< ယောရှု 14 >

1 ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​ခါ​နာန်​ပြည် ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​ပုံ​ကို​ဖော်​ပြ​ပေ​အံ့။ ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု​နှင့်​ဣ​သ​ရေ​လ အ​နွယ်​များ​၏​မိ​သား​စု​ခေါင်း​ဆောင်​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထို​ပြည် ကို​ခွဲ​ဝေ​ပေး​ကြ​၏။-
Ovo je što su dobili u baštinu sinovi Izraelovi u zemlji kanaanskoj - što su im razdijelili u baštinu svećenik Eleazar i Jošua, sin Nunov, i glavari porodica izraelskih plemena.
2 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း ယော်​ဒန်​မြစ်​အ​နောက် ဘက်​ရှိ​နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​ကိုး နွယ်​နှင့်​အ​နွယ်​တစ်​ဝက်​တို့​အား​မဲ​ချ ၍​ခွဲ​ဝေ​ပေး​လေ​သည်။-
Ždrijebom su razdijelili baštinu, kao što je Jahve odredio preko Mojsija, među devet plemena i polovinu desetoga plemena.
3 မော​ရှေ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​နှစ်​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​ပြီး ဖြစ်​သည်။ (ယော​သပ်​၏​အ​ဆက်​အ​နွယ်​တို့ ကို​မ​နာ​ရှေ​အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​ဟူ ၍​နှစ်​စု​ခွဲ​ထား​သည်။) မော​ရှေ​သည်​လေ​ဝိ အ​နွယ်​အား​နယ်​မြေ​ဝေ​စု​မ​ပေး​ခဲ့​ချေ။ သို့​ရာ​တွင်​သူ​တို့​အား​နေ​ထိုင်​ရန်​မြို့​များ နှင့်​တ​ကွ​တိရစ္ဆာန်​စား​ကျက်​များ​ကို​ခွဲ​ဝေ ပေး​ခဲ့​သည်။-
Mojsije je odredio baštinu dvama plemenima i polovini desetog plemena s onu stranu Jordana, a levitima nije dao baštine među njima.
4
Jer bijahu dva plemena sinova Josipovih: Manašeovo i Efrajimovo. A levitima nisu dali dijela u zemlji nego gradove za prebivanje i pašnjake za njihovu stoku i za blago njihovo.
5 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အမျိုး သား​တို့​သည်​နယ်​မြေ​ကို​ခွဲ​ဝေ​ကြ​လေ သည်။
Kako je Jahve zapovjedio Mojsiju, tako su učinili sinovi Izraelovi pri diobi zemlje.
6 တစ်​နေ့​သ​၌​ယု​ဒ​အ​နွယ်​ဝင်​အ​ချို့​တို့​သည် ဂိ​လ​ဂါ​လ​မြို့​တွင်​ရှိ​သော ယော​ရှု​ထံ​သို့​ရောက် ရှိ​လာ​ကြ​လေ​သည်။ သူ​တို့​အ​နက်​မှ​ကေ​နက် အ​မျိုး​ယေ​ဖုန္နာ​၏​သား​ကာ​လက်​က​ယော​ရှု အား``ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​အ​စေ​ခံ​မော​ရှေ​အား ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​ကို​ရည်​ဆောင်​၍​မိန့် တော်​မူ​သော​စ​ကား​ကို​ကိုယ်​တော်​သတိ​ရ ပါ​လိမ့်​မည်။-
Sinovi Judini pristupe k Jošui u Gilgalu, a Kaleb, sin Jefuneov, Kenižanin, reče mu: “Ti znaš što je Jahve rekao Mojsiju, čovjeku Božjem, za mene i za tebe u Kadeš Barnei.
7 ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​သည် ကျွန်ုပ်​အား ဤ​ပြည်​ကို​ထောက်​လှမ်း​ရန်​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​မှ​စေ​လွှတ်​စဉ်​အ​ခါ​က အ​ကျွန်ုပ် သည်​အ​သက်​လေး​ဆယ်​ရှိ​ပါ​၏။ အ​ကျွန်ုပ် သည်​ဟုတ်​တိုင်း​မှန်​ရာ​ကို​ပြန်​ကြား​အ​စီ ရင်​ခံ​ခဲ့​ပါ​သည်။-
Bilo mi je četrdeset godina kad me posla Mojsije, sluga Jahvin, iz Kadeš Barnee da uhodim zemlju. I donio sam mu izvješće kako sam najbolje znao.
8 အ​ကျွန်ုပ်​နှင့်​အ​တူ​သွား​ရောက်​ခဲ့​သူ​တို့​မှာ မူ​ကား လူ​တို့​ကြောက်​ရွံ့​ထိတ်​လန့်​စေ​ရန်​ပြန် ကြား​အ​စီ​ရင်​ခံ​ခဲ့​ကြ​ပါ​သည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​သ​ဖြင့်၊-
Braća koja su pošla sa mnom uplašila su srce naroda, ali sam ja vršio volju Jahve, Boga svojega.
9 မော​ရှေ​က`သင်​နင်း​သော​မြေ​ကို​သင်​နှင့်​သင် ၏​သား​သ​မီး​များ​အား နယ်​မြေ​ဝေ​စု​အ ဖြစ်​မု​ချ​ရ​ရှိ​စေ​မည်' ဟု​က​တိ​ပေး​ခဲ့ ပါ​သည်။-
I onoga se dana zakle Mojsije: 'Zemlja kojom je stupala noga tvoja pripast će tebi i sinovima tvojim u vječnu baštinu, jer si vršio volju Jahve, Boga mojega.'
