< ယောရှု 10 >

1 ယေ​ရု​ရှ​လင်​မြို့​၏​ဘု​ရင်​အ​ဒေါ​နိ​ဇေ​ဒက် သည်​ယေ​ရိ​ခေါ​မြို့​ကို​ယော​ရှု​တိုက်​ခိုက်​သိမ်း ပိုက်​၍ ၎င်း​၏​ဘု​ရင်​ကို​ကွပ်​မျက်​ခဲ့​သည့်​နည်း တူ​အာ​ဣ​မြို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​၍ ၎င်း​၏ ဘု​ရင်​ကို​လည်း​ကွပ်​မျက်​ခဲ့​ကြောင်း​ကြား သိ​ရ​လေ​သည်။ ထို့​အ​ပြင်​ဂိ​ဗောင်​မြို့​သား တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ်​၍​အ​တူ​တ​ကွ နေ​ထိုင်​ကြ​ကြောင်း​ကို​လည်း​ကြား​သိ​ရ လေ​သည်။-
ಯೆಹೋಶುವನು ಆಯಿ ನಗರವನ್ನು, ಅದರ ಅರಸನನ್ನು ಹಿಡಿದು ಯೆರಿಕೋವನ್ನೂ ಅದರ ಅರಸನನ್ನೂ ಹೇಗೆ ಸಂಹರಿಸಿದನೆಂದು ಯೆರೂಸಲೇಮಿನ ಅರಸ ಅದೋನೀಚೆದೆಕನು ತಿಳಿದುಕೊಂಡನು.
2 ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်​အ​လွန်​ကြောက် လန့်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဂိ​ဗောင် မြို့​သည်​မင်း​နေ​ပြည်​တော်​မြို့​များ​ကဲ့​သို့ ကြီး​ကျယ်​ခမ်း​နား​သော​မြို့​ဖြစ်​သော​ကြောင့် လည်း​ကောင်း၊ အာ​ဣ​မြို့​ထက်​ကြီး​၍​မြို့​သား တို့​သည်​တိုက်​ရည်​ခိုက်​ရည်​ကောင်း​သူ​များ ဖြစ်​သော​ကြောင့်​လည်း​ကောင်း​ဖြစ်​သ​တည်း။-
ಆಯಿ ಎಂಬ ಊರಿಗಿಂತ ದೊಡ್ಡದೂ, ಒಂದು ರಾಜಧಾನಿಯಷ್ಟು ಶ್ರೇಷ್ಠವೂ ಆಗಿರುವ ಗಿಬ್ಯೋನ್ ಪಟ್ಟಣದಲ್ಲಿರುವ ಜನರೆಲ್ಲರೂ ಯುದ್ಧವೀರರಾಗಿದ್ದರೂ ಇಸ್ರಾಯೇಲ್ಯರ ಮಧ್ಯದಲ್ಲಿ ಜೀವದಿಂದ ಉಳಿಯುವುದಕ್ಕೋಸ್ಕರ ಅವರ ಸಂಗಡ ಸಂಧಾನ ಮಾಡಿಕೊಂಡಿದ್ದಾರೆ ಎಂಬುವುದನ್ನು ಕೇಳಿ ಯೆರೂಸಲೇಮಿನ ಅರಸನಾದ ಅದೋನೀಚೆದೆಕನು ಬಹಳವಾಗಿ ಭಯಪಟ್ಟನು.
3 သို့​ဖြစ်​၍​ယေ​ရု​ရှ​လင်​မြို့​ဘု​ရင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်​ဟေ​ဗြုန်​ဘု​ရင်​ဟော​ဟံ၊ ယာ​မုတ်​ဘု​ရင်​ဝိ​ရံ၊ လာ​ခိ​ရှ​ဘု​ရင်​ယာ​ဖျာ၊ ဧ​ဂ​လုန်​ဘု​ရင်​ဒေ​ပိ​ရ​တို့​ထံ​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​၍၊-
ಆದುದರಿಂದ ಹೆಬ್ರೋನಿನ ಅರಸನಾದ ಹೋಹಾಮ್, ಯರ್ಮೂತಿನ ಅರಸನಾದ ಪಿರಾಮ್, ಲಾಕೀಷಿನ ಅರಸನಾದ ಯಾಫೀಯ, ಎಗ್ಲೋನಿನ ಅರಸನಾದ ದೆಬೀರ್ ಇವರ ಬಳಿಗೆ ದೂತರನ್ನು ಕಳುಹಿಸಿದನು.
4 ``ဂိ​ဗောင်​မြို့​သား​တို့​သည်​ယော​ရှု​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​နှင့် ငြိမ်း​ချမ်း​ရေး​စာ ချုပ်​ချုပ်​ထား​ကြ​သော​ကြောင့် ဂိ​ဗောင်​မြို့​ကို တိုက်​ခိုက်​ရန်​ငါ့​ထံ​သို့​စစ်​ကူ​ပို့​ကြ​ပါ'' ဟု​ပြော​စေ​၏။-
“ನೀವು ಬಂದು ನನಗೆ ಸಹಾಯಮಾಡಿರಿ, ನಾವು ಯೆಹೋಶುವನ ಸಂಗಡಲೂ ಇಸ್ರಾಯೇಲ್ಯರ ಸಂಗಡಲೂ ಒಡಂಬಡಿಕೆ ಮಾಡಿಕೊಂಡಿರುವ ಗಿಬ್ಯೋನ್ಯರನ್ನು ಸೋಲಿಸೋಣ” ಎಂದು ಹೇಳಿ ಕಳುಹಿಸಿದನು.
