< ယောရှု 18 >

1 တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​အောင်​မြင်​ပြီး သည်​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​လော​မြို့​သို့​စု​ဝေး​ရောက်​ရှိ​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ တော်​ကို​တည်​ဆောက်​ကြ​၏။-
ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့သည်၊ ရှိလော မြို့မှာစည်းဝေး ၍ ပရိသတ်စည်းဝေး ရာ တဲ တော်ကို တည်ထောင် ကြ၏။ သူ တို့ရှေ့ မှာ တပြည် လုံးနှိမ့်ချ လျက်ရှိ၏။
2 ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​နယ်​မြေ​ခွဲ​ဝေ ၍​မ​ပေး​ရ​သေး​ချေ။-
ထိုအခါ ဣသရေလ အမျိုးခုနှစ် မျိုး တို့သည်၊ အမွေ မြေကို မ ခံရ သေးသည်ဖြစ်၍၊
3 သို့​ဖြစ်​၍​ယော​ရှု​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား``သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​ကို ပေး တော်​မူ​သော​ပြည်​ကို​မ​သိမ်း​ယူ​ဘဲ​အ​ဘယ် မျှ​ကြာ​အောင်​စောင့်​ဆိုင်း​နေ​ကြ​ပါ​မည်​နည်း။-
ယောရှု က၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော မြေ ကို သင်တို့သည် မသိမ်း မယူဘဲ အဘယ် မျှကာလ ပတ်လုံးနေ ကြလိမ့်မည်နည်း။
4 သင်​တို့​၏​အ​နွယ်​တစ်​နွယ်​လျှင်​သုံး​ယောက် ကျ​ရွေး​ချယ်​၍​ငါ့​ထံ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​တွက် နှစ်​သက်​ရာ နယ်​မြေ​ကို​ပိုင်း​ခြား​သတ်​မှတ်​ပေး​ရန်​သူ တို့​အား​တစ်​ပြည်​လုံး​သို့​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​ယင်း​သို့​နယ်​မြေ​တို့​ကို​သတ်​မှတ် ပေး​ပြီး​သော​အ​ခါ ငါ့​ထံ​သို့​ပြန်​လာ​ရ ကြ​မည်။-
သင် တို့တွင် အမျိုး တမျိုးလျှင် လူ သုံး ယောက်စီ ရွေးကောက် ၍ ငါစေလွှတ် သဖြင့် ၊ သူတို့သည် တပြည် လုံးသို့ထ သွား ၍ အမွေခံ သင့်သည်အတိုင်း ရေး သားပြီးမှ ငါ့ ထံ သို့ပြန် လာရကြမည်။
5 ထို​ပြည်​ကို​ခု​နစ်​ပိုင်း​ပိုင်း​ခြား​ရ​မည်။ ယု​ဒ အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​၏​တောင်​ဘက်​နယ် မြေ​၌​လည်း​ကောင်း၊ ယော​သပ်​အ​နွယ်​ဝင်​တို့ သည်​မိ​မိ​တို့​၏​မြောက်​ဘက်​နယ်​မြေ​၌​လည်း ကောင်း​နေ​ထိုင်​ရ​ကြ​မည်။-
သူတို့သည် ပြည် ကို ခုနှစ် ပိုင်း ပိုင်းခြား ရကြမည်။ ယုဒ အမျိုးသည် တောင် ဘက်မိမိ နေရာ ၌ နေ ရမည်။ ယောသပ် အမျိုး သည် မြောက် ဘက်မိမိ နေရာ ၌ နေ ရမည်။
