< ယောရှု 15 >

1 ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​ရ​ရှိ​သော နယ်​မြေ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​၏​နယ်​မြေ​သည်​တောင် ဘက်​သို့​လား​သော် ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ​ဇိ​န တော​ကန္တာ​ရ​၏​တောင်​ဘက်​စွန်း​သို့​ရောက် သည်။-
ယုဒ အမျိုးသား တို့သည် စာရေးတံ ပြု၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင် မျက်နှာ၌ ဧဒုံ ပြည်နယ် နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှစ၍ဇိန တော ဖြစ် သော၊
2 တောင်​ဘက်​နယ်​နိ​မိတ်​သည်​ပင်လယ်​သေ​တောင် ဘက်​စွန်း​မှ​စ​၍ တောင်​ဘက်​ရှိ​အ​က​ရဗ္ဗိမ် တောင်​ကြား​ကို​ဖြတ်​ပြီး​လျှင်​ဇိ​န​မြို့​အ​ထိ ရောက်​သည်။ ထို​မှ​တစ်​ဖန်​ကာ​ဒေ​ရှ​ဗာ​နာ​မြို့ ၏​တောင်​ဘက်​သို့​သွား​၍​ဟေ​ဇ​ရုန်​မြို့​ကို​ဖြတ် လျက်​အာ​ဒါ​မြို့​ဘက်​သို့​တက်​ပြီး​လျှင် ကာ ကာ​မြို့​ဘက်​သို့​ကွေ့​ပြီး​နောက်​အ​ဇ​မုန်​မြို့ သို့​ရောက်​လေ​သည်။ ထို​နောက်​အီ​ဂျစ်​ပြည်​နယ် စပ်​ရှိ​ချောင်း​ကို​လိုက်​၍​မြေ​ထဲ​ပင်​လယ်​တွင် အ​ဆုံး​သတ်​သည်။ ဤ​ကား​ယု​ဒ​နယ်​မြေ​၏ တောင်​ဘက်​နယ်​နိ​မိတ်​ဖြစ်​သ​တည်း။
တောင် ဘက်အပိုင်း အခြားသည် သောဒုံ အိုင် ၌ တောင် အကွေ့ မှ ထွက် ၍၊
3
တောင် မျက်နှာနား ၊ အကရဗ္ဗိမ် ကုန်း ကို ရှောက် လျက် ဇိန ရွာသို့ ရောက် လေ၏။ တဖန် တောင် မျက်နှာနား ၊ ကာဒေရှဗာနာ ရွာ၊ ဟေဇရုန် ရွာ၊ အာဒါ ရွာ၊ ကာကာ ရွာ၊
4
အဇမုန် ရွာကို ရှောက် သဖြင့် အဲဂုတ္တု ချောင်း သို့ လိုက် ၍ ပင်လယ် ၌ ဆုံး လေ၏။
5 အ​ရှေ့​ဘက်​နယ်​နိ​မိတ်​သည်​ပင်​လယ်​သေ တောင်​ဘက်​စွန်း​မှ ယော်​ဒန်​မြစ်​စီး​ဝင်​သည့် မြစ်​ဝ​အ​ထိ​ဖြစ်​သည်။ မြောက်​ဘက်​နယ်​နိ​မိတ်​သည်​ထို​မြစ်​ဝ​မှ အ​စ​ပြု​၍၊-
အရှေ့ဘက်၌ သောဒုံ အိုင် သည် ယော်ဒန် မြစ်ဝ တိုင်အောင် အရှေ့ အပိုင်း အခြားဖြစ်၏။ မြောက် ဘက် အပိုင်း အခြားသည် ယော်ဒန် မြစ်သို့ဆင်းရာ သောဒုံအိုင် ကွေ့ မှ ထွက်၍၊
6 ဗေ​သော​ဂ​လ​မြို့​သို့​လည်း​ကောင်း၊ ထို​မှ တစ်​ဖန်​ဗော​ဟန်​၏​ကျောက်(ဗော​ဟန်​သည် ရု​ဗင်​၏​သား​ဖြစ်​သည်) သို့​ရောက်​ပြီး​လျှင်၊-
