< ယောရှု 11 >
1 ၁ ဟာဇော်မင်းယာဘိန်သည်ဣသရေလ အမျိုးသားတို့၏စစ်အောင်ပွဲသတင်းကို ကြားရသောအခါ သူသည်မိမိနှင့်မဟာ မိတ်မင်းများဖြစ်ကြသောမာဒုန်မင်း ယောဗပ်၊ ရှိမြုန်မင်းနှင့်အာခရှပ်မင်းတို့ ထံသို့လည်းကောင်း၊-
၁ထိုသိတင်းကို ဟာဇော် မင်းကြီး ယာဘိန် သည် ကြား သောအခါ ၊ မာဒုန် မင်းကြီး ယောဗပ် ၊ ရှိမြုန် မင်းကြီး အာခရှပ် မင်းကြီး တို့ထံ သို့၎င်း၊
2 ၂ မြောက်ဘက်တောင်ကုန်းဒေသ၊ ဂါလိလဲ အိုင်တောင်ဘက်ယော်ဒန်မြစ်ဝှမ်း၊ တောင်ခြေ ရပ်နှင့်အနောက်ဘက်ဒေါရနယ်ကမ်းခြေ ရှိမင်းများထံသို့လည်းကောင်းအကြောင်း ကြားလိုက်လေသည်။-
၂တောင် ရိုး မြောက် ဘက်အရပ်၊ ဂင်္နေသရက် မြို့ တောင် ဘက်လွင်ပြင် အရပ်၊ ချိုင့် ထဲ အရပ်၊ အနောက် မျက်နှာ ဒေါရ ပြည်နယ် ၌ ရှိသောမင်းကြီး များထံ သို့၎င်း၊
3 ၃ ထို့အပြင်သူသည်ယော်ဒန်မြစ်အရှေ့ ဘက်နှင့်အနောက်ဘက်တွင်နေထိုင်သော ဟိဝိအမျိုးသားတို့ထံသို့လည်း အကြောင်းကြားလိုက်လေသည်။-
၃အရှေ့ အနောက် ၌ နေသောခါနနိ လူ၊ တောင် ပေါ်မှာ နေသောအာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ယေဗုသိ လူ၊ မိဇပါ ပြည် ၊ ဟေရမုန် တောင်ခြေရင်း ၌ နေသောဟိဝိ လူတို့ရှိရာသို့၎င်း စေလွှတ် ၍၊
4 ၄ သူတို့သည်ပင်လယ်ကမ်းခြေရှိသဲပွင့် များတမျှများပြားသော စစ်သူရဲတို့ နှင့်ချီတက်လာကြလေသည်။ သူတို့တွင် မြင်းနှင့်စစ်ရထားအမြောက်အမြား ပါရှိသည်။-
၄ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့်သမုဒ္ဒရာ သဲလုံး နှင့်အမျှ အလွန် များစွာ သော ဗိုလ်ပါအပေါင်း၊ မြင်း များ၊ ရထား များအပေါင်းတို့နှင့်တကွထွက်လာ ကြ၏။
5 ၅ ထိုမင်းတို့သည်စုပေါင်း၍ဣသရေလ အမျိုးသားတို့ကို တိုက်ခိုက်ရန်မေရုံ ချောင်းတွင်စခန်းချကြလေသည်။
၅ထို မင်းကြီး အပေါင်း တို့သည် စည်းဝေး လျက် ၊ ဣသရေလ အမျိုးကို တိုက် ခြင်းငှါ ချီ လာ၍ ၊ မေရုံ အိုင် နား မှာ တစုတည်း တပ်ချ လျက် နေကြ၏။
6 ၆ ထာဝရဘုရားကယောရှုအား``သူတို့ ကိုမကြောက်နှင့်။ နက်ဖြန်နေ့ဤအချိန် သို့ရောက်လျှင်ငါသည်သူတို့အားလုံးကို ဣသရေလအမျိုးသားတို့လက်သို့ အသေအပ်မည်။ သင်သည်သူတို့၏မြင်း များခြေကြောကိုဖြတ်၍စစ်ရထား များကိုမီးရှို့ရမည်'' ဟုမိန့်တော်မူ၏။-
၆ထာဝရဘုရား ကလည်း ၊ သူ တို့ကို မ ကြောက် နှင့်။ ငါ သည် နက်ဖြန် နေ့ ယခု အချိန် ၌ ဣသရေလ အမျိုးရှေ့ မှာ၊ ထိုသူ အပေါင်း တို့ကို အသေ အပ် မည်။ မြင်း တို့၏ ခြေ ကြောကို ဖြတ်ရမည်။ ရထား တို့ကို မီး ရှို့ရမည်ဟု ယောရှု အား မိန့် တော်မူ၏။
7 ၇ သို့ဖြစ်၍ယောရှုနှင့်သူ၏တပ်သားအပေါင်း တို့သည် မေရုံချောင်းတွင်စခန်းချလျက်ရှိ သောရန်သူများကိုရုတ်တရက်ဝင်ရောက် တိုက်ခိုက်ရာ၊-
