< ယောရှု 2 >

1 ထို​နောက်​ယော​ရှု​သည်​ခါ​နာန်​ပြည်​၏​အ​ခြေ​အ​နေ၊ အ​ထူး​သ​ဖြင့်​ယေ​ရိ​ခေါ​မြို့​၏​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် သူ​လျှို​နှစ်​ဦး​ကို​စ​ခန်း​ချ​ရာ​အ​ကေ​ရှ​အ​ရပ်​မှ​စေ​လွှတ်​လိုက်​လေ​သည်။ သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​သို့​သွား​ရောက်​သော အ​ခါ​ရာ​ခပ်​နာ​မည်​ရှိ​ပြည့်​တန်​ဆာ​မ​အိမ် တွင်​တစ်​ည​တည်း​ခို​ကြ​လေ​သည်။-
Then Joshua, son of Nun, secretly sent out two spies from Shittim. “Go and explore the land, especially around Jericho,” he told them. So they went, and stayed at the house of woman named Rahab, a prostitute. There they spent the night.
2 ယေ​ရိ​ခေါ​မြို့​မင်း​ကြီး​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တိုင်း​ပြည်​၏​အ​ခြေ​အ​နေ ကို​ထောက်​လှမ်း​ရန်​ရောက်​ရှိ​နေ​သည့်​သ​တင်း ကို​ကြား​သိ​ရ​သ​ဖြင့်၊-
But the king of Jericho was told, “Look, some Israelites have come here this evening to spy out the land.”
3 ရာ​ခပ်​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်``သင့်​အိမ်​သို့ ရောက်​ရှိ​နေ​သူ​များ​သည်​သူ​လျှို​များ​ဖြစ် သည်။ သူ​တို့​ကို​ငါ့​လက်​သို့​အပ်​လော့'' ဟု ဆင့်​ဆို​စေ​၏။-
So the king of Jericho sent orders to Rahab, telling her, “Hand over the men who came to visit you and stay in your house, for they've come to spy out our whole country.”
4 ရာ​ခပ်​က``ကျွန်​မ​၏​အိမ်​သို့​ဧည့်​သည်​အ​ချို့ ရောက်​ရှိ​လာ​သည်​မှာ​မှန်​ပါ​၏။ သို့​ရာ​တွင်​သူ တို့​မည်​သည့်​အ​ရပ်​မှ​လာ​သည်​ကို​ကျွန်​မ မ​သိ​ပါ။ သူ​တို့​သည်​မြို့​တံ​ခါး​မ​ပိတ်​မီ​နေ ဝင်​ချိန်​တွင်​ထွက်​ခွာ​သွား​ကြ​ပါ​သည်။ သူ​တို့ မည်​သည့်​အ​ရပ်​သို့​ခ​ရီး​ဆက်​ကြ​သည်​ကို လည်း​မ​သိ​ပါ။ သို့​သော်​လည်း​သူ​တို့​နောက် သို့​အ​လျင်​အ​မြန်​လိုက်​လျှင်​မီ​နိုင်​ပါ​မည်'' ဟု​ပြန်​လည်​ဖြေ​ကြား​လေ​၏။ (သူ​သည်​ထို သူ​တို့​ကို​အိမ်​ခေါင်​မိုး​ပေါ်​သို့​တက်​စေ​ပြီး လျှင်​အ​မိုး​ပေါ်​တွင်​တင်​ထား​သော​ပိုက်​ဆံ လျှော်​ရိုး​များ​အောက်​တွင်​ဝှက်​ထား​ပြီး ဖြစ်​သည်။)-
The woman had taken the two men and had hidden them. She told the king's messengers, “Yes, it's true—the men did come to visit me, but I didn't know where they were from.
5
They left at sundown, just as the city gate was closing. I've no idea where they went. If you're quick, you can chase after them and maybe catch up with them.”
6
(She had taken them up to the roof and hidden them under some bundles of flax that she had lying there.)
7 မင်း​ကြီး​စေ​လွှတ်​လိုက်​သူ​များ​မြို့​ပြင်​သို့ ရောက်​သည့်​အ​ခါ မြို့​တံ​ခါး​ကို​ပိတ်​လိုက် ကြ​၏။ သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ် လျှောက်​နိုင်​သည့်​မြစ်​ကမ်း​အ​ထိ​သူ​လျှို​များ​ကို​လိုက်​လံ​ရှာ​ဖွေ​ကြ​သည်။
The king's messengers went chasing after the men down the road that leads to the Jordan River fords. As soon as the pursuers had left, the city gate was shut behind them.
8 သူ​လျှို​တို့​အိပ်​ရာ​မ​ဝင်​မီ​အ​ချိန်​၌ ရာ​ခပ်​သည်​အိမ်​မိုး​ပေါ်​သို့​တက်​လာ​၍၊-
Before the spies went to sleep, Rachel came up to the roof to talk to them.
