< ယောရှု 10 >
1 ၁ ယေရုရှလင်မြို့၏ဘုရင်အဒေါနိဇေဒက် သည်ယေရိခေါမြို့ကိုယောရှုတိုက်ခိုက်သိမ်း ပိုက်၍ ၎င်း၏ဘုရင်ကိုကွပ်မျက်ခဲ့သည့်နည်း တူအာဣမြို့ကိုတိုက်ခိုက်သိမ်းပိုက်၍ ၎င်း၏ ဘုရင်ကိုလည်းကွပ်မျက်ခဲ့ကြောင်းကြား သိရလေသည်။ ထို့အပြင်ဂိဗောင်မြို့သား တို့သည်ဣသရေလအမျိုးသားတို့နှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်၍အတူတကွ နေထိုင်ကြကြောင်းကိုလည်းကြားသိရ လေသည်။-
Or quando Adoni-Tsedek, re di Gerusalemme, udì che Giosuè avea preso Ai e l’avea votata allo sterminio, che avea trattato Ai e il suo re nel modo che avea trattato Gerico e il suo re, che gli abitanti di Gabaon avean fatto la pace con gl’Israeliti ed erano in mezzo a loro,
2 ၂ ယေရုရှလင်မြို့သားတို့သည်အလွန်ကြောက် လန့်ကြ၏။ အဘယ်ကြောင့်ဆိုသော်ဂိဗောင် မြို့သည်မင်းနေပြည်တော်မြို့များကဲ့သို့ ကြီးကျယ်ခမ်းနားသောမြို့ဖြစ်သောကြောင့် လည်းကောင်း၊ အာဣမြို့ထက်ကြီး၍မြို့သား တို့သည်တိုက်ရည်ခိုက်ရည်ကောင်းသူများ ဖြစ်သောကြောင့်လည်းကောင်းဖြစ်သတည်း။-
fu tutto spaventato; perché Gabaon era una città grande come una delle città reali, anche più grande di Ai, e tutti gli uomini suoi erano valorosi.
3 ၃ သို့ဖြစ်၍ယေရုရှလင်မြို့ဘုရင်မင်းကြီး အဒေါနိဇေဒက်သည်ဟေဗြုန်ဘုရင်ဟောဟံ၊ ယာမုတ်ဘုရင်ဝိရံ၊ လာခိရှဘုရင်ယာဖျာ၊ ဧဂလုန်ဘုရင်ဒေပိရတို့ထံသို့သံတမန် များကိုစေလွှတ်၍၊-
Perciò Adoni-Tsedek, re di Gerusalemme, mandò a dire a Hoham re di Hebron, a Piram re di Iarmuth, a Iafia re di Lakis e a Debir re di Eglon:
4 ၄ ``ဂိဗောင်မြို့သားတို့သည်ယောရှုနှင့်ဣသ ရေလအမျိုးသားတို့နှင့် ငြိမ်းချမ်းရေးစာ ချုပ်ချုပ်ထားကြသောကြောင့် ဂိဗောင်မြို့ကို တိုက်ခိုက်ရန်ငါ့ထံသို့စစ်ကူပို့ကြပါ'' ဟုပြောစေ၏။-
“Salite da me, soccorretemi, e noi batteremo Gabaon, perché ha fatto la pace con Giosuè e coi figliuoli d’Israele”.
5 ၅ ထိုကြောင့်အာမောရိဘုရင်ငါးပါးဖြစ် သောယေရုရှလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန် ဘုရင်တို့သည်စုပေါင်း၍ မိမိတို့၏စစ် သည်အလုံးအရင်းနှင့်ချီတက်လာကြ ပြီးလျှင်ဂိဗောင်မြို့ကိုဝိုင်းရံတိုက်ခိုက် ကြလေသည်။
E cinque re degli Amorei, il re di Gerusalemme, il re di Hebron, il re di Iarmuth, il re di Lakis e il re di Eglon si radunarono, salirono con tutti i loro eserciti, si accamparono dirimpetto a Gabaon, e l’attaccarono.
