< ယောရှု 16 >
1 ၁ ယောသပ်အဆက်အနွယ်တို့အားခွဲဝေပေး သောနယ်မြေ၏တောင်ဘက်နယ်နိမိတ်သည် ယေရိခေါမြို့အနီးယေရိခေါစမ်းရေတွင်း၊ အရှေ့ယော်ဒန်မြစ်မှအစပြု၍တောကန္တာရ ကိုဖြတ်လျက်တောင်ကုန်းဒေသရှိဗေသလ မြို့သို့ရောက်၏။-
၁ယောသပ် အမျိုးသား တို့သည် စာရေးတံ ပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့အရှေ့ ၊ ယေရိခေါ အိုင် မှ ထွက် ၍ တော လမ်းသို့ လိုက် လျက်၊ ဗေသလ တောင် တရှောက်လုံးသွားသဖြင့်၊
2 ၂ တစ်ဖန်ဗေသလမြို့မှလုဇမြို့သို့လည်း ကောင်း၊ ထိုမှတစ်ဆင့်အာခိအမျိုးသား များနေထိုင်ရာအတရုတ်အန္ဒာမြို့သို့ လည်းကောင်းရောက်သည်။-
၂ဗေသလ လုဇ မြို့သို့ ၎င်း၊ အာခိ အတရုတ် မြို့ သို့ ၎င်း၊ အနောက် မျက်နှာ၌ ယာဖလေတိ မြို့ သို့ ၎င်း၊
3 ၃ တစ်ဖန်အနောက်ဘက်ယာဖလေတိအမျိုး သားတို့နေထိုင်ရာအောက်ဗက်ဟောရုန်ဒေသ သို့ရောက်သည်။ ထိုမှတစ်ဖန်ဂေဇာမြို့ကိုဖြတ် ပြီးလျှင်မြေထဲပင်လယ်တွင်အဆုံးသတ် လေသည်။
၃အောက် ဗက်ဟောရုန် မြို့ သို့ ၎င်း၊ ဂေဇာ မြို့သို့ ၎င်း ရောက် ၍ ပင်လယ် ၌ ဆုံး လေ၏။
4 ၄ ယောသပ်၏အဆက်အနွယ်များဖြစ်ကြ သောဧဖရိမ်အနွယ်နှင့် အနောက်မနာရှေ အနွယ်တို့သည်ဖော်ပြပါနယ်မြေကို အပိုင်ရရှိကြလေသည်။
၄ထိုသို့ ယောသပ် ၏သား မနာရှေ နှင့် ဧဖရိမ် တို့သည် အမွေ ခံရကြ၏။
5 ၅ ဧဖရိမ်အနွယ်မိသားစုတို့အတွက်ခွဲဝေ ပေးသော နယ်မြေ၏နယ်နိမိတ်မှာအောက်ပါ အတိုင်းဖြစ်သည်။ အရှေ့ဘက်နယ်နိမိတ်သည် အတရုတ်အဒ္ဒါမြို့မှအစပြု၍ အရှေ့ဘက် ရှိအထက်ဗက်ဟောရုန်မြို့ကိုဖြတ်၍၊-
၅ဧဖရိမ် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် နေ သောမြေအပိုင်း အခြားသည်၊ အရှေ့ ဘက်၌ အတရုတ်အဒ္ဒါ မြို့မှ အထက် ဗက်ဟောရုန် မြို့သို့ လိုက်၍၊
6 ၆ မြေထဲပင်လယ်သို့ရောက်သည်။ မြောက်ဘက် တွင်မိတ်မေသမြို့တည်ရှိသည်။ ထိုဒေသ အရှေ့ဘက်မှနယ်နိမိတ်သည်တာနတ်ရှိ လောမြို့သို့ကွေ့ဝင်ပြီးလျှင်မြို့အရှေ့မှ ဖြတ်၍ယနောဟမြို့သို့ရောက်သည်။-
၆မြောက် မျက်နှာ၌ ပင်လယ် နား ၊ မိတ်မေသ မြို့သို့ ထွက် ၏။ တဖန် အရှေ့ သို့ မျက်နှာ ပြု၍ တာနတ်ရှိလော မြို့အရှေ့ မှာ ရှောက် လျက်၊
7 ၇ ထိုနောက်ယနောဟမြို့မှအတရုတ်မြို့ နှင့်နာရတ်မြို့များဘက်သို့ဆင်းလာပြီး နောက် ယေရိခေါမြို့သို့ရောက်၍ယော်ဒန် မြစ်တွင်အဆုံးသတ်သည်။-
၇ယနောဟ မြို့သို့ ၎င်း၊ ယနောဟ မြို့မှ အတရုတ် မြို့၊ နာရတ် မြို့၊ ယေရိခေါ မြို့သို့ ၎င်း ရောက် ၍ ယော်ဒန် မြစ်၌ ဆုံး လေ၏။
8 ၈ တစ်ဖန်နယ်နိမိတ်သည်တာပွာမြို့မှအနောက် ဘက်ကာနချောင်းသို့ရောက်၍ မြေထဲပင်လယ် တွင်အဆုံးသတ်သည်။ ဤနယ်မြေကိုဧဖရိမ် အနွယ်မိသားစုများကအပိုင်ရရှိကြ သည်။-
၈တာပွါ မြို့မှ အနောက် သို့ သွား ၍ ကာန မြစ် သို့ လိုက် လျက် ပင်လယ် ၌ ဆုံး လေ၏။
9 ၉ ထို့အပြင်မနာရှေပိုင်နယ်မြေထဲမှမြို့ ရွာအချို့တို့ကိုလည်းအပိုင်ရရှိကြ သည်။-
၉ဤရွေ့ကား၊ မနာရှေ အမျိုးသား တို့ အမွေ ခံရသောမြေ၌ ဧဖရိမ် အမျိုးသား တို့အဘို့ ခွဲ ထားသော မြို့ များနှင့်တကွ ဧဖရိမ် အမျိုးသား အဆွေ အမျိုးအလိုက် အမွေ ခံရသောမြို့ ရွာ များဖြစ်သတည်း။
10 ၁၀ သို့ရာတွင်သူတို့သည်ဂေဇာမြို့တွင်နေထိုင် သောခါနာန်အမျိုးသားတို့ကိုမနှင်ထုတ် ဘဲ မိမိတို့ထံတွင်ကျွန်အဖြစ်ဖြင့်နေထိုင် စေကြသည်။
၁၀ဂေဇာ မြို့၌ နေ သောခါနနိ လူတို့ကို မ နှင်ထုတ် ဘဲ သူတို့သည် ယနေ့ တိုင်အောင် ဧဖရိမ် အမျိုးသားတို့နှင့်အတူ နေ ၍ အခွန် ပေးရကြ၏။