9 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပြည်​ကို​ပေး​တော်​မူ​ကြောင်း​ကျွန်​မ​သိ​ပါ​သည်။ ဤ​ပြည်​သား​အ​ပေါင်း​တို့​သည်​သင်​တို့​ကို ကြောက်​လန့်​လျက်​ရှိ​ကြ​ပါ​သည်။-
She told them, “I know that the Lord has given this land to you. We're all terrified of you. Everyone who lives here is dying of fright since you people arrived.
10 ၁၀ သင်​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​စဉ်​က​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ချီ​တက်​ရာ​ရှေ့​၌​ပင်​လယ် နီ​ရေ​ကို​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ကို ကျွန်​မ​တို့​ကြား​သိ​ရ​ပါ​သည်။ ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​တွင်​စိုး​စံ​သော​အာ​မော​ရိ ဘု​ရင်​နှစ်​ပါး​ဖြစ်​ကြ​သည့်​ရှိ​ဟုန်​ဘု​ရင် နှင့်​သြ​ဃ​ဘု​ရင်​တို့​ကို သင်​တို့​မည်​ကဲ့​သို့ သတ်​ဖြတ်​သုတ်​သင်​ခဲ့​ကြ​ကြောင်း​ကို​လည်း ကျွန်​မ​ကြား​သိ​ရ​ပါ​သည်။-
We've heard how the Lord dried up the waters of the Red Sea before you when you left Egypt, and what you did to the two kings of the Amorites east of the Jordan, Sihon and Og, whom you completely destroyed.
11 ၁၁ ထို​သ​တင်း​များ​ကို​ကြား​လျှင်​ကြား​ချင်း ကျွန်​မ​တို့​ကြောက်​လန့်​ကြ​ပါ​၏။ သင်​တို့ ကြောင့်​ကျွန်​မ​တို့​စိတ်​ပျက်​အား​လျော့​ကြ ပါ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​မိုး​မြေ​ကို​ပိုင်​သ​အုပ်​စိုး သော​ဘု​ရား​ဖြစ်​တော်​မူ​၏။-
When we heard all this, our courage melted away. Nobody had any fighting spirit left because of you. For the Lord your God is God of heaven above and the earth below.
12 ၁၂ ကျွန်​မ​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု​သ​ကဲ့ သို့​ကျွန်​မ​၏​မိ​သား​စု​ကို​လည်း ကျေး​ဇူး​ပြု ပါ​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ကျိန်​ဆို​ကြ​ပါ​လော့။ ကျွန်​မ​သည်​သင်​တို့ ကို​ယုံ​ကြည်​စိတ်​ချ​နိုင်​ကြောင်း​သက်​သေ​အ​ထောက်​အ​ထား​တစ်​ခု​ခု​ကို​ပေး​ပါ​လော့။-
So now promise me in the name of the Lord that because I have acted in good faith to you, then you will do the same for my family. Give me some sign that I can trust you,
13 ၁၃ ကျွန်မ​၏​မိ​ဘ၊ မောင်​နှ​မ​နှင့်​သူ​တို့​၏​မိ​သား​စု​တို့​ကို​မ​သတ်​ဘဲ အ​သက်​ချမ်း​သာ​ပေး​မည် ဟု​က​တိ​ပေး​ကြ​ပါ​လော့'' ဟု​ဆို​၏။
that you will spare my father and mother and brothers and sisters—and all who are part of their families—that you will save them from death.”
14 ၁၄ ထို​အ​ခါ​သူ​တို့​က ``ငါ​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သတ်​ပါ​စေ​သား။ သင်​သည်​ငါ​တို့​လာ​ရောက်​သည့်​ကိစ္စ ကို​မ​ပေါက်​ကြား​စေ​လျှင် ဤ​ပြည်​ကို​ထာ​ဝ​ရ ဘု​ရား​ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော အ​ခါ ငါ​တို့​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု မည်​ဟု​ကတိ​ပြု​ပါ​၏'' ဟူ​၍​ပြန်​ပြော​လေ​သည်။
“Our lives for yours!” the men told her. “If you don't tell anyone about this, we will treat you honestly and faithfully when the Lord gives us the land.”
15 ၁၅ ရာ​ခပ်​သည်​မြို့​ရိုး​နှင့်​ကပ်​၍​ဆောက်​ထား​သော အိမ်​တွင်​နေ​ထိုင်​သ​ဖြင့် သူ​တို့​ကို​ပြူ​တင်း​ပေါက် မှ​ကြိုး​ဖြင့်​မြို့​ပြင်​သို့​လျှော​ချ​လိုက်​လေ​သည်။ ရာ​ခပ်​က ``မင်း​ကြီး​စေ​လွှတ်​လိုက်​သူ​များ​သင် တို့​ကို​ရှာ​၍​မ​တွေ့​စေ​ရန် တောင်​ပေါ်​သို့​ပြေး​၍​သုံး​ရက်​ပုန်း​အောင်း​နေ​ကြ​လော့။-
Then she lowered them down by a rope through the window since the house where she lived was built into the outside of the city wall.
