄ လေဝိအနွယ်ဝင်ကောဟတ်သားချင်းစုတို့ အတွက် မြို့များကိုဦးစွာခွဲဝေသတ်မှတ် ပေးကြသည်။ ထိုသို့ခွဲဝေပေးရာ၌ယဇ် ပုရောဟိတ်အာရုန်မှဆင်းသက်သောလေဝိ အနွယ်ဝင်တို့အတွက် မြို့တစ်ဆယ့်သုံးမြို့ ကိုယုဒနယ်မြေ၊ ရှိမောင်နယ်မြေ၊ ဗင်္ယာမိန် နယ်မြေထဲမှသတ်မှတ်ပေးကြသည်။-
And the lot came out for the children of Caath; and the sons of Aaron, the priests the Levites, had by lot thirteen cities out of the tribe of Juda, and out of the tribe of Symeon, and out of the tribe of Benjamin.
5 ၅ ကျန်ရှိနေသောကောဟတ်သားချင်းစုတို့ အတွက်မြို့ဆယ်မြို့ကိုဧဖရိမ်နယ်မြေ၊ ဒန် နယ်မြေ၊ အနောက်ဘက်မနာရှေနယ်မြေ ထဲမှသတ်မှတ်ပေးကြသည်။
And to the sons of Caath that were left were [given by] lot ten cities, out of the tribe of Ephraim, and out of the tribe of Dan, and out of the half tribe of Manasse.
6 ၆ ဂေရရှုံသားချင်းစုတို့အတွက်မြို့တစ်ဆယ့် သုံးမြို့ကိုဣသခါနယ်မြေ၊ အာရှာနယ်မြေ၊ နဿလိနယ်မြေ၊ အရှေ့မနာရှေနယ်မြေထဲ မှသတ်မှတ်ပေးကြသည်။
And the sons of Gedson had thirteen cities, out of the tribe of Issachar, and out of the tribe of Aser, and out of the tribe of Nephthali, and out of the half tribe of Manasse in Basan.
7 ၇ မေရာရိသားချင်းစုတို့အတွက်မြို့တစ်ဆယ့် နှစ်မြို့ကိုရုဗင်နယ်မြေ၊ ဂဒ်နယ်မြေ၊ ဇာဗုလုန် နယ်မြေထဲမှသတ်မှတ်ပေးကြလေသည်။
And the sons of Merari according to their families had by lot twelve cities, out of the tribe of Ruben, and out of the tribe of Gad, and out of the tribe of Zabulon.
8 ၈ ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည့်အတိုင်းဣသရေလအမျိုး သားတို့သည်မဲချ ၍ဤမြို့များနှင့်စားကျက်များကိုလေဝိ အနွယ်ဝင်တို့အတွက်သတ်မှတ်ပေးလေသည်။
And the children of Israel gave to the Levites the cities and their suburbs, as the Lord commanded Moses, by lot.
9 ၉ လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစု ဖြစ်သည့်အာရုန်သားမြေးတို့အတွက်ဦးစွာ မဲကျသဖြင့် ယုဒနှင့်ရှိမောင်တို့နယ်မြေထဲမှ မြို့များကိုသတ်မှတ်ပေးကြ၏။-
And the tribe of the children of Juda, and the tribe of the children of Symeon, and [part] of the tribe of the children of Benjamin gave these cities, and they were assigned
to the sons of Aaron of the family of Caath of the sons of Levi, for the lot fell to these.
11 ၁၁ ယုဒနယ်မြေတောင်ကုန်းဒေသရှိယခုအခါ ဟေဗြုန်မြို့ဟုနာမည်တွင်သောအာဘမြို့(အာဘ သည်အာနက၏အဖဖြစ်၏) နှင့်တကွပတ်ဝန်း ကျင်ရှိစားကျက်များကိုသူတို့အားပေးကြ၏။-
And they gave to them Cariatharboc the metropolis of the sons of Enac; this is Chebron in the mountain [country] of Juda, and the suburbs round it.
