< ယောရှု 19 >

1 ဒု​တိ​ယ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ရှိ​မောင်​အ​နွယ်​ဝင် မိ​သား​စု​တို့​နယ်​မြေ​ရ​ရှိ​ကြ​၏။ ထို​နယ် မြေ​သည်​ယု​ဒ​အ​နွယ်​ဝင်​တို့​အား​ခွဲ​ဝေ ပေး​သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​သည်။-
And the second lot came out for Simeon, even for the tribe of the sons of Simeon according to their families. And their inheritance was in the midst of the inheritance of the sons of Judah.
2 ထို​နယ်​မြေ​တွင်​ဗေ​ရ​ရှေ​ဘ​မြို့၊ ရှေ​ဘ​မြို့၊ မော​လ​ဒါ​မြို့၊-ဟာ​ဇာ​ရွှာ​လ​မြို့၊ ဗာ​လာ​မြို့၊ အာ​ဇင်​မြို့၊ ဧ​လ​တော​လဒ်​မြို့၊ ဗေ​သု​လ​မြို့၊ ဟော​မာ​မြို့၊ ဇိ​က​လတ်​မြို့၊ ဗက်​မာ​က​ဗုတ် မြို့၊ ဟာ​ဇာ​သု​သ​မြို့၊-
And they had for their inheritance Beersheba, or Sheba, and Moladah,
3
and Hazar-shual, and Balah, and Ezem,
4
and Eltolad, and Bethul, and Hormah,
5
and Ziklag, and Beth-marcaboth, and Hazar-susah,
6 ဗက်​လေ​ဗောက်​မြို့၊ ရှ​ရု​ဟင်​မြို့​စ​သော​မြို့ ကြီး​တစ်​ဆယ့်​သုံး​မြို့​နှင့်​ယင်း​တို့​၏​ပတ် ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-
and Beth-lebaoth, and Sharuhen; thirteen cities with their villages.
7 ထို့​အ​ပြင်​အင်​မြို့၊ ရိမ္မုန်​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန် မြို့​စ​သော​မြို့​ကြီး​လေး​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​လည်း​ပါ​ဝင်​သည်။-
Ain, Rimmon, and Ether, and Ashan; four cities with their villages;
8 ထို​မြို့​ကြီး​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ မှာ​တောင်​ဘက်​ဗာ​လတ်​ဗေ​ရ​မြို့(ရာ​မတ်​မြို့) အ​ထိ​တည်​ရှိ​သော​မြို့​အား​လုံး​ပါ​ဝင်​လေ သည်။ ဤ​နယ်​မြေ​သည်​ရှိ​မောင်​အ​နွယ်​မိ​သား စု​တို့​ပိုင်​သော​နယ်​မြေ​ဖြစ်​သည်။-
and all the villages that were round about these cities to Baalath-beer, Ramah of the South. This is the inheritance of the tribe of the sons of Simeon according to their families.
9 ယု​ဒ​အ​နွယ်​အ​တွက်​ဝေ​စု​သည်​လို​အပ် သည်​ထက်​ပို​၍​ကျယ်​ဝန်း​သော​ကြောင့် ရှိ​မောင် အ​နွယ်​အား​ထို​နယ်​မြေ​မှ​ခွဲ​ဝေ​ပေး​ခြင်း ဖြစ်​သည်။
The inheritance of the sons of Simeon was out of the part of the sons of Judah, for the portion of the sons of Judah was too much for them. Therefore the sons of Simeon had inheritance in the midst of their inheritance.
10 ၁၀ တ​တိ​ယ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဇာဗုလုန်​အ​နွယ်​မိ​သား စု​တို့​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။ သူ​တို့​ရ​ရှိ သော​နယ်​မြေ​သည်​စာ​ရိဒ်​မြို့​အ​ထိ​ကျယ် ပြန့်​သည်။-
And the third lot came up for the sons of Zebulun according to their families. And the border of their inheritance was to Sarid,
11 ၁၁ နယ်​နိ​မိတ်​သည်​ထို​မြို့​မှ​ဒဗ္ဗရှက်​မြို့​နှင့်​ယော က​နံ​မြို့​အ​ရှေ့​ဘက်​ရှိ​ချောင်း​ကို​ဖြတ်​၍ အ​နောက်​ဘက်​ရှိ​မ​ရာ​လ​မြို့​အ​ထိ ရောက်​သည်။-
and their border went up westward, even to Maralah, and reached to Dabbesheth, and it reached to the brook that is before Jokneam,
12 ၁၂ နယ်​နိ​မိတ်​သည်​စာ​ရိဒ်​မြို့​မှ​အ​ရှေ့​ဘက် ခိ​သ​လုတ္တာ​ဗော်​မြို့​နယ်​စပ်​အ​ထိ​သွား​၏။ ထို​မှ​ဒါ​ဗ​ရတ်​မြို့​သို့​ရောက်​ပြီး​လျှင် ယာ​ဖျာ​မြို့​သို့​တက်​သွား​၏။-
and it turned from Sarid eastward toward the sunrising to the border of Chisloth-tabor, and it went out to Daberath, and went up to Japhia.
