< ယောရှု 1 >

1 ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ အ​နိစ္စ ရောက်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ ၏​လက်​ထောက်၊ နုန်​၏​သား​ယော​ရှု​အား၊-
And it came to pass after the death of Moses, that the Lord spoke to Joshua the son of Naue, the minister of Moses, saying,
2 ``ငါ​၏​အ​စေ​ခံ​မော​ရှေ​အနိစ္စ​ရောက်​ပြီ။ သင် နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ ငါ​ပေး​သ​နား​တော် မူ​မည့်​ပြည်​တွင်း​သို့​ဝင်​ရောက်​ရန်​ယ​ခု​အ​သင့် ပြင်​ဆင်​လော့။-
Moses my servant is dead; now then arise, go over Jordan, thou and all this people, into the land, which I give them.
3 မော​ရှေ​အား​ငါ​က​တိ​ထား​တော်​မူ​ခဲ့​သည် အ​တိုင်း သင်​တို့​ချီ​တက်​သိမ်း​ယူ​မည့်​နယ် မြေ​အား​လုံး​ကို​သင်​တို့​အား​ငါ​ပေး မည်။-
Every spot on which ye shall tread I will give it to you, as I said to Moses.
4 သင်​တို့​၏​ပြည်​သည်​တောင်​ဘက်​သဲ​ကန္တာ​ရ မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​အ​ထိ​လည်း ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ်​မှ​ဟိတ္တိ ပြည်​ကို​ဖြတ်​၍ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ​လည်း​ကောင်း​ကျယ်​ပြန့်​မည်။-
The wilderness and Antilibanus, as far as the great river, the river Euphrates, and as far as the extremity of the sea; your costs shall be from the setting of the sun.
5 ယော​ရှု၊ သင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး မည်​သူ​မျှ​သင့်​အား​ခု​ခံ​နိုင်​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မော​ရှေ​နှင့်​အ​တူ​ရှိ​တော်​မူ​သည့်​နည်း တူ​ပင် သင်​နှင့်​လည်း​အ​တူ​ရှိ​မည်။ သင့်​ကို​မည် သည့်​အ​ခါ​မျှ​စွန့်​ပစ်​ထား​မည်​မ​ဟုတ်။ သင် နှင့်​အ​တူ​အ​စဉ်​ရှိ​တော်​မူ​မည်။-
Not a man shall stand against you all the days of thy life; and as I was with Moses, so will I also be with thee, and I will not fail thee, or neglect thee.
6 သင်​သည်​အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည်​ဤ​သူ​တို့​ကို​ခေါင်း​ဆောင်​၍​သူ​တို့ ၏​ဘိုး​ဘေး​တို့​အား ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရ မည်။-
Be strong and 'quit thyself like a man, for thou shalt divide the land to this people, which I sware to give to your fathers.
7 အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ငါ​၏ အ​စေ​ခံ​မော​ရှေ​ပေး​သော​ပ​ညတ်​အား​လုံး ကို​တစ်​သ​ဝေ​မ​တိမ်း​စောင့်​ထိန်း​လော့။ ပ​ညတ် ရှိ​သ​မျှ​ကို​တစ်​ခု​မ​ကျန်​စောင့်​ထိန်း​လျှင် သင်​သည်​ကြံ​တိုင်း​အောင်​လိမ့်​မည်။-
Be strong, therefore, and quit thyself like a man, to observe and do as Moses my servant commanded thee; and thou shalt not turn therefrom to the right hand or to the left, that thou mayest be wise in whatsoever thou mayest do.
8 ဘု​ရား​ဝတ်​ပြု​ရာ​၌​ပ​ညတ်​တ​ရား​ရေး ထား​သော​ကျမ်း​စာ​အုပ်​ကို အ​မြဲ​ဖတ်​ရ​မည်။ ထို​ကျမ်း​စာ​အုပ်​ကို​နေ့​ည​မ​ပြတ်​လေ့​လာ​၍ ပါ​ရှိ​သ​မျှ​သော​ပ​ညတ်​တို့​ကို​စောင့်​ထိန်း ရ​မည်။ သို့​ပြု​လျှင်​သင်​သည်​ကြီး​ပွား​အောင် မြင်​လိမ့်​မည်။-
And the book of this law shall not depart out of thy mouth, and thou shalt meditate in it day and night, that thou mayest know how to do all the things that are written [in it]; then shalt thou prosper, and make thy ways prosperous, and then shalt thou be wise.