ဗေသောဂလ ရွာသို့၎င်း၊ ဗေသရာဗ ရွာ မြောက် နားမှာ ရှောက် လျက် ရုဗင် သား ဗောဟန် ၏ကျောက် သို့၎င်း ရောက် လေ၏။
7 ဒုက္ခ​ဟု​ခေါ်​သော​ချိုင့်​ဝှမ်း​မှ​ဒေဗိရ​မြို့​သို့​တက် သွား​၏။ ထို​နောက်​ချိုင့်​ဝှမ်း​တောင်​ဘက်​တွင်​ရှိ သော​အ​ဒုမ္မိမ်​တောင်​ကြား​နှင့်​မျက်​နှာ​ချင်း​ဆိုင် ဂိ​လ​ဂါ​လ​မြို့​ရှိ​ရာ​မြောက်​ဘက်​သို့​ကွေ့ သွား​၏။ ထို​နောက်​အင်​ရှေ​မက်​စမ်း​ရေ​တွင်း မှ​အင်္ရော​ဂေလ​မြို့​သို့​ရောက်​ပြီး​လျှင်၊-
အာခေါ် ချိုင့် မြောက် ဘက်မှ ထွက် ၍ ဒေဗိရ ရွာသို့ ၎င်း၊ မြစ် တောင် ဘက် အဒုမ္မိမ် ကုန်း ရှေ့ ၌ ရှိသောဂိလဂါလ မြို့သို့ ၎င်း ရောက် ပြီးမှ ၊ အင်ရှေမက် အိုင် ၊ အင်္ရောဂေလ ရွာလမ်းသို့ လိုက် လျက်၊
8 ယေ​ဗု​သိ​အ​မျိုး​သား​တို့​၏​မြို့​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​တည်​ရာ တောင်​ကုန်း​တောင် ဘက်​ရှိ​ဟိန္နုန်​ချိုင့်​ဝှမ်း​အ​နောက်​ဘက်​တောင် ကုန်း​ကို​ကျော်​ဖြတ်​သွား​၏။-
ဟိန္နုံသား၏ချိုင့်နား ယေရုရှလင် မြို့ရာ ယေဗုသိ အရပ် တောင် ဘက်နား မှာ ရှောက် ၍ ဟိန္နုံ ချိုင့်အနောက် ၊ ရေဖိမ် ချိုင့် မြောက် ဘက်၌ ရှိသော တောင်ပေါ်သို့ တက် လေ၏။
9 ထို​မှ​တစ်​ဖန်​နေ​ဖ​တော​စမ်း​ရေ​တွင်း​နှင့် ဧ​ဖ​ရုန်​တောင်​အ​နီး​ရှိ​မြို့​များ​ကို​ဖြတ် ၍​ဗာ​လာ(သို့​မ​ဟုတ်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) သို့​ကွေ့​သွား​၏။-
ထိုတောင် ပေါ် မှ ဆင်း ပြန်၍ ၊ နေဖတော စမ်း ရေတွင်း ကို ရှောက်သဖြင့် ဧဖရုန် တောင် နှင့်ဆိုင်သော မြို့ များသို့ ၎င်း၊ ကိရယတ်ယာရိမ် မြို့ ရာဗာလာ မြို့သို့၎င်း၊
10 ၁၀ ထို​မြို့​မှ​လှည့်​ပြီး​လျှင်​အ​နောက်​တောင်​ကုန်း ဒေ​သ​သို့​ရောက်​၍​ယာ​ရိမ်​တောင်(သို့​မ​ဟုတ် ခေ​သ​လုန်​တောင်) မြောက်​ဘက်​မှ​အောက်​ဘက် ရှိ​ဗက်​ရှေ​မက်​မြို့​သို့​ရောက်​ပြီး​နောက် တိ​မ​နာ​မြို့​ကို​ဖြတ်​၍​သွား​သည်။-
၁၀ဗာလာ မြို့အနောက် ဘက်နား မှာ ရှောက် လျက် စိရ တောင် သို့ ၎င်း၊ ခေသလုန် တောင်တည်းဟူသော ယာရိမ် တောင် မြောက်ဘက် နားမှာ ရှောက် လျက် ဗက်ရှေမက် မြို့၊ တိမနာ မြို့သို့၎င်း၊
