< ယောရှု 17 >
1 ၁ ယောသပ်၏သားဦးဖြစ်သောမနာရှေ၏ အဆက်အနွယ်မိသားစုအချို့တို့သည် လည်း ယော်ဒန်မြစ်အနောက်ဘက်ရှိနယ်မြေ တစ်စိတ်တစ်ဒေသကိုအပိုင်ရရှိကြလေ သည်။ ဂိလဒ်၏ဖခင်မာခိရသည်မနာရှေ ၏သားဦးဖြစ်သည်။ စစ်သူရဲကောင်းလည်း ဖြစ်သည်။ သို့ဖြစ်၍သူသည်ယော်ဒန်မြစ် အရှေ့ဘက်ရှိဂိလဒ်နယ်နှင့်ဗာရှန်နယ် တို့ကိုရရှိသည်။-
၁ယောသပ် ၏သားဦး မနာရှေ အမျိုးသား တို့သည် စာရေးတံ ပြု ၍ အမွေခံရသောမြေဟူမူကား၊ မနာရှေ ၏သား တည်းဟူသော ဂိလဒ် ၏အဘ မာခိရ သည် စစ်သူရဲ ဖြစ် ၍ ၊ ဂိလဒ် ပြည်နှင့် ဗာရှန် ပြည်ကိုရ ၏။
2 ၂ ယော်ဒန်မြစ်အနောက်ဘက်နယ်မြေကိုမနာ ရှေမှဆင်းသက်သောကျန်မိသားစုများရ ရှိကြသည်။ ယင်းမိသားစုတို့မှာအဗျေဇာ မိသားစု၊ ဟေလက်မိသားစု၊ အသရေလ မိသားစု၊ ရှေခင်မိသားစု၊ ဟေဖာမိသား စုနှင့်ရှမိဒမိသားစုတို့ဖြစ်ကြသည်။-
၂ယောသပ် ၏သား မနာရှေ ၏သား ယောက်ျား အခြားတည်းဟူသော အဗျေဇာ သား ၊ ဟေလက် သား ၊ အသရေလ သား ၊ ရှေခင် သား ၊ ဟေဖာ သား ၊ ရှမိဒ သား တို့သည် အဆွေ အမျိုးအလိုက် စာရေးတံပြု၍ရကြသေး၏။
3 ၃ မနာရှေ၏တီ၊ မာခိရ၏မြစ်၊ ဂိလဒ်၏မြေး၊ ဟေဖာ၏သား၊ ဇလောဖဒ်တွင်သားယောကျာ်း မရှိ၊ သမီးများသာရှိသည်။ ထိုသမီးတို့ ၏နာမည်များမှာမာလာ၊ နောအာ၊ ဟော ဂလာ၊ မိလကာနှင့်တိရဇာဟူ၍ဖြစ်၏။-
၃သို့ရာတွင် မနာရှေ ၊ မာခိရ ၊ ဂိလဒ် ၊ ဟေဖါ တို့မှ ဆင်းသက်သော ဇလောဖဒ် ၌ သား ယောက်ျားမ ရှိ ၊ သမီး သက်သက်သာ ရှိ၏။ သူ ၏သမီး တို့အမည် ကား၊ မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာ တည်း။
4 ၄ သူတို့သည်ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှုနှင့်ခေါင်းဆောင်တို့ထံသို့ချဉ်း ကပ်၍``ကျွန်မတို့အားလည်းကောင်း၊ ကျွန်မ တို့၏ဆွေမျိုးသားချင်းဖြစ်သူအမျိုးသား တို့အားလည်းကောင်း ပိုင်ဆိုင်ရန်မြေပေးရ မည်ဟုထာဝရဘုရားသည်မောရှေကို မိန့်မှာခဲ့ပါသည်'' ဟုလျှောက်ထားသဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်သူတို့၏ဆွေမျိုးသားချင်းဖြစ် သူအမျိုးသားများနည်းတူမြေကိုရရှိ ကြသည်။-