6 နယ်​မြေ​ခုနစ်​ပိုင်း​တို့​ကို​ပိုင်း​ခြား​ရေး​သား ၍​ငါ့​ထံ​သို့​တင်​သွင်း​လော့။ ထို​နောက်​ငါ​သည် ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​ခြင်း​ငှာ​မဲ​ချ ၍​ခွဲ​ဝေ​ပေး​မည်။-
ပြည် ကို ခုနှစ် ပိုင်း ပိုင်းခြားပြီးမှ ၊ ပြည်ပုံကို ငါ့ ထံ သို့ ဆောင် ခဲ့၍ ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ သင် တို့အဘို့ စာရေးတံ ပြု မည်။
7 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​မှု​တော် ထမ်း​ဆောင်​ရ​ကြ​မည်​ဖြစ်​သော​ကြောင့် သင် တို့​ကဲ့​သို့​နယ်​မြေ​ဝေ​စု​ရ​မည်​မ​ဟုတ်။ ဂဒ် အ​နွယ်၊ ရု​ဗင်​အ​နွယ်​နှင့်​အ​ရှေ့​မ​နာ​ရှေ အ​နွယ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ ခံ​မော​ရှေ​ခွဲ​ဝေ​ပေး​ခဲ့​သည့်​အ​တိုင်း ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​ရ​ရှိ​ကြ​ပြီ'' ဟု​ဆို​လေ​၏။
လေဝိ သားတို့သည် သင် တို့နှင့် ရော၍ အဘို့ ကို မ ယူရ။ ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်အရာသည် သူ တို့အမွေ ဖြစ်၏။ ဂဒ် အမျိုး၊ ရုဗင် အမျိုး၊ မနာရှေ အမျိုး တဝက် တို့သည် ယော်ဒန် မြစ်အရှေ့ ဘက် ထာဝရဘုရား ၏ကျွန် မောရှေ ပေး သည်အတိုင်း ၊ အမွေ မြေကို ခံယူ ကြပြီဟု ဣသရေလ လူတို့အား ပြော ဆို၏။
8 ယော​ရှု​စေ​ခိုင်း​သည့်​အ​တိုင်း​ထို​သူ​တို့ သည်​နယ်​မြေ​ကို​သတ်​မှတ်​ရန်​ထွက်​သွား​ကြ ၏။ ယော​ရှု​က``သင်​တို့​သည်​တိုင်း​ပြည်​တစ် လျှောက်​လုံး​သို့​သွား​၍​နယ်​မြေ​များ​ကို​ပိုင်း ခြား​သတ်​မှတ်​လော့။ ထို​နောက်​ငါ့​ထံ​သို့​ပြန် လာ​ရ​မည်။ ထို​အ​ခါ​ငါ​သည်​ဤ​ရှိ​လော​မြို့ တွင်​သင်​တို့​ရ​ရှိ​မည့်​နယ်​မြေ​များ​ကို ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​ရန်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​မည်'' ဟု​မှာ​ကြား​လိုက်​၏။-
ထိုလူ တို့သည် ထ ၍ သွား သဖြင့် ၊ ယောရှု ကလည်း ၊ တပြည် လုံးသို့ ရှောက် ၍ ရေး သားပြီးလျှင် ငါ့ ထံ သို့ ပြန် လာကြလော့။ ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ တော် ၌ သင် တို့အဘို့ စာရေးတံ ပြု မည်ဟု ပြည် ပုံကို ရေး သား ခြင်းငှါ သွား သောသူတို့ကို မှာ ထားသည်နှင့်အညီ၊
