< ယောရှု 2 >
1 ၁ ထိုနောက်ယောရှုသည်ခါနာန်ပြည်၏အခြေအနေ၊ အထူးသဖြင့်ယေရိခေါမြို့၏အခြေအနေကိုထောက်လှမ်းရန် သူလျှိုနှစ်ဦးကိုစခန်းချရာအကေရှအရပ်မှစေလွှတ်လိုက်လေသည်။ သူတို့သည်ယေရိခေါမြို့သို့သွားရောက်သော အခါရာခပ်နာမည်ရှိပြည့်တန်ဆာမအိမ် တွင်တစ်ညတည်းခိုကြလေသည်။-
2 ၂ ယေရိခေါမြို့မင်းကြီးသည်ဣသရေလအမျိုးသားအချို့ တိုင်းပြည်၏အခြေအနေ ကိုထောက်လှမ်းရန်ရောက်ရှိနေသည့်သတင်း ကိုကြားသိရသဖြင့်၊-
3 ၃ ရာခပ်ထံသို့စေလွှတ်ပြီးလျှင်``သင့်အိမ်သို့ ရောက်ရှိနေသူများသည်သူလျှိုများဖြစ် သည်။ သူတို့ကိုငါ့လက်သို့အပ်လော့'' ဟု ဆင့်ဆိုစေ၏။-
4 ၄ ရာခပ်က``ကျွန်မ၏အိမ်သို့ဧည့်သည်အချို့ ရောက်ရှိလာသည်မှာမှန်ပါ၏။ သို့ရာတွင်သူ တို့မည်သည့်အရပ်မှလာသည်ကိုကျွန်မ မသိပါ။ သူတို့သည်မြို့တံခါးမပိတ်မီနေ ဝင်ချိန်တွင်ထွက်ခွာသွားကြပါသည်။ သူတို့ မည်သည့်အရပ်သို့ခရီးဆက်ကြသည်ကို လည်းမသိပါ။ သို့သော်လည်းသူတို့နောက် သို့အလျင်အမြန်လိုက်လျှင်မီနိုင်ပါမည်'' ဟုပြန်လည်ဖြေကြားလေ၏။ (သူသည်ထို သူတို့ကိုအိမ်ခေါင်မိုးပေါ်သို့တက်စေပြီး လျှင်အမိုးပေါ်တွင်တင်ထားသောပိုက်ဆံ လျှော်ရိုးများအောက်တွင်ဝှက်ထားပြီး ဖြစ်သည်။)-
5 ၅
6 ၆
7 ၇ မင်းကြီးစေလွှတ်လိုက်သူများမြို့ပြင်သို့ ရောက်သည့်အခါ မြို့တံခါးကိုပိတ်လိုက် ကြ၏။ သူတို့သည်ယော်ဒန်မြစ်ကိုဖြတ် လျှောက်နိုင်သည့်မြစ်ကမ်းအထိသူလျှိုများကိုလိုက်လံရှာဖွေကြသည်။
8 ၈ သူလျှိုတို့အိပ်ရာမဝင်မီအချိန်၌ ရာခပ်သည်အိမ်မိုးပေါ်သို့တက်လာ၍၊-
9 ၉ ``ထာဝရဘုရားသည်သင်တို့အားဤပြည်ကိုပေးတော်မူကြောင်းကျွန်မသိပါသည်။ ဤပြည်သားအပေါင်းတို့သည်သင်တို့ကို ကြောက်လန့်လျက်ရှိကြပါသည်။-
10 ၁၀ သင်တို့အီဂျစ်ပြည်မှထွက်လာစဉ်ကထာဝရဘုရားသည် သင်တို့ချီတက်ရာရှေ့၌ပင်လယ် နီရေကိုခန်းခြောက်စေတော်မူကြောင်းကို ကျွန်မတို့ကြားသိရပါသည်။ ယော်ဒန် မြစ်အရှေ့ဘက်တွင်စိုးစံသောအာမောရိ ဘုရင်နှစ်ပါးဖြစ်ကြသည့်ရှိဟုန်ဘုရင် နှင့်သြဃဘုရင်တို့ကို သင်တို့မည်ကဲ့သို့ သတ်ဖြတ်သုတ်သင်ခဲ့ကြကြောင်းကိုလည်း ကျွန်မကြားသိရပါသည်။-
11 ၁၁ ထိုသတင်းများကိုကြားလျှင်ကြားချင်း ကျွန်မတို့ကြောက်လန့်ကြပါ၏။ သင်တို့ ကြောင့်ကျွန်မတို့စိတ်ပျက်အားလျော့ကြ ပါ၏။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည်မိုးမြေကိုပိုင်သအုပ်စိုး သောဘုရားဖြစ်တော်မူ၏။-
12 ၁၂ ကျွန်မသည်သင်တို့ကိုကျေးဇူးပြုသကဲ့ သို့ကျွန်မ၏မိသားစုကိုလည်း ကျေးဇူးပြု ပါမည်ဟုထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုကြပါလော့။ ကျွန်မသည်သင်တို့ ကိုယုံကြည်စိတ်ချနိုင်ကြောင်းသက်သေအထောက်အထားတစ်ခုခုကိုပေးပါလော့။-