၄ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု ၊ မင်း များရှေ့ သို့ ချဉ်းကပ် ၍ အကျွန်ုပ် တို့ပေါက်ဘော် နှင့်အတူအမွေ ခံရသောအခွင့်ကို အကျွန်ုပ် တို့အား ပေး စေခြင်းငှါ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူပြီဟု လျှောက် ၍ ၊ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း သူ တို့အဘ ၏ညီအစ်ကို တို့နှင့်အတူ အမွေ ခံရသောအခွင့်ကိုပေး ၏။
5 ၅ သို့ဖြစ်၍မနာရှေအနွယ်သည်ယော်ဒန်မြစ် အရှေ့ဘက်တွင် ဂိလဒ်နယ်နှင့်ဗာရှန်နယ် များအပြင်ဝေစုဆယ်စုကိုရရှိလေသည်။
၅ထိုသို့ မနာရှေ ၏သမီး တို့သည် သား တို့နှင့်အတူ အမွေ ကိုခံရ ၍ ၊ မနာရှေ ၏သား အချို့ တို့သည် ဂိလဒ် ပြည် ကိုရ သောကြောင့်၊
6 ၆ မနာရှေအနွယ်အမျိုးသမီးနှင့် အမျိုးသား များပါနယ်မြေများကိုရရှိကြသဖြင့် ကျန် ရှိသောအခြားမနာရှေအဆက်အနွယ်တို့ သည်ဂိလဒ်နယ်ကိုရရှိကြလေသည်။
၆ယော်ဒန် မြစ်အရှေ့ ဘက် ဂိလဒ် ပြည် နှင့် ဗာရှန် ပြည်မှတပါး ၊ မနာရှေ အမျိုးသည်ဆယ်ဘို့ ကိုရ သေး၏။
7 ၇ မနာရှေနယ်မြေ၏နယ်နိမိတ်သည်အာရှာ နယ်မြေမှ ရှေခင်မြို့အရှေ့တွင်တည်ရှိသော မိတ်မေသမြို့အထိရောက်သည်။ ထိုနောက် နယ်နိမိတ်သည်တောင်ဘက်သို့ဖြတ်သွား ရာအင်တာပွာမြို့တွင် နေထိုင်သူများလည်း ပါဝင်လေသည်။-
၇မနာရှေ ခရိုင်အပိုင်း အခြားသည် အာရှာ ခရိုင်မှ ရှေခင် မြို့ရှေ့ တွင်ရှိသော မိတ်မေသ မြို့သို့ သွား၍ လက်ျာ ဘက်၌ အင်တာပွါ မြို့သို့ လိုက် လေ၏။
8 ၈ အင်တာပွာမြို့သည်မနာရှေပိုင်နယ်မြေ အတွင်းပါရှိသော်လည်း မြို့ပတ်လည်တွင် တည်ရှိသောမြေမူကားဧဖရိမ်နယ်မြေ အတွင်း၌ရှိ၏။-
၈တာပွါ မြို့နယ် ကို မနာရှေ ပိုင်သော်လည်း ၊ မနာရှေ ခရိုင် စွန်းမှာ ရှိသော တာပွါ မြို့ကို ဧဖရိမ် သား တို့သည် ပိုင်ကြ၏။
9 ၉ ထိုနောက်နယ်နိမိတ်သည်ကာနချောင်းဘက် သို့ဆင်းလာသည်။ ထိုချောင်းတောင်ဘက်ရှိ မြို့များသည်မနာရှေပိုင်နယ်မြေအတွင်း ၌တည်ရှိသော်လည်း ဧဖရိမ်အနွယ်ကပိုင် သည်။ မနာရှေနယ်မြေနယ်နိမိတ်သည်ကာန ချောင်းမြောက်ဘက်တစ်လျှောက်သွားပြီးလျှင် မြေထဲပင်လယ်တွင်အဆုံးသတ်သည်။-
၉တဖန် အပိုင်း အခြားသည် ကာန မြစ် တောင် ဘက်သို့ လိုက် ၍၊ မနာရှေ မြို့ တို့တွင် ဧဖရိမ် မြို့အချို့ ပါသော်လည်း ၊ မြစ် မြောက် ဘက်မြေသည် မနာရှေ မြေ ဖြစ် ၍ ပင်လယ် ၌ ဆုံး လေ၏။
