< ယောန 4 >

1 ဤ​သို့​ဖြစ်​ရ​ခြင်း​ကြောင့်​ယော​န​သည်​လွန်​စွာ စိတ်​မ​ကျေ​မ​ချမ်း​ဖြစ်​၍​စိတ်​ဆိုး​သ​ဖြင့်၊-
فَغَمَّ ذَلِكَ يُونَانَ غَمًّا شَدِيدًا، فَٱغْتَاظَ.١
2 ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​ကျွန်ုပ် တိုင်း​ပြည်​မှ​မ​ထွက်​ခွာ​မီ​က​ပင်​ကိုယ်​တော် ဤ​သို့​ပြု​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​ကြို​တင် ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ဤ​အ​ကြောင်း ကြောင့်​အ​ကျွန်ုပ်​သည်​တာ​ရှု​မြို့​သို့​ထွက်​ပြေး ရန်​ကြိုး​စား​ခဲ့​ပါ​၏။ ကိုယ်​တော်​သည်​မေတ္တာ က​ရု​ဏာ​ရှိ​တော်​မူ​သော၊ အ​စဉ်​စိတ်​ရှည် လျက်​အ​ကြင်​နာ​တ​ရား​ရှိ​တော်​မူ​သော၊ အ​ပြစ်​ဒဏ်​ခတ်​သင့်​သော်​လည်း​မ​ခတ်​ဘဲ ချမ်း​သာ​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ ၏။-
وَصَلَّى إِلَى ٱلرَّبِّ وَقَالَ: «آهِ يَارَبُّ، أَلَيْسَ هَذَا كَلَامِي إِذْ كُنْتُ بَعْدُ فِي أَرْضِي؟ لِذَلِكَ بَادَرْتُ إِلَى ٱلْهَرَبِ إِلَى تَرْشِيشَ، لِأَنِّي عَلِمْتُ أَنَّكَ إِلَهٌ رَؤُوفٌ وَرَحِيمٌ بَطِيءُ ٱلْغَضَبِ وَكَثِيرُ ٱلرَّحْمَةِ وَنَادِمٌ عَلَى ٱلشَّرِّ.٢
3 သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​လျှင် အ​ကျွန်ုပ်​အား​သေ​ရ​သော​အ​ခွင့်​ကို​ပေး တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​တွက်​အ​သက်​ရှင် ရ​ခြင်း​ထက်​သေ​ရ​ခြင်း​က​သာ​၍​ကောင်း ပါ​၏'' ဟု​ဆု​တောင်း​လေ​၏။
فَٱلْآنَ يَارَبُّ، خُذْ نَفْسِي مِنِّي، لِأَنَّ مَوْتِي خَيْرٌ مِنْ حَيَاتِي».٣
4 ထာ​ဝ​ရ​ဘု​ရား​က``သင်​ဤ​သို့​အ​မျက် ထွက်​သင့်​သ​လော'' ဟု​မေး​တော်​မူ​၏။
فَقَالَ ٱلرَّبُّ: «هَلِ ٱغْتَظْتَ بِٱلصَّوَابِ؟».٤
5 ထို​နောက်​ယော​န​သည်​မြို့​အ​ရှေ့​ဘက်​သို့ ထွက်​၍ မိ​မိ​အ​တွက်​တဲ​ထိုး​ပြီး​လျှင်​တဲ​၏ အ​ရိပ်​အောက်​တွင်​ထိုင်​လျက် နိ​နေ​ဝေ​မြို့ မည်​သို့​ဖြစ်​မည်​ကို​စောင့်​ကြည့်​နေ​၏။-
وَخَرَجَ يُونَانُ مِنَ ٱلْمَدِينَةِ وَجَلَسَ شَرْقِيَّ ٱلْمَدِينَةِ، وَصَنَعَ لِنَفْسِهِ هُنَاكَ مَظَلَّةً وَجَلَسَ تَحْتَهَا فِي ٱلظِّلِّ، حَتَّى يَرَى مَاذَا يَحْدُثُ فِي ٱلْمَدِينَةِ.٥
6 ထို​အ​ခါ​ယော​န​အား​နေ​ပူ​ရှိန်​မှ​သက်​သာ စေ​ရန် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကြက်​ဆူ​ပင်​တစ်​ပင်​ကို​ပေါက်​စေ​ပြီး​လျှင် ယော​န​၏​အ​ပေါ်​သို့​အ​ရိပ်​ကျ​စေ​တော် မူ​၏။ ယော​န​သည်​ထို​အ​ပင်​ပေါက်​လာ​သည့် အ​တွက်​အ​လွန်​ဝမ်း​သာ​လျက်​ရှိ​၏။-