9 သို့​ဖြစ်​၍​ငါ​မိန့်​မှာ​သည့်​အ​တိုင်း​ရဲ​ရင့်​ခြင်း ရှိ​လော့။ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ စိတ်​မ​ပျက်​နှင့်။ သင်​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​သွား​လေ​ရာ​ရာ​၌​သင်​နှင့်​အ​တူ​ရှိ​တော် မူ​၏'' ဟု​မိန့်​တော်​မူ​၏။
Lo! I have commanded thee; be strong and courageous, be not cowardly nor fearful, for the Lord thy God is with thee in all places whither thou goest.
10 ၁၀ ထို​အ​ခါ​ယော​ရှု​သည်​ခေါင်း​ဆောင်​များ ကို​ဆင့်​ခေါ်​၍၊
And Joshua commanded the scribes of the people, saying,
11 ၁၁ စ​ခန်း​တစ်​ခု​လုံး​ရှိ​လူ​တို့​ထံ​သို့​သွား​စေ​ပြီး လျှင်``သုံး​ရက်​အ​တွင်း​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို​သိမ်း​ယူ​ရန် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ရ မည်​ဖြစ်​၍​လို​အပ်​သော​ရိက္ခာ​ကို​စု​ဆောင်း ထား​ကြ​လော့'' ဟူ​၍​ကြေ​ညာ​စေ​၏။
Go into the midst of the camp of the people, and command the people, saying, Prepare provisions; for yet three days and ye shall go over this Jordan, entering in to take possession of the land, which the Lord God of your fathers gives to you.
12 ၁၂ ထို​နောက်​ယော​ရှု​သည်​ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ် နှင့်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့​အား၊-
And to Ruben, and to Gad, and to the half tribe of Manasse, Joshua said,
13 ၁၃ ``ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​သင် တို့​နေ​ထိုင်​ရန်​အ​တွက် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်​ကို​သ​တိ ရ​ကြ​လော့။-
Remember the word which Moses the servant of the Lord commanded you, saying, the Lord your God has caused you to rest, and has given you this land.
14 ၁၄ သင်​တို့​၏​သား​မယား၊ သိုး၊ နွား၊ ဆိတ်​စ​သော တိ​ရစ္ဆာန်​များ​သည်​ဤ​အ​ရပ်​တွင်​နေ​ရစ်​၍၊ သူ တို့​အ​နက်​လက်​နက်​ကိုင်​နိုင်​သူ​အ​မျိုး​သား မှန်​သ​မျှ​သည် အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​၏​တပ်​ဦး​အ​ဖြစ်​မြစ်​ကို အ​လျင်​အ​မြန်​ဖြတ်​ကူး​ရ​မည်။-
Let your wives and your children and your cattle dwell in the land, which he has given you; and ye shall go over well armed before your brethren, every one of you who is strong; and ye shall fight on their side;
15 ၁၅ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ယော်​ဒန်​မြစ်​အ​နောက်​ဘက် ရှိ​ပြည်​ကို​သိမ်း​ပိုက်​နိုင်​သည်​အ​ထိ သူ​တို့ အား​ကူ​ညီ​တိုက်​ခိုက်​ရ​မည်။ ဣ​သ​ရေ​လ​အ​နွယ် တို့​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ​၌ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မောရှေ​ပေး သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ပြည်​သို့​ပြန် နိုင်​သည်'' ဟု​ဆို​၏။
until the Lord your God shall have given your brethren rest, as also to you, and they also shall have inherited the land, which the Lord your God gives them; then ye shall depart each one to his inheritance, which Moses gave you beyond Jordan eastward.
16 ၁၆ ထို​သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် မှာ​ကြား​သ​မျှ​ကို​လိုက်​နာ​၍ ကိုယ်​တော် စေ​လွှတ်​ရာ​အ​ရပ်​သို့​သွား​ပါ​မည်။-
And they answered Joshua and said, We will do all things which thou commandest us, and we will go to every place whither thou shalt send us.
17 ၁၇ မော​ရှေ​၏​စ​ကား​ကို​နား​ထောင်​သ​ကဲ့​သို့ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​ပါ​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​မော​ရှေ နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-
Whereinsoever we hearkened to Moses we will hearken to thee; only let the Lord our God be with thee, as he was with Moses.
18 ၁၈ ကိုယ်​တော်​၏​အာ​ဏာ​ကို​ဖီ​ဆန်​၍​အ​မိန့် ကို​မ​နာ​ခံ​သော​သူ​အား သေ​ဒဏ်​ခံ​စေ ပါ​မည်။ သို့​ဖြစ်​၍​အား​မာန်​တင်း​၍ ရဲ​ရင့် ခြင်း​ရှိ​တော်​မူ​ပါ'' ဟု ဖြေ​ကြား​ကြ​၏။
And whosoever shall disobey thee, and whosoever shall not hearken to thy words as thou shalt command him, let him die; but be thou strong and courageous.

< ယောရှု 1 >