5 ထို​ကြောင့်​အာ​မော​ရိ​ဘု​ရင်​ငါး​ပါး​ဖြစ် သော​ယေ​ရု​ရှ​လင်​ဘု​ရင်၊ ဟေ​ဗြုန်​ဘု​ရင်၊ ယာ​မုတ်​ဘု​ရင်၊ လာ​ခိ​ရှ​ဘု​ရင်၊ ဧ​ဂ​လုန် ဘု​ရင်​တို့​သည်​စု​ပေါင်း​၍ မိ​မိ​တို့​၏​စစ် သည်​အ​လုံး​အ​ရင်း​နှင့်​ချီ​တက်​လာ​ကြ ပြီး​လျှင်​ဂိ​ဗောင်​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက် ကြ​လေ​သည်။
ಆಗ ಯೆರೂಸಲೇಮ್, ಹೆಬ್ರೋನ್, ಯರ್ಮೂತ್, ಲಾಕೀಷ್, ಎಗ್ಲೋನ್ ಎಂಬ ಪಟ್ಟಣಗಳ ಐದು ಮಂದಿ ಅಮೋರಿಯ ರಾಜರು ಒಟ್ಟಾಗಿ ಸೇರಿ ದಂಡೆತ್ತಿ ಬಂದರು. ಅವರು ಗಿಬ್ಯೋನಿಗೆ ಮುತ್ತಿಗೆಹಾಕಿ ಯುದ್ಧಮಾಡಿದರು.
6 ထို​အ​ခါ​ဂိ​ဗောင်​မြို့​သား​တို့​သည်​ဂိ​လ ဂါ​လ​စ​ခန်း​တွင်​ရှိ​သော​ယော​ရှု​ထံ​သို့ လူ​စေ​လွှတ်​၍``ကိုယ်​တော်​၏​ကျွန်​တို့​ကို​စွန့်​ပစ် ထား​တော်​မ​မူ​ပါ​နှင့်။ အ​လျင်​အ​မြန်​ကြွ ၍​အ​ကျွန်ုပ်​တို့​အား​ကယ်​တင်​တော်​မူ​ပါ။ တောင်​ကုန်း​ဒေ​သ​မှ​အာ​မော​ရိ​မင်း​အ​ပေါင်း တို့​သည်​စု​ပေါင်း​၍​အ​ကျွန်ုပ်​တို့​အား​တိုက် ခိုက်​ပါ​ပြီ'' ဟု​အ​ကြောင်း​ကြား​လျှောက် ထား​လေ​သည်။
ಗಿಬ್ಯೋನ್ಯರು ಗಿಲ್ಗಾಲಿನಲ್ಲಿದ್ದ ಯೆಹೋಶುವನ ಪಾಳೆಯಕ್ಕೆ ದೂತರನ್ನು ಕಳುಹಿಸಿದರು. “ನಿಮ್ಮ ಸೇವಕರಾದ ನಮ್ಮನ್ನು ಕೈಬಿಡದೆ, ಬೇಗನೆ ಬಂದು ಸಹಾಯಮಾಡಿ ನಮಗೆ ವಿರೋಧವಾಗಿ ಸೇರಿ ಬಂದಿರುವ ಈ ಬೆಟ್ಟದ ಸೀಮೆಯ ಎಲ್ಲಾ ಅಮೋರಿಯ ರಾಜರಿಂದ ನಮ್ಮನ್ನು ತಪ್ಪಿಸಿರಿ” ಎಂದು ಬೇಡಿಕೊಂಡರು.
7 ထို့​ကြောင့်​ယော​ရှု​သည်​လက်​ရွေး​စင်​စစ်​သူ​ရဲ များ​ပါ​ဝင်​သော ဣ​သ​ရေ​လ​တပ်​မ​တော်​တစ် တပ်​လုံး​နှင့်​ဂိ​လ​ဂါ​လ​မြို့​မှ​ချီ​တက်​လာ လေ​သည်။-
ಆಗ ಯೆಹೋಶುವನು ಎಲ್ಲಾ ಭಟರ ಮತ್ತು ಯುದ್ಧವೀರರ ಸಹಿತವಾಗಿ ಗಿಲ್ಗಾಲಿನಿಂದ ಹೊರಟನು.
8 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``သူ​တို့​ကို မ​ကြောက်​နှင့်။ ငါ​သည်​သူ​တို့​ကို​သင့်​လက်​သို့ အပ်​ပြီ။ မည်​သူ​မျှ​သင့်​ကို​မ​ခု​ခံ​နိုင်'' ဟူ​၍ မိန့်​တော်​မူ​၏။-
ಯೆಹೋವನು ಯೆಹೋಶುವನಿಗೆ, ಅವರಿಗೆ “ಹೆದರಬೇಡ, ಅವರನ್ನು ನಿನ್ನ ಕೈಗೆ ಒಪ್ಪಿಸಿದ್ದೇನೆ. ಅವರಲ್ಲಿ ಒಬ್ಬನೂ ನಿನ್ನ ಮುಂದೆ ನಿಲ್ಲುವುದಿಲ್ಲ” ಎಂದನು
9 ယော​ရှု​သည်​ဂိ​လ​ဂါ​လ​မြို့​မှ​ဂိ​ဗောင်​မြို့ သို့​တစ်ည​လုံး​ချီ​တက်​လာ​၍ အာ​မော​ရိ​တပ် များ​ကို​ရုတ်​တ​ရက်​တိုက်​ခိုက်​လေ​သည်။-
ಯೆಹೋಶುವನು ಗಿಲ್ಗಾಲ್ ಬಿಟ್ಟು ರಾತ್ರಿಯೆಲ್ಲಾ ಪ್ರಯಾಣಮಾಡಿ ತಟ್ಟನೆ ಅವರ ಮೇಲೆ ಬಿದ್ದನು.
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဖ​ရို ဖ​ရဲ​ထွက်​ပြေး​စေ​တော်​မူ​၏။ ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ဂိ​ဗောင်​မြို့ တွင်​ရန်​သူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ် ၍ ဗေ​သော​ရုံ​တောင်​ကြား​ကို​လွန်​လျက်​တောင် ဘက်​အ​ဇေ​ကာ​မြို့​နှင့်​မက္က​ဒါ​မြို့​များ​သို့ တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ကြ​လေ​သည်။-
೧೦ಆ ಅಮೋರಿಯರಲ್ಲಿ ಯೆಹೋವನು ಇಸ್ರಾಯೇಲರ ಕುರಿತಾಗಿ ಅವರನ್ನು ಕಳವಳಗೊಳಿಸಿದ್ದರಿಂದ ಯೆಹೋಶುವನು ಅವರನ್ನು ಗಿಬ್ಯೋನಿನ ಹತ್ತಿರ ಸಂಪೂರ್ಣವಾಗಿ ಸೋಲಿಸಿ ಬೇತ್‌ಹೋರೋನ್ ಎಂಬ ಬೆಟ್ಟದ ದಾರಿಯಲ್ಲಿ ಅಜೇಕ, ಮಕ್ಕೇದ ಎಂಬ ಊರುಗಳವರೆಗೂ ಅವರನ್ನು ಹಿಂದಟ್ಟಿ ಸಂಹರಿಸಿದನು.