6 ၆ ထိုအခါဂိဗောင်မြို့သားတို့သည်ဂိလ ဂါလစခန်းတွင်ရှိသောယောရှုထံသို့ လူစေလွှတ်၍``ကိုယ်တော်၏ကျွန်တို့ကိုစွန့်ပစ် ထားတော်မမူပါနှင့်။ အလျင်အမြန်ကြွ ၍အကျွန်ုပ်တို့အားကယ်တင်တော်မူပါ။ တောင်ကုန်းဒေသမှအာမောရိမင်းအပေါင်း တို့သည်စုပေါင်း၍အကျွန်ုပ်တို့အားတိုက် ခိုက်ပါပြီ'' ဟုအကြောင်းကြားလျှောက် ထားလေသည်။
Allora i Gabaoniti mandarono a dire a Giosuè, al campo di Ghilgal: “Non negare ai tuoi servi il tuo aiuto, affrettati a salire da noi, liberaci, soccorrici, perché tutti i re degli Amorei che abitano la contrada montuosa si sono radunati contro di noi”.
7 ၇ ထို့ကြောင့်ယောရှုသည်လက်ရွေးစင်စစ်သူရဲ များပါဝင်သော ဣသရေလတပ်မတော်တစ် တပ်လုံးနှင့်ဂိလဂါလမြို့မှချီတက်လာ လေသည်။-
E Giosuè salì da Ghilgal, con tutta la gente di guerra e con tutti gli uomini segnalati per valore.
8 ၈ ထာဝရဘုရားသည်ယောရှုအား``သူတို့ကို မကြောက်နှင့်။ ငါသည်သူတို့ကိုသင့်လက်သို့ အပ်ပြီ။ မည်သူမျှသင့်ကိုမခုခံနိုင်'' ဟူ၍ မိန့်တော်မူ၏။-
E l’Eterno disse a Giosuè: “Non li temere, perché io li ho dati in poter tuo; nessun di loro potrà starti a fronte”.
9 ၉ ယောရှုသည်ဂိလဂါလမြို့မှဂိဗောင်မြို့ သို့တစ်ညလုံးချီတက်လာ၍ အာမောရိတပ် များကိုရုတ်တရက်တိုက်ခိုက်လေသည်။-
E Giosuè piombò loro addosso all’improvviso: avea marciato tutta la notte da Ghilgal.
10 ၁၀ ထာဝရဘုရားသည်ရန်သူတို့အားဖရို ဖရဲထွက်ပြေးစေတော်မူ၏။ ထိုအခါ ဣသရေလတပ်သားတို့သည်ဂိဗောင်မြို့ တွင်ရန်သူအမြောက်အမြားကိုသတ်ဖြတ် ၍ ဗေသောရုံတောင်ကြားကိုလွန်လျက်တောင် ဘက်အဇေကာမြို့နှင့်မက္ကဒါမြို့များသို့ တိုင်အောင်လိုက်လံတိုက်ခိုက်ကြလေသည်။-
E l’Eterno li mise in rotta davanti ad Israele, che fe’ loro subire una grande sconfitta presso Gabaon, li inseguì per la via che sale a Beth-Horon, e li batté fino ad Azeka e a Makkeda.
11 ၁၁ ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။
Mentre fuggivano d’innanzi a Israele ed erano alla scesa di Beth-Horon, l’Eterno fe’ cader dal cielo su loro delle grosse pietre fino ad Azeka, ed essi perirono; quelli che morirono per le pietre della grandinata furon più numerosi di quelli che i figliuoli d’Israele uccisero con la spada.
12 ၁၂ အာမောရိတပ်သားများကိုဣသရေလ အမျိုးသားတို့လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့၌ယောရှုက၊ ``အသင်နေမင်း၊ဂိဗောင်မြို့ပေါ်တွင်ရပ် တန့်၍နေလော့။ အသင်လမင်း၊အာဂလုန်မြို့ချိုင့်ဝှမ်းတွင် ရပ်တန့်၍နေလော့'' ဟု ဣသရေလအမျိုးသားတို့ရှေ့၌မြွက်ဆို၏။
Allora Giosuè parlò all’Eterno, il giorno che l’Eterno diede gli Amorei in potere de’ figliuoli d’Israele, e disse in presenza d’Israele: “Sole, fermati su Gabaon, e tu, luna, sulla valle d’Aialon!”
13 ၁၃ ဣသရေလအမျိုးသားတို့ကရန်သူများ ကိုအောင်မြင်စွာနှိမ်နင်းပြီးသည်အထိ နေ နှင့်လတို့သည်မရွေ့လျားဘဲရပ်တန့်၍နေ ကြ၏။ ထိုအကြောင်းကိုယာရှာ၏စာစောင် တွင်ဖော်ပြထားလေသည်။ တစ်နေ့လုံးနေ သည်မဝင်ဘဲကောင်းကင်အလယ်တွင်ရပ် တန့်၍နေ၏။-
E il sole si fermò, e la luna rimase la suo luogo, finché la nazione si fosse vendicata de’ suoi nemici. Questo non sta egli scritto nel libro del Giusto? E il sole si fermò in mezzo al cielo e non s’affrettò a tramontare per quasi un giorno intero.
