< ယောန 1 >
1 ၁ တစ်နေ့သ၌အမိတ္တဲ၏သားယောနအား ထာဝရဘုရားအမိန့်ပေးတော်မူ၏။-
Awurade asɛm baa Amitai babarima Yona nkyɛn sɛ,
2 ၂ ကိုယ်တော်က``သင်သည်နိနေဝေမြို့ကြီးသို့သွား၍သတိပေးလော့။ ထိုမြို့သူမြို့သားတို့သည်အလွန်ဆိုးယုတ်ကြကြောင်းကိုငါသိတော်မူပြီ'' ဟုမိန့်တော်မူ၏။-
“Kɔ kuropɔn kɛseɛ Ninewe mu na kɔka asɛmpa no tia wɔn sɛ wɔn atirimuɔdensɛm aforo abɛduru mʼanim.”
3 ၃ သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
Nanso, Yona dwane firii Awurade anim na ɔde nʼani kyerɛɛ Tarsis. Ɔkɔɔ Yopa, na ɛhɔ ɔkɔnyaa ɛhyɛn a ɛrekɔ Tarsis. Ɔtuaa ka kɔtenaa ɛhyɛn no mu, sɛ ɔrefiri Awurade anim akɔ Tarsis.
4 ၄ သင်္ဘောသည်ပင်လယ်တွင်းသို့ရောက်သွားသောအခါ ထာဝရဘုရားသည်လေပြင်းမုန်တိုင်းကြီးကိုတိုက်ခတ်စေတော်မူ၏။ ထိုလေမုန်တိုင်းကြီးသည်လွန်စွာပြင်းထန်လှသဖြင့်သင်္ဘောသည်ပျက်လုမတတ်ရှိလေ၏။-
Nanso Awurade maa mframa kɛseɛ bi bɔɔ wɔ ɛpo no so; ɛmaa ahum tuiɛ a, anka ɛhyɛn no rebɛbɔ.
5 ၅ သင်္ဘောသားတို့သည်ကြောက်လန့်လျက် မိမိတို့ယုံကြည်ကြသောဘုရားများထံသို့သူတို့အား ကယ်တင်ပါရန်ဆုတောင်းကြ၏။ ထိုနောက်သင်္ဘောဝန်ပေါ့စေရန် ကုန်စည်များကိုရေထဲသို့ပစ်ချကြ၏။ ထိုအချိန်တွင်ယောနသည်သင်္ဘောဝမ်းထဲသို့ဆင်း၍အိပ်ပျော်လျက်နေ၏။
Ɛhyɛn no mufoɔ no nyinaa surooɛ na obiara su frɛɛ ne nyame. Wɔtotoo adwadeɛ a ɛwɔ ɛhyɛn no mu guguu ɛpo no mu sɛdeɛ ɛhyɛn no mu bɛyɛ herɛ. Nanso na Yona akɔhyɛ ɛhyɛn no ase baabi ada hatee.
6 ၆ ထိုအခါသင်္ဘောသူကြီးသည် သူ့ထံလာပြီးသူ့အား``သင်သည်အဘယ်ကြောင့်အိပ်နေပါသနည်း။ ထလော့၊ သင်၏ဘုရားထံတွင် ငါတို့ကိုကယ်တင်ရန်ဆုတောင်းလော့။ ထိုအရှင်သည်ငါတို့အားသနား၍ငါတို့ကိုကယ်တင်ကောင်းကယ်တင်တော်မူပါလိမ့်မည်'' ဟုဆို၏။
Ɛna ɛhyɛn no so panin no kɔɔ ne nkyɛn kɔkaa sɛ, “Adɛn na woada? Sɔre na frɛ wo nyame! Ebia, ɔbɛhunu yɛn mmɔbɔ, na yɛannwuwu.”
7 ၇ ထိုနောက်သင်္ဘောသားတို့က``ငါတို့ဤကဲ့သို့ဘေးဒုက္ခရောက်ရသည်မှာ အဘယ်သူ၏အပြစ်ကြောင့်ဖြစ်သည်ကိုသိရအောင်မဲချကြကုန်အံ့'' ဟုအချင်းချင်းပြောဆိုကြ၏။ သူတို့မဲချကြသောအခါယောနမဲကျလေ၏။-
Afei ɛhyɛn no mufoɔ no keka kyerɛɛ wɔn ho wɔn ho sɛ, “Momma yɛmmɔ ntonto nhwehwɛ deɛ saa amanehunu yi nam ne so aba.” Wɔbɔɔ ntonto no na ɛbɔɔ Yona.
8 ၈ သို့ဖြစ်၍သူတို့က``ဤကဲ့သို့ဘေးဒုက္ခရောက်ရသည်မှာ အဘယ်သူ၏အပြစ်ကြောင့်နည်း။ ငါတို့အားပြောပြပါ။ သင်သည်အဘယ်ကိစ္စဖြင့်ဤသင်္ဘောပေါ်သို့ရောက်နေပါသနည်း။ အဘယ်ပြည်မှလာပါသနည်း။ အဘယ်အမျိုးသားဖြစ်ပါသနည်း'' ဟုယောနအားမေးကြ၏။
Enti wɔbisaa no sɛ, “Kyerɛ yɛn, hwan na wama saa ɔhaw yi nyinaa aba? Adwuma bɛn na woyɛ? Ɛhe na wo fire? Ɔman bɛn so na wofiri? Ɛhefoɔ ne wo nkurɔfoɔ?”