12 ၁၂ သို့ရာတွင်မြို့ပတ်ဝန်းကျင်ရှိလယ်ကွင်းများ နှင့် ကျေးရွာများကိုယေဖုန္နာ၏သားကာလက် အားအပိုင်ပေးခဲ့ပြီးဖြစ်သည်။-
But the lands of the city, and its villages Joshua gave to the sons of Chaleb the son of Jephonne for a possession.
13 ၁၃ အာရုန်၏သားမြေးတို့အားသတ်မှတ်ပေး သောမြို့များမှာဟေဗြုန်မြို့(ခိုလှုံရာမြို့တစ်မြို့) အပြင်လိဗနမြို့၊-
And to the sons of Aaron he gave the city of refuge for the slayer, Chebron, and the suburbs belonging to it; and Lemna and the suburbs belonging to it;
14 ၁၄ ယတ္တိရမြို့၊ ဧရှတေမောမြို့၊- ဟောလုန်မြို့၊ ဒေဗိရမြို့၊-
and Aelom and its suburbs; and Tema and its suburbs;
and Gella and its suburbs; and Dabir and its suburbs;
16 ၁၆ အဣနမြို့၊ ယုတ္တမြို့၊ ဗက်ရှေမက်မြို့များနှင့်တကွ ယင်းတို့၏ပတ်ဝန်းကျင်ရှိစားကျက်များဖြစ်၏။ ဖော်ပြပါကိုးမြို့တို့ကိုယုဒပြည်နယ်နှင့် ရှိမောင်ပြည်နယ်တို့မှသတ်မှတ်ပေးခြင်းဖြစ်၏။
and Asa and its suburbs; and Tany and its suburbs; and Baethsamys and its suburbs: nine cities from these two tribes.
17 ၁၇ ဗင်္ယာမိန်၏နယ်မြေမှသူတို့အားဂိဗောင်မြို့၊ ဂေဗမြို့၊-
And from the tribe of Benjamin, Gabaon and its suburbs; and Gatheth and its suburbs;
18 ၁၈ အာနသုတ်မြို့၊ အာလမုန်မြို့စသည့်မြို့လေး မြို့နှင့်တကွ ယင်းတို့၏ပတ်ဝန်းကျင်ရှိစား ကျက်များကိုသတ်မှတ်ပေးလေသည်။
and Anathoth and its suburbs; and Gamala and its suburbs; four cities.
19 ၁၉ သို့ဖြစ်၍အာရုန်၏အဆက်အနွယ်ယဇ်ပုရော ဟိတ်တို့အား မြို့ပေါင်းတစ်ဆယ်သုံးမြို့နှင့်ယင်း တို့၏ပတ်ဝန်းကျင်ရှိစားကျက်များကိုသတ် မှတ်ပေးလေသည်။
All the cities of the sons of Aaron the priests, thirteen.
20 ၂၀ လေဝိအနွယ်ဝင်ကောဟတ်၏ကျန်သောသား ချင်းစုတို့အား ဧဖရိမ်နယ်မြေထဲမှမြို့ အချို့ကိုသတ်မှတ်ပေးသည်။-
And to the families, [even] the sons of Caath the Levites, that were left of the sons of Caath, there was [given] their priests' city,
21 ၂၁ သူတို့သည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရှိ သောရှေခင်မြို့(ခိုလှုံရာမြို့တစ်မြို့၊) ဂေဇာမြို့၊-
out of the tribe of Ephraim; and they gave them the slayer's city of refuge, Sychem, and its suburbs, and Gazara and its appendages, and its suburbs;
22 ၂၂ ကိဗဇိမ်မြို့၊ ဗေသောရုန်မြို့စသည့်မြို့လေး မြို့နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုရ ရှိကြသည်။-
and Baethoron and its suburbs: four cities:
23 ၂၃ သူတို့သည်ဒန်နယ်မြေထဲမှဧလတေက မြို့၊ ဂိဗ္ဗသုန်မြို့၊-
and the tribe of Dan, Helcothaim and its suburbs; and Gethedan and its suburbs:
24 ၂၄ အာဇလုန်မြို့၊ ဂါသရိမ္မုန်မြို့ စသည့်မြို့လေး မြို့နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုရရှိ ကြသည်။-
and Aelon and its suburbs; and Getheremmon and its suburbs: four cities.