13 ၁၃ ထို​မှ​အ​ရှေ့​ဘက်​ဂိတ္တ​ဟေ​ဖာ​မြို့​နှင့်​အိတ္တ ကာ​ဇိန်​မြို့​သို့​ရောက်​၍ ရိမ္မုန်​မြို့​သို့​သွား ရာ​လမ်း​ရှိ​နေ​အာ​မြို့​သို့​လှည့်​သွား​၏။-
And from there it passed along eastward to Gath-hepher, to Eth-kazin, and it went out at Rimmon which stretches to Neah,
14 ၁၄ မြောက်​ဘက်​နယ်​နိ​မိတ်​သည်​ဟန္နသုန်​မြို့​ဘက် သို့​လှည့်​၍ ယိ​ဖ​သေ​လ​ချိုင့်​ဝှမ်း​၌​အ​ဆုံး သတ်​သည်။-
and the border turned about it on the north to Hannathon. And the goings out of it were at the valley of Iph-tah-el,
15 ၁၅ ထို​နယ်​မြေ​တွင်​ကတ္တတ်​မြို့၊ န​ဟာ​လာ​လ​မြို့၊ ရှိ​မ​ရုန်​မြို့၊ ဣ​ဒ​လ​မြို့၊ ဗက်​လင်​မြို့​စ​သော မြို့​ကြီး​တစ်​ဆယ့်​နှစ်​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-
and Kattath, and Nahalal, and Shimron, and Idalah, and Bethlehem; twelve cities with their villages.
16 ၁၆ ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့ များ​သည်​ဇာ​ဗု​လုန်​အ​နွယ်​မိ​သား​စု​တို့ ပိုင်​သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ သည်။
This is the inheritance of the sons of Zebulun according to their families, these cities with their villages.
17 ၁၇ စ​တုတ္ထ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဣ​သ​ခါ​အ​နွယ် မိ​သား​စု​တို့​နယ်​မြေ​ရ​ရှိ​ကြ​၏။-
The fourth lot came out for Issachar, even for the sons of Issachar according to their families.
18 ၁၈ ထို​နယ်​မြေ​တွင်​ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု လုတ်​မြို့၊ ရှု​နင်​မြို့၊-
And their border was to Jezreel, and Chesulloth, and Shunem,
19 ၁၉ ဟာ​ဖ​ရိမ်​မြို့၊ ရှိ​ဟုန်​မြို့၊ အာ​န​ဟာ​ရတ်​မြို့၊- ရဗ္ဗိတ်​မြို့၊​ကိ​ရှုန်​မြို့၊ အာ​ဗက်​မြို့၊- ရေ​မက်​မြို့၊ အင်္ဂန္နိမ်​မြို့၊ အင်္ဟဒ္ဒါ​မြို့၊ ဗက်​ပဇ္ဇက်​မြို့​များ​ပါ​ဝင် သည်။-
and Hapharaim, and Shion, and Anaharath,
20 ၂၀
and Rabbith, and Kishion, and Ebez,
21 ၂၁
and Remeth, and Engannim, and En-haddah, and Beth-pazzez,
22 ၂၂ နယ်​နိ​မိတ်​သည်​တာ​ဗော်​မြို့၊ ရှာ​ဟ​ဇိ​မ​မြို့၊ ဗက်​ရှေ​မက်​မြို့​များ​ကို​ဖြတ်​၍​ယော်​ဒန်​မြစ် တွင်​အ​ဆုံး​သတ်​သည်။ ဤ​နယ်​မြေ​တွင်​မြို့ ကြီး​တစ်​ဆယ့်​ခြောက်​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-
and the border reached to Tabor, and Shahazumah, and Beth-shemesh. And the goings out of their border were at the Jordan; sixteen cities with their villages.