9 သို့​ဖြစ်​၍​သူ​တို့​သည်​တိုင်း​ပြည်​တစ်​လျှောက် လုံး​သို့​သွား​ပြီး​လျှင် ပါ​ဝင်​သော​မြို့​များ စာ​ရင်း​နှင့်​တ​ကွ​နယ်​မြေ​ခု​နစ်​ခု​ကို​ပိုင်း ခြား​ရေး​မှတ်​၍​ရှိ​လော​မြို့​စ​ခန်း​တွင်​ရှိ နေ​သော​ယော​ရှု​ထံ​သို့​ပြန်​လာ​ကြ​၏။-
သူတို့သည် တပြည် လုံးသို့ ရှောက် သွားသဖြင့် ၊ မြို့ ရွာရှိသည်အတိုင်း စာ ၌ ခုနစ် ပိုင်း ပိုင်း၍ ရေး သားပြီးမှ ယောရှု နေရာ ရှိလော တပ် သို့ ရောက် လာကြ၏။
10 ၁၀ ယော​ရှု​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​ရန်​မဲ​ချ ၍​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​နယ်​မြေ များ​ကို​ခွဲ​ဝေ​ပေး​လေ​သည်။
၁၀ယောရှု သည် ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ စာရေးတံ ပြု ၍ ဣသရေလ အမျိုးသား အသီးအသီးတို့အား မြေ ကိုပိုင်းခြား လေ၏။
11 ၁၁ ဗင်္ယာ​မိန်​အ​နွယ်​မိ​သား​စု​တို့​ရ​ရှိ​မည့်​နယ် မြေ​ကို​ဦး​စွာ​သတ်​မှတ်​ပေး​လေ​သည်။ သူ​တို့ အ​တွက်​နယ်​မြေ​သည်​ယု​ဒ​အ​နွယ်​နှင့် ယော သပ်​အ​နွယ်​တို့​၏​နယ်​မြေ​များ​စပ်​ကြား တွင်​တည်​ရှိ​သည်။-
၁၁ဗင်္ယာမိန် အမျိုးသား တို့သည် စာရေးတံ ပြု ၍ အဆွေ အမျိုးအလိုက် ခံရသောမြေ သည် ယုဒ အမျိုးသား တို့နှင့် ယောသပ် အမျိုးသား တို့စပ်ကြား မှာ ကျ ၏။
12 ၁၂ သူ​တို့​၏​နယ်​မြေ​မြောက်​ဘက်​နယ်​နိ​မိတ်​သည် ယော်​ဒန်​မြစ်​တွင်​အ​စ​ပြု​၍ ယေ​ရိ​ခေါ​မြို့ မြောက်​ဘက်​ရှိ​တောင်​စောင်း​သို့​တက်​ပြီး​လျှင် အ​နောက်​သို့​ဗေ​သ​ဝင်​တော​ကန္တာ​ရ​တိုင် အောင်​တောင်​ကုန်း​ဒေ​သ​ကို​ဖြတ်​သန်း သွား​လေ​သည်။-
၁၂မြေအပိုင်း အခြားသည် မြောက် မျက်နှာ၌ ယော်ဒန် မြစ်မှ ထွက် ၍ ယေရိခေါ မြို့ မြောက် ဘက်နား ၌ ၎င်း၊ အနောက် ဘက်တောင် ပေါ်၌ ၎င်း ရှောက် လျက် ဗေသဝင် တော သို့ ထွက် သွား၏။
13 ၁၃ တစ်​ဖန်​လု​ဇ​မြို့(ဗေ​သ​လ​မြို့​ဟူ​၍​လည်း ခေါ်​တွင်​သည်) တောင်​ဘက်​ရှိ​တောင်​စောင်း​သို့ တက်​ပြီး​လျှင်​အောက်​ဗက်​ဟော​ရုန်​မြို့​တောင် ဘက်၊ တောင်​ပေါ်​ရှိ​အ​တ​ရုတ်​အဒ္ဒါ​မြို့​သို့ ရောက်​သည်။-
၁၃တဖန် တောင် မျက်နှာသို့ သွား ၍ ဗေသလ လုဇ မြို့နား ၌ ရှောက်သဖြင့်၊ အောက် ဗက်ဟောရုန် မြို့ တောင် ဘက်မှာ ရှိသော တောင် ခြေရင်း အတရုတ်အဒ္ဒါ မြို့သို့ ရောက် ပြီးလျှင်၊
14 ၁၄ ထို​နောက်​နယ်​နိ​မိတ်​သည်​ထို​တောင်​အ​နောက် ဘက်​မှ​ယု​ဒ​အ​နွယ်​ပိုင်​သော​ကိ​ရ​ယတ် ဗာ​လ​မြို့(သို့​မ​ဟုတ်​ကိ​ရ​ယ​ယာ​ရိမ်​မြို့) အ​ထိ​တောင်​ဘက်​သို့​ဆင်း​လာ​သည်။ ဤ သည်​ကား​အ​နောက်​ဘက်​နယ်​နိ​မိတ်​ဖြစ်​၏။-
