< ယောန 2 >

1 ထို​နောက်​ယော​န​သည်​ငါး​ကြီး​၏​ဝမ်း​ဗိုက် တွင်း​မှ​နေ​၍ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား၊
And Jonas prayed to the Lord his God out of the belly of the fish.
2 ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ဘေး​နှင့်​ကြုံ​တွေ့​နေ​ရ​သည့်​အ​တွက် ကိုယ်​တော်​အား​ဟစ်​ခေါ်​ခဲ့​ပါ​သည်။ ကိုယ်​တော်​က​လည်း​ကြား​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​သည်​သေ​မင်း​၏​ခံ​တွင်း​မှ​နေ​၍ ကိုယ်​တော်​အား​ဟစ်​အော်​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​ပါ​၏။ (Sheol h7585)
And he said: I cried out of my affliction to the Lord, and he heard me: I cried out of the belly of hell, and thou hast heard my voice. (Sheol h7585)
3 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နက်​ရှိုင်း​သော ပင်​လယ်​ထဲ​သို့​လည်း​ကောင်း၊ ပင်​လယ်​အောက်​ဆုံး​ပိုင်း​တိုင်​အောင်​လည်း​ကောင်း ပစ်​ချ​လိုက်​သ​ဖြင့်၊ အ​ကျွန်ုပ်​မှာ​ပင်​လယ်