23 ၂၃ ထို​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​သည် ဣ​သ​ခါ​အ​နွယ်​မိ​သား​စု​များ​အ​ပိုင်​ရ သော​နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ​သည်။
This is the inheritance of the tribe of the sons of Issachar according to their families, the cities with their villages.
24 ၂၄ ပဉ္စမ​အ​ကြိမ် မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​အာရှာ​အ​နွယ် မိ​သား​စု​တို့​သည်​နယ်​မြေ​ကို​ရ​ရှိ​ကြ ၏။-
And the fifth lot came out for the tribe of the sons of Asher according to their families.
25 ၂၅ ထို​နယ်​မြေ​တွင်​ဟေ​လ​ကတ်​မြို့၊ ဟာ​လိ​မြို့၊ ဗေ​တင်​မြို့၊ အာ​ခ​ရှပ်​မြို့၊-
And their border was Helkath, and Hali, and Beten, and Achshaph,
26 ၂၆ အ​လမ္မေ​လက်​မြို့၊ အာ​မဒ်​မြို့၊ မိ​ရှာ​လ​မြို့​များ ပါ​ဝင်​သည်။ အ​နောက်​နယ်​နိ​မိတ်​သည်​က​ရ မေ​လ​မြို့​နှင့်​ရှိ​ဟော​ရ​လိ​ဗ​နတ်​မြို့​များ ကို​ဖြတ်​သွား​သည်။-
and Allammelech, and Amad, and Mishal, and it reached to Carmel westward, and to Shihor-libnath,
27 ၂၇ ထို​နောက်​အ​ရှေ့​ဘက်​သို့​လှည့်​၍​ဗက်​ဒါ​ဂုန် မြို့​သို့​ရောက်​ပြီး​လျှင် ဇာ​ဗု​လုန်​နယ်​မြေ​နှင့် ယိ​ဖ​သေ​လ​ချိုင့်​ဝှမ်း​ကို​ဖြတ်​လျက် မြောက် ဘက်​ဗေ​သ​မက်​မြို့​နှင့်​န​ယေ​လ​မြို့​သို့ ရောက်​သည်။ တစ်​ဖန်​မြောက်​ဘက်​သို့​ဆက် ၍​ကာ​ဗု​လ​မြို့၊-
and it turned toward the sunrising to Beth-dagon, and reached to Zebulun, and to the valley of Iph-tah-el northward to Beth-emek and Neiel, and it went out to Cabul on the left hand,
28 ၂၈ ဧ​ဗြုန်​မြို့၊ ရ​ဟော​ဘ​မြို့၊ ဟမ္မုန်​မြို့၊ ကာ​န​မြို့ များ​မှ​ဇိ​ဒုန်​မြို့​အ​ထိ​ရောက်​သည်။-
and Ebron, and Rehob, and Hammon, and Kanah, even to great Sidon,
29 ၂၉ ထို​မှ​တစ်​ဖန်​ရာ​မ​မြို့​ဘက်​သို့​လှည့်​ပြီး​လျှင် တံ​တိုင်း​ကာ​ရံ​ထား​သော​တု​ရု​မြို့​သို့​ရောက် သည်။ ထို​နောက်​ဟော​သ​မြို့​သို့​လှည့်​ပြီး​လျှင် မြေ​ထဲ​ပင်​လယ်​၌​အ​ဆုံး​သတ်​သည်။ နယ် မြေ​တွင်​မ​ဟာ​လပ်​မြို့၊ အာ​ခ​ဇိပ်​မြို့၊-
and the border turned to Ramah, and to the fortified city of Tyre, and the border turned to Hosah. And the goings out of it were at the sea by the region of Achzib,
30 ၃၀ အုမ္မ​မြို့၊ အာ​ဖက်​မြို့၊ ရ​ဟော​ဘ​မြို့​ကြီး​နှစ် ဆယ့်​နှစ်​မြို့​နှင့် ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​ပါ​ဝင်​လေ​သည်။-
also Ummah, and Aphek, and Rehob; twenty-two cities with their villages.
31 ၃၁ ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ သည် အာ​ရှာ​အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​လေ​သည်။
This is the inheritance of the tribe of the sons of Asher according to their families, these cities with their villages.