14 ၁၄ ထာဝရဘုရားသည်လူသားတစ်ယောက် ၏စကားကိုထိုနေ့၌နားထောင်ခဲ့တော် မူ၏။ ယင်းသို့တစ်ခါမျှမဖြစ်စဖူး၊ နောင် အခါ၌လည်းဖြစ်လိမ့်မည်မဟုတ်။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ ဘက်မှစစ်ကူ၍တိုက်ခိုက်တော်မူပါသည် တကား။
E mai, né prima né poi, s’è dato un giorno simile a quello, nel quale l’Eterno abbia esaudito la voce d’un uomo; poiché l’Eterno combatteva per Israele.
15 ၁၅ ထိုနောက်ယောရှုနှင့်ဣသရေလတပ်သားတို့ သည် ဂိလဂါလစခန်းသို့ပြန်လာကြလေ သည်။
E Giosuè, con tutto Israele, tornò al campo di Ghilgal.
16 ၁၆ အာမောရိမင်းငါးပါးတို့သည်ကားလွတ် မြောက်၍ မက္ကဒါလိုဏ်ဂူထဲတွင်ပုန်းအောင်း လျက်ရှိကြ၏။-
Or i cinque re eran fuggiti, e s’erano nascosti nella spelonca di Makkeda.
17 ၁၇ တစ်စုံတစ်ယောက်သောသူသည်ထိုမင်းများ ပုန်းအောင်းနေသည်ကိုတွေ့သဖြင့် ယောရှု ထံသို့အကြောင်းကြားလေသည်။-
La cosa fu riferita a Giosuè e gli fu detto: “I cinque re sono stati trovati nascosti nella spelonca di Makkeda”.
18 ၁၈ ယောရှုက``လိုဏ်ဂူဝကိုကျောက်တုံးကြီး များဖြင့်ပိတ်ထားလော့။ အစောင့်လည်းချ ထားလော့။-
Allora Giosuè disse: “Rotolate delle grosse pietre all’imboccatura della spelonca, e ponetevi degli uomini per far loro la guardia;
19 ၁၉ သင်တို့မူကားထိုအရပ်တွင်စောင့်၍မနေနှင့်။ ရန်သူများနောက်သို့လိုက်လံ၍နောက်ဆွယ်မှ တိုက်ခိုက်လော့။ မြို့များထဲသို့မဝင်စေနှင့်။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် ရန်သူကိုသင်တို့လက်သို့အပ်တော်မူပြီ'' ဟုဣသရေလအမျိုးသားတို့အားမှာ ကြားလေသည်။-
ma voi non vi fermate; inseguite i vostri nemici, e colpite le retroguardie; non li lasciate entrare nelle loro città, perché l’Eterno, il vostro Dio, li ha dati in poter vostro”.
20 ၂၀ ယောရှုနှင့်ဣသရေလအမျိုးသားတို့သည် ရန်သူမြောက်မြားစွာတို့ကိုသတ်ဖြတ်ကြ၏။ သို့ရာတွင်ရန်သူအချို့တို့သည်လွတ်မြောက် ၍တံတိုင်းကာရံထားသောမြို့များထဲသို့ ဝင်ရောက်ခိုအောင်းသဖြင့်အသက်ချမ်းသာ ရာရကြ၏။-
E quando Giosuè e i figliuoli d’Israele ebbero finito d’infliggere loro una grande, completa disfatta, e quelli che scamparono si furon rifugiati nelle città fortificate,
21 ၂၁ ထိုနောက်ဣသရေလတပ်သားအားလုံးတို့ သည် ဘေးကင်းစွာယောရှုရှိရာမက္ကဒါစခန်း သို့ပြန်လာကြလေသည်။ ထိုပြည်တွင်မည်သူမျှဣသရေလအမျိုး သားတို့အား အပြစ်တင်သောစကားကိုပင် မပြောဝံ့ချေ။
tutto il popolo tornò tranquillamente a Giosuè al campo di Makkeda, senza che alcuno osasse fiatare contro i figliuoli d’Israele.