11 ၁၁ ဣ​သ​ရေ​လ​တပ်​သား​များ​တိုက်​ခိုက်​သ​ဖြင့် အာ​မော​ရိ​တပ်​သား​တို့​သည် တောင်​ကြား​လမ်း သို့​ဆင်း​ပြေး​ကြ​စဉ်​အ​ဇေ​ကာ​မြို့​အ​ထိ လမ်း​တစ်​လျှောက်​လုံး​တွင်​ကောင်း​ကင်​မှ​မိုး​သီး လုံး​ကြီး​များ​ကို​သူ​တို့​အ​ပေါ်​သို့​ထာ​ဝ​ရ ဘု​ရား​ရွာ​ကျ​စေ​တော်​မူ​၏။ မိုး​သီး​ဒဏ် ကြောင့်​သေ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​ချက်​ကြောင့်​သေ​သူ​တို့ ထက်​ပို​၍​များ​သ​တည်း။
೧೧ಅವರು ಇಸ್ರಾಯೇಲ್ಯರಿಗೆ ಬೆಂಗೊಟ್ಟು ಬೇತ್‍ಹೋರೋನಿನ ಇಳಿಜಾರಿನಲ್ಲಿ ಓಡುತ್ತಾ ಅಜೇಕವನ್ನು ತಲುಪುವವರೆಗೂ ಯೆಹೋವನು ಅವರ ಮೇಲೆ ಆಕಾಶದಿಂದ ದೊಡ್ಡ ಆಲಿಕಲ್ಲಿನ ಮಳೆಯನ್ನು ಸುರಿಸಿದನು. ಈ ಕಾರಣದಿಂದ ಅನೇಕರು ಸತ್ತರು ಇಸ್ರಾಯೇಲ್ಯರ ಕತ್ತಿಯಿಂದ ಸಂಹಾರವಾದವರಿಗಿಂತ ಆಲಿಕಲ್ಲಿನ ಮಳೆಯಿಂದ ನಾಶವಾದವರೇ ಹೆಚ್ಚು ಮಂದಿಯಾಗಿದ್ದರು.
12 ၁၂ အာ​မော​ရိ​တပ်​သား​များ​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​လက်​သို့ ထာ​ဝ​ရ​ဘု​ရား အပ်​တော်​မူ​သော​နေ့​၌​ယော​ရှု​က၊ ``အ​သင်​နေ​မင်း၊ဂိ​ဗောင်​မြို့​ပေါ်​တွင်​ရပ် တန့်​၍​နေ​လော့။ အ​သင်​လ​မင်း၊အာ​ဂ​လုန်​မြို့​ချိုင့်​ဝှမ်း​တွင် ရပ်​တန့်​၍​နေ​လော့'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​၌​မြွက်​ဆို​၏။
೧೨ಯೆಹೋವನು ಅಮೋರಿಯರನ್ನು ಇಸ್ರಾಯೇಲ್ಯರಿಗೆ ಒಪ್ಪಿಸಿದ ದಿನದಲ್ಲಿ ಯೆಹೋಶುವನು ಯೆಹೋವನಲ್ಲಿ ಒಂದು ವಿಜ್ಞಾಪನೆ ಮಾಡಿಕೊಂಡನು. “ಸೂರ್ಯನೇ, ನೀನು ಗಿಬ್ಯೋನಿನಲ್ಲೇ ನಿಲ್ಲು; ಚಂದ್ರನೇ, ನೀನು ಅಯ್ಯಾಲೋನ್ ಕಣಿವೆಯಲ್ಲೇ ನಿಲ್ಲು” ಎಂದು ಇಸ್ರಾಯೇಲ್ಯರ ಸಮಕ್ಷಮದಲ್ಲಿ ಆಜ್ಞಾಪಿಸಿದನು.
13 ၁၃ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ရန်​သူ​များ ကို​အောင်​မြင်​စွာ​နှိမ်​နင်း​ပြီး​သည်​အ​ထိ နေ နှင့်​လ​တို့​သည်​မ​ရွေ့​လျား​ဘဲ​ရပ်​တန့်​၍​နေ ကြ​၏။ ထို​အ​ကြောင်း​ကို​ယာ​ရှာ​၏​စာ​စောင် တွင်​ဖော်​ပြ​ထား​လေ​သည်။ တစ်​နေ့​လုံး​နေ သည်​မ​ဝင်​ဘဲ​ကောင်း​ကင်​အ​လယ်​တွင်​ရပ် တန့်​၍​နေ​၏။-
೧೩ಇಸ್ರಾಯೇಲ್ಯರು ತಮ್ಮ ಶತ್ರುಗಳಿಗೆ ಮುಯ್ಯಿತೀರಿಸುವ ತನಕ ಸೂರ್ಯಚಂದ್ರರು ಹಾಗೆಯೇ ನಿಂತರು. ಈ ಮಾತು ಯಾಷಾರ್‌ ಗ್ರಂಥದಲ್ಲಿ ಬರೆದಿದೆಯಲ್ಲವೆ? ಹೀಗೆ ಸೂರ್ಯನು ಮುಳುಗಲು ಆತುರ ಪಡದೆ ಹೆಚ್ಚು ಕಡಿಮೆ ಒಂದು ದಿನ ಪೂರ್ತಿ ಆಕಾಶದ ಮಧ್ಯದಲ್ಲಿಯೇ ನಿಂತನು.
