< ယောန 2 >
1 ၁ ထိုနောက်ယောနသည်ငါးကြီး၏ဝမ်းဗိုက် တွင်းမှနေ၍ မိမိ၏ဘုရားသခင်ထာဝရ ဘုရားအား၊
Kisha Yona akamwomba Bwana Mungu wake kutoka katika tumbo la samaki.
2 ၂ ``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ဘေးနှင့်ကြုံတွေ့နေရသည့်အတွက် ကိုယ်တော်အားဟစ်ခေါ်ခဲ့ပါသည်။ ကိုယ်တော်ကလည်းကြားတော်မူပါ၏။ အကျွန်ုပ်သည်သေမင်း၏ခံတွင်းမှနေ၍ ကိုယ်တော်အားဟစ်အော်သံကိုကိုယ်တော် ကြားတော်မူပါ၏။ (Sheol )
Akasema, Nimemwita Bwana juu ya shida yangu naye akanijibu; kutoka tumbo la Kuzimu nililia kwa msaada! Uliisikia sauti yangu. (Sheol )
3 ၃ ကိုယ်တော်သည်အကျွန်ုပ်အားနက်ရှိုင်းသော ပင်လယ်ထဲသို့လည်းကောင်း၊ ပင်လယ်အောက်ဆုံးပိုင်းတိုင်အောင်လည်းကောင်း ပစ်ချလိုက်သဖြင့်၊ အကျွန်ုပ်မှာပင်လယ်ရေပတ်လည် ဝိုင်းရံခြင်းကိုခံလျက် ကိုယ်တော်၏လှိုင်းလုံးကြီးများသည် အကျွန်ုပ်ကိုလွှမ်းမိုးသွားပါသည်။
Ulikuwa umenitupa ndani ya kina, ndani ya moyo wa bahari, na maji yaliyonizunguka; mawimbi yako yote na gharika yalipita juu yangu.
4 ၄ အကျွန်ုပ်သည်ကိုယ်တော်၏မျက်မှောက်မှ နှင်ထုတ်ခြင်းကိုခံရသဖြင့်၊ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန် တော်ကို အဘယ်အခါ၌မျှတွေ့မြင်ရတော့မည် မဟုတ်ဟုထင်မှတ်ခဲ့ပါ၏။
Nikasema, 'Nimefukuzwa mbele ya macho yako; lakini nitaangalia tena juu ya hekalu lako takatifu. '
5 ၅ ရေသည်အကျွန်ုပ်ကိုဝိုင်းရံသဖြင့်အကျွန်ုပ် သည် အသက်ရှူ၍ပင်မရတော့ပါ။ ပင်လယ်ရေသည်အကျွန်ုပ်အားလွှမ်းမိုးလျက်၊ ပင်လယ်ဒိုက်ပင်တို့သည်လည်း အကျွန်ုပ်၏ဦးခေါင်းကိုရစ်ပတ်ကြပါ၏။
Maji yalifunika kunizunguka karibu na shingo yangu; kina kilinizunguka; mwani ukakizinga kichwa changu.
6 ၆ အကျွန်ုပ်သည်တောင်များ၏အောက်ခြေသို့ တိုင်အောင်လည်းကောင်း၊ ပြန်လမ်းမရှိသည့်မရဏာနိုင်ငံသို့ လည်းကောင်း နစ်မြုပ်သွားပါသည်။ သို့ဖြစ်လျက်ပင်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏အသက်ကို နက်ရာမှ ကယ်ဆယ်တော်မူခဲ့ပါ၏။
Nilikwenda chini ya milima; nchi na baa zake zimefungwa juu yangu milele. Lakini wewe umeinua uhai wangu shimoni, Bwana, Mungu wangu!
7 ၇ အကျွန်ုပ်သည်သေအံ့ဆဲဆဲအချိန်တွင် အို ထာဝရဘုရား၊ ကိုယ်တော်၏ထံတော်သို့ဆုတောင်းခဲ့ပါ၏။ ကိုယ်တော်သည်လည်းကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်မှ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသံကိုကြားတော်မူပါ၏။
Wakati nafsi yangu ilipozimia ndani yangu, nikamwita Bwana; basi sala yangu ilikujia, katika hekalu lako takatifu.
8 ၈ အချည်းနှီးဖြစ်သောရုပ်တုများကို ကိုးကွယ်သူတို့သည်ကိုယ်တော်၏အပေါ်တွင် သစ္စာမဲ့ကြပါ၏။
Wote ambao huzingatia miungu isiyofaa hukataa uaminifu wako wao wenyewe.
9 ၉ သို့ရာတွင်အကျွန်ုပ်တို့သည်အရှင်၏ ဂုဏ်တော်ကိုချီးကူးပါမည်။ ကိုယ်တော်အားယဇ်ပူဇော်ပါမည်။ ထို့ပြင်အကျွန်ုပ်ပြုခဲ့သည့်သစ္စာကတိ အတိုင်း လိုက်နာပါမည်။ အကြောင်းမှာကယ်တင်ခြင်းအမှုသည် ထာဝရဘုရားထံတော်မှလာပါသည်'' ဟု ဆုတောင်းပတ္ထနာပြုလေ၏။
Lakini mimi, nitakuchinjia kwa sauti ya shukrani; Nitayatimiza yale niliyoapa. Wokovu hutoka kwa Bwana!
10 ၁၀ ထိုအခါထာဝရဘုရားသည်ငါးကြီး အားအမိန့်ပေးသဖြင့် ငါးကြီးသည်ယောန အားကုန်းပေါ်သို့အန်ထုတ်လေ၏။
Kisha Bwana akanena na samaki, akamtapika Yona juu ya nchi kavu.