၁၄ထို တောင် မှ ထွက် ၍ အိုင် တောင် ကွေ့ ကို ဝိုင်း သဖြင့် ၊ ယုဒ အမျိုးသား နေသောကိရယတ်ယာရိမ် မြို့ တည်းဟူသော ကိရယတ်ဗာလ မြို့သို့ ထွက် သွား၏။ ဤ ရွေ့ကား အနောက် ဘက် အပိုင်း အခြားတည်း။
15 ၁၅ တောင်​ဘက်​နယ်​နိ​မိတ်​သည်​ကိ​ရ​ယတ် ယာ​ရိမ်​မြို့​စွန်​မှ​အ​စ​ပြု​၍ နေ​ဖ​တော စမ်း​ရေ​တွင်း​များ​သို့​ရောက်​သည်။-
၁၅တောင် ဘက် အပိုင်း အခြားသည် ကိရယတ်ယာရိမ် မြို့စွန်း မှ အနောက် ဘက်နား၌ နေဖတော ရေ တွင်း သို့ ရောက် ပြီးလျှင်၊
16 ၁၆ ထို​နောက်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​မြောက်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​အ​နီး​တောင်​ခြေ​သို့​ရောက်​သည်။ တစ် ဖန်​ယေ​ဗု​သိ​တောင်​တန်း​တောင်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​တောင်​ဘက်​အင်္ရော ဂေ​လ​ရွာ​သို့​ရောက်​သည်။-
၁၆ဟိန္နုံ သား၏ချိုင့်ရှေ့ မှာ ၊ ရေဖိမ် ချိုင့် မြောက် ဘက်၌ ရှိသောတောင် ခြေရင်း သို့ လာ ၍ ယေဗုသိ မြို့တောင် ဘက် ဟိန္နုံ ချိုင့်သို့၎င်း ၊ အင်္ရောဂေလ ရွာသို့၎င်း၊
17 ၁၇ ထို​မှ​တစ်​ဖန်​မြောက်​ဘက်​အင်​ရှေ​မက်​ရွာ​သို့ ကွေ့​ပြီး​လျှင် အ​ဒုမ္မိမ်​တောင်​ကြား​တစ်​ဘက် တွင်​ရှိ​သော​ဂေ​လိ​လုတ်​ရွာ​သို့​ရောက်​သည်။ ထို​နောက်​ဗောဟန်​၏​ကျောက်(ဗော​ဟန်​သည်​ရုဗင် ၏​သား​ဖြစ်​၏) သို့​ဆင်း​လာ​ပြီး​လျှင်၊-
၁၇မြောက် ဘက်နား၌ အင်ရှေမက် ရွာသို့၎င်း၊ အဒုမ္မိမ် ကုန်း တစ်ဘက် ဂေလိလုတ် ရွာသို့ ၎င်း၊ ရုဗင် သား ဗောဟန် ၏ကျောက် သို့၎င်း ရောက် လေ၏။
18 ၁၈ ယော်​ဒန်​မြစ်​ဝှမ်း​အ​နီး​ရှိ​တောင်​တန်း​မြောက် ဘက်​မှ​ဖြတ်​သွား​သည်။ တစ်​ဖန်​ဗက်​ဟော​ဂ​လ တောင်​တန်း​မြောက်​ဘက်​မှ​ဖြတ်​၍​မြစ်​ဝှမ်း​ထဲ သို့​ဆင်း​လာ​ပြီး​လျှင် ပင်​လယ်​သေ​မြောက်​ဘက် ယော်​ဒန်​မြစ်​ဝ​၌​အ​ဆုံး​သတ်​သည်။ ဤ​သည် ကား​တောင်​ဘက်​နယ်​နိ​မိတ်​ဖြစ်​၏။-
၁၈တဖန် အရာဗ မြို့ မြောက် မျက်နှာတဘက် လွင်ပြင်နား မှာ ရှောက် ၍ အရာဗ မြို့သို့ ရောက် သဖြင့်၊
19 ၁၉
၁၉ဗက်ဟောဂလ မြို့ မြောက် ဘက်နား မှာ ရှောက် ၍ သောဒုံ အိုင် မြောက် ကွေ့ ၊ ယော်ဒန် မြစ်ဝ ၌ ဆုံး လေ၏။ ဤ ရွေ့ကား တောင် ဘက်အပိုင်း အခြားတည်း။