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​သား​တစ်​ယောက် ၏​စ​ကား​ကို​ထို​နေ့​၌​နား​ထောင်​ခဲ့​တော် မူ​၏။ ယင်း​သို့​တစ်​ခါ​မျှ​မ​ဖြစ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ဖြစ်​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘက်​မှ​စစ်​ကူ​၍​တိုက်​ခိုက်​တော်​မူ​ပါ​သည် တ​ကား။
೧೪ಯೆಹೋವನು ಈ ಪ್ರಕಾರ ಒಬ್ಬ ಮನುಷ್ಯನ ಮಾತಿಗೆ ಕಿವಿಗೊಟ್ಟ ದಿನವು ಅದಕ್ಕಿಂತ ಹಿಂದೆಯೂ ಮುಂದೆಯೂ ಇಲ್ಲವೇ ಇಲ್ಲ. ಯೆಹೋವನು ತಾನೇ ಇಸ್ರಾಯೇಲ್ಯರಿಗೋಸ್ಕರ ಯುದ್ಧಮಾಡುತ್ತಾ ಇದ್ದನು.
15 ၁၅ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား​တို့ သည် ဂိ​လ​ဂါ​လ​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။
೧೫ಯೆಹೋಶುವನು ಇಸ್ರಾಯೇಲ್ಯರ ಸಹಿತವಾಗಿ ಗಿಲ್ಗಾಲಿನ ಪಾಳೆಯಕ್ಕೆ ಹಿಂದಿರುಗಿದನು.
16 ၁၆ အာ​မော​ရိ​မင်း​ငါးပါး​တို့​သည်​ကား​လွတ် မြောက်​၍ မက္ကဒါ​လိုဏ်​ဂူ​ထဲ​တွင်​ပုန်း​အောင်း လျက်​ရှိ​ကြ​၏။-
೧೬ಆ ಐದು ಮಂದಿ ಅರಸರು ಓಡಿಹೋಗಿ ಮಕ್ಕೇದದ ಗುಹೆಯಲ್ಲಿ ಅಡಗಿಕೊಂಡರು.
17 ၁၇ တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​မင်း​များ ပုန်း​အောင်း​နေ​သည်​ကို​တွေ့​သ​ဖြင့် ယော​ရှု ထံ​သို့​အ​ကြောင်း​ကြား​လေ​သည်။-
೧೭ಜನರು ಯೆಹೋಶುವನಿಗೆ “ಆ ಐದು ಮಂದಿ ನಮಗೆ ಸಿಕ್ಕಿದ್ದಾರೆ. ಅವರು ಮಕ್ಕೇದದ ಗವಿಯಲ್ಲಿ ಅಡಗಿಕೊಂಡಿದ್ದಾರೆ” ಎಂದು ತಿಳಿಸಿದರು.
18 ၁၈ ယော​ရှု​က``လိုဏ်​ဂူ​ဝ​ကို​ကျောက်​တုံး​ကြီး များ​ဖြင့်​ပိတ်​ထား​လော့။ အစောင့်​လည်း​ချ ထား​လော့။-
೧೮ಆಗ ಯೆಹೋಶುವನು ಅವರಿಗೆ “ಆ ಗವಿಯ ಬಾಯಿಗೆ ದೊಡ್ಡ ಕಲ್ಲುಗಳನ್ನು ಹೊರಳಿಸಿ ಕಾಯುವುದಕ್ಕೆ ಕಾವಲುಗಾರರನ್ನು ಇಡಿರಿ. ನೀವಾದರೂ ಅಲ್ಲೇ ನಿಂತುಕೊಳ್ಳಬೇಡಿ. ಬೇಗನೆ ಹಿಂದಟ್ಟಿ ಹಿಂದೆ ಬರುವ ಶತ್ರುಗಳನ್ನು ಹತಮಾಡುತ್ತಾ ಹೋಗಿರಿ.
19 ၁၉ သင်​တို့​မူ​ကား​ထို​အ​ရပ်​တွင်​စောင့်​၍​မ​နေ​နှင့်။ ရန်​သူ​များ​နောက်​သို့​လိုက်​လံ​၍​နောက်​ဆွယ်​မှ တိုက်​ခိုက်​လော့။ မြို့​များ​ထဲ​သို့​မ​ဝင်​စေ​နှင့်။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​ကို​သင်​တို့​လက်​သို့​အပ်​တော်​မူ​ပြီ'' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မှာ ကြား​လေ​သည်။-
೧೯ಅವರನ್ನು ಅವರ ಪಟ್ಟಣಗಳಲ್ಲಿ ಸೇರುವುದಕ್ಕೆ ಬಿಡಬೇಡಿರಿ. ನಿಮ್ಮ ದೇವರಾದ ಯೆಹೋವನು ಅವರನ್ನು ನಿಮ್ಮ ಕೈಗೆ ಒಪ್ಪಿಸಿದ್ದಾನಲ್ಲಾ?” ಎಂದನು.
20 ၂၀ ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​မြောက်​မြား​စွာ​တို့​ကို​သတ်​ဖြတ်​ကြ​၏။ သို့​ရာ​တွင်​ရန်​သူ​အ​ချို့​တို့​သည်​လွတ်​မြောက် ၍​တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့​များ​ထဲ​သို့ ဝင်​ရောက်​ခို​အောင်း​သ​ဖြင့်​အ​သက်​ချမ်း​သာ ရာ​ရ​ကြ​၏။-
೨೦ಈ ರೀತಿಯಾಗಿ ಯೆಹೋಶುವನೂ ಹಾಗೂ ಇಸ್ರಾಯೇಲ್ಯರೂ ಅವರನ್ನು ಸಂಪೂರ್ಣವಾಗಿ ಸೋಲಿಸಿ ಸಂಹರಿಸಿಬಿಟ್ಟರು. ಸ್ವಲ್ಪ ಜನರು ಮಾತ್ರ ತಪ್ಪಿಸಿಕೊಂಡು ಕೋಟೆ ಕೊತ್ತಲುಗಳಿದ್ದ ಪಟ್ಟಣಗಳನ್ನು ಸೇರಿಕೊಂಡರು.