၇ယောရှု သည်လည်း ၊ မိမိ စစ်သူရဲ အပေါင်း တို့နှင့်တကွ မေရုံ အိုင် နား သို့ အမှတ်တမဲ့ စစ်ချီ ၍ တိုက် လေ၏။
8 ၈ ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ရန်သူများကိုအနိုင်ရစေ တော်မူ၏။ သူတို့သည်မြောက်ဘက်ဇိဒုန် မြို့နှင့်မိသရဖောသမိမ်မြို့များသို့ တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မိဇပါ ချိုင့်ဝှမ်းသို့တိုင်အောင်လည်းကောင်း ရန်သူ များကိုလိုက်လံတိုက်ခိုက်၍တစ်ယောက် မကျန်သတ်ဖြတ်သုတ်သင်ကြသည်။-
၈ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသား တို့လက် ၌ အပ် တော်မူသဖြင့် ၊ သူ တို့ကို လုပ်ကြံ ၍ ဇိဒုန်ရဗ္ဗာ မြို့၊ မိသရဖေါသမိမ် မြို့ အရှေ့ မျက်နှာမိဇပါ ချိုင့် တိုင်အောင် လိုက် ၍ တယောက်ကိုမျှ မ ကျန် ကြွင်းစေခြင်းငှါလုပ်ကြံ ကြ၏။
9 ၉ ယောရှုသည်ထာဝရဘုရားမိန့်တော်မူ သည့်အတိုင်း ရန်သူမြင်းများ၏ခြေကြော များကိုဖြတ်၍ စစ်ရထားများကိုမီးရှို့ ဖျက်ဆီးလေသည်။
၉ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် မြင်း တို့၏ ခြေ ကြောကို ဖြတ်၍ ရထား တို့ကို မီး ရှို့လေ၏။
10 ၁၀ ထိုနောက်ယောရှုသည်ပြန်လှည့်၍ဟာဇော် မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးလျှင် ၎င်း၏ မင်းကိုကွပ်မျက်လိုက်လေသည်။ (ထိုကာလ ၌ဟာဇော်သည်ထိုနိုင်ငံများတွင်အင် အားအကြီးဆုံးနိုင်ငံဖြစ်သတည်း။-)
၁၀ထိုအခါ ယောရှု သည် ပြန် ၍ ဟာဇော် မြို့ကို တိုက် ယူသဖြင့် ၊ မင်းကြီး ကို ထား နှင့် ကွပ်မျက် လေ၏။ ရှေး ကာလ၌ ဟာဇော် မြို့သည် ထို ပြည် များတို့ကို အုပ်စိုး ရ သတည်း။
11 ၁၁ သူတို့သည်မြို့သူမြို့သားများကိုတစ် ယောက်မကျန်သတ်ဖြတ်သုတ်သင်၍ မြို့ ကိုမီးရှို့ဖျက်ဆီးကြသည်။
၁၁ထိုမြို့သူမြို့သား အပေါင်း တို့ကို ထား နှင့် ကွပ်မျက် သဖြင့် တယောက်ကိုမျှ အသက် ရှင်စေခြင်းငှါမ ထား။ ရှင်းရှင်းဖျက်ဆီး ၍ မြို့ ကိုလည်း မီး ရှို့လေ၏။
12 ၁၂ ယောရှုသည်ထိုမင်းအပေါင်းတို့နှင့်သူ တို့စိုးစံသောမြို့များကိုတိုက်ခိုက်သိမ်း ပိုက်၍ ထာဝရဘုရား၏အစေခံမောရှေ မိန့်မှာခဲ့သည်အတိုင်း မြို့သူမြို့သား အပေါင်းတို့ကိုတစ်ယောက်မကျန်သတ် ဖြတ်သုတ်သင်လေသည်။-
၁၂ထာဝရဘုရား ၏ကျွန် မောရှေ မှာ ထားသည် အတိုင်း ၊ ထိုမင်းကြီး များအစိုးရသောမြို့ ရှိသမျှ တို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှု တိုက် ယူ၍ ထား နှင့် လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီး လေ၏။
13 ၁၃ သို့ရာတွင်ဣသရေလအမျိုးသားတို့သည် ဟာဇော်မြို့မှလွဲ၍ တောင်ပေါ်တွင်တည်ထား သောအခြားမြို့များကိုမူမီးရှို့ဖျက်ဆီး ခြင်းမပြုကြ။ ဟာဇော်မြို့တစ်မြို့တည်း ကိုသာယောရှုမီးရှို့ဖျက်ဆီးခဲ့၏။-