25 ၂၅ သူတို့သည်အနောက်မနာရှေနယ်မြေမှမြို့နှစ် မြို့ကိုရရှိကြသည်။ ယင်းတို့မှာပတ်ဝန်းကျင် ရှိစားကျက်များအပါအဝင်တာနက်မြို့နှင့် ဂါသရိမ္မုန်မြို့များဖြစ်သည်။-
And out of the half tribe of Manasse, Tanach and its suburbs; and Jebatha and its suburbs; two cities.
26 ၂၆ သို့ဖြစ်၍ကျန်သောကောဟတ်သားချင်းစုသည် မြို့ကြီးစုစုပေါင်းဆယ်မြို့နှင့်ပတ်ဝန်းကျင်ရှိ စားကျက်များကိုရရှိကြလေသည်။
In all [were given] ten cities, and the suburbs of each belonging to them, to the families of the sons of Caath that remained.
27 ၂၇ လေဝိအနွယ်ဝင်ဂေရရှုံ၏သားချင်းစုတို့ သည်အရှေ့မနာရှေနယ်မြေမှမြို့နှစ်မြို့ ကိုရရှိကြ၏။ ၎င်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ဗာရှန်ပြည်ရှိ ဂေါလန်မြို့(ခိုလှုံရာမြို့တစ်မြို့) နှင့်ဗေရှ တေရမြို့တို့ဖြစ်သည်။-
And [Joshua gave] to the sons of Gedson the Levites out of the other half tribe of Manasse cities set apart for the slayers, Gaulon in the country of Basan, and its suburbs; and Bosora and its suburbs; two cities.
28 ၂၈ သူတို့သည်ဣသခါနယ်မြေမှမြို့လေးမြို့ ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ကိရှုန်မြို့၊ ဒါ ဗရေမြို့၊-
And out of the tribe of Issachar, Kison and its suburbs; and Debba and its suburbs;
29 ၂၉ ယာမုတ်မြို့နှင့်အင်္ဂေန္နမ်မြို့တို့ဖြစ်ကြ၏။-
and Remmath and its suburbs; and the well of Letters, and its suburbs; four cities.
30 ၃၀ သူတို့သည်အာရှာနယ်မြေထဲမှမြို့လေးမြို့ ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစား ကျက်များအပါအဝင်မိရှလမြို့၊ အာဗဒုန် မြို့၊-
And out of the tribe of Aser, Basella and its suburbs; and Dabbon and its suburbs;
31 ၃၁ ဟေလကတ်မြို့နှင့်ရဟောဘမြို့တို့ဖြစ်ကြ၏။-
and Chelcat and its suburbs; and Raab and its suburbs; four cities.
32 ၃၂ သူတို့သည်နဿလိနယ်မြေမှမြို့သုံးမြို့ကို ရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစား ကျက်များအပါအဝင်ဂါလိလဲပြည်ရှိ ကေဒေရှမြို့(ခိုလှုံရာမြို့တစ်မြို့၊) ဟမ္မုဒ္ဒေါမြို့၊ ကာတံမြို့တို့ဖြစ်ကြ၏။-
And of the tribe of Nephthali, the city set apart for the slayer, Cades in Galilee, and its suburbs; and Nemmath, and its suburbs; and Themmon and its suburbs; three cities.
33 ၃၃ သို့ဖြစ်၍ဂေရရှုံ၏သားချင်းစုသည်မြို့ ပေါင်းတစ်ဆယ့်သုံးမြို့နှင့် ယင်းတို့၏ပတ်ဝန်း ကျင်ရှိစားကျက်များကိုရရှိကြလေသည်။
All the cities of Gedson according to their families [were] thirteen cities.