21 ၂၁ ထို​နောက်​ဣ​သ​ရေ​လ​တပ်​သား​အား​လုံး​တို့ သည် ဘေး​ကင်း​စွာ​ယော​ရှု​ရှိ​ရာ​မက္ကဒါ​စ​ခန်း သို့​ပြန်​လာ​ကြ​လေ​သည်။ ထို​ပြည်​တွင်​မည်​သူ​မျှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အ​ပြစ်​တင်​သော​စ​ကား​ကို​ပင် မ​ပြော​ဝံ့​ချေ။
೨೧ಇಸ್ರಾಯೇಲ್ಯರಾದರೋ ಮಕ್ಕೇದದಲ್ಲಿ ಇಳುಕೊಂಡಿದ್ದ ಯೆಹೋಶುವನ ಬಳಿಗೆ ಸುರಕ್ಷಿತರಾಗಿ ಬಂದರು. ಇಸ್ರಾಯೇಲ್ಯರಿಗೆ ವಿರೋಧವಾಗಿ ಒಬ್ಬನೂ ಮಾತನಾಡಲಿಲ್ಲ.
22 ၂၂ ထို​နောက်​ယော​ရှု​က``လိုဏ်​ဂူ​ဝ​ကို​ဖွင့်​၍ မင်း​ငါး​ပါး​ကို​ငါ့​ထံ​သို့​ထုတ်​ဆောင်​ခဲ့ ကြ​လော့'' ဟု​အ​မိန့်​ပေး​လေ​၏။-
೨೨ಅನಂತರ ಯೆಹೋಶುವನು ಜನರಿಗೆ “ಗವಿಯ ಬಾಯನ್ನು ತೆರೆದು ಆ ಐದು ಮಂದಿ ಅರಸರನ್ನು ನನ್ನ ಬಳಿಗೆ ತನ್ನಿರಿ” ಎಂದನು.
23 ၂၃ သူ​တို့​သည်​ယေ​ရု​ရှ​လင်​ဘု​ရင်၊ ဟေ​ဗြုန် ဘု​ရင်၊ ယာ​မုတ်​ဘု​ရင်၊ လာ​ခိ​ရှ​ဘု​ရင်၊ ဧ​ဂ​လုန်​ဘု​ရင်​တို့​ကို​လိုဏ်​ဂူ​ထဲ​မှ​ထုတ်​၍၊-
೨೩ಅವರು ಹೋಗಿ ಯೆರೂಸಲೇಮ್, ಹೆಬ್ರೋನ್, ಯರ್ಮೂತ್, ಲಾಕೀಷ್, ಎಗ್ಲೋನ್ ಎಂಬ ಪಟ್ಟಣಗಳ ಐದು ಮಂದಿ ಅರಸರನ್ನು ಗವಿಯಿಂದ ಎಳೆದು ಕೊಂಡು ಅವನ ಬಳಿಗೆ ತಂದರು.
24 ၂၄ ယော​ရှု​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​လေ​သည်။ ထို အ​ခါ​ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​နှင့် မိ​မိ​နှင့်​အ​တူ​စစ်​ချီ​တိုက် ခိုက်​ခဲ့​သော​ဗိုလ်​မှူး​များ​ကို​မိ​မိ​ထံ​သို့​ဆင့် ခေါ်​၏။ ဗိုလ်​မှူး​တို့​အား``ထို​မင်း​တို့​၏​လည်​ပင်း ကို​ခြေ​ဖြင့်​နင်း​ကြ'' ဟု​အ​မိန့်​ပေး​သည့် အ​တိုင်း​သူ​တို့​သည်​ခြေ​ဖြင့်​နင်း​ကြ​၏။-
೨೪ಅವರನ್ನು ತನ್ನ ಬಳಿಗೆ ತಂದನಂತರ ಯೆಹೋಶುವನು ಎಲ್ಲಾ ಇಸ್ರಾಯೇಲ್ಯರನ್ನು ಕರೆಸಿ ತನ್ನ ಜೊತೆಯಲ್ಲಿ ಬಂದಿದ್ದ ಸೈನ್ಯಾಧಿಪತಿಗಳಿಗೆ “ಹತ್ತಿರ ಬಂದು ಈ ಅರಸರ ಕೊರಳಿನ ಮೇಲೆ ಪಾದಗಳನ್ನಿಡಿರಿ” ಎಂದು ಹೇಳಿದನು. ಅವರು ಹತ್ತಿರ ಬಂದು ಅವರ ಕುತ್ತಿಗೆಯ ಮೇಲೆ ಕಾಲಿಟ್ಟರು.
25 ၂၅ ယော​ရှု​က​ဗိုလ်​မှူး​တို့​အား``ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​၏​ရန်​သူ​ဟူ​သ​မျှ​ကို ဤ​သို့​ပြု တော်​မူ​မည်​ဖြစ်​သော​ကြောင့်​မ​ကြောက်​ကြ နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ အား​မာန်​တင်း​၍​ရဲ ရင့်​ခြင်း​ရှိ​ကြ​လော့'' ဟူ​၍​ဆို​လေ​၏။-
೨೫ಆಗ ಅವನು ಅವರಿಗೆ “ಅಂಜಬೇಡಿರಿ, ಕಳವಳಗೊಳ್ಳಬೇಡಿರಿ; ಸ್ಥಿರಚಿತ್ತರಾಗಿ, ಧೈರ್ಯದಿಂದಿರಿ. ನಿಮ್ಮೊಡನೆ ಯುದ್ಧಕ್ಕೆ ಬರುವ ಎಲ್ಲಾ ವೈರಿಗಳಿಗೂ ಯೆಹೋವನು ಹೀಗೆಯೇ ಮಾಡುವನು” ಎಂದು ಹೇಳಿದನು.
26 ၂၆ ထို​နောက်​ယော​ရှု​သည်​မင်း​ငါး​ပါး​တို့​ကို​ဋ္ဌား ဖြင့် ကွပ်​မျက်​၍​အ​လောင်း​များ​ကို​သစ်​ပင် ငါး​ပင်​ပေါ်​တွင် ည​နေ​ခင်း​တိုင်​အောင်​ချိတ် ဆွဲ​ထား​လေ​သည်။-
೨೬ಅನಂತರ ಆ ಅರಸರನ್ನು ಕೊಲ್ಲಿಸಿ ಐದು ಮರಗಳಿಗೆ ನೇತುಹಾಕಿಸಿದನು. ಅವರ ಶವಗಳು ಸಾಯಂಕಾಲದವರೆಗೂ ಅಲ್ಲೇ ತೂಗಾಡುತ್ತಿದ್ದವು.