11 ၁၁ ထို​နောက်​ဧ​ကြုန်​မြို့​မြောက်​ဘက်​ရှိ​တောင်​သို့ ရောက်​ပြီး​လျှင် ရှိ​ကြုန်​မြို့​ဘက်​သို့​လှည့်​၍ ဗာ​လာ​တောင်​ကို​လွန်​လျက်​ယာ​ဗ​နေ​လ​မြို့ သို့​ရောက်​သည်။ ထို​နောက်​အ​နောက်​ဘက်​နယ် နိ​မိတ်​ဖြစ်​သော​မြေ​ထဲ​ပင်​လယ်​တွင်​အ​ဆုံး သတ်​သည်။ ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​သည်​ဖော်​ပြ ပါ​နယ်​နိ​မိတ်​များ​အ​တွင်း​၌​နေ​ထိုင်​ကြ သည်။
၁၁ဧကြုန် မြို့မြောက် ဘက်နား မှာ ရှောက် လျက် ရှိကြုန် ရွာသို့ ၎င်း၊ ဗာလာ တောင် သို့၎င်း၊ ယာဗနေလ ရွာသို့၎င်း ရောက် ၍ ပင်လယ် ၌ ဆုံး လေ၏။
12 ၁၂
၁၂အနောက်ဘက်၌ ပင်လယ် ကြီး နှင့် ပင်လယ်ကမ်းပါး သည် အနောက် အပိုင်း အခြားဖြစ်၏။ ဤရွေ့ကား ယုဒ အမျိုးသား အဆွေ အမျိုးအလိုက် နေရာပြည်နယ်အပိုင်း အခြားဖြစ်သတည်း။
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ယော​ရှု​သည် ယု​ဒ​အ​နွယ်​ဝင်​ယေ​ဖုန္နာ​၏​သား ကာ​လက်​အား​ယု​ဒ​အ​နွယ်​ပိုင်​နယ်​မြေ​မှ ဟေ​ဗြုန်​မြို့​ကို​ခွဲ​ဝေ​ပေး​လေ​သည်။ ဟေ​ဗြုန် မြို့​သည်​အာ​န​က​၏​ဖ​ခင်​အာဘ​၏​မြို့​ဖြစ် သည်။-
၁၃ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် ယုဒ အမျိုးသား တို့တွင် ယေဖုန္နာ ၏သား ကာလက် အဘို့ ဟေဗြုန် မြို့တည်းဟူသော အာနက အဘ အာဘ ၏မြို့ ကို ချပေး လေ၏။
14 ၁၄ ကာ​လက်​သည်​အာ​န​က​၏​အ​ဆက်​အ​နွယ် များ​ဖြစ်​သော​ရှေ​ရှဲ​သား​ချင်း​စု၊ အ​ဟိ​မန် သား​ချင်း​စု​နှင့်​တာ​လ​မဲ​သား​ချင်း​စု​တို့ ကို​ထို​မြို့​မှ​နှင်​ထုတ်​လိုက်​၏။-
၁၄ထို မြို့ထဲက ကာလက် သည် အာနက သား သုံး ယောက်၊ ရှေရှဲ ၊ အဟိမန် ၊ တာလမဲ တို့ကို နှင်ထုတ် သောနောက်၊
15 ၁၅ သူ​သည်​ထို​မြို့​မှ​တစ်​ဆင့်​ဒေ​ဗိ​ရ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​လေ​သည်။ (ယ​ခင်​က​ဒေ​ဗိ​ရ မြို့​သည်​ကိ​ရ​ယ​ဿေ​ဖာ​မြို့​ဟု​ခေါ်​တွင်​သည်။-)
၁၅ကိရယဿေဖာ အမည် ဟောင်း ရှိသောဒေဗိရ မြို့သား တို့ရှိရာသို့ တဖန်ချီ သွား၍၊
16 ၁၆ ကာ​လက်​က``ကိ​ရ​ယ​ဿေ​ဖာ​မြို့​ကို​သိမ်း ယူ​နိုင်​သူ​အား​ငါ​၏​သ​မီး​အာ​ခ​သ​နှင့် ထိမ်း​မြား​ပေး​မည်'' ဟု​ဆို​လျှင်၊-
၁၆ကိရယဿေဖာ မြို့ကိုတိုက်ယူ လုပ်ကြံ သောသူ အား ငါသည် သမီး အာခသ ကို ပေးစား မည်ဟုဆို လျှင်၊