22 ၂၂ ထိုနောက်ယောရှုက``လိုဏ်ဂူဝကိုဖွင့်၍ မင်းငါးပါးကိုငါ့ထံသို့ထုတ်ဆောင်ခဲ့ ကြလော့'' ဟုအမိန့်ပေးလေ၏။-
Allora Giosuè disse: “Aprite l’imboccatura della caverna, traetene fuori quei cinque re, e menateli a me”.
23 ၂၃ သူတို့သည်ယေရုရှလင်ဘုရင်၊ ဟေဗြုန် ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့ကိုလိုဏ်ဂူထဲမှထုတ်၍၊-
Quelli fecero così, trassero dalla spelonca quei cinque re, il re di Gerusalemme, il re di Hebron, il re di Iarmuth, il re di Lakis, il re di Eglon, e glieli menarono.
24 ၂၄ ယောရှုထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။ ထို အခါယောရှုသည်ဣသရေလအမျိုးသား အပေါင်းတို့နှင့် မိမိနှင့်အတူစစ်ချီတိုက် ခိုက်ခဲ့သောဗိုလ်မှူးများကိုမိမိထံသို့ဆင့် ခေါ်၏။ ဗိုလ်မှူးတို့အား``ထိုမင်းတို့၏လည်ပင်း ကိုခြေဖြင့်နင်းကြ'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ခြေဖြင့်နင်းကြ၏။-
E quand’ebbero tratti dalla spelonca e menati a Giosuè quei re Giosuè, chiamò tutti gli uomini d’Israele e disse ai capi della gente di guerra ch’era andata con lui: “Accostatevi, mettete il piede sul collo di questi re”. Quelli s’accostarono e misero loro il piede sul collo.
25 ၂၅ ယောရှုကဗိုလ်မှူးတို့အား``ထာဝရဘုရား သည်သင်တို့၏ရန်သူဟူသမျှကို ဤသို့ပြု တော်မူမည်ဖြစ်သောကြောင့်မကြောက်ကြ နှင့်။ စိတ်မပျက်ကြနှင့်။ အားမာန်တင်း၍ရဲ ရင့်ခြင်းရှိကြလော့'' ဟူ၍ဆိုလေ၏။-
E Giosuè disse loro: “Non temete, non vi sgomentate, siate forti, e fatevi animo, perché così farà l’Eterno a tutti i vostri nemici contro ai quali avete a combattere”.
26 ၂၆ ထိုနောက်ယောရှုသည်မင်းငါးပါးတို့ကိုဋ္ဌား ဖြင့် ကွပ်မျက်၍အလောင်းများကိုသစ်ပင် ငါးပင်ပေါ်တွင် ညနေခင်းတိုင်အောင်ချိတ် ဆွဲထားလေသည်။-
Dopo ciò Giosuè li percosse e li fece morire, quindi li appiccò a cinque alberi; e quelli rimasero appiccati agli alberi fino a sera.
27 ၂၇ နေဝင်ချိန်သို့ရောက်သော်ယောရှုကအလောင်း များကိုသစ်ပင်ပေါ်မှဖြုတ်ချ၍ သူတို့ပုန်း အောင်းနေခဲ့သောလိုဏ်ဂူထဲသို့ပစ်သွင်းရန် အမိန့်ပေးလေသည်။ ထိုနောက်လိုဏ်ဂူဝကို ကျောက်တုံးကြီးများဖြင့်ပိတ်ထားစေရာ ယနေ့တိုင်ကျောက်တုံးကြီးများကိုတွေ့ မြင်နိုင်သည်။
E sul tramontar del sole, Giosuè ordino che fossero calati dagli alberi e gettati nella spelonca dove s’erano nascosti; e che all’imboccatura della caverna fossero messe delle grosse pietre, le quali vi son rimaste fino al dì d’oggi.
28 ၂၈ ထိုနေ့၌ပင်ယောရှုသည်မက္ကဒါမြို့ကိုတိုက်ခိုက် သိမ်းပိုက်၍ မက္ကဒါမင်းကိုလက်ရဖမ်းဆီးခဲ့ လေသည်။ မြို့သူမြို့သားအားလုံးကိုလည်း တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ယေရိခေါမင်းကိုအဆုံးစီရင်သကဲ့ သို့မက္ကဒါမင်းကိုလည်းအဆုံးစီရင်သည်။-
In quel medesimo giorno Giosuè prese Makkeda e fece passare a fil di spada la città e il suo re; li votò allo sterminio con tutte le persone che vi si trovavano; non ne lasciò scampare una, e tratto il re di Makkeda come avea trattato il re di Gerico.
