< ယောရှု 1 >
1 ၁ ထာဝရဘုရား၏အစေခံမောရှေ အနိစ္စ ရောက်ပြီးနောက်ထာဝရဘုရားကမောရှေ ၏လက်ထောက်၊ နုန်၏သားယောရှုအား၊-
၁ထာဝရဘုရား ၏ ကျွန် မောရှေ သည် အနိစ္စ ရောက်သောနောက် ၊ မောရှေ လက်ထောက် ၊ နုန် ၏သား ယောရှု အား ထာဝရဘုရား က၊
2 ၂ ``ငါ၏အစေခံမောရှေအနိစ္စရောက်ပြီ။ သင် နှင့်ဣသရေလအမျိုးသားအပေါင်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ငါပေးသနားတော် မူမည့်ပြည်တွင်းသို့ဝင်ရောက်ရန်ယခုအသင့် ပြင်ဆင်လော့။-
၂ငါ ၏ကျွန် မောရှေ သည် အနိစ္စ ရောက်လေပြီ။ သို့ဖြစ်၍ ၊ သင် နှင့် သင်၌ပါသောဤ လူ အပေါင်း တို့သည် ယခု ထ ၍ ယော်ဒန် မြစ်တဘက်သို့ ကူး ကြလော့။ ဣသရေလ အမျိုးသား တို့အား ငါ ပေး သောပြည် ကို ဝင်စားကြလော့။
3 ၃ မောရှေအားငါကတိထားတော်မူခဲ့သည် အတိုင်း သင်တို့ချီတက်သိမ်းယူမည့်နယ် မြေအားလုံးကိုသင်တို့အားငါပေး မည်။-
၃မောရှေ အား ငါဂတိ ရှိသည်အတိုင်း သင် တို့နင်း သမျှ သောမြေ ကို သင်တို့ အား ငါပေး မည်။
4 ၄ သင်တို့၏ပြည်သည်တောင်ဘက်သဲကန္တာရ မှ မြောက်ဘက်လေဗနုန်တောင်အထိလည်း ကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ်မှဟိတ္တိ ပြည်ကိုဖြတ်၍ အနောက်ဘက်မြေထဲ ပင်လယ်အထိလည်းကောင်းကျယ်ပြန့်မည်။-
၄တော ကြီးမှစ၍ လေဗနုန် တောင်တိုင်အောင် ၎င်း၊ ဥဖရတ် မြစ် ကြီး မှစ၍ဟိတ္တိ ပြည် တရှောက်လုံး ပါလျက်၊ နေဝင် ရာဘက် ပင်လယ် ကြီး တိုင်အောင် ၎င်း၊ သင် တို့နယ် အပိုင်းအခြားဖြစ် ရမည်။
5 ၅ ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။-
၅သင့် အသက် တည်သည် ကာလ ပတ်လုံး သင့် ရှေ့ မှာ အဘယ်သူမျှမ ခံ မရပ်နိုင်ရာ။ မောရှေ နှင့်အတူ ငါရှိ သကဲ့သို့ သင် နှင့်အတူ ငါရှိ လိမ့်မည်။ ငါသည် သင့် ကို မ စွန့် ၊ သင့် ကိုပစ် ၍မ ထား။
6 ၆ သင်သည်အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည်ဤသူတို့ကိုခေါင်းဆောင်၍သူတို့ ၏ဘိုးဘေးတို့အား ငါပေးမည်ဟုကတိ ထားသောပြည်ကိုဝင်ရောက်သိမ်းယူရ မည်။-
၆အား ယူ၍ ရဲရင့် ခြင်းရှိလော့။ ဘိုးဘေး တို့အား ပေး မည်ဟု ငါကျိန်ဆို သောပြည် ကို သင်သည် ဤ လူ တို့ အားဝေ၍ အမွေ ပေးရမည်။
7 ၇ အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ ငါ၏ အစေခံမောရှေပေးသောပညတ်အားလုံး ကိုတစ်သဝေမတိမ်းစောင့်ထိန်းလော့။ ပညတ် ရှိသမျှကိုတစ်ခုမကျန်စောင့်ထိန်းလျှင် သင်သည်ကြံတိုင်းအောင်လိမ့်မည်။-