17 ၁၇ ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား​သြ​သံ ယေ​လ​သည်​ထို​မြို့​ကို​သိမ်း​ယူ​နိုင်​သ​ဖြင့် သူ​၏​သ​မီး​အာ​ခ​သ​နှင့်​ထိမ်း​မြား​လက် ထပ်​ပေး​လေ​သည်။-
၁၇ကာလက် ညီ ကေနတ် ၏သား ဩသံယေလ သည် ထိုမြို့ ကိုတိုက် ယူ၍ ကာလက်သည် သမီး အာခသ ကို သူ့ အား ပေးစား လေ၏။
18 ၁၈ ထိမ်း​မြား​မင်္ဂ​လာ​နေ့​၌​သြ​သံ​ယေ​လ​သည် အာ​ခ​သ​အား​သူ​၏​ဖ​ခင်​ထံ​မှ​လယ်​တစ် ကွက်​တောင်း​ရန်​တိုက်​တွန်း​လေ​သည်။ အာ​ခ​သ သည်​မြည်း​ပေါ်​မှ​ဆင်း​လိုက်​၏။ ထို​အ​ခါ ကာ​လက်​က​သူ​၏​သ​မီး​အား``မည်​သည့် အ​ရာ​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​လျှင်-
၁၈ထိုမိန်းမသည် ခရီးသွားစဉ် အခါ၊ လယ် တကွက်ကို အဘ ၌ တောင်း ခြင်းငှါ လင် နှင့်တိုင်ပင် ပြီးမှ မြည်း ပေါ် က ဆင်း လေ၏။ အဘကာလက် က အဘယ် အလိုရှိသနည်းဟုမေး လျှင်၊
19 ၁၉ သူ​က``ကိုယ်​တော်​လက်​ဖွဲ့​သော​မြေ​သည်​ခြောက် သွေ့​သော​အ​ရပ်​ဖြစ်​ပါ​သည်။ စမ်း​ရေ​တွင်း​များ ကို​လည်း​ပေး​ပါ'' ဟု​တောင်း​၏။ ထို​ကြောင့် ကာ​လက်​သည်​သူ​၏​သ​မီး​အား​အ​ထက်​စမ်း ရေ​တွင်း​နှင့်​အောက်​စမ်း​ရေ​တွင်း​များ​ကို​ပေး လေ​၏။
၁၉သမီးက ကောင်းကြီး ပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင် မျက်နှာအရပ်ကိုပေး ပါပြီ။ စမ်း ရေတွင်းတို့ကိုလည်း ပေး တော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက် စမ်း ရေတွင်း၊ အောက် စမ်း ရေတွင်းတို့ကိုပေး လေ၏။
20 ၂၀ ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​ပိုင်​ဆိုင်​သော နယ်​မြေ​သည်​ကား​ဤ​သို့​တည်း။-
၂၀ဤရွေ့ကား၊ ယုဒ အမျိုးသား အဆွေ အမျိုးအလိုက် ခံရသော အမွေ မြေ ဖြစ်သတည်း။
21 ၂၁ ဧ​ဒုံ​ပြည်​နယ်​စပ်​အ​နီး​နယ်​မြေ​၏​တောင် ဘက်​စွန်း​တွင် သူ​တို့​ပိုင်​သည့်​မြို့​များ​မှာ​ကပ် ဇေ​လ​မြို့၊ ဧ​ဒေ​ရ​မြို့၊ ယာ​ဂု​ရ​မြို့၊-
၂၁ယုဒ အမျိုးသား ပိုင်သော မြို့ များဟူမူကား၊ ဧဒုံ ပြည် နှင့်နီးစပ် သော တောင် ပိုင်း၌ ကပ်ဇေလ မြို့၊ ဧဒေရ မြို့၊ ယာဂုရ မြို့၊
22 ၂၂ ကိ​န​မြို့၊ ဒိ​မော​န​မြို့၊ အာ​ဒ​ဒါ​မြို့၊-ကေ​ဒေ​ရှ မြို့။ ဟာ​ဇော်​မြို့၊ ဣ​သ​နန်​မြို့၊-ဇိ​ဖ​မြို့၊ တေ​လင် မြို့၊ ဗာ​လုတ်​မြို့၊-
