< ယောရှု 12 >
1 ၁ ဣသရေလအမျိုးသားတို့သည်တောင် ဘက်အာနုန်မြစ်ဝှမ်းမှမြောက်ဘက်ဟေရမုန် တောင်အထိ၊ အရှေ့ဘက်နယ်မြေနှင့်ယော်ဒန် မြစ်ဝှမ်းတစ်လျှောက်လုံးကိုတိုက်ခိုက်သိမ်း ယူခဲ့ပြီးဖြစ်သည်။-
These are the kings, whom the children of Israel slew and possessed their land beyond the Jordan towards the rising of the sun, from the torrent Arnon unto mount Hermon, and all the east country that looketh towards the wilderness.
2 ၂ သူတို့သည်မင်းနှစ်ပါးကိုနှိမ်နင်းခဲ့သည်။ မင်းတစ်ပါးမှာဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်းရှိဟုန်ဖြစ်သည်။ သူ၏ နိုင်ငံတွင်(အာနုန်မြစ်ဝှမ်းအနီးရှိ) အာရော် မြို့နှင့်ယင်းမြစ်ဝှမ်းအလယ်ရှိမြို့မှအမ္မုန် နယ်နိမိတ်ဖြစ်သော ယဗ္ဗုတ်မြစ်အထိကျယ် ပြန့်သည့်ဂိလဒ်ပြည်တစ်ဝက်ပါဝင်သည်။-
Sehon king of the Amorrhites, who dwelt in Hesebon, and had dominion from Aroer, which is seated upon the bank of the torrent Arnon, and of the middle part in the valley, and of half Galaad, as far as the torrent Jaboc, which is the border of the children of Ammon.
3 ၃ ထို့အပြင်မြောက်ဘက်ဂါလိလဲအိုင်မှ ပင်လယ်သေအရှေ့ဘက်ရှိ ဗက်ယေရှိမုတ် မြို့တိုင်အောင်တည်ရှိသောယော်ဒန်မြစ်ဝှမ်း၊ ထိုမှတစ်ဖန်ပိသဂါတောင်ခြေအထိ ကျယ်ပြန့်သောနယ်မြေလည်းပါဝင်သည်။
And from the wilderness, to the sea of Ceneroth towards the east, and to the sea of the wilderness, which is the most salt sea, on the east side by the way that leadeth to Bethsimoth: and on the south side that lieth under Asedoth, Phasga.
4 ၄ အာရှတရုတ်မြို့နှင့်ဧဒြိမြို့များတွင် စိုးစံ၍ နောက်ဆုံးကျန်ရှိသေးသောရိဖိမ် အမျိုးသားတို့အနက် တစ်ဦးဖြစ်သူ ဗာရှန်မင်းသြဃကိုလည်းဣသရေလ အမျိုးသားတို့သည်နှိမ်နင်းခဲ့၏။-
The border of Og the king of Basan, of the remnant of the Raphaims who dwelt in Astaroth, and in Edrai, and had dominion in mount Hermon, and in Salecha, and in all Basan, unto the borders
5 ၅ သူ၏နိုင်ငံတွင်ဟေရမုန်တောင်၊ သာလက ပြည်၊ ဂေရှုရိပြည်နှင့်မာခါပြည်နယ်စပ် အထိကျယ်ပြန့်သောဗာရှန်ပြည်တစ်ပြည် လုံးသည်လည်းကောင်း၊ ဟေရှဘုန်မင်းရှိဟုန် ပိုင်သောပြည်နယ်နိမိတ်အထိကျယ်ပြန့် သည့်ဂိလဒ်ပြည်တစ်ဝက်သည်လည်းကောင်း ပါဝင်သည်။-
Of Gessuri and Machati, and of half Galaad: the borders of Sehon the king of Hesebon.
6 ၆ ဤမင်းများကိုမောရှေနှင့်ဣသရေလ အမျိုးသားတို့နှိမ်နင်းခဲ့လေသည်။ ထာဝရ ဘုရား၏အစေခံမောရှေသည်ထိုမင်းတို့ ၏နယ်မြေများကိုရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား အပိုင်ပေးခဲ့လေသည်။
Moses the servant of the Lord, and the children of Israel slew them, and Moses delivered their land in possession to the Rubenites, and Gadites, and the half tribe of Manasses.