၇သို့ဖြစ်၍ငါ ၏ကျွန် မောရှေ မှာ ထားသော တရား အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းငှါ အား ယူ ၍ အလွန် ရဲရင့် ခြင်းရှိလော့။ ကြံစည်လေသမျှ တို့၌ အောင် မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ နှင့်။
8 ၈ ဘုရားဝတ်ပြုရာ၌ပညတ်တရားရေး ထားသောကျမ်းစာအုပ်ကို အမြဲဖတ်ရမည်။ ထိုကျမ်းစာအုပ်ကိုနေ့ညမပြတ်လေ့လာ၍ ပါရှိသမျှသောပညတ်တို့ကိုစောင့်ထိန်း ရမည်။ သို့ပြုလျှင်သင်သည်ကြီးပွားအောင် မြင်လိမ့်မည်။-
၈ထိုပညတ္တိ ကျမ်းစာ ၌ ရေး ထားသမျှ အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊ နေ့ ညဉ့် မပြတ် ကြည့်ရှုဘတ်ရွတ် ရမည်။ သို့ပြုလျှင်သင်သည် အကြံထမြောက်၍ အောင်မြင် လိမ့်မည်။
9 ၉ သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
၉သင့် ကို ငါမှာ ထားသည်မ ဟုတ်လော။ အား ယူ၍ ရဲရင့် ခြင်းရှိလော့။ မ ကြောက် နှင့်၊ စိတ် မ ပျက်နှင့်။ သွား လေရာရာ၌ သင် ၏ဘုရား သခင်ထာဝရဘုရား ရှိသည်ဟု မိန့်တော်မူ၏။
10 ၁၀ ထိုအခါယောရှုသည်ခေါင်းဆောင်များ ကိုဆင့်ခေါ်၍၊
၁၀ထိုအခါ ယောရှု သည် ဗိုလ် မင်းများတို့ကို ခေါ်၍၊
11 ၁၁ စခန်းတစ်ခုလုံးရှိလူတို့ထံသို့သွားစေပြီး လျှင်``သုံးရက်အတွင်းသင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူမည့်ပြည် ကိုသိမ်းယူရန် ယော်ဒန်မြစ်ကိုဖြတ်ကူးရ မည်ဖြစ်၍လိုအပ်သောရိက္ခာကိုစုဆောင်း ထားကြလော့'' ဟူ၍ကြေညာစေ၏။
၁၁တပ် တရှောက် လုံးသို့ သွား ကြလော့။ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အပိုင်ပေးတော်မူသောပြည် ကို ဝင်စားခြင်းငှါ၊ သုံး ရက် အတွင်းတွင် ဤယော်ဒန် မြစ် တဘက်သို့ ကူးရသောကြောင့်ရိက္ခါ ကို ပြင်ဆင် ရကြမည် အကြောင်း၊ လူ များတို့အား ဆင့်ဆို ကြလော့ဟု မှာ ထား လေ၏။
12 ၁၂ ထိုနောက်ယောရှုသည်ရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား၊-
၁၂တဖန် ယောရှု သည် ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား၊ မနာရှေ အမျိုးသားတဝက် တို့ကို ခေါ်၍၊
13 ၁၃ ``ယော်ဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကိုသင် တို့နေထိုင်ရန်အတွက် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးမည်ဟုထာဝရဘုရား ၏အစေခံမောရှေမိန့်မှာခဲ့သည်ကိုသတိ ရကြလော့။-
၁၃ထာဝရဘုရား ၏ ကျွန် မောရှေ သည်၊ သင် တို့အား မှာ ထားသော စကားဟူမူကား ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့ကို ဤ ပြည် ၌ နေရာ ချတော်မူပြီ။
