< ယောန 2 >
1 ၁ ထိုနောက်ယောနသည်ငါးကြီး၏ဝမ်းဗိုက် တွင်းမှနေ၍ မိမိ၏ဘုရားသခင်ထာဝရ ဘုရားအား၊
Et oravit Ionas ad Dominum Deum suum de ventre piscis.
2 ၂ ``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ဘေးနှင့်ကြုံတွေ့နေရသည့်အတွက် ကိုယ်တော်အားဟစ်ခေါ်ခဲ့ပါသည်။ ကိုယ်တော်ကလည်းကြားတော်မူပါ၏။ အကျွန်ုပ်သည်သေမင်း၏ခံတွင်းမှနေ၍ ကိုယ်တော်အားဟစ်အော်သံကိုကိုယ်တော် ကြားတော်မူပါ၏။ (Sheol )
Et dixit: Clamavi de tribulatione mea ad Dominum, et exaudivit me: de ventre inferi clamavi, et exaudisti vocem meam. (Sheol )
3 ၃ ကိုယ်တော်သည်အကျွန်ုပ်အားနက်ရှိုင်းသော ပင်လယ်ထဲသို့လည်းကောင်း၊ ပင်လယ်အောက်ဆုံးပိုင်းတိုင်အောင်လည်းကောင်း ပစ်ချလိုက်သဖြင့်၊ အကျွန်ုပ်မှာပင်လယ်ရေပတ်လည် ဝိုင်းရံခြင်းကိုခံလျက် ကိုယ်တော်၏လှိုင်းလုံးကြီးများသည် အကျွန်ုပ်ကိုလွှမ်းမိုးသွားပါသည်။
Et proiecisti me in profundum in corde maris, et flumen circumdedit me: omnes gurgites tui, et fluctus tui super me transierunt.
4 ၄ အကျွန်ုပ်သည်ကိုယ်တော်၏မျက်မှောက်မှ နှင်ထုတ်ခြင်းကိုခံရသဖြင့်၊ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန် တော်ကို အဘယ်အခါ၌မျှတွေ့မြင်ရတော့မည် မဟုတ်ဟုထင်မှတ်ခဲ့ပါ၏။
Et ego dixi: Abiectus sum a conspectu oculorum tuorum: verumtamen rursus videbo templum sanctum tuum.
5 ၅ ရေသည်အကျွန်ုပ်ကိုဝိုင်းရံသဖြင့်အကျွန်ုပ် သည် အသက်ရှူ၍ပင်မရတော့ပါ။ ပင်လယ်ရေသည်အကျွန်ုပ်အားလွှမ်းမိုးလျက်၊ ပင်လယ်ဒိုက်ပင်တို့သည်လည်း အကျွန်ုပ်၏ဦးခေါင်းကိုရစ်ပတ်ကြပါ၏။
Circumdederunt me aquæ usque ad animam: abyssus vallavit me, pelagus operuit caput meum.
6 ၆ အကျွန်ုပ်သည်တောင်များ၏အောက်ခြေသို့ တိုင်အောင်လည်းကောင်း၊ ပြန်လမ်းမရှိသည့်မရဏာနိုင်ငံသို့ လည်းကောင်း နစ်မြုပ်သွားပါသည်။ သို့ဖြစ်လျက်ပင်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏အသက်ကို နက်ရာမှ ကယ်ဆယ်တော်မူခဲ့ပါ၏။
Ad extrema montium descendi: terræ vectes concluserunt me in æternum: et sublevabis de corruptione vitam meam, Domine Deus meus.
7 ၇ အကျွန်ုပ်သည်သေအံ့ဆဲဆဲအချိန်တွင် အို ထာဝရဘုရား၊ ကိုယ်တော်၏ထံတော်သို့ဆုတောင်းခဲ့ပါ၏။ ကိုယ်တော်သည်လည်းကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်မှ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသံကိုကြားတော်မူပါ၏။
Cum angustiaretur in me anima mea, Domini recordatus sum: ut veniat ad te oratio mea ad templum sanctum tuum.
8 ၈ အချည်းနှီးဖြစ်သောရုပ်တုများကို ကိုးကွယ်သူတို့သည်ကိုယ်တော်၏အပေါ်တွင် သစ္စာမဲ့ကြပါ၏။
Qui custodiunt vanitates frustra, misericordiam suam derelinquunt.
9 ၉ သို့ရာတွင်အကျွန်ုပ်တို့သည်အရှင်၏ ဂုဏ်တော်ကိုချီးကူးပါမည်။ ကိုယ်တော်အားယဇ်ပူဇော်ပါမည်။ ထို့ပြင်အကျွန်ုပ်ပြုခဲ့သည့်သစ္စာကတိ အတိုင်း လိုက်နာပါမည်။ အကြောင်းမှာကယ်တင်ခြင်းအမှုသည် ထာဝရဘုရားထံတော်မှလာပါသည်'' ဟု ဆုတောင်းပတ္ထနာပြုလေ၏။
Ego autem in voce laudis immolabo tibi: quæcumque vovi, reddam pro salute Domino.
10 ၁၀ ထိုအခါထာဝရဘုရားသည်ငါးကြီး အားအမိန့်ပေးသဖြင့် ငါးကြီးသည်ယောန အားကုန်းပေါ်သို့အန်ထုတ်လေ၏။
Et dixit Dominus pisci: et evomuit Ionam in aridam.