၁၃သို့ရာတွင် ၊ ဟာဇော် မြို့မှတပါး ၊ တောင် ပေါ် ၌ တည် သောမြို့ တို့ကို ဣသရေလ လူတို့သည် မီး မ ရှို့ကြ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှု မီး ရှို့သတည်း။
14 ၁၄ ဣသရေလအမျိုးသားတို့သည်ထိုမြို့ များမှပစ္စည်းဥစ္စာရှိသမျှနှင့်သိုးနွား တိရစ္ဆာန်တို့ကို မိမိတို့အတွက်သိမ်းယူ ကြသည်။ မြို့သူမြို့သားများကိုမူကား တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့ လေသည်။-
၁၄ထို မြို့ များ၌ လက်ရ ဥစ္စာနှင့် တိရစ္ဆာန် ရှိသမျှ တို့ ကို ဣသရေလ လူတို့သည် ကိုယ် အဘို့ သိမ်းယူ ကြ၏။ လူ တို့ကို မဖျက်ဆီး မှီတိုင်အောင် ရှိသမျှ တို့ကို ထား နှင့် လုပ်ကြံ ကြ၏။ တယောက် ကိုမျှ အရှင် မ ကျန် ကြွင်းစေကြ။
15 ၁၅ ထာဝရဘုရားသည်မိမိ၏အစေခံ မောရှေအားမိန့်မှာတော်မူခဲ့သည်အတိုင်း မောရှေသည်ယောရှုအားတစ်ဆင့်မိန့်မှာ ခဲ့၏။ ယောရှုကလည်းမောရှေမိန့်မှာသည် အတိုင်းဆောင်ရွက်၏။ ထာဝရဘုရား ကမောရှေအားမိန့်မှာတော်မူခဲ့သမျှ တို့ကိုယောရှုလိုက်နာဆောင်ရွက်လေသည်။
၁၅ထာဝရဘုရား သည် မိမိ ကျွန် မောရှေ ကို မှာ ထား တော်မူသည်အတိုင်း ၊ မောရှေ သည် ယောရှု ကို ဆင့်ဆို ၏။ ယောရှု လည်း ထိုသို့ ပြု လေ၏။ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူသမျှ သော အမှု တစုံတခု ကို လှပ် ၍မ ထား။
16 ၁၆ ယောရှုသည်မြောက်ဘက်ရှိတောင်ကုန်း ဒေသနှင့်တောင်ခြေဒေသများ၊ တောင်ဘက် ရှိတောင်ကုန်းဒေသနှင့်တောင်ခြေဒေသ များ၊ ဂေါရှင်ပြည်တစ်ပြည်လုံးနှင့်ယင်း ၏တောင်ဘက်ရှိခြောက်သွေ့သောဒေသ၊ ယော်ဒန်မြစ်ဝှမ်းမှစ၍တစ်ပြည်လုံး ကိုတိုက်ခိုက်သိမ်းယူခဲ့လေသည်။-
၁၆ထိုသို့ စိရ လမ်းတွင်ရှိသောဟာလက် တောင် မှစ၍ ဟေရမုန် တောင် ခြေရင်း၊
17 ၁၇ ဣသရေလအမျိုးသားတို့သိမ်းယူသော နယ်မြေသည်တောင်ဘက်ဧဒုံပြည်အနီး၊ ဟာလက်တောင်မှမြောက်ဘက်ဟေရမုန် တောင်၏တောင်ဘက်လေဗနုန်ချိုင့်ဝှမ်းရှိ ဗာလဂဒ်မြို့တိုင်အောင်ကျယ်ပြန့်လေသည်။ ယောရှုသည်ထိုနယ်မြေကိုအုပ်စိုးသော မင်းများနှင့်ကြာမြင့်စွာစစ်တိုက်ရသည်။ သို့ရာတွင်သူသည်ထိုမင်းအားလုံးတို့ ကိုလက်ရဖမ်းဆီးကွပ်မျက်ခဲ့လေသည်။-
၁၇လေဗနုန် ချိုင့် ၌ ရှိသောဗာလဂဒ် မြို့တိုင်အောင် ၊ တောင် ပေါ်အရပ်၊ တောင် မျက်နှာအရပ်၊ ဂေါရှင် ပြည် ၊ ချိုင့် များ၊ လွင်ပြင် များ၊ ဣသရေလ တောင် ၊ ဣသရေလ ချိုင့် နှင့်တကွ ထို ပြည် အလုံးစုံ ကို ယောရှု သည် သိမ်းယူ ၍ ၊ မင်းကြီး အပေါင်း တို့ကို အောင် သဖြင့် လုပ်ကြံ ကွပ်မျက် လေ၏။
၁၈ထို မင်းကြီး အပေါင်း တို့ကို ကာလ ကြာမြင့် စွာ စစ်တိုက် ရ၏။