10 ၁၀ ဧဖရိမ်နယ်မြေသည်ချောင်းတောင်ဘက်တွင် တည်ရှိ၍ မနာရှေနယ်မြေသည်ချောင်းမြောက် ဘက်တွင်တည်ရှိ၏။ မြေထဲပင်လယ်သည်ထို နယ်မြေနှစ်ခု၏အနောက်နယ်နိမိတ်ဖြစ် သည်။ အနောက်မြောက်ဘက်တွင်အာရှာနယ် မြေတည်ရှိ၍အရှေ့မြောက်ဘက်တွင် ဣသခါနယ်မြေတည်ရှိလေသည်။-
၁၀တောင် ဘက်၌ ဧဖရိမ် မြေ၊ မြောက် ဘက်၌ မနာရှေ မြေဖြစ်လျက်၊ ပင်လယ် ကန့် ကွက်၍ မြောက် ဘက်၌ အာရှာ ခရိုင်၊ အရှေ့ ဘက်၌ ဣသခါ ခရိုင်ရှိ ၏။
11 ၁၁ မနာရှေအနွယ်သည်ဣသခါနှင့်အာရှာ နယ်မြေများအတွင်း၌တည်ရှိသောဗက်ရှန် မြို့၊ ဣဗလံမြို့နှင့်ပတ်ဝန်းကျင်ရှိမြို့များ အပြင်ဒေါရမြို့(ပင်လယ်ကမ်းခြေတွင်တည် ရှိသည်) အင်္ဒေါရမြို့၊ တာနက်မြို့၊ မေဂိဒ္ဒေါမြို့ နှင့်ပတ်ဝန်းကျင်ရှိမြို့များကိုပိုင်လေသည်။-
၁၁ထိုခရိုင်၌ မနာရှေ အမျိုးရသောပြည် သုံး ပြည်ဟူမူကား ၊ ဗက်ရှန် မြို့နှင့် သူ့ မြို့ ရွာများ၊ ဣဗလံ မြို့နှင့် သူ့ မြို့ ရွာများ၊ ဒေါရ မြို့နှင့် သူ့ မြို့ ရွာများ၊ အင်္ဒေါရ မြို့နှင့် သူ့ မြို့ ရွာများ၊ တာနက် မြို့နှင့် သူ့ မြို့ ရွာများ၊ မေဂိဒ္ဒေါ မြို့နှင့် သူ့ မြို့ ရွာများတို့ကို ရသေး၏။
12 ၁၂ မနာရှေအနွယ်သည်ထိုမြို့များတွင်နေ ထိုင်သောခါနာန်အမျိုးသားတို့ကိုမနှင် ထုတ်နိုင်သဖြင့် သူတို့သည်ထိုအရပ် များတွင်ဆက်လက်နေထိုင်ကြသည်။-
၁၂သို့ရာတွင် မနာရှေ အမျိုးသား တို့သည် ထို မြို့ တို့ကို မ သိမ်း မယူနိုင် ဘဲ၊ ခါနနိ လူတို့သည် ထို အရပ် ၌ အနိုင် နေ ကြ၏။
13 ၁၃ ဣသရေလအမျိုးသားတို့သည်အင်အား ကြီးလာသော်လည်း ခါနာန်အမျိုးသား အားလုံးတို့ကိုမနှင်ထုတ်ဘဲမိမိတို့ ထံ၌အစေခံစေကြ၏။
၁၃ဣသရေလ လူတို့သည် အားတိုးပွား သောအခါ ၊ ထိုခါနနိ လူတို့ကို အကုန်အစင်မ နှင်ထုတ် ဘဲ အခွန် ပေး စေကြ၏။
14 ၁၄ ယောသပ်၏အဆက်အနွယ်ဝင်တို့က ယောရှု အား``ထာဝရဘုရားသည်အကျွန်ုပ်တို့အား ကောင်းချီးမင်္ဂလာချပေးတော်မူသဖြင့် လူ ဦးရေအလွန်များပြားလာပါသည်။ ကိုယ် တော်သည်အဘယ်ကြောင့်အကျွန်ုပ်တို့အား မြေဝေစုတစ်စုတည်းကိုသာပေးပါသ နည်း'' ဟုမေးလျှောက်ကြ၏။
၁၄ယောသပ် အမျိုးသား တို့ကလည်း ၊ အကျွန်ုပ် တို့သည် ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကိုခံရသဖြင့် အမျိုး ကြီး ဖြစ်၍၊ ကိုယ်တော်သည် တ ဘို့ တ ခရိုင် တည်းကိုသာ အဘယ်ကြောင့် ပေး ပါသနည်းဟု ယောရှု အား မေး လျှောက်ကြသော်၊