27 ၂၇ နေ​ဝင်​ချိန်​သို့​ရောက်​သော်​ယော​ရှု​က​အ​လောင်း များ​ကို​သစ်​ပင်​ပေါ်​မှ​ဖြုတ်​ချ​၍ သူ​တို့​ပုန်း အောင်း​နေ​ခဲ့​သော​လိုဏ်​ဂူ​ထဲ​သို့​ပစ်​သွင်း​ရန် အ​မိန့်​ပေး​လေ​သည်။ ထို​နောက်​လိုဏ်​ဂူ​ဝ​ကို ကျောက်​တုံး​ကြီး​များ​ဖြင့်​ပိတ်​ထား​စေ​ရာ ယ​နေ့​တိုင်​ကျောက်​တုံး​ကြီး​များ​ကို​တွေ့ မြင်​နိုင်​သည်။
೨೭ಸೂರ್ಯಾಸ್ತಮಾನದ ಹೊತ್ತಿಗೆ ಜನರು ಯೆಹೋಶುವನ ಅಪ್ಪಣೆಯಂತೆ ಅವುಗಳನ್ನು ಮರಗಳಿಂದ ಕೆಳಗಿಳಿಸಿ ಅವರು ಅಡಗಿಕೊಂಡಿದ್ದ ಗವಿಯಲ್ಲಿಯೇ ಹಾಕಿ ಅದರ ಬಾಯಿಗೆ ದೊಡ್ಡ ಕಲ್ಲುಗಳನ್ನು ಹೊರಳಿಸಿದರು. ಆ ಕಲ್ಲುಗಳು ಇಂದಿನವರೆಗೂ ಅಲ್ಲೇ ಇರುತ್ತವೆ.
28 ၂၈ ထို​နေ့​၌​ပင်​ယောရှု​သည်​မက္ကဒါ​မြို့​ကို​တိုက်​ခိုက် သိမ်း​ပိုက်​၍ မက္က​ဒါ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​ခဲ့ လေ​သည်။ မြို့​သူ​မြို့​သား​အား​လုံး​ကို​လည်း တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ယေ​ရိ​ခေါ​မင်း​ကို​အ​ဆုံး​စီ​ရင်​သ​ကဲ့ သို့​မက္ကဒါ​မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​သည်။-
೨೮ಅದೇ ದಿನ ಯೆಹೋಶುವನು ಮಕ್ಕೇದವನ್ನು ಸ್ವಾಧೀನಪಡಿಸಿ ಕೊಂಡನು. ಅ ಊರಿನ ರಾಜ ಪ್ರಜೆಗಳೆಲ್ಲರನ್ನೂ ಕತ್ತಿಯಿಂದ ಸಂಹರಿಸಿದನು. ಒಬ್ಬನನ್ನೂ ಉಳಿಸಲಿಲ್ಲ. ಯೆರಿಕೋವಿನ ಅರಸನಿಗೆ ಮಾಡಿದಂತೆ ಈ ಅರಸನಿಗೂ ಮಾಡಿದನು.
29 ၂၉ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် မက္က​ဒါ​မြို့​မှ​လိဗနာ​မြို့​သို့​ချီတက် တိုက်​ခိုက်​ကြ​သည်။-
೨೯ಯೆಹೋಶುವನು ಜನರೆಲ್ಲರ ಸಹಿತವಾಗಿ ಮಕ್ಕೇದದಿಂದ ಲಿಬ್ನಕ್ಕೆ ಹೋಗಿ ಅಲ್ಲಿಯವರೊಡನೆ ಯುದ್ಧಮಾಡಿದನು.
30 ၃၀ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​နှင့်​ထို​မြို့​၏ မင်း​ကို​လည်း ဣ​သ​ရေ​လ​အမျိုး​သား​တို့ ၏​လက်​သို့​အပ်​တော်​မူ​၏။ သူ​တို့​သည်​မြို့ သူ​မြို့​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သတ် ဖြတ်​သုတ်​သင်​ခဲ့​လေ​သည်။ ယေ​ရိ​ခေါ​မင်း ကို​အ​ဆုံး​စီ​ရင်​ခဲ့​သ​ကဲ့​သို့​လိ​ဗ​နာ မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​ကြ​သည်။
೩೦ಯೆಹೋವನು ಅದನ್ನೂ ಅದರ ಅರಸನನ್ನೂ ಇಸ್ರಾಯೇಲ್ಯರ ಕೈವಶಮಾಡಿದನು. ಅವರು ಅದರಲ್ಲಿದ್ದ ಜನರಲ್ಲಿ ಒಬ್ಬನನ್ನೂ ಉಳಿಸದೆ ಎಲ್ಲರನ್ನೂ ಕತ್ತಿಯಿಂದ ಸಂಹರಿಸಿದರು. ಯೆರಿಕೋವಿನ ಅರಸನಿಗಾದ ಗತಿಯೇ ಇವರ ಅರಸನಿಗೂ ಆಯಿತು.
31 ၃၁ ထို​နောက်​ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည် လိ​ဗ​နာ​မြို့​မှ လာ​ခိ​ရှ​မြို့​သို့​ချီ​တက်​၍ မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​လေ​သည်။-
೩೧ಅಲ್ಲಿಂದ ಯೆಹೋಶುವನು ಇಸ್ರಾಯೇಲ್ಯರ ಸಹಿತವಾಗಿ ಲಾಕೀಷಿಗೆ ಹೋಗಿ ಮುತ್ತಿಗೆಹಾಕಿ ಯುದ್ಧಮಾಡಿದನು.
32 ၃၂ ထာ​ဝ​ရ​ဘု​ရား​သည်​တိုက်​ပွဲ​ဒု​တိ​ယ​နေ့ ၌​လာ​ခိ​ရှ​မြို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​လက်​သို့​အပ်​တော်​မူ​၏။ သူ​တို့​သည် လိ​ဗ​နာ​မြို့​သူ​မြို့​သား​တို့​ကို​ပြု​သ​ကဲ့ သို့ လာ​ခိ​ရှ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့ ကို​လည်း​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် သုတ်​သင်​ကြ​သည်။-
೩೨ಯೆಹೋವನು ಅದನ್ನು ಇಸ್ರಾಯೇಲ್ಯರ ಕೈಗೆ ಒಪ್ಪಿಸಿದ್ದರಿಂದ, ಅವರು ಅದನ್ನು ಎರಡನೆಯ ದಿನದಲ್ಲಿ ಸ್ವಾಧೀನಮಾಡಿಕೊಂಡು ಅದನ್ನೂ ಅದರ ಜನರನ್ನೂ ಸಂಹರಿಸಿಬಿಟ್ಟರು. ಲಿಬ್ನದವರಿಗಾದ ಗತಿಯೇ ಇವರಿಗೂ ಆಯಿತು.