29 ၂၉ ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် မက္ကဒါမြို့မှလိဗနာမြို့သို့ချီတက် တိုက်ခိုက်ကြသည်။-
Poi Giosuè con tutto Israele passò da Makkeda a Libna, e l’attaccò.
30 ၃၀ ထာဝရဘုရားသည်ထိုမြို့နှင့်ထိုမြို့၏ မင်းကိုလည်း ဣသရေလအမျိုးသားတို့ ၏လက်သို့အပ်တော်မူ၏။ သူတို့သည်မြို့ သူမြို့သားတို့ကိုတစ်ယောက်မကျန် သတ် ဖြတ်သုတ်သင်ခဲ့လေသည်။ ယေရိခေါမင်း ကိုအဆုံးစီရင်ခဲ့သကဲ့သို့လိဗနာ မင်းကိုလည်းအဆုံးစီရင်ကြသည်။
E l’Eterno diede anche quella col suo re nelle mani d’Israele, e Giosuè la mise a fil di spada con tutte le persone che vi si trovavano; non ne lasciò scampare una, e trattò il re d’essa, come avea trattato il re di Gerico.
31 ၃၁ ထိုနောက်ယောရှုနှင့်သူ၏တပ်သားတို့သည် လိဗနာမြို့မှ လာခိရှမြို့သို့ချီတက်၍ မြို့ကိုဝိုင်းရံတိုက်ခိုက်ကြလေသည်။-
Poi Giosuè con tutto Israele passò da Libna a Lakis; s’accampò dirimpetto a questa, e l’attaccò.
32 ၃၂ ထာဝရဘုရားသည်တိုက်ပွဲဒုတိယနေ့ ၌လာခိရှမြို့ကို ဣသရေလအမျိုးသား တို့၏လက်သို့အပ်တော်မူ၏။ သူတို့သည် လိဗနာမြို့သူမြို့သားတို့ကိုပြုသကဲ့ သို့ လာခိရှမြို့သူမြို့သားအပေါင်းတို့ ကိုလည်းတစ်ယောက်မကျန်သတ်ဖြတ် သုတ်သင်ကြသည်။-
E l’Eterno diede Lakis nelle mani d’Israele, che la prese il secondo giorno, e la mise a fil di spada, con tutte le persone che vi si trovavano, esattamente come avea fatto a Libna. Allora Horam, re di Ghezer, salì in soccorso di Lakis;
33 ၃၃ ဂေဇာမင်းဟောရံသည်လာခိရှမင်းဘက် မှစစ်ကူ၍တိုက်ခိုက်သော်လည်း ယောရှုသည် သူနှင့်သူ၏တပ်ကိုတိုက်ခိုက်အောင်မြင်၍ တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်လေ သည်။
ma Giosuè batté lui e il suo popolo così da non lasciarne scampare alcuno.
34 ၃၄ ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် လာခိရှမြို့မှဧဂလုန်မြို့သို့ချီ တက်၍မြို့ကိုဝိုင်းရံတိုက်ခိုက်ကြလေသည်။-
Poi Giosuè con tutto Israele passò da Lakis ad Eglon; s’accamparono dirimpetto a questa, e l’attaccarono.
35 ၃၅ သူတို့သည်ထိုနေ့၌ပင်မြို့ကိုတိုက်ခိုက်သိမ်း ပိုက်နိုင်သဖြင့် လာခိရှမြို့သားတို့အားပြု သကဲ့သို့ ဧဂလုန်မြို့သူမြို့သားတို့ကို လည်းတစ်ယောက်မကျန်သတ်ဖြတ်သုတ် သင်ကြလေသည်။
La presero quel medesimo giorno e la misero a fil di spada. In quel giorno Giosuè votò allo sterminio tutte le persone che vi si trovavano, esattamente come avea fatto a Lakis.
36 ၃၆ ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် ဧဂလုန်မြို့မှတောင်ကုန်းဒေသတွင် တည်ရှိသော ဟေဗြုန်မြို့သို့ချီတက်၍မြို့ကို တိုက်ခိုက်၊-
Poi Giosuè con tutto Israele salì da Eglon ad Hebron, e l’attaccarono.