32 ၃၂ ဆ​ဋ္ဌ​မ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​န​ဿ​လိ​အ​နွယ် မိ​သား​စု​တို့​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။-
The sixth lot came out for the sons of Naphtali, even for the sons of Naphtali according to their families.
33 ၃၃ ထို​နယ်​မြေ​၏​နယ်​နိ​မိတ်​သည်​ဟေ​လပ်​မြို့၊ ဇာ​နန္နိမ်​မြို့​အ​ရပ်​ရှိ​ဝက်​သစ်​ချ​ပင်​မှ​အ​စ ပြု​၍​အာ​ဒ​မိ​နေ​ကပ်​မြို့၊ ယာ​ဗ​နေ​လ​မြို့ နှင့်​လကုံ​မြို့​များ​ကို​ဖြတ်​ပြီး​ယော်​ဒန်​မြစ် ၌​အ​ဆုံး​သတ်​သည်။-
And their border was from Heleph, from the oak in Zaanannim, and Adam-inekeb, and Jabneel, to Lakkum. And the goings out of it were at the Jordan.
34 ၃၄ နယ်​နိ​မိတ်​သည်​အ​နောက်​ဘက်​အာ​ဇ​နုတ္တာ ဘော်​မြို့​သို့​လှည့်​ပြီး​လျှင်​ဟု​ကုတ်​မြို့​သို့ ရောက်​၏။ တောင်​ဘက်​နယ်​စပ်​တွင်​ဇာ​ဗု​လုန် နယ်​မြေ၊ အ​နောက်​ဘက်​နယ်​စပ်​တွင်​အာ​ရှာ နယ်​မြေ၊ အ​ရှေ့​ဘက်​နယ်​စပ်​တွင်​ယော်​ဒန်​မြစ် တို့​အ​သီး​သီး​တည်​ရှိ​သည်။-
And the border turned westward to Aznoth-tabor, and went out from there to Hukkok, and it reached to Zebulun on the south, and reached to Asher on the west, and to Judah at the Jordan toward the sunrising.
35 ၃၅ တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​ကြီး​များ​မှာ ဇိဒ္ဒမ်​မြို့၊ ဇေ​ရ​မြို့၊ ဟမ္မတ်​မြို့၊ ရက္ကတ်​မြို့၊ ဂင်္နေ သ​ရက်​မြို့၊-
And the fortified cities were Ziddim, Zer, and Hammath, Rakkath, and Chinnereth,
36 ၃၆ အာ​ဒ​မာ​မြို့၊ ရာ​မ​မြို့၊ ဟာ​ဇော်​မြို့၊-
and Adamah, and Ramah, and Hazor,
37 ၃၇ ကေ​ဒေ​ရှ​မြို့၊ ဧ​ဒြိ​မြို့၊ အင်​ဟာ​ဇော်​မြို့၊-
and Kedesh, and Edrei, and En-hazor,
38 ၃၈ ဣ​ရုန်​မြို့၊ မိ​ဂ​ဒ​လေ​လ​မြို့၊ ဟော​ရင်​မြို့၊ ဗေ​သ နတ်​မြို့၊ ဗက်​ရှေ​မက်​မြို့​စ​သော​မြို့​ကြီး​တစ် ဆယ့်​ကိုး​မြို့​နှင့်​ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​ဖြစ်​သည်။-
and Iron, and Migdal-el, Horem, and Beth-anath, and Beth-shemesh; nineteen cities with their villages.
39 ၃၉ ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ သည် န​ဿ​လိ​အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​သည်။
This is the inheritance of the tribe of the sons of Naphtali according to their families, the cities with their villages.
40 ၄၀ သတ္တ​မ​အ​ကြိမ်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​သော​အ​ခါ​ဒန်​အ​နွယ်​မိ​သား စု​တို့​သည်​နယ်​မြေ​ကို​ရ​ရှိ​ကြ​၏။-
The seventh lot came out for the tribe of the sons of Dan according to their families.
