< ယောန 4 >
1 ၁ ဤသို့ဖြစ်ရခြင်းကြောင့်ယောနသည်လွန်စွာ စိတ်မကျေမချမ်းဖြစ်၍စိတ်ဆိုးသဖြင့်၊-
А Јони би врло недраго, и расрди се.
2 ၂ ``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အကျွန်ုပ် တိုင်းပြည်မှမထွက်ခွာမီကပင်ကိုယ်တော် ဤသို့ပြုတော်မူမည်ဟု အကျွန်ုပ်ကြိုတင် ပြောခဲ့သည်မဟုတ်ပါလော။ ဤအကြောင်း ကြောင့်အကျွန်ုပ်သည်တာရှုမြို့သို့ထွက်ပြေး ရန်ကြိုးစားခဲ့ပါ၏။ ကိုယ်တော်သည်မေတ္တာ ကရုဏာရှိတော်မူသော၊ အစဉ်စိတ်ရှည် လျက်အကြင်နာတရားရှိတော်မူသော၊ အပြစ်ဒဏ်ခတ်သင့်သော်လည်းမခတ်ဘဲ ချမ်းသာပေးတော်မူသောဘုရားသခင် ဖြစ်တော်မူသည်ကိုအကျွန်ုပ်သိပါ ၏။-
И помоли се Господу и рече: Господе! Не рекох ли то кад још бејах у својој земљи? Зато хтедох пре побећи у Тарсис; јер знах да си Ти Бог милостив и жалостив, спор на гнев и обилан милосрђем и кајеш се ода зла.
3 ၃ သို့ဖြစ်၍ အို ထာဝရဘုရား၊ ယခုပင်လျှင် အကျွန်ုပ်အားသေရသောအခွင့်ကိုပေး တော်မူပါ။ အကျွန်ုပ်အတွက်အသက်ရှင် ရခြင်းထက်သေရခြင်းကသာ၍ကောင်း ပါ၏'' ဟုဆုတောင်းလေ၏။
Сада Господе, узми душу моју од мене, јер ми је боље умрети него живети.
4 ၄ ထာဝရဘုရားက``သင်ဤသို့အမျက် ထွက်သင့်သလော'' ဟုမေးတော်မူ၏။
А Господ рече: Је ли добро што се срдиш?
5 ၅ ထိုနောက်ယောနသည်မြို့အရှေ့ဘက်သို့ ထွက်၍ မိမိအတွက်တဲထိုးပြီးလျှင်တဲ၏ အရိပ်အောက်တွင်ထိုင်လျက် နိနေဝေမြို့ မည်သို့ဖြစ်မည်ကိုစောင့်ကြည့်နေ၏။-
И Јона изиђе из града, и седе с истока граду и начини онде колибу, и сеђаше под њом у хладу да види шта ће бити од града.
6 ၆ ထိုအခါယောနအားနေပူရှိန်မှသက်သာ စေရန် ထာဝရအရှင်ဘုရားသခင်သည် ကြက်ဆူပင်တစ်ပင်ကိုပေါက်စေပြီးလျှင် ယောန၏အပေါ်သို့အရိပ်ကျစေတော် မူ၏။ ယောနသည်ထိုအပင်ပေါက်လာသည့် အတွက်အလွန်ဝမ်းသာလျက်ရှိ၏။-
А Господ Бог заповеди, те узрасте тиква над Јоном да му буде сен над главом да му помогне у муци његовој; и Јона се обрадова тикви веома.
7 ၇ သို့ရာတွင်နောက်တစ်နေ့မိုးသောက်ချိန်၌ ဘုရားသခင်သည်ယောနအရိပ်ခိုနေ သောအပင်ကို ပိုးကောင်တစ်ကောင်အား ကိုက်စေသဖြင့်ထိုအပင်သေလေ၏။-
Потом заповеди Бог, те дође црв у зору сутрадан, и подгризе тикву, те усахну.
8 ၈ နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။
И кад ограну сунце, посла Бог сув источни ветар; и сунце стаде жећи Јону по глави тако да обамираше и пожеле да умре говорећи: Боље ми је умрети него живети.
9 ၉ သို့ရာတွင်ဘုရားသခင်ကယောနအား``ကြက် ဆူပင်တစ်ပင်အတွက်သင်အမျက်ထွက်သင့် သလော'' ဟုမေးတော်မူ၏။ ယောနက``သေချင်အောင်အမျက်ထွက် ပါ၏'' ဟုလျှောက်၏။
А Бог рече Јони: Је ли добро што се срдиш тикве ради? А он рече: Добро је што се срдим до смрти.
10 ၁၀ ထာဝရဘုရားက``သင်သည်သင်ကိုယ်တိုင် မစိုက်မပြုစုရဘဲ တစ်ညချင်းတွင်ပင် ပေါက်ပြီးတစ်ညတွင်းပင်သေသွားသော ကြက်ဆူပင်ကိုနှမြောသည်မဟုတ်လော။-
А Господ му рече: Теби је жао тикве, око које се ниси трудио, и које ниси одгајио, него једну ноћ узрасте а другу ноћ пропаде.
11 ၁၁ ထိုနည်းတူပင်အမှားအမှန်ကိုမဝေခွဲ နိုင်သည့်ကလေးသူငယ်တစ်သိန်းနှစ်သောင်း ကျော်နှင့်တိရစ္ဆာန်အမြောက်အများရှိသော နိနေဝေမြို့ကိုငါပို၍နှမြောသင့်သည် မဟုတ်လော'' ဟုမိန့်တော်မူ၏။ ပရောဖက်ယောန၏ဝတ္ထုပြီး၏။
А мени да не буде жао Ниневије, великог града, у коме има више од сто и двадесет хиљада људи који још не знају шта је десно шта ли лево, и много стоке?