33 ၃၃ ဂေ​ဇာ​မင်း​ဟော​ရံ​သည်​လာ​ခိ​ရှ​မင်း​ဘက် မှ​စစ်​ကူ​၍​တိုက်​ခိုက်​သော်​လည်း ယော​ရှု​သည် သူ​နှင့်​သူ​၏​တပ်​ကို​တိုက်​ခိုက်​အောင်​မြင်​၍ တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​လေ သည်။
೩೩ಇದಲ್ಲದೆ ಯೆಹೋಶುವನು ಲಾಕೀಷಿನವರ ಸಹಾಯಕ್ಕೆ ಬಂದ ಗೆಜೆರಿನ ಅರಸನಾದ ಹೋರಾಮನನ್ನೂ ಅವನ ಪ್ರಜೆಗಳೆಲ್ಲರನ್ನೂ ಸದೆಬಡಿದನು. ಒಬ್ಬನೂ ಉಳಿಯಲಿಲ್ಲ.
34 ၃၄ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် လာ​ခိ​ရှ​မြို့​မှ​ဧ​ဂ​လုန်​မြို့​သို့​ချီ တက်​၍​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​လေ​သည်။-
೩೪ತರುವಾಯ ಯೆಹೋಶುವನು ಲಾಕೀಷನ್ನು ಬಿಟ್ಟು ಇಸ್ರಾಯೇಲ್ಯರೆಲ್ಲರ ಸಹಿತವಾಗಿ ಎಗ್ಲೋನಿಗೆ ಬಂದು ಮುತ್ತಿಗೆಹಾಕಿ ಯುದ್ಧಮಾಡಿದನು.
35 ၃၅ သူ​တို့​သည်​ထို​နေ့​၌​ပင်​မြို့​ကို​တိုက်​ခိုက်​သိမ်း ပိုက်​နိုင်​သ​ဖြင့် လာ​ခိ​ရှ​မြို့​သား​တို့​အား​ပြု သ​ကဲ့​သို့ ဧ​ဂ​လုန်​မြို့​သူ​မြို့​သား​တို့​ကို လည်း​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ် သင်​ကြ​လေ​သည်။
೩೫ಅವರು ಅದೇ ದಿನದಲ್ಲಿ ಅದನ್ನು ಹಿಡಿದು ಲಾಕೀಷಿನವರಿಗೆ ಮಾಡಿದಂತೆಯೇ ಅದನ್ನೂ ಅದರ ಜನರೆಲ್ಲರನ್ನೂ ಕತ್ತಿಯಿಂದ ಸಂಹರಿಸಿಬಿಟ್ಟರು.
36 ၃၆ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် ဧ​ဂ​လုန်​မြို့​မှ​တောင်​ကုန်း​ဒေ​သ​တွင် တည်​ရှိ​သော ဟေ​ဗြုန်​မြို့​သို့​ချီ​တက်​၍​မြို့​ကို တိုက်​ခိုက်၊-
೩೬ಅನಂತರ ಯೆಹೋಶುವನೂ, ಇಸ್ರಾಯೇಲರೂ ಎಗ್ಲೋನನ್ನು ಬಿಟ್ಟು ಹೆಬ್ರೋನಿಗೆ ಹೋಗಿ ಅದಕ್ಕೆ ವಿರೋಧವಾಗಿ ಯುದ್ಧಮಾಡಿ
37 ၃၇ သိမ်း​ပိုက်​ကြ​လေ​သည်။ သူ​တို့​သည်​ဟေ​ဗြုန် မင်း​နှင့်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို​လည်း ကောင်း၊ အ​နီး​အ​နား​မြို့​များ​မှ​မြို့​သူ​မြို့ သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း သတ်​ဖြတ် သုတ်​သင်​ကြ​လေ​သည်။ ယော​ရှု​သည်​ဧ​ဂ​လုန် မြို့​ကို​လုံး​လုံး​လျား​လျား​ဖျက်​ဆီး​ခဲ့​သည့် နည်း​တူ ဟေ​ဗြုန်​မြို့​ကို​လည်း​ဖျက်​ဆီး​လေ သည်။ မည်​သူ​တစ်​ယောက်​မျှ​အ​သက်​ရှင်​၍ မ​ကျန်​ရစ်​ချေ။
೩೭ಅದಕ್ಕೆ ಸೇರಿದ ಊರುಗಳನ್ನೂ ಅದರ ರಾಜಪ್ರಜೆಗಳೆಲ್ಲರನ್ನೂ ಕತ್ತಿಯಿಂದ ಸಂಹರಿಸಿದರು. ಎಗ್ಲೋನಿನಲ್ಲಿ ಹೇಗೋ ಹಾಗೆಯೇ ಇಲ್ಲಿಯೂ ಒಬ್ಬನನ್ನೂ ಉಳಿಸಲಿಲ್ಲ; ಪಟ್ಟಣವನ್ನೂ ಜನರನ್ನೂ ನಾಶಮಾಡಿದರು.
38 ၃၈ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် ဒေ​ဗိ​ရ​မြို့​သို့​ပြန်​လာ​၍​ထို​မြို့​ကို တိုက်​ခိုက်​ကြ​သည်။-
೩೮ಅಲ್ಲಿಂದ ಯೆಹೋಶುವನೂ ಎಲ್ಲಾ ಇಸ್ರಾಯೇಲರೂ ದೆಬೀರಿಗೆ ಬಂದು ಅಲ್ಲಿಯವರೊಡನೆ ಯುದ್ಧಮಾಡಿದರು.