41 ၄၁ ထို​နယ်​မြေ​တွင်​ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ မြို့၊ ဣ​ရ​ရှေ​မက်​မြို့၊-
And the border of their inheritance was Zorah, and Eshtaol, and Ir-shemesh,
42 ၄၂ ရှာ​လဗ္ဗိန်​မြို့၊ အာ​ယ​လုန်​မြို့၊ ယေ​သ​လ​မြို့၊-
and Shaalabbin, and Aijalon, and Ithlah,
43 ၄၃ ဧ​လုန်​မြို့၊ သိ​မ​နာ​သ​မြို့၊ ဧ​ကြုန်​မြို့၊
and Elon, and Timnah, and Ekron,
44 ၄၄ ဧ​လ​တေ​က​မြို့၊ ဂိဗ္ဗ​သုန်​မြို့၊ ဗာ​လပ်​မြို့၊- ယေ​ဟုတ်​မြို့၊ ဗေ​န​ဗေ​ရက်​မြို့၊ ဂါ​သ​ရိမ္မုန် မြို့၊- မေ​ယာ​ကုန်​မြို့၊ ရက္ကုန်​မြို့​များ​နှင့်​တ​ကွ ယုပ္ပေ​မြို့​ပတ်​လည်​ရှိ​ဒေ​သ​ပါ​ဝင်​လေ​သည်။-
and Eltekeh, and Gibbethon, and Baalath,
45 ၄၅
and Jehud, and Bene-berak, and Gath-rimmon,
46 ၄၆
and Me-jarkon, and Rakkon, with the border opposite Joppa.
47 ၄၇ ဒန်​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​၏​နယ်​မြေ ဆုံး​ရှုံး​ရ​သော​အ​ခါ​လဲရှ​မြို့​ကို​စစ်​ချီ တိုက်​ခိုက်​၍​မြို့​သူ​မြို့​သား​များ​ကို​သတ် ဖြတ်​သုတ်​သင်​ပြီး​လျှင်​ထို​မြို့​တွင်​နေ​ထိုင် ကြ​၏။ လဲ​ရှ​ဟူ​သော​မြို့​နာ​မည်​ကို​အ​နွယ် ၏​ဖ​ခင်​ဒန်​နာ​မည်​သို့​ပြောင်း​လဲ​မှည့်​ခေါ် ကြ​လေ​သည်။-
And the border of the sons of Dan went out beyond them, for the sons of Dan went up and fought against Leshem, and took it, and smote it with the edge of the sword, and possessed it, and dwelt in it, and called Leshem, Dan, after the name of Dan their father.
48 ၄၈ ဤ​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​သည် ဒန်​အ​နွယ်​ဝင်​မိ​သား​စု​တို့​ပိုင်​သော​နယ်​မြေ အ​တွင်း​၌​တည်​ရှိ​လေ​သည်။
This is the inheritance of the tribe of the sons of Dan according to their families, these cities with their villages.
49 ၄၉ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တိုင်း​ပြည် တစ်​ပြည်​လုံး​ကို​ခွဲ​ဝေ​ပြီး​သော​အ​ခါ နုန် ၏​သား​ယော​ရှု​အ​တွက်​မြေ​ယာ​တစ်​ခု​ကို သတ်​မှတ်​ပေး​ကြ​သည်။-
So they made an end of distributing the land for inheritance by the borders of it. And the sons of Israel gave an inheritance to Joshua the son of Nun in the midst of them.
50 ၅၀ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ယော​ရှု​တောင်း​ဆို​သော​ဧ​ဖ​ရိမ်​တောင်​ကုန်း ဒေ​သ​ရှိ​တိ​မ​န​ဿေ​ရ​မြို့​ကို​သူ့​အား ပေး​ကြ​သည်။ သူ​သည်​မြို့​ကို​ပြန်​လည်​တည် ဆောက်​ကာ​ထို​မြို့​တွင်​နေ​ထိုင်​လေ​သည်။
According to the commandment of Jehovah they gave him the city which he asked, even Timnath-serah in the hill-country of Ephraim. And he built the city, and dwelt in it.
51 ၅၁ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု နှင့်​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​မိ​သား​စု​တို့​၏ အ​ကြီး​အ​ကဲ​တို့​သည်​ရှိ​လော​မြို့​တွင်​ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ရှေ့​၌ နယ်​မြေ​များ​ကို​မဲ​ချ ပြီး​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​နှင့်​အ​ညီ ခွဲ​ဝေ​ပေး​လေ​သည်။ ဤ​နည်း​အား​ဖြင့်​ပြည် ကို​ခွဲ​ဝေ​ပေး​သည့်​အ​မှု​ပြီး​ဆုံး​လေ​၏။
These are the inheritances, which Eleazar the priest, and Joshua the son of Nun, and the heads of the fathers of the tribes of the sons of Israel, distributed for inheritance by lot in Shiloh before Jehovah, at the door of the tent of meeting. So they made an end of dividing the land.

< ယောရှု 19 >