9 ၉ ယောနက``ငါသည်ဟေဗြဲအမျိုးသားဖြစ်၏။ ကုန်းမြေနှင့်ပင်လယ်ကိုဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ထာဝရဘုရားကိုကိုးကွယ်သူဖြစ်သည်'' ဟုဖြေကြား၏။-
Ɔbuaa sɛ, “Meyɛ Hebrini, na mesom Awurade, ɔsoro Onyankopɔn a, ɔbɔɔ ɛpo ne asase.”
10 ၁၀ ထိုနောက်ဆက်လက်၍မိမိသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးတိမ်းရှောင်လာသူဖြစ်ကြောင်းကိုလည်းထိုသူတို့အားပြောပြ၏။ သင်္ဘောသားတို့သည်ကြောက်လန့်ကြကုန်လျက် ``သင်ပြုသည့်အမှုသည်ထိတ်လန့်ဖွယ်ကောင်းလှပါသည်တကား'' ဟုဆိုကြ၏။-
Yei bɔɔ wɔn hu, enti wɔbisaa Yona sɛ, “Ɛdeɛn na woayɛ?” (Na wɔnim sɛ ɔredwane afiri Awurade nkyɛn, ɛfiri sɛ na waka saa akyerɛ wɔn dada).
11 ၁၁ ထိုအခိုက်တွင်လေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပိုမိုပြင်းထန်၍လာ၏။ သို့ဖြစ်၍သင်္ဘောသားတို့က``လေမုန်တိုင်းရပ်စဲသွားစေရန်ငါတို့သည် သင့်အားအဘယ်သို့ပြုသင့်ပါသနည်း'' ဟုယောနအားမေးကြ၏။
Na ahum no kɔ so tu dendeenden ara. Enti wɔbisaa no sɛ, “Ɛdeɛn na yɛnyɛ wo a ɛbɛma ahum yi ano abrɛ ase ama yɛn?”
12 ၁၂ ယောနက``ငါ့ကိုပင်လယ်ထဲသို့ပစ်ချကြလော့။ သို့ပြုလျှင်လေမုန်တိုင်းသည်ငြိမ်သွားလိမ့်မည်။ သင်တို့လေပြင်းမုန်တိုင်းမိရကြသည်မှာငါ၏အပြစ်ကြောင့်ဖြစ်ကြောင်းငါသိပါ၏'' ဟုဖြေ၏။
Yona buaa wɔn sɛ, “Momma me so nto me ntwene ɛpo yi mu, na ano bɛdwo. Menim sɛ me enti na ahum kɛseɛ yi retu mo so.”
13 ၁၃ သို့ရာတွင်သင်္ဘောသားတို့သည်ယောနအားပင်လယ်ထဲသို့ပစ်ချမည့်အစား သင်္ဘောကိုကမ်းဘက်သို့ရောက်ရန်အစွမ်းကုန်ကြိုးစားလှော်ခတ်ကြ၏။ သို့သော်လည်းလေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပြင်းထန်၍လာသဖြင့် သူတို့သည်အဘယ်သို့မျှမတတ်နိုင်ကြတော့ချေ။-
Mmarima no yɛɛ deɛ wɔbɛtumi biara sɛ wɔbɛhare ɛhyɛn no akɔ mpoano. Nanso, wɔantumi, ɛsiane sɛ na ɛpo so ahum no ano ayɛ den asene kane no.
14 ၁၄ ထိုအခါသင်္ဘောသားများကထာဝရဘုရားအား``အို ထာဝရဘုရား၊ ဤသူအသက်ဆုံးရှုံးရသည့်အတွက် အကျွန်ုပ်တို့အားသေဒဏ်ခတ်တော်မမူပါရန်ပန်ကြားပါ၏။ အို ထာဝရဘုရား၊ ဤအမှုသည်အလိုတော်အရကိုယ်တော်တိုင်ပြုတော်မူသောအမှုဖြစ်ပါ၏'' ဟုဟစ်အော်လျှောက်ထားကြ၏။-
Afei wosu frɛɛ Awurade sɛ, “Ao Awurade yɛsrɛ wo mma yɛn nwuwu sɛ yɛama ɔbarima yi ahwere ne nkwa enti. Mma yɛn nni fɔ wɔ ɔbarima yi mogya ho, ɛfiri sɛ, Ao Awurade wayɛ deɛ wo pɛ.”
15 ၁၅ ထိုနောက်သူတို့သည်ယောနကိုပွေ့ချီ၍ပင်လယ်ထဲသို့ပစ်ချလိုက်ကြ၏။ ထိုအခါချက်ချင်းပင် ပင်လယ်သည်ငြိမ်သက်သွား၏။-
Afei, wɔmaa Yona so too no twenee ɛpo no mu, na ɛpo a na ɛrehuru soɔ no yɛɛ dinn.
16 ၁၆ ယင်းသို့ငြိမ်သက်သွားသောအခါသင်္ဘောသားတို့သည် ထာဝရဘုရားကိုလွန်စွာကြောက်လန့်လာကြသဖြင့် ယဇ်ပူဇော်ကြပြီးလျှင်ကိုယ်တော်အားသစ္စာကတိပြုကြ၏။
Yei maa mmarima no suroo Awurade pa ara na wɔbɔɔ afɔdeɛ maa Awurade, na wɔhyɛɛ no bɔ.
17 ၁၇ ထိုနောက်ဘုရားသခင်အမိန့်ပေးသဖြင့်ငါးကြီးတစ်ကောင်သည်ယောနကိုမျိုလေ၏။ ယောနလည်းငါးကြီး၏ဝမ်းဗိုက်တွင်း၌သုံးရက်ပတ်လုံးနေရ၏။
Na Awurade maa apataa kɛseɛ bi bɛmenee Yona, na Yona daa apataa no yam nnansa, awia ne anadwo.