20 ၂၀ ယော်​ဒန်​မြစ်​သည်​နယ်​မြေ​၏​အ​ရှေ့​ဘက်​နယ် နိမိတ်​ဖြစ်​သည်။ အ​ထက်​ဖော်​ပြ​ပါ​နယ်​နိ​မိတ် သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​မိ​သား​စု​တို့​ပိုင် သော​နယ်​မြေ​၏​နယ်​နိ​မိတ်​ဖြစ်​သည်။
၂၀ယော်ဒန် မြစ်သည် အရှေ့ ဘက် ပိုင်းခြား လျက် ရှိ၏။ ဤ ရွေ့ကား ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေ ခံရသောမြေ နယ်ဖြစ်သတည်း။
21 ၂၁ ဗင်္ယာ​မိန်​အ​နွယ်​မိ​သား​စု​တို့​၏​နယ်​မြေ အ​တွင်း​ရှိ​မြို့​များ​မှာ ယေ​ရိ​ခေါ​မြို့၊ ဗေ​သော​ဂ​လ​မြို့၊ ဧ​မက္ကေ​ဇဇ်​မြို့၊-
၂၁ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ရသောမြို့ များဟူမူကား၊ ယေရိခေါ မြို့၊ ဗေသောဂလ မြို့၊ ဧမက္ကေဇဇ် မြို့၊
22 ၂၂ ဗေ​သ​ရာ​ဗ​မြို့၊ ဇေ​မ​ရိမ်​မြို့၊ ဗေ​သ​လ​မြို့၊-
၂၂ဗေသရာဗ မြို့၊ ဇေမရိမ် မြို့၊ ဗေသလ မြို့၊
23 ၂၃ အာ​ဝိမ်​မြို့၊ ပါ​ရ​မြို့၊ သြ​ဖ​ရာ​မြို့၊-
၂၃အာဝိမ် မြို့၊ ပါရ မြို့၊ ဩဖရာ မြို့၊
24 ၂၄ ခေ​ဖာ​ဟာ​မော​နဲ​မြို့၊ သြ​ဖ​နိ​မြို့၊ ဂါ​ဘ​မြို့ စ​သော​မြို့​ကြီး​တစ်​ဆယ်​နှစ်​မြို့​နှင့်​ယင်း​တို့ ၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ဖြစ်​သည်။-
၂၄ခေဖါဟာမောနဲ မြို့၊ ဩဖနိ မြို့၊ ဂါဘ မြို့၊ ရွာ နှင့်တကွ ဆယ် နှစ် မြို့ တည်း။
25 ၂၅ ထို့​အ​ပြင်​ဂိ​ဗောင်​မြို့၊ ရာ​မ​မြို့၊ ဗေ​ရုတ်​မြို့၊- မိ​ဇ​ပါ​မြို့၊ ခေ​ဖိ​ရ​မြို့၊ မော​ဇ​မြို့၊- ရေ​ကင် မြို့၊ ဣ​ရ​ပေ​လ​မြို့၊ တာ​ရ​လ​မြို့၊-
၂၅ထိုမှတပါး၊ ဂိဗောင် မြို့၊ ရာမ မြို့၊ ဗေရုတ် မြို့၊
26 ၂၆
၂၆မိဇပါ မြို့၊ ခေဖိရ မြို့၊ မောဇ မြို့၊
27 ၂၇
၂၇ရေကင် မြို့၊ ဣရပေလ မြို့၊ တာရလ မြို့၊
28 ၂၈ ဇေ​လ​မြို့၊ ဧ​လပ်​မြို့၊ ယေ​ဗု​သိ​မြို့၊​(သို့​မ ဟုတ်​ယေ​ရု​ရှ​လင်မြို့၊) ဂိ​ဗတ်​မြို့၊ ကိ​ရ​ယတ် ယာ​ရိမ်​မြို့​စ​သော​မြို့​ကြီး​တစ်​ဆယ်​လေး မြို့​နှင့်​ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ လည်း​ပါ​ဝင်​သည်။ ဤ​နယ်​မြေ​သည်​ဗင်္ယာ​မိန် အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော​နယ်​မြေ​ဖြစ် သည်။
၂၈ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင် မြို့တည်းဟူသော ယေဗုသိ မြို့၊ ဂိဗက် မြို့၊ ကိရယတ် မြို့၊ ရွာ နှင့်တကွ ဆယ် လေး မြို့ တည်း။ ဤ ရွေ့ကား ဗင်္ယာမိန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။

< ယောရှု 18 >