39 ၃၉ သူ​တို့​သည်​မင်း​နှင့်​တ​ကွ​မြို့​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်​ရှိ​မြို့​ရှိ​သ​မျှ​ကို​လည်း​ကောင်း သိမ်း​ပိုက်​၍ ထို​မြို့​များ​တွင်​နေ​ထိုင်​သော​မြို့ သူ​မြို့​သား​အား​လုံး​ကို​သတ်​ဖြတ်​သုတ်​သင် ကြ​သည်။ ယော​ရှု​သည်​ဟေ​ဗြုန်​မြို့၊ လိ​ဗ​နာ မြို့​နှင့်​၎င်း​တို့​၏​မင်း​များ​ကို​ပြု​သ​ကဲ့​သို့ ဒေ​ဗိ​ရ​မြို့​နှင့်​၎င်း​၏​မင်း​ကို​ပြု​လေ​သည်။
೩೯ಅದನ್ನೂ ಅದಕ್ಕೆ ಸೇರಿದ ಊರುಗಳನ್ನೂ ಹಿಡಿದುಕೊಂಡು ಅದರ ರಾಜಪ್ರಜೆಗಳೆಲ್ಲರನ್ನೂ ಕತ್ತಿಯಿಂದ ಸಂಹರಿಸಿದರು. ಒಬ್ಬನನ್ನೂ ಉಳಿಸಲಿಲ್ಲ. ಹೆಬ್ರೋನಿಗೂ ಅದರ ಅರಸನಿಗೂ ಲಿಬ್ನಕ್ಕೂ ಅದರ ಅರಸನಿಗೂ ಆದ ಗತಿಯೇ ದೆಬೀರಿಗೂ ಅದರ ಅರಸನಿಗೂ ಆಯಿತು.
40 ၄၀ ယော​ရှု​သည်​တိုင်း​ပြည်​တစ်​ခု​လုံး​ကို​တိုက် ခိုက်​အောင်​မြင်​လေ​သည်။ သူ​သည်​တောင်​ပေါ် ဒေ​သ​ရှိ​မင်း​များ၊ အ​ရှေ့​ဘက်​တောင်​စောင်း နှင့်​အ​နောက်​ဘက်​တောင်​ခြေ​ရှိ​မင်း​များ​နှင့် တောင်​ဘက်​ခြောက်​သွေ့​သော​ဒေ​သ​ရှိ​မင်း အ​ပေါင်း​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​လေ​သည်။ ၎င်း​တို့​၏​ပြည်​သူ​ပြည်​သား​အား​လုံး​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ဤ​သို့​ပြု​ခြင်း​ဖြစ်​သည်။-
೪೦ಹೀಗೆ ಯೆಹೋಶುವನು ಬೆಟ್ಟದ ಮೇಲಣ ಪ್ರದೇಶ, ದಕ್ಷಿಣಪ್ರಾಂತ್ಯ, ಇಳುಕಲ್ಲಿನ ಪ್ರದೇಶ, ಬೆಟ್ಟಗಳ ತಗ್ಗು ಪ್ರದೇಶ ಇವುಗಳನ್ನು ಸ್ವಾಧೀನಪಡಿಸಿಕೊಂಡು ಇವುಗಳ ರಾಜಪ್ರಜೆಗಳನ್ನು ಸಂಹರಿಸಿಬಿಟ್ಟನು. ಒಬ್ಬನನ್ನೂ ಉಳಿಸಲಿಲ್ಲ. ಇಸ್ರಾಯೇಲ್‍ ದೇವರಾದ ಯೆಹೋವನ ಆಜ್ಞೆಯಂತೆ ಜೀವವಿರುವುದೆಲ್ಲವನ್ನು ಸಂಹರಿಸಿದನು.
41 ၄၁ ယော​ရှု​သည်​တောင်​ဘက်​ကာ​ဒေ​ရှ​ဗာ​နာ​မြို့ မှ​ပင်​လယ်​ကမ်း​ခြေ​အ​နီး​ရှိ​ဂါ​ဇ​မြို့​တိုင် အောင်​လည်း​ကောင်း၊ ဂေါ​ရှင်​ပြည်​မှ​မြောက်​ဘက် ဂိ​ဗောင်​မြို့​သို့​တိုင်​အောင်​လည်း​ကောင်း​စစ်​ချီ တိုက်​ခိုက်​ခဲ့​လေ​သည်။-
೪೧ಕಾದೇಶ್ ಬರ್ನೇಯದಿಂದ ಗಾಜಾ ಊರಿನ ವರೆಗೂ ಗೋಷೆನ್ ಪ್ರಾಂತ್ಯದಿಂದ ಗಿಬ್ಯೋನಿನವರೆಗೂ ಎಲ್ಲರನ್ನೂ ಸೋಲಿಸಿದನು.
42 ၄၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​ကူ​ညီ​တိုက်​ခိုက်​သော​ကြောင့် ယော​ရှု သည်​ထို​မင်း​အ​ပေါင်း​တို့​နှင့်​သူ​တို့​၏​တိုင်း ပြည်​များ​ကို​ဆက်​တိုက်​နှိမ်​နင်း​အောင်​မြင် ခဲ့​သည်။-
೪೨ಇಸ್ರಾಯೇಲರ ದೇವರಾದ ಯೆಹೋವನು ಅವರ ಪರವಾಗಿ ಯುದ್ಧ ಮಾಡಿದ್ದರಿಂದ ಯೆಹೋಶುವನು ಈ ಎಲ್ಲಾ ರಾಜರನ್ನೂ ರಾಜ್ಯಗಳನ್ನೂ ಏಕಕಾಲದಲ್ಲಿ ವಶಮಾಡಿಕೊಂಡನು.
43 ၄၃ ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား အ​ပေါင်း​တို့​သည် ဂိ​လ​ဂါ​လ​စခန်း​သို့​ပြန် လာ​ကြ​လေ​သည်။
೪೩ತರುವಾಯ ಯೆಹೋಶುವನು ಎಲ್ಲಾ ಇಸ್ರಾಯೇಲ್ಯರೊಡನೆ ಗಿಲ್ಗಾಲಿನಲ್ಲಿದ್ದ ತನ್ನ ಪಾಳೆಯಕ್ಕೆ ಹಿಂದಿರುಗಿದನು.

< ယောရှု 10 >