၂၂ကိန မြို့၊ ဒိမောန မြို့၊ အာဒဒါ မြို့၊
23 ၂၃
၂၃ကေဒေရှ မြို့၊ ဟာဇော် မြို့၊ ဣသနန် မြို့၊
24 ၂၄
၂၄ဇိဖ မြို့၊ တေလင် မြို့၊ ဗာလုတ် မြို့၊
25 ၂၅ ဟာ​ဇော်​ဟ​ဒတ္တာ​မြို့၊ ကဲ​ရိ​ယော​ဟေ​ဇ​ရုန်​မြို့ (သို့​မ​ဟုတ်​ဟာ​ဇော်​မြို့၊-)
၂၅ဟာဇော် မြို့သစ်၊ ဟာဇော် မြို့ဟောင်းတည်းဟူသော ဟေဇရုန် မြို့၊
26 ၂၆ အာ​မန်​မြို့၊ ရှေ​မ​မြို့၊ မော​လ​ဒ​မြို့၊- ဟာ​ဇာ​ဂဒ္ဒ​မြို့၊ ဟေ​ရှ​မုန်​မြို့၊ ဗက်​ပါ​လက်​မြို့၊- ဟာ​ဇာ​ရွှာ​လ​မြို့၊ ဗေ​ရ​ရှေ​ဘ​မြို့၊ ဗိဇ္ဇော​သ​ယာ မြို့၊- ဗာ​လာ​မြို့၊ ဣ​အိမ်​မြို့၊ အာ​ဇင်​မြို့၊-
၂၆အာမန် မြို့၊ ရှေမ မြို့၊ မောလဒ မြို့၊
27 ၂၇
၂၇ဟာဇာဂဒ္ဒ မြို့၊ ဟေရှမုန် မြို့၊ ဗက်ပါလက် မြို့၊
28 ၂၈
၂၈ဟာဇာရွာလ မြို့၊ ဗေရရှေဘ မြို့၊ ဗိဇ္ဇောသယာ မြို့၊
29 ၂၉
၂၉ဗာလာ မြို့၊ ဣအိမ် မြို့၊ အာဇင် မြို့၊
30 ၃၀ ဧ​လ​တော​လဒ်​မြို့၊ ခေ​သိ​လ​မြို့၊ ဟော​မာ​မြို့၊- ဇိ​က​လတ်​မြို့၊ မာ​ဒ​မန္နာ​မြို့၊ သံ​သန္နာ​မြို့၊-
၃၀ဧလတောလဒ် မြို့၊ ခေသိလ မြို့၊ ဟောမာ မြို့၊
31 ၃၁
၃၁ဇိကလတ် မြို့၊ မာဒမန္နာ မြို့၊ သံသန္နာ မြို့၊
32 ၃၂ လေ​ဗောက်​မြို့၊ ရှိ​လ​ဟိမ်​မြို့၊ အ​အိန်​မြို့​နှင့် ရိမ္မုန်​မြို့​စ​သော​မြို့​ကြီး​နှစ်​ဆယ့်​ကိုး​မြို့​နှင့် တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ​ဖြစ် သည်။
၃၂လေဗောက် မြို့၊ ရှိလဟိမ် မြို့၊ အအိန် မြို့၊ ရိမ္မုန် မြို့၊ ရွာ နှင့်တကွ မြို့ ပေါင်း ကား သုံးဆယ်ခြောက်မြို့တည်း။
33 ၃၃ တောင်​ခြေ​များ​ရှိ​မြို့​များ​မှာ​ဧ​ရှ​တော​လ မြို့၊ ဇော​ရာ​မြို့၊ အာ​ရှ​နာ​မြို့၊-
၃၃ချိုင့် ၌ လည်း ဧရှတောလ မြို့၊ ဇောရာ မြို့၊ အာရှနာ မြို့၊
34 ၃၄ ဇာ​နော​မြို့၊ အင်္ဂန္နိမ်​မြို့၊ တာ​ပွာ​မြို့၊ ဧ​နံ​မြို့၊- ယာ​မုတ်​မြို့၊ အ​ဒု​လံ​မြို့၊ စော​ခေါ​မြို့၊ အ​ဇေ ကာ​မြို့၊- ရှာ​ရိမ်​မြို့၊ အ​ဒိ​သိမ်​မြို့၊ ဂ​ဒေ​ရ​မြို့​နှင့် ဂ​ဒေ​ရော​သိမ်​မြို့​စ​သော​မြို့​ကြီး​တစ်​ဆယ် လေး​မြို့​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ များ​ဖြစ်​သည်။
၃၄ဇာနော မြို့၊ အင်္ဂန္နိမ် မြို့၊ တာပွါ မြို့၊ ဧနံ မြို့၊