19 ၁၉ ဣသရေလအမျိုးသားတို့သည်ဂိဗောင် မြို့တွင်နေထိုင်သော ဟိဝိအမျိုးသားတို့ နှင့်သာငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ သည်။ အခြားသောမြို့များကိုမူတိုက်ခိုက် သိမ်းယူခဲ့သည်။-
၁၉ဟိဝိ လူ၊ ဂိဗောင် မြို့သား မှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သော မြို့ တမြို့မျှမ ရှိ။ အခြားသော မြို့ရှိသမျှ တို့ကို တိုက် ၍ အနိုင်သိမ်းယူ ရကြ ၏။
20 ၂၀ ထိုသူအပေါင်းတို့ကိုမသနားမညှာတာ ဘဲအကုန်အစင်သုတ်သင်သတ်ဖြတ်ပစ်စေ ရန် ထာဝရဘုရားသည်ထိုသူအပေါင်းတို့ အားဇွဲသန်သန်ဖြင့် ဣသရေလအမျိုးသား တို့ကိုခုခံတိုက်ခိုက်စေတော်မူ၏။ ထိုသူတို့ ကိုအကုန်အစင်သုတ်သင်ရခြင်းမှာမောရှေ အားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းဖြစ်သတည်း။
၂၀အကြောင်းမူကား ၊ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူသည်အတိုင်း ၊ ထိုလူမျိုး တို့ကို ကျေးဇူး မ ပြု အကုန်အစင်သုတ်သင် ပယ်ရှင်းစေမည် အကြောင်း ၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို ဆီး ၍ တိုက် ဝံ့ သည်တိုင်အောင်သူ တို့စိတ် နှလုံးခိုင်မာ စေခြင်းငှါ ထာဝရဘုရား အလိုရှိတော်မူသတည်း။
21 ၂၁ ထိုကာလ၌ယောရှုသည်ဟေဗြုန်မြို့၊ ဒေဗိရ မြို့၊ အာနပ်မြို့၊ ယုဒတောင်ကုန်းဒေသ၊ ဣသ ရေလတောင်ကုန်းဒေသစသောတောင်ကုန်း ဒေသများတွင်နေထိုင်သည့် ထွားကြိုင်းသော အာနကအမျိုးသားတို့ရှိရာသို့ချီတက် လေသည်။ ယောရှုသည်အာနကအမျိုးသား များကို တစ်ယောက်မကျန်သုတ်သင်၍သူ တို့မြို့များကိုမြေလှန်ဖျက်ဆီးခဲ့လေ သည်။-
၂၁ထို ကာလ အခါ ယောရှု သည် ချီသွား ၍ ၊ အာနက လူတို့ကို တောင် ပေါ်အရပ် ဟေဗြုန် မြို့၊ ဒေဗိရ မြို့၊ အာနပ် မြို့၊ ယုဒ တောင် ၊ ဣသရေလ တောင် ရှိသမျှ တို့မှ ပယ်ရှား ၍ ၊ သူ တို့မြို့ များနှင့်တကွ ရှင်းရှင်းဖျက်ဆီး လေ၏။
22 ၂၂ ထို့ကြောင့်ဣသရေလနိုင်ငံတွင်အာနက အမျိုးသားဟူ၍ တစ်ယောက်မျှအသက်ရှင် ၍မကျန်ရစ်ချေ။ သို့ရာတွင်ဂါဇမြို့၊ ဂါသ မြို့နှင့်အာဇုတ်မြို့များ၌သာလျှင်အာနက အမျိုးသားအချို့ကျန်ရှိကြသေးသည်။-
၂၂ဂါဇ မြို့၊ ဂါသ မြို့၊ အာဇုတ် မြို့မှတပါး ၊ ဣသရေလ တိုင်း နိုင်ငံတွင် ကျန် ကြွင်းသော အာနက လူတယောက်မျှမ ရှိ။
23 ၂၃ ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည်အတိုင်း ယောရှုသည်ထိုပြည် တစ်ပြည်လုံးကိုတိုက်ခိုက်သိမ်းယူလေသည်။ သူသည်ဣသရေလအနွယ်အသီးသီး အားပိုင်ဆိုင်စေရန်ထိုပြည်ကိုခွဲဝေပေး လေသည်။ ထိုနောက်တစ်ပြည်လုံးငြိမ်းချမ်းသာယာ လျက်ရှိလေသတည်း။
၂၃ထာဝရဘုရား သည် မောရှေ ကို မိန့် တော်မူသမျှ အတိုင်း ၊ ယောရှု သည် ထိုပြည် တရှောက်လုံး ကို သိမ်းယူ ၍ ဣသရေလ အမျိုးအနွယ် အသီးသီး တို့အား အမွေ ပေး သဖြင့် ၊ တပြည် လုံးစစ် ငြိမ်း လေ၏။