< ယောရှု 20 >
1 ၁ ထိုနောက်ထာဝရဘုရားသည်ယောရှုမှ တစ်ဆင့် ဣသရေလအမျိုးသားတို့အား၊-
And he spoke Yahweh to Joshua saying.
2 ၂ ``ငါသည်မောရှေအားဖြင့်မိန့်မှာသည့် အတိုင်းခိုလှုံရာမြို့များကိုရွေးချယ် လော့။-
Speak to [the] people of Israel saying assign for yourselves [the] cities of refuge which I spoke to you by [the] hand of Moses.
3 ၃ တစ်စုံတစ်ယောက်အားမတော်တဆသတ်မိ သောသူသည် လက်စားချေမည့်သူ၏လက်မှ လွတ်မြောက်ရန် ထိုမြို့များသို့ထွက်ပြေး ခိုလှုံနိုင်စေရမည်။-
To flee there towards a killer [who] strikes down a person by inadvertence with not knowledge and they will become for you a refuge from [the] avenger of blood.
4 ၄ သူသည်ထိုမြို့များအနက်တစ်မြို့မြို့သို့ ထွက်ပြေး၍ မြို့တံခါးဝတွင်ရှိသောတရား စီရင်ရာဌာနသို့သွားပြီးလျှင် မြို့၏အကြီး အကဲတို့အားဖြစ်ပျက်ခဲ့သမျှကိုရှင်းပြ ရမည်။ ထိုနောက်အကြီးအကဲတို့က ထိုသူ အားမြို့တွင်းသို့ဝင်ခွင့်ပြု၍သူနေထိုင် ရန်နေရာချပေးရမည်။-
And he will flee to one - of the cities these and he will stand [the] entrance of [the] gate of the city and he will speak in [the] ears of ([the] elders of the city *LA(bh)*) that words his and they will gather him the city towards to themselves and they will give to him a place and he will dwell with them.
5 ၅ လက်စားချေရန်လိုက်လာသူသည်ထိုအရပ် သို့ရောက်ရှိလာလျှင်မြို့သူမြို့သားတို့က ထွက်ပြေးခိုလှုံသူအား ထိုသူ၏လက်သို့ မအပ်ရ။ သူသည်မိမိအမျိုးသားချင်းကို ရန်ငြိုးမရှိဘဲမတော်တဆသတ်မိသည် ဖြစ်သောကြောင့်သူ့အားအသက်ဘေးမှ ကာကွယ်ပေးရမည်။-
And if he will pursue [the] avenger of blood after him and not they will deliver up the killer in hand his for with not knowledge he struck neighbor his and not [was] hating he him from yesterday [the] third day.
6 ၆ သူသည်လူအပေါင်းတို့ရှေ့တွင်တရားစီရင် ခြင်းကိုခံပြီးသည်အထိထိုမြို့တွင်နေရ မည်။ အချင်းဖြစ်ပွားစဉ်အချိန်ကယဇ်ပုရော ဟိတ်မင်းဖြစ်သူအနိစ္စရောက်ပြီးနောက်မှသူ သည်ထွက်ပြေးခဲ့သောမိမိနေရင်းမြို့သို့ပြန် နိုင်သည်'' ဟုမိန့်တော်မူ၏။
And he will dwell - in the city that until stands he before the congregation for judgment until [the] death of the priest great who he will be in the days those then - he will return the killer and he will go to own city his and to own house his to the city where he fled from there.
7 ၇ ထို့ကြောင့်သူတို့သည်ယော်ဒန်မြစ်အနောက် ဘက်တွင်နဿလိတောင်ကုန်းဒေသ၊ ဂါလိလဲ နယ်ရှိကေဒေရှမြို့၊ ဧဖရိမ်တောင်ကုန်းဒေသ ရှိရှေခင်မြို့၊ ယုဒတောင်ကုန်းဒေသရှိဟေဗြုန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေးချယ် သတ်မှတ်ကြသည်။-
And they set apart Kedesh in Galilee in [the] hill country of Naphtali and Shechem in [the] hill country of Ephraim and Kiriath Arba that [is] Hebron in [the] hill country of Judah.
8 ၈ ယော်ဒန်မြစ်အရှေ့ဘက်၊ ယေရိခေါမြို့အရှေ့ ရုဗင်နယ်မြေကုန်းပြင်မြင့်တောကန္တာရရှိ ဗေဇာမြို့၊ ဂဒ်နယ်မြေဂိလဒ်နယ်ရှိရာမုတ် မြို့၊ မနာရှေနယ်မြေ၊ ဗာရှန်နယ်ရှိဂေါလန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေး ချယ်သတ်မှတ်ကြသည်။-
And from [the] other side of [the] Jordan of Jericho east-ward they assigned Bezer in the wilderness in the plain from [the] tribe of Reuben and Ramoth in Gilead from [the] tribe of Gad and (Golan *Q(K)*) in Bashan from [the] tribe of Manasseh.
9 ၉ ဣသရေလအမျိုးသားဖြစ်စေ၊ သူနှင့်အတူ နေထိုင်သောလူမျိုးခြားဖြစ်စေ၊ မတော်တဆ လူတစ်ဦးတစ်ယောက်ကိုသတ်မိသူသည်လက် စားချေမည့်သူ၏လက်မှလွတ်မြောက်ရန်နှင့် သူ့ အားလူပရိသတ်ရှေ့တွင်တရားမစီရင်ရ သေးမီသေစားမသေစေရန် ဤမြို့များကို ခိုလှုံရာမြို့များအဖြစ်ရွေးချယ်ကြ သတည်း။
These they were [the] cities of appointing for all - [the] people of Israel and for the sojourner who sojourns in midst of them to flee there towards any [one who] strikes down a person by inadvertence and not he will die by [the] hand of [the] avenger of blood until stands he before the congregation.