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​ထို​သို့ မိန့်​တော်​မူ​ခဲ့​သည်​မှာ​လေး​ဆယ့်​ငါး​နှစ်​ရှိ ပါ​ပြီ။ ထို​စဉ်​အ​ခါ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် တော​ကန္တာ​ရ​ကို​ဖြတ်​ကျော် လျက်​ရှိ​ကြ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​တိုင်း အ​ကျွန်ုပ်​အား​ယ​နေ့ တိုင်​အောင်​အ​သက်​ရှင်​လျက်​ရှိ​စေ​တော် မူ​ပါ​၏။ ယ​ခု​အ​ကျွန်ုပ်​သည်​အ​သက်​ရှစ် ဆယ်​ငါး​နှစ်​ရှိ​ပါ​ပြီ။-
I vidiš, Jahve me sačuvao u životu, kao što je rekao. Već je prošlo četrdeset i pet godina kako je Jahve to obećao Mojsiju, dok je Izrael još išao pustinjom; sada mi je osamdeset i pet godina,
11 ၁၁ သို့​ရာ​တွင်​မော​ရှေ​က​အ​ကျွန်ုပ်​အား​ဤ​ပြည် ကို​ထောက်​လှမ်း​ရန်​စေ​လွှတ်​သည့်​အ​ချိန်​မှာ ကဲ့​သို့ ယ​ခု​အ​ချိန်​လည်း​အ​ကျွန်ုပ်​သန်​မာ လျက်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​သည်​စစ်​မှု​ထမ်း​ရန် သော်​လည်း​ကောင်း၊ အ​ခြား​တာ​ဝန်​ထမ်း ဆောင်​ရန်​သော်​လည်း​ကောင်း​ခွန်​အား​ရှိ ပါ​သေး​သည်။-
ali sam još i danas snažan kao što sam bio onoga dana kad me Mojsije poslao kao uhodu. Kao nekoć, i sada je moja snaga u meni, za borbu, da odem i da se vratim.
12 ၁၂ ထို့​ကြောင့်​အ​ကျွန်ုပ်​နှင့်​အ​ပေါင်း​အ​ဖော် တို့​သ​တင်း​ပြန်​ကြား​အ​စီ​ရင်​ခံ​သော​နေ့ ၌ ထာ​ဝ​ရ​ဘု​ရား​က​ပေး​မည်​ဟု​က​တိ ထား​တော်​မူ​သော​ဤ​တောင်​ကုန်း​ဒေ​သ ကို​အ​ကျွန်ုပ်​အား​ပေး​ပါ။ ထို​ဒေ​သ​တွင် ကိုယ်​ခန္ဓာ​ထွား​ကြိုင်း​သော​အာ​န​က​အ​မျိုး သား​များ​သည် ခိုင်​ခံ့​သော​မြို့​ရိုး​များ​အ​တွင်း နေ​ထိုင်​ကြောင်း​ကို​အ​ကျွန်ုပ်​တို့​အ​စီ​ရင်​ခံ​ခဲ့ ကြ​ပါ​သည်။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​လျှင် က​တိ​တော်​အ​တိုင်း​အ​ကျွန်ု​သည်​ထို​သူ တို့​ကို​တိုက်​ခိုက်​နှင်​ထုတ်​နိုင်​ပါ​လိမ့်​မည်'' ဟု​တောင်း​ဆို​လေ​၏။
Daj mi sada ovo gorje, koje mi je Jahve obećao onoga dana. Sam si čuo onoga dana. Ondje su Anakovci, a i gradovi su im veliki i tvrdi. Ako je Jahve sa mnom, protjerat ću ih, kako je to obećao Jahve.”
13 ၁၃ ထို​အ​ခါ​ယော​ရှု​သည်​ယေ​ဖုန္နာ​၏​သား ကာ​လက်​အား ကောင်း​ချီး​ပေး​၍​ဟေ​ဗြုန် မြို့​ကို​ဝေ​စု​အ​ဖြစ်​ခွဲ​ဝေ​ပေး​လေ​၏။-
Tada ga Jošua blagoslovi i dade Kalebu, sinu Jefuneovu, Hebron u baštinu.
14 ၁၄ ကေ​နက်​အ​မျိုး​ယေ​ဖုန္နာ​၏​သား​ကာ​လက် သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​သ​ဖြင့် သူ ၏​အ​ဆက်​အ​နွယ်​တို့​သည်​ဟေ​ဗြုန်​မြို့​ကို ယ​နေ့​တိုင်​အောင်​ပိုင်​ဆိုင်​ကြ​၏။-
Hebron je pripao u baštinu Kalebu, sinu Jefuneovu, Kenižaninu, sve do danas, jer je Kaleb vršio volju Jahve, Boga Izraelova.
15 ၁၅ ဟေ​ဗြုန်​မြို့​၏​နာ​မည်​ဟောင်း​မှာ​အာ​ဘ​မြို့ ဖြစ်​သ​တည်း။ (အာ​ဘ​သည်​အာ​န​က​အ​မျိုး သား​တို့​၏​ခေါင်း​ဆောင်​ကြီး​ဖြစ်​၏။) ထို​နောက်​တိုင်း​ပြည်​တွင်​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​သ​တည်း။
Hebron se prije zvao Kirjat Arba; a Arba bijaše velik čovjek među Anakovcima. I počinu zemlja od rata.

< ယောရှု 14 >