37 ၃၇ သိမ်းပိုက်ကြလေသည်။ သူတို့သည်ဟေဗြုန် မင်းနှင့်မြို့သူမြို့သားအပေါင်းတို့ကိုလည်း ကောင်း၊ အနီးအနားမြို့များမှမြို့သူမြို့ သားအပေါင်းတို့ကိုလည်းကောင်း သတ်ဖြတ် သုတ်သင်ကြလေသည်။ ယောရှုသည်ဧဂလုန် မြို့ကိုလုံးလုံးလျားလျားဖျက်ဆီးခဲ့သည့် နည်းတူ ဟေဗြုန်မြို့ကိုလည်းဖျက်ဆီးလေ သည်။ မည်သူတစ်ယောက်မျှအသက်ရှင်၍ မကျန်ရစ်ချေ။
La presero, la misero a fil di spada insieme col suo re, con tutte le sue città e con tutte le persone che vi si trovavano; non ne lasciò sfuggire una, esattamente come avea fatto ad Eglon; la votò allo sterminio con tutte le persone che vi si trovavano.
38 ၃၈ ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် ဒေဗိရမြို့သို့ပြန်လာ၍ထိုမြို့ကို တိုက်ခိုက်ကြသည်။-
Poi Giosuè con tutto Israele tornò verso Debir, e l’attaccò.
39 ၃၉ သူတို့သည်မင်းနှင့်တကွမြို့ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ရှိမြို့ရှိသမျှကိုလည်းကောင်း သိမ်းပိုက်၍ ထိုမြို့များတွင်နေထိုင်သောမြို့ သူမြို့သားအားလုံးကိုသတ်ဖြတ်သုတ်သင် ကြသည်။ ယောရှုသည်ဟေဗြုန်မြို့၊ လိဗနာ မြို့နှင့်၎င်းတို့၏မင်းများကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်၎င်း၏မင်းကိုပြုလေသည်။
La prese col suo re e con tutte le sue città; la misero a fil di spada e votarono allo sterminio tutte le persone che vi si trovavano, senza che ne scampasse una. Egli trattò Debir e il suo re come avea trattato Hebron, come avea trattato Libna e il suo re.
40 ၄၀ ယောရှုသည်တိုင်းပြည်တစ်ခုလုံးကိုတိုက် ခိုက်အောင်မြင်လေသည်။ သူသည်တောင်ပေါ် ဒေသရှိမင်းများ၊ အရှေ့ဘက်တောင်စောင်း နှင့်အနောက်ဘက်တောင်ခြေရှိမင်းများနှင့် တောင်ဘက်ခြောက်သွေ့သောဒေသရှိမင်း အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ ၎င်းတို့၏ပြည်သူပြည်သားအားလုံးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အရ ဤသို့ပြုခြင်းဖြစ်သည်။-
Giosuè dunque batté tutto il paese, la contrada montuosa, il mezzogiorno, la regione bassa, le pendici, e tutti i loro re; non lasciò scampare alcuno, ma votò allo sterminio tutto ciò che avea vita, come l’Eterno, l’Iddio d’Israele, avea comandato.
41 ၄၁ ယောရှုသည်တောင်ဘက်ကာဒေရှဗာနာမြို့ မှပင်လယ်ကမ်းခြေအနီးရှိဂါဇမြို့တိုင် အောင်လည်းကောင်း၊ ဂေါရှင်ပြည်မှမြောက်ဘက် ဂိဗောင်မြို့သို့တိုင်အောင်လည်းကောင်းစစ်ချီ တိုက်ခိုက်ခဲ့လေသည်။-
Così Giosuè li batté da Kades-Barnea fino a Gaza, e batté tutto il paese di Goscen fino a Gabaon.
42 ၄၂ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးသား တို့ဘက်မှကူညီတိုက်ခိုက်သောကြောင့် ယောရှု သည်ထိုမင်းအပေါင်းတို့နှင့်သူတို့၏တိုင်း ပြည်များကိုဆက်တိုက်နှိမ်နင်းအောင်မြင် ခဲ့သည်။-
E Giosuè prese ad una volta tutti quei re e i loro paesi, perché l’Eterno, l’Iddio d’Israele, combatteva per Israele.
43 ၄၃ ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား အပေါင်းတို့သည် ဂိလဂါလစခန်းသို့ပြန် လာကြလေသည်။
Poi Giosuè, con tutto Israele, fece ritorno al campo di Ghilgal.