14 ၁၄ သင်တို့၏သားမယား၊ သိုး၊ နွား၊ ဆိတ်စသော တိရစ္ဆာန်များသည်ဤအရပ်တွင်နေရစ်၍၊ သူ တို့အနက်လက်နက်ကိုင်နိုင်သူအမျိုးသား မှန်သမျှသည် အခြားဣသရေလအမျိုး သားချင်းတို့၏တပ်ဦးအဖြစ်မြစ်ကို အလျင်အမြန်ဖြတ်ကူးရမည်။-
၁၄သင် တို့သား မယား ၊ သူငယ်များနှင့် တိရစ္ဆာန် များတို့သည် ယော်ဒန် မြစ်အရှေ့ ဘက် မောရှေ ပေး သော ပြည် ၌ နေရစ် ရကြမည်။
15 ၁၅ သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောယော်ဒန်မြစ်အနောက်ဘက် ရှိပြည်ကိုသိမ်းပိုက်နိုင်သည်အထိ သူတို့ အားကူညီတိုက်ခိုက်ရမည်။ ဣသရေလအနွယ် တို့ငြိမ်းချမ်းစွာနေထိုင်ရသောအခါ၌ သင် တို့သည်ထာဝရဘုရား၏အစေခံမောရှေပေး သောယော်ဒန်မြစ်အရှေ့ဘက်ရှိပြည်သို့ပြန် နိုင်သည်'' ဟုဆို၏။
၁၅ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း၊ ညီအစ်ကို တို့အား နေရာချတော်မမူမှီ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသောပြည် ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင် ၊ သင်တို့တွင် ခွန်အားကြီး သော စစ်သူရဲ အပေါင်း တို့သည် လက်နက် ကိုင်လျက်၊ သင်တို့ညီအစ်ကို များရှေ့ မှာ ကူး၍ မစရကြမည်ဟူသောစကားကို အောက်မေ့ကြလော့။ ထိုနောက်မှထာဝရဘုရား ၏ကျွန် မောရှေ သည် ယော်ဒန် မြစ် နေ ထွက်ရာ ဘက်၌ပေး ၍၊ သင် တို့ပိုင် သောပြည် သို့ ပြန် ၍ ဝင်စားရကြမည် ဟု ပြောဆို၏။
16 ၁၆ ထိုသူတို့က``အကျွန်ုပ်တို့သည်ကိုယ်တော် မှာကြားသမျှကိုလိုက်နာ၍ ကိုယ်တော် စေလွှတ်ရာအရပ်သို့သွားပါမည်။-
၁၆ထိုသူတို့ကလည်း၊ ကိုယ်တော်မှာ ထားတော်မူသမျှ ကို ကျွန်တော်တို့ပြု ပါမည်။ စေလွှတ် တော်မူသမျှ သော အရပ်သို့ သွား ပါမည်။
17 ၁၇ မောရှေ၏စကားကိုနားထောင်သကဲ့သို့ ကိုယ်တော်၏စကားကိုနားထောင်ပါမည်။ ထာဝရအရှင်ဘုရားသခင်သည်မောရှေ နှင့်အတူရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။-
၁၇အရာရာ တို့၌ မောရှေ ၏စကားကို နားထောင် သည်နည်းတူ ကိုယ်တော် စကားကိုလည်း နားထောင် ပါမည်။ သို့ဖြစ်၍ကိုယ်တော်၏ ဘုရား သခင်ထာဝရဘုရား သည် မောရှေ နှင့်အတူ ရှိ သကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။
18 ၁၈ ကိုယ်တော်၏အာဏာကိုဖီဆန်၍အမိန့် ကိုမနာခံသောသူအား သေဒဏ်ခံစေ ပါမည်။ သို့ဖြစ်၍အားမာန်တင်း၍ ရဲရင့် ခြင်းရှိတော်မူပါ'' ဟု ဖြေကြားကြ၏။
၁၈အာဏာ တော်ကို ဆန် ၍၊ မှာထားတော်မူသမျှ သောစကား ကို နား မ ထောင်သောသူ မည်သည်ကား၊ အသေ သတ်ခြင်းကိုခံ စေရမည်။ သို့ဖြစ်၍အား ယူတော်မူ ပါ။ ရဲရင့် ခြင်းရှိတော်မူပါဟု ယေရှုအား ပြန်လျှောက် ကြ၏။