7 ၇ ယောရှုနှင့်ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်အနောက်ဘက် လေဗနုန် ချိုင့်ဝှမ်းရှိဗာလဂဒ်မြို့မှတောင်ဘက်ဧဒုံ ပြည်အနီးဟာလက်တောင်အထိ ကျယ်ပြန့် သောဒေသတွင်စိုးစံသောမင်းအားလုံး တို့ကိုတိုက်ခိုက်အောင်မြင်ခဲ့လေသည်။ ယောရှုသည်ဤဒေသကိုဣသရေလ အနွယ်အသီးသီးတို့အားအမြဲပိုင် ဆိုင်ရန်ခွဲဝေပေးလေသည်။-
These are the kings of the land, whom Josue and the children of Israel slew beyond the Jordan on the west side from Baalgad in the held of Libanus, unto the mount, part of which goeth up into Seir: and Josue delivered it in possession to the tribes of Israel, to every one their divisions,
8 ၈ ဤဒေသများတွင်တောင်ကုန်းဒေသ၊ အနောက် ဘက်တောင်ခြေဒေသ၊ ယော်ဒန်မြစ်ဝှမ်းနှင့်အနီး ရှိတောင်ခြေဒေသ၊ အနောက်ဘက်တောင်စောင်း ဒေသနှင့်တောင်ဘက်ခြောက်သွေ့သောသဲကန္တာရ ဒေသများပါဝင်သည်။ ထိုဒေသများတွင်နေ ထိုင်သောလူမျိုးများမှာဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ဖြစ်ကြသည်။-
As well in the mountains as in the plains and the champaign countries. In Asedoth, and in the wilderness, and in the south was the Hethite and the Amorrhite, the Chanaanite and the Pherezite, the Hevite and the Jebusite.
9 ၉ ဣသရေလအမျိုးသားတို့သည်သုံးဆယ့် တစ်မြို့တို့၏မင်းများကိုနှိမ်နင်းခဲ့သည်။ ယင်းမြို့တို့မှာယေရိခေါမြို့၊ (ဗေသလ မြို့အနီးရှိ) အာဣမြို့၊-
The king of Jericho one: the king of Hai, which is on the side of Bethel, one:
10 ၁၀ ယေရုရှလင်မြို့၊ ဟေဗြုန်မြို့၊- ယာမုတ်မြို့၊ လာခိရှမြို့၊- ဧဂလုန်မြို့၊ ဂေဇာမြို့၊- ဒေဗိ ရမြို့၊ ဂေဒါမြို့၊- ဟောမာမြို့၊ အာရဒ်မြို့၊- လိဗန မြို့၊ အဒုလံမြို့၊- မက္ကဒါမြို့၊ ဗေသလမြို့၊- တာပွာမြို့၊ ဟေဖာမြို့၊- အာဖက်မြို့၊ လာရှရုန်မြို့၊- မာဒုန်မြို့၊ ဟာဇော်မြို့၊- ရှိမရုန်မြို့၊ အာခရှပ်မြို့၊- တာနက်မြို့၊ မေဂိဒ္ဒေါမြို့၊-
The king of Jerusalem one, the king of Hebron one.
The king of Jerimoth one, the king of Lachis one,
The king of Eglon one, the king of Gazer one,
The king of Dabir one, the king of Gader one,
The king of Herma one, the king of Hered one,
The king of Lebna one, the king of Odullam one,
The king of Maceda one, the king of Bethel one,
The king of Taphua one, the king of Opher one,
The king of Aphec one, the king of Saron one,
The king of Madon one, the king of Asor one,
The king of Semeron one, the king of Achsaph one,
The king of Thenac one, the king of Megeddo one,
22 ၂၂ ကေဒေရှမြို့၊(ကရမေလတောင်ပေါ်ရှိ) ယောကနမ်မြို့၊(ပင်လယ်ကမ်းခြေရှိ)-
The king of Cades one, the king of Jachanan of Carmel one,
23 ၂၃ ဒေါရမြို့၊ (ဂါလိလဲပြည်ရှိ) ဂေါအိမ်မြို့နှင့်၊-
The king of Dor, and of the province of Dor one, the king of the nations of Galgal one,
24 ၂၄ တိရဇမြို့တို့ဖြစ်သတည်း။
The king of Thersa one: all the kings thirty and one.