35 ၃၅
၃၅ယာမုတ် မြို့၊ အဒုလံ မြို့၊ စောခေါ မြို့၊ အဇေကာ မြို့၊
36 ၃၆
၃၆ရှာရိမ် မြို့၊ အဒိသိမ် မြို့၊ ဂဒေရ မြို့၊ ဂဒေရောသိမ် မြို့၊ ရွာ နှင့်တကွ မြို့ ပေါင်းကား၊ ဆယ်ငါးမြို့တည်း။
37 ၃၇ ထို့​အ​ပြင်​ဇေနန်​မြို့၊ ဟ​ဒါ​ရှ​မြို့၊ မိ​ဂ​ဒ​လ ဂဒ်​မြို့၊-ဒိ​လန်​မြို့၊ မိ​ဇ​ပါ​မြို့၊ ယော​က​သေ​လ မြို့၊- လာ​ခိ​ရှ​မြို့၊ ဗော​ဇ​ကတ်​မြို့၊ ဧ​က​လုန်​မြို့၊- ကဗ္ဗုန်၊ လာ​မံ​မြို့၊ ကိ​သ​လိတ်​မြို့၊-
၃၇ထိုမှတပါး၊ ဇေနန် မြို့၊ ဟဒါရှ မြို့၊ မိဂဒလဂဒ် မြို့၊
38 ၃၈
၃၈ဒိလန် မြို့၊ မိဇပါ မြို့၊ ယောကသေလ မြို့၊
39 ၃၉
၃၉လာခိရှ မြို့၊ ဗောဇကတ် မြို့၊ ဧကလုန် မြို့၊
40 ၄၀
၄၀ကဗ္ဗုန် မြို့၊ လာမံ မြို့၊ ကိသလိတ် မြို့၊
41 ၄၁ ဂ​ဒေ​ရုတ်​မြို့၊ ဗက်​ဒါ​ဂုန်​မြို့၊ နေ​မ​မြို့​နှင့်​မက္ကဒါ မြို့​စ​သော​မြို့​ကြီး​များ​တစ်​ဆယ်​ခြောက်​မြို့​နှင့် တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ​လည်း ပါ​ဝင်​လေ​သည်။
၄၁ဂဒေရုတ် မြို့၊ ဗက်ဒါဂုန် မြို့၊ နေမ မြို့၊ မက္ကဒါ မြို့၊ ရွာ နှင့်တကွ ဆယ် ခြောက် မြို့ တည်း။
42 ၄၂ ထို့​အ​ပြင်​လိ​ဗ​န​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန်​မြို့၊- ယိ​ဖ​တ​မြို့၊ အာ​ရှ​နာ​မြို့၊ နေ​ဇိပ်​မြို့၊- ကိ​လ​မြို့၊ အော​ခ​ဇိပ်​မြို့​နှင့်​မ​ရေ​ရှ​မြို့​စ​သော​မြို့​ကြီး ကိုး​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ များ​လည်း​ပါ​ဝင်​လေ​သည်။
၄၂ထိုမှတပါး၊ လိဗန မြို့၊ ဧသာ မြို့၊ အာရှန် မြို့၊
43 ၄၃
၄၃ယိဖတ မြို့၊ အာရှနာ မြို့၊ နေဇိပ် မြို့၊
44 ၄၄
၄၄ကိလ မြို့၊ အောခဇိပ် မြို့၊ မရေရှ မြို့၊ ရွာ နှင့်တကွ ကိုး မြို့ တည်း။
45 ၄၅ ထို့​အ​ပြင်​ဧ​ကြုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ ကျေး​ရွာ​များ​နှင့်၊
၄၅ထိုမှတပါး ဧကြုန် မြို့နှင့် သူ ဆိုင်သော မြို့ ရွာ များ၊
46 ၄၆ ဧ​ကြုန်​မြို့​မှ​မြေ​ထဲ​ပင်​လယ်​စပ်​ကြား​ရှိ အာ​ဇုတ်​မြို့​နှင့်​၎င်း​အ​နီး​ရှိ​မြို့​ရွာ​များ လည်း​ပါ​ဝင်​လေ​သည်။
၄၆ဧကြုန် မြို့မှစ၍ ပင်လယ် တိုင်အောင် ၊ အာဇုတ် မြို့နှင့်နီးစပ် သောမြို့ရွာ များ၊