فَأَعَدَّ ٱلرَّبُّ ٱلإِلَهُ يَقْطِينَةً فَٱرْتَفَعَتْ فَوْقَ يُونَانَ لِتَكُونَ ظِلًّا عَلَى رَأْسِهِ، لِكَيْ يُخَلِّصَهُ مِنْ غَمِّهِ. فَفَرِحَ يُونَانُ مِنْ أَجْلِ ٱلْيَقْطِينَةِ فَرَحًا عَظِيمًا.٦
7 သို့​ရာ​တွင်​နောက်​တစ်​နေ့​မိုး​သောက်​ချိန်​၌ ဘု​ရား​သ​ခင်​သည်​ယော​န​အ​ရိပ်​ခို​နေ သော​အ​ပင်​ကို ပိုး​ကောင်​တစ်​ကောင်​အား ကိုက်​စေ​သ​ဖြင့်​ထို​အ​ပင်​သေ​လေ​၏။-
ثُمَّ أَعَدَّ ٱللهُ دُودَةً عِنْدَ طُلُوعِ ٱلْفَجْرِ في ٱلْغَدِ، فَضَرَبَتِ ٱلْيَقْطِينَةَ فَيَبِسَتْ.٧
8 နေ​ထွက်​လာ​ပြီး​နောက်​ဘု​ရား​သ​ခင်​သည် အ​ရှေ့​လေ​ပူ​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ယော​န သည်​မိ​မိ​ဦး​ခေါင်း​ပေါ်​သို့​ကျ​ရောက်​လာ​သည့် အ​ပူ​ရှိန်​ကြောင့် မေ့​လု​မ​တတ်​ဖြစ်​ပြီး​လျှင် သေ​ချင်​စိတ်​ပေါက်​လာ​၏။ သို့​ဖြစ်​၍​ယော​န က``ငါ့​အ​ဖို့​မှာ​အ​သက်​ရှင်​နေ​ရ​ခြင်း​ထက် သေ​ရ​ခြင်း​က​ပို​၍​ကောင်း​လိမ့်​ဦး​မည်'' ဟု မြည်​တမ်း​၏။
وَحَدَثَ عِنْدَ طُلُوعِ ٱلشَّمْسِ أَنَّ ٱللهَ أَعَدَّ رِيحًا شَرْقِيَّةً حَارَّةً، فَضَرَبَتِ ٱلشَّمْسُ عَلَى رَأْسِ يُونَانَ فَذَبُلَ. فَطَلَبَ لِنَفْسِهِ ٱلْمَوْتَ، وَقَالَ: «مَوْتِي خَيْرٌ مِنْ حَيَاتِي».٨
9 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က​ယော​န​အား``ကြက် ဆူ​ပင်​တစ်​ပင်​အ​တွက်​သင်​အ​မျက်​ထွက်​သင့် သ​လော'' ဟု​မေး​တော်​မူ​၏။ ယော​န​က``သေ​ချင်​အောင်​အ​မျက်​ထွက် ပါ​၏'' ဟု​လျှောက်​၏။
فَقَالَ ٱللهُ لِيُونَانَ: «هَلِ ٱغْتَظْتَ بِٱلصَّوَابِ مِنْ أَجْلِ ٱلْيَقْطِينَةِ؟» فَقَالَ: «ٱغْتَظْتُ بِٱلصَّوَابِ حَتَّى ٱلْمَوْتِ».٩
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​သင်​ကိုယ်​တိုင် မ​စိုက်​မ​ပြု​စု​ရ​ဘဲ တစ်​ည​ချင်း​တွင်​ပင် ပေါက်​ပြီး​တစ်​ည​တွင်း​ပင်​သေ​သွား​သော ကြက်​ဆူ​ပင်​ကို​နှ​မြော​သည်​မ​ဟုတ်​လော။-
فَقَالَ ٱلرَّبُّ: «أَنْتَ شَفِقْتَ عَلَى ٱلْيَقْطِينَةِ ٱلَّتِي لَمْ تَتْعَبْ فِيهَا وَلَا رَبَّيْتَهَا، ٱلَّتِي بِنْتَ لَيْلَةٍ كَانَتْ وَبِنْتَ لَيْلَةٍ هَلَكَتْ.١٠
11 ၁၁ ထို​နည်း​တူ​ပင်​အ​မှား​အ​မှန်​ကို​မ​ဝေ​ခွဲ နိုင်​သည့်​က​လေး​သူ​ငယ်​တစ်​သိန်း​နှစ်​သောင်း ကျော်​နှင့်​တိ​ရစ္ဆာန်​အ​မြောက်​အ​များ​ရှိ​သော နိ​နေ​ဝေ​မြို့​ကို​ငါ​ပို​၍​နှ​မြော​သင့်​သည် မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​န​၏​ဝတ္ထု​ပြီး​၏။
أَفَلَا أَشْفَقُ أَنَا عَلَى نِينَوَى ٱلْمَدِينَةِ ٱلْعَظِيمَةِ ٱلَّتِي يُوجَدُ فِيهَا أَكْثَرُ مِنِ ٱثْنَتَيْ عَشَرَةَ رِبْوَةً مِنَ ٱلنَّاسِ ٱلَّذِينَ لَا يَعْرِفُونَ يَمِينَهُمْ مِنْ شِمَالِهِمْ، وَبَهَائِمُ كَثِيرَةٌ؟».١١

< ယောန 4 >