< ယောန 3 >
1 ၁ ထိုနောက်ထာဝရဘုရားသည်ယောနအား``ထ လော့၊ နိနေဝေမြို့ကြီးသို့သွားလော့။ ငါမှာ သည့်အတိုင်းမြို့သူမြို့သားတို့အားသတိ ပေးလော့'' ဟုဒုတိယအကြိမ်အမိန့်ပေး တော်မူ၏။-
耶和華的話二次臨到約拿說:
「你起來!往尼尼微大城去,向其中的居民宣告我所吩咐你的話。」
3 ၃ သို့ဖြစ်၍ယောနသည်ထာဝရဘုရား၏ အမိန့်တော်ကိုနာခံ၍နိနေဝေမြို့ကို သွား၏။ နိနေဝေမြို့သည်အလွန်ကြီးရ ကားထိုမြို့ကိုတစ်ဘက်မှတစ်ဘက်သို့ ဖြတ်လျှောက်လျှင်သုံးရက်ခရီးကြာ၏။-
約拿便照耶和華的話起來,往尼尼微去。這尼尼微是極大的城,有三日的路程。
4 ၄ ယောနသည်နိနေဝေမြို့သို့ရောက်၍မြို့တွင်း သို့တစ်နေ့ခရီးဝင်ပြီးနောက်``နိနေဝေမြို့ သည်အရက်လေးဆယ်ကြာသောအခါ ပျက်လိမ့်မည်'' ဟုကြေညာလေ၏။
約拿進城走了一日,宣告說:「再等四十日,尼尼微必傾覆了!」
5 ၅ နိနေဝေမြို့သူမြို့သားတို့သည်ဘုရားသခင်၏အမိန့်တော်ကိုယုံကြ၏။ သို့ဖြစ်၍ နောင်တရသည့်လက္ခဏာဖြင့်ဂုဏ်ရှိဂုဏ်မဲ့ တစ်ယောက်မကျန်အစာရှောင်၍လျှော်တေ ကိုဝတ်ကြရန်ဆုံးဖြတ်ကြ၏။
尼尼微人信服上帝,便宣告禁食,從最大的到至小的都穿麻衣。
6 ၆ ထိုကြေညာချက်ကိုနိနေဝေမင်းကြား တော်မူသောအခါ ရာဇပလ္လင်ပေါ်မှထ၍ ဝတ်လဲတော်ကိုချွတ်ပြီးလျှင်လျှော်တေကို ဝတ်တော်မူ၏။ ထိုနောက်ပြာထဲတွင်ထိုင် နေတော်မူ၏။-
這信息傳到尼尼微王的耳中,他就下了寶座,脫下朝服,披上麻布,坐在灰中。
7 ၇ ထိုနောက်နိနေဝေဘုရင်သည်နိနေဝေမြို့ သူမြို့သားတို့သိကြစေရန်အမိန့်တော် ကိုထုတ်ပြန်လိုက်၏။ ထုတ်ပြန်ချက်မှာ``ဤ အမိန့်ကားဘုရင်နှင့်မှူးမတ်များထံမှ ဖြစ်၏။ အဘယ်သူမျှအစားအစာမစားရ၊ လူအားလုံးနှင့်တိရစ္ဆာန်အားလုံးတို့သည် အစာမစားရ၊ ရေမသောက်ရ။-
他又使人遍告尼尼微通城,說:「王和大臣有令,人不可嘗甚麼,牲畜、牛羊不可吃草,也不可喝水。
8 ၈ လူနှင့်တိရစ္ဆာန်အပေါင်းတို့သည်လျှော်တေ ကိုဝတ်ရကြမည်။ လူတိုင်းပင်စိတ်အားထက် သန်စွာဘုရားသခင်ထံဆုတောင်းရမည်။ ထို့ပြင်မိမိတို့၏မကောင်းမှုများနှင့်အဋ္ဌမ္မ မှုများကိုစွန့်ပစ်ရကြမည်။-
人與牲畜都當披上麻布;人要切切求告上帝。各人回頭離開所行的惡道,丟棄手中的強暴。
9 ၉ သို့မှသာဘုရားသခင်၏စိတ်တော်ပြောင်း လဲကောင်းပြောင်းလဲလိမ့်မည်။ အမျက်တော် ပြေကောင်းပြေလိမ့်မည်။ ငါတို့သည်လည်း အသက်ချမ်းသာရာရနိုင်မည်'' ဟူ၍ဖြစ်၏။
或者上帝轉意後悔,不發烈怒,使我們不致滅亡,也未可知。」
10 ၁၀ ဘုရားသခင်သည်ထိုသူတို့၏ပြုမူပုံ ကိုလည်းကောင်း၊ မကောင်းမှုများကိုစွန့် ပယ်လိုက်ပုံကိုလည်းကောင်းမြင်တော်မူ သောအခါ စိတ်တော်ပြောင်းလဲလျက်မိန့် မြွက်တော်မူသည့်အတိုင်းသူတို့အား ဒဏ်ခတ်တော်မမူတော့ပေ။
於是上帝察看他們的行為,見他們離開惡道,他就後悔,不把所說的災禍降與他們了。