47 ၄၇ ထို့​အ​ပြင်​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချောင်း​နှင့် မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ​အ​ထိ​ကျယ်​ပြန့် သော​ဒေ​သ​ရှိ​အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့​နှင့်​ပတ် ဝန်း​ကျင်​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။-
၄၇အာဇုတ် မြို့နှင့် သူ ဆိုင်သော မြို့ ရွာ များ၊ အဲဂုတ္တု မြစ် ၊ ပင်လယ် ကြီး ၊ ပင်လယ်ကမ်းပါး တိုင်အောင် ၊ ဂါဇ မြို့နှင့် သူ ဆိုင်သော မြို့ ရွာ များ၊
48 ၄၈ တောင်​ကုန်း​ဒေ​သ​တွင်​တည်​ရှိ​သော​ရှ​မိ​ရ မြို့၊ ယတ္တိ​ရ​မြို့၊ စော​ခေါ​မြို့၊-
၄၈တောင် ပေါ်၌ လည်း ၊ ရှမိရ မြို့၊ ယတ္တိရ မြို့၊ စောခေါ မြို့၊
49 ၄၉ ဒန္န​မြို့၊ ကိ​ရ​ယ​ဿန္န​မြို့(သို့​မ​ဟုတ်​ဒေ​ဗိ​ရ​မြို့၊-)
၄၉ဒန္န မြို့၊ ဒေဗိရ မြို့တည်းဟူသော ၊ ကိရယဿန္န မြို့၊
50 ၅၀ အာ​နပ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊ အာ​နိမ်​မြို့၊-
၅၀အာနပ် မြို့၊ ဧရှတမော မြို့၊ အာနိမ် မြို့၊
51 ၅၁ ဂေါ​ရှင်​မြို့၊ ဟော​လုန်​မြို့​နှင့်​ဂိ​လော​မြို့​စ​သော မြို့​ကြီး​တစ်​ဆယ့်​တစ်​မြို့​နှင့်​တ​ကွ ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။
၅၁ဂေါရှင် မြို့၊ ဟောလုန် မြို့၊ ဂိလော မြို့၊ ရွာ နှင့်တကွ ဆယ် တ မြို့ တည်း။
52 ၅၂ ထို့​အ​ပြင်​အာ​ရပ်​မြို့၊ ဒု​မာ​မြို့၊ ဧ​ရှန်​မြို့၊- ယာ​နုံ​မြို့၊ ဗက်​တာ​ပွာ​မြို့၊ အာ​ဖက်​မြို့၊
၅၂အာရပ် မြို့၊ ဒုမာ မြို့၊ ဧရှန် မြို့၊
53 ၅၃
၅၃ယာနုံ မြို့၊ ဗက်တာပွါ မြို့၊ အာဖက် မြို့၊
54 ၅၄ ဟုန္တ​မြို့၊ ဟေ​ဗြုန်​မြို့​နှင့်​ဇိ​အော​ရ​မြို့​စ​သော မြို့​ကြီး​ကိုး​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။
၅၄ဟုန္တ မြို့၊ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့၊ ဇိအောရ မြို့၊ ရွာ နှင့်တကွ ကိုး မြို့ တည်း။
55 ၅၅ ထို့​အ​ပြင်​မောင်​မြို့၊ က​ရ​မေ​လ​မြို့၊ ဇိ​ဖ​မြို့၊ ယုတ္တမြို့၊- ယေ​ဇ​ရေ​လ​မြို့၊ ယော​က​ဒံ​မြို့၊ ဇာ နော​မြို့၊-
၅၅မောင် မြို့၊ ကရမေလ မြို့၊ ဇိဖ မြို့၊ ယုတ္တ မြို့၊
56 ၅၆