13 ၁၃ ကျွန်မ၏မိဘ၊ မောင်နှမနှင့်သူတို့၏မိသားစုတို့ကိုမသတ်ဘဲ အသက်ချမ်းသာပေးမည် ဟုကတိပေးကြပါလော့'' ဟုဆို၏။
14 ၁၄ ထိုအခါသူတို့က ``ငါတို့သည်ကတိမတည်လျှင် ထာဝရဘုရားသည်ငါတို့ကိုသတ်ပါစေသား။ သင်သည်ငါတို့လာရောက်သည့်ကိစ္စ ကိုမပေါက်ကြားစေလျှင် ဤပြည်ကိုထာဝရ ဘုရားငါတို့အားပေးသနားတော်မူသော အခါ ငါတို့သည်သင်တို့ကိုကျေးဇူးပြု မည်ဟုကတိပြုပါ၏'' ဟူ၍ပြန်ပြောလေသည်။
15 ၁၅ ရာခပ်သည်မြို့ရိုးနှင့်ကပ်၍ဆောက်ထားသော အိမ်တွင်နေထိုင်သဖြင့် သူတို့ကိုပြူတင်းပေါက် မှကြိုးဖြင့်မြို့ပြင်သို့လျှောချလိုက်လေသည်။ ရာခပ်က ``မင်းကြီးစေလွှတ်လိုက်သူများသင် တို့ကိုရှာ၍မတွေ့စေရန် တောင်ပေါ်သို့ပြေး၍သုံးရက်ပုန်းအောင်းနေကြလော့။-
16 ၁၆ သင်တို့ကိုလိုက်ရှာသောသူများပြန်လာမှ သင်တို့ခရီးဆက်သွားကြပါ'' ဟုမှာလိုက်လေသည်။
17 ၁၇ ထိုအခါသူတို့က``ငါတို့သည်သင့်အား ပေးသောကတိတည်စေမည်။-
18 ၁၈ သင်တို့၏ပြည်ထဲသို့ငါတို့ချီတက်လာသော အခါ ငါတို့ကိုလျှောချသောပြူတင်းပေါက် တွင် ဤကြိုးနီကိုချည်ထားလော့။ သင်၏မိဘ၊ မောင်နှမများနှင့်ဖခင်ဘက်မှမိသားစု အားလုံးကိုသင်၏အိမ်တွင်စုရုံးနေစေ လော့။-
19 ၁၉ သင့်အိမ်ထဲမှတစ်စုံတစ်ယောက်သည်လမ်း ပေါ်သို့ထွက်သဖြင့် အသတ်ခံရလျှင်ငါတို့ ၏တာဝန်မဟုတ်။ သင့်အိမ်ထဲတွင်ရှိသောသူ တစ်စုံတစ်ယောက်ထိခိုက်လျှင်ငါတို့တာဝန် ယူမည်။-
20 ၂၀ သို့ရာတွင်သင်သည်ငါတို့လာရောက်သည့် ကိစ္စကို တစ်စုံတစ်ယောက်အားပေါက်ကြားစေ လျှင်မူကားငါတို့ပေးသောကတိတည်ရန် မလို'' ဟုရာခပ်အားပြောကြားလေသည်။-
21 ၂၁ ရာခပ်သည်သူတို့ပြောသည့်အတိုင်းလိုက်နာ ပါမည်ဟုဝန်ခံသဖြင့် သူတို့သည်ထွက်ခွာ သွားကြသည်။ သူတို့ထွက်သွားကြပြီးနောက် ရာခပ်သည်ပြူတင်းပေါက်တွင်ကြိုးနီကိုချည် ထားလေသည်။
22 ၂၂ သူလျှိုတို့သည်တောင်ကုန်းများပေါ်သို့တက် ၍ပုန်းအောင်းနေကြ၏။ မင်းကြီးစေလွှတ်သော သူများသည် သူလျှိုတို့ကိုသုံးရက်တိုင်အောင် နေရာအနှံ့လိုက်လံရှာဖွေ၍မတွေ့လျှင် ယေရိခေါမြို့သို့ပြန်လာကြလေသည်။-
23 ၂၃ ထိုနောက်သူလျှိုနှစ်ဦးတို့သည်တောင်ကုန်း များပေါ်မှဆင်းပြီးလျှင်မြစ်ကိုဖြတ်ကူး၍ ယောရှုထံသို့ပြန်လာကြ၏။ သူတို့သည် ဖြစ်ပျက်ခဲ့သမျှကိုယောရှုအားပြန် ကြားပြီးလျှင်၊-
24 ၂၄ ထာဝရဘုရားသည်အကျွန်ုပ်တို့အား ထိုပြည်တစ်ပြည်လုံးကိုမုချပေးတော်မူ ပြီ။ ပြည်သူပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့ကိုကြောက်လန့်လျက်ရှိကြ ပါသည်'' ဟုဆိုကြ၏။