15 ၁၅ ယောရှုက``သင်တို့တွင်လူဦးရေတိုးပွား များပြားသဖြင့် ဧဖရိမ်အတွက်ပေးသော တောင်ကုန်းဒေသသည်ကျဉ်းမြောင်းလျှင် ဖေရဇိနှင့်ရေဖိမ်အမျိုးသားများနေ ထိုင်ရာအရပ်ရှိတောများကိုခုတ်ထွင်၍ နေထိုင်ကြလော့'' ဟုပြန်ဖြေ၏။
၁၅ယောရှု က၊ သင် တို့သည် အမျိုး ကြီး ဖြစ်၍ ဧဖရိမ် တောင် ကျဉ်းမြောင်း လျှင် ၊ တော အရပ်သို့ သွား ၍ ဖေရဇိ ပြည် ၊ ရေဖိမ် ပြည်၌ ခုတ် လှဲကြလော့ဟု ပြန်ပြော ၏။
16 ၁၆ ထိုအခါသူတို့က``တောင်ကုန်းဒေသသည် အကျွန်ုပ်တို့နေထိုင်ရန်အတွက်ကျဉ်းမြောင်း ပါသည်။ ဗက်ရှန်နှင့်ပတ်ဝန်းကျင်မြို့များ အနီးရှိမြေပြန့်၌လည်းကောင်း၊ ယေဇရေ လချိုင့်ဝှမ်း၌လည်းကောင်းနေထိုင်သော ခါနာန်အမျိုးသားများတွင်သံစစ်ရထား များရှိကြပါသည်'' ဟုလျှောက်ဆိုကြ၏။
၁၆ယောသပ် အမျိုးသား တို့ကလည်း ၊ ဧဖရိမ်တောင် သည် အကျွန်ုပ် တို့အဘို့ မ လောက် ပါ။ ချိုင့် အရပ် ဗက်ရှန် မြို့ ရွာတို့၌ ၎င်း ၊ ယေဇရေလ ချိုင့် ၌ ၎င်း နေ သောခါနနိ လူ အပေါင်း တို့သည် သံ ရထား နှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင်၊
17 ၁၇ ယောရှုကဧဖရိမ်နှင့် အနောက်မနာရှေ အနွယ်ဝင်တို့အား``သင်တို့သည်စင်စစ် အားဖြင့်လူဦးရေများပြား၍ခွန်အား ကြီးကြ၏။ သို့ဖြစ်၍သင်တို့သည်ဝေစု တစ်စုထပ်မံ၍ရစေမည်။-
၁၇ယောရှု က၊ သင် တို့သည် အမျိုး ကြီး ဖြစ်၍ ခွန်အား ကြီး သောကြောင့်၊ တ ဘို့ တည်းကိုသာ မ ယူရ။
18 ၁၈ တောင်ကုန်းဒေသကိုသင်တို့အားပေးမည်။ ထိုဒေသသည်သစ်တောဖြစ်သော်လည်း သင် တို့သည်တောကိုခုတ်ထွင်၍တစ်စွန်းမှတစ် စွန်းအထိနေထိုင်လော့။ ခါနာန်အမျိုးသား တို့တွင်သံစစ်ရထားများရှိ၍အင်အား ကောင်းသော်လည်းသင်တို့သည်သူတို့ကို နှင်ထုတ်နိုင်ကြလိမ့်မည်'' ဟုပြောဆို၏။
၁၈တောင် သည်လည်း သင် တို့အဘို့ ဖြစ် လိမ့်မည်။ သစ်ပင် များလျှင် ခုတ် လှဲရမည်။ ထွက် ရာလမ်းတို့သည်လည်း သင် တို့အဘို့ ဖြစ် လိမ့်မည်။ ခါနနိ လူတို့သည် ခွန်အား ကြီး၍ သံ ရထား နှင့်ပြည့်စုံသော်လည်း ၊ သူတို့ကို နှင်ထုတ် ကြလိမ့်မည်ဟု ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးတည်းဟူသောယောသပ် အမျိုးသား တို့အား ပြော ဆို၏။