၅၆ယေဇရေလ မြို့၊ ယောကဒံ မြို့၊ ဇာနော မြို့၊
57 ၅၇ ကာ​ဣ​န​မြို့၊ ဂိ​ဘာ​မြို့​နှင့်​တိ​မ​န​မြို့​စ သော​မြို့​ကြီး​ဆယ်​မြို့​နှင့်​တ​ကွ ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။
၅၇ကဣန မြို့၊ ဂိဘာ မြို့၊ တိမန မြို့၊ ရွာ နှင့်တကွ ဆယ် မြို့ တည်း။
58 ၅၈ ထို့​အ​ပြင်​ဟာ​လ​ဟု​လ​မြို့၊ ဗက်​ဇု​ရ​မြို့၊ ဂေ​ဒေါ်​မြို့၊
၅၈ဟာလဟုလ မြို့၊ ဗက်ဇုရ မြို့၊ ဂေဒေါ် မြို့၊
59 ၅၉ မာ​ရပ်​မြို့၊ ဗေ​သ​နုတ်​မြို့​နှင့်​ဧ​လ​တေ​ကုန် မြို့​စ​သော​မြို့​ကြီး​ခြောက်​မြို့​နှင့်​တ​ကွ ပတ်​ဝန်း​ကျင်​ရှိ​မြို့​ရွာ​များ​လည်း​ပါ​ဝင် လေ​သည်။
၅၉မာရပ် မြို့၊ ဗေသနုတ် မြို့၊ ဧလတေကုန် မြို့၊ ရွာ နှင့်တကွ ခြောက် မြို့ တည်း။
60 ၆၀ ထို့​အ​ပြင်​ကိ​ရ​ယတ်​ဗာ​လ​မြို့(သို့​မ​ဟုတ် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) နှင့်​ရဗ္ဗာ​မြို့​ဟူ​၍​မြို့ ကြီး​နှစ်​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​မြို့ ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။-
၆၀ကိရယတ်ယာရိမ် မြို့တည်းဟူသောကိရယတ်ဗာလ မြို့၊ ရဗ္ဗာ မြို့၊ ရွာ နှင့်တကွ နှစ် မြို့ တည်း။
61 ၆၁ တော​ကန္တာ​ရ​ဒေ​သ​တွင်​ဗေ​သ​ရာ​ဗ​မြို့၊ မိဒ္ဒိန်​မြို့၊ သေ​ကာ​က​မြို့၊-
၆၁တော ၌ လည်း၊ ဗေသရာဗ မြို့၊ မိဒ္ဒိန် မြို့၊ သေကာက မြို့၊
62 ၆၂ နိ​ဗ​ရှန်​မြို့၊ ဣ​ရ​မေ​လက်​မြို့​နှင့်​အင်္ဂေဒိ​မြို့ ဟူ​၍​မြို့​ကြီး​ခြောက်​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။
၆၂နိဗရှန် မြို့၊ မေလက် မြို့၊ အင်္ဂေဒိ မြို့၊ ရွာ နှင့်တကွ ခြောက် မြို့ တည်း။
63 ၆၃ ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့ တွင်​နေ​ထိုင်​သော​ယေ​ဗု​သိ​အ​မျိုး​သား​တို့ ကို​နှင်​မ​ထုတ်​နိုင်​သ​ဖြင့် သူ​တို့​သည်​ယ​နေ့ တိုင်​ယုဒ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​ထို​မြို့ တွင်​နေ​ထိုင်​ကြ​လေ​သည်။
၆၃ယေရုရှလင် မြို့၌နေ သောယေဗုသိ လူတို့ကိုကား၊ ယုဒ အမျိုးသား တို့သည် မ နှင်ထုတ် နိုင် ဘဲ သူတို့သည် ယနေ့ တိုင်အောင် ယုဒ အမျိုးသား တို့နှင့်အတူ ယေရုရှလင် မြို့၌ နေ ကြသတည်း။

< ယောရှု 15 >