34 ၃၄ ကျန်ရှိနေသောလေဝိအနွယ်ဝင်ဖြစ်သည့်မေရာ ရိသားချင်းစုတို့သည် ဇာဗုလုန်နယ်မြေမှမြို့ လေးမြို့ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင် ရှိစားကျက်များအပါအဝင်ယောကနံမြို့၊ ကာတမြို့၊-
And to the family of the sons of Merari the Levites that remained, [he gave] out of the tribe of Zabulon, Maan and its suburbs; and Cades and its suburbs,
35 ၃၅ ဒိမနမြို့၊ နဟာလာလမြို့တို့ဖြစ်ကြ၏။
and Sella and its suburbs: three cities.
36 ၃၆ သူတို့သည်ရုဗင်နယ်မြေမှမြို့လေးမြို့ကိုရရှိ ကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစားကျက် များအပါအဝင်ဗေဇာမြို့၊ ယဟာဇာမြို့၊-
And beyond Jordan over against Jericho, out of the tribe of Ruben, the city of refuge for the slayer, Bosor in the wilderness; Miso and its suburbs; and Jazer and its suburbs; and Decmon and its suburbs; and Mapha and its suburbs; four cities.
37 ၃၇ ကေဒမုတ်မြို့၊ မေဖတ်မြို့တို့ဖြစ်ကြ၏။
And out of the tribe of Gad the city of refuge for the slayer, both Ramoth in Galaad, and its suburbs; Camin and its suburbs; and Esbon and its suburbs; and Jazer and its suburbs: the cities [were] four in all.
38 ၃၈ သူတို့သည်ဂဒ်နယ်မြေမှမြို့လေးမြို့ကိုရရှိ ကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစားကျက် များအပါအဝင်ဂိလဒ်ပြည်ရှိရာမုတ်မြို့(ခို လှုံရာမြို့တစ်မြို့၊) မဟာနိမ်မြို့၊ ဟေရှဘုန်မြို့၊ ယာဇာမြို့တို့ဖြစ်ကြ၏။-
40 ၄၀ သို့ဖြစ်၍မေရာရိသားချင်းစုသည်မြို့ပေါင်း တစ်ဆယ့်နှစ်မြို့ကိုရရှိကြသည်။
All [these] cities [were given] to the sons of Merari according to the families of them that were left out of the tribe of Levi; and their limits were the twelve cities.
41 ၄၁ အချုပ်အားဖြင့်ဆိုသော်ဣသရေလအမျိုးသား တို့ပိုင်သောပြည်ထဲမှမြို့ပေါင်းလေးဆယ့်ရှစ်မြို့ နှင့်တကွ ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်ဝင်တို့အားခွဲဝေသတ်မှတ်ပေးကြ၏။
All the cities of the Levites in the midst of the possession of the children of Israel, [were] forty-eight cities,
and their suburbs round about these cities: a city and the suburbs round about the city to all these cities.
43 ၄၃ ဤကဲ့သို့ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထားတော်မူသောပြည်တစ်ပြည်လုံးကို သူတို့အားပေးတော်မူ၏။ သူတို့သည်ထိုပြည် ကိုသိမ်းပိုက်၍အခြေစိုက်နေထိုင်ကြလေ သည်။-
So the Lord gave to Israel all the land which he sware to give to their fathers: and they inherited it, and lived in it.
44 ၄၄ ထာဝရဘုရားသည်သူတို့၏ဘိုးဘေးတို့အား ကတိထားတော်မူသည့်အတိုင်းတစ်ပြည်လုံး တွင်ငြိမ်းချမ်းသာယာမှုရှိလေ၏။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့အား ရန်သူရှိသမျှတို့ကိုတိုက်ခိုက်အောင်မြင် စေတော်မူ၏။ မည်သည့်ရန်သူကမျှသူတို့ ကိုမခုခံနိုင်။-
And the Lord gave them rest round about, as he sware to their fathers: not one of all their enemies maintained his ground against them; the Lord delivered all their enemies into their hands.
45 ၄၅ ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ထားတော်မူသောကတိတော် ရှိသမျှအတိုင်းပြုတော်မူသတည်း။
There failed not one of the good things which the Lord spoke to the children of Israel; all came to pass.