16 ၁၆ သင်​တို့​ကို​လိုက်​ရှာ​သော​သူ​များ​ပြန်​လာ​မှ သင်​တို့​ခ​ရီး​ဆက်​သွား​ကြ​ပါ'' ဟု​မှာ​လိုက်​လေ​သည်။
“Run to the hills,” she told them. “That way those searching for you won't find you. Stay there three days until they've gone home, and then you can be on your way.”
17 ၁၇ ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​သင့်​အား ပေး​သော​က​တိ​တည်​စေ​မည်။-
The men had told her, “We will be freed from the promise you made us swear,
18 ၁၈ သင်​တို့​၏​ပြည်​ထဲ​သို့​ငါ​တို့​ချီ​တက်​လာ​သော အ​ခါ ငါ​တို့​ကို​လျှော​ချ​သော​ပြူ​တင်း​ပေါက် တွင် ဤ​ကြိုး​နီ​ကို​ချည်​ထား​လော့။ သင်​၏​မိ​ဘ၊ မောင်​နှ​မ​များ​နှင့်​ဖ​ခင်​ဘက်​မှ​မိ​သား​စု အား​လုံး​ကို​သင်​၏​အိမ်​တွင်​စု​ရုံး​နေ​စေ လော့။-
unless when we enter this land, you hang a scarlet cord in the window through which you lowered us. You must gather together in the house your father and mother and brothers—all the family.
19 ၁၉ သင့်​အိမ်​ထဲ​မှ​တစ်​စုံ​တစ်​ယောက်​သည်​လမ်း ပေါ်​သို့​ထွက်​သ​ဖြင့် အ​သတ်​ခံ​ရ​လျှင်​ငါ​တို့ ၏​တာ​ဝန်​မ​ဟုတ်။ သင့်​အိမ်​ထဲ​တွင်​ရှိ​သော​သူ တစ်​စုံ​တစ်​ယောက်​ထိ​ခိုက်​လျှင်​ငါ​တို့​တာ​ဝန် ယူ​မည်။-
If anyone leaves your house and is killed, that's their fault—we're not responsible for their death. But if anyone lays a hand on someone who is inside your house, we take full responsibility for their death.
20 ၂၀ သို့​ရာ​တွင်​သင်​သည်​ငါ​တို့​လာ​ရောက်​သည့် ကိစ္စ​ကို တစ်​စုံ​တစ်​ယောက်​အား​ပေါက်​ကြား​စေ လျှင်​မူ​ကား​ငါ​တို့​ပေး​သော​ကတိ​တည်​ရန် မ​လို'' ဟု​ရာခပ်​အား​ပြော​ကြား​လေ​သည်။-
But if you tell anyone about this then we will be freed from the promise you made us swear.”
21 ၂၁ ရာ​ခပ်​သည်​သူ​တို့​ပြော​သည့်​အ​တိုင်း​လိုက်​နာ ပါ​မည်​ဟု​ဝန်​ခံ​သ​ဖြင့် သူ​တို့​သည်​ထွက်​ခွာ သွား​ကြ​သည်။ သူ​တို့​ထွက်​သွား​ကြ​ပြီး​နောက် ရာခပ်​သည်​ပြူ​တင်း​ပေါက်​တွင်​ကြိုး​နီ​ကို​ချည် ထား​လေ​သည်။
“I agree—may it be as you say,” she replied. She sent them off, and hung a scarlet cord in the window.
22 ၂၂ သူ​လျှို​တို့​သည်​တောင်​ကုန်း​များ​ပေါ်​သို့​တက် ၍​ပုန်း​အောင်း​နေ​ကြ​၏။ မင်း​ကြီး​စေ​လွှတ်​သော သူ​များ​သည် သူ​လျှို​တို့​ကို​သုံး​ရက်​တိုင်​အောင် နေ​ရာ​အ​နှံ့​လိုက်​လံ​ရှာ​ဖွေ​၍​မ​တွေ့​လျှင် ယေ​ရိ​ခေါ​မြို့​သို့​ပြန်​လာ​ကြ​လေ​သည်။-
They went up into the hill country and stayed there three days. The men searching for them looked all along the road, but couldn't find them, so they returned home.
23 ၂၃ ထို​နောက်​သူ​လျှို​နှစ်​ဦး​တို့​သည်​တောင်​ကုန်း များ​ပေါ်​မှ​ဆင်း​ပြီး​လျှင်​မြစ်​ကို​ဖြတ်​ကူး​၍ ယော​ရှု​ထံ​သို့​ပြန်​လာ​ကြ​၏။ သူ​တို့​သည် ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​ယော​ရှု​အား​ပြန် ကြား​ပြီး​လျှင်၊-
Then the two men started back. They came down from the hill country and crossed over the Jordan. They went to Joshua and explained to him all that had happened to them.
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​အား ထို​ပြည်​တစ်​ပြည်​လုံး​ကို​မု​ချ​ပေး​တော်​မူ ပြီ။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ကြောက်​လန့်​လျက်​ရှိ​ကြ ပါ​သည်'' ဟု​ဆို​ကြ​၏။
“The Lord has placed this land in our hands,” they assured him. “All the people who live there are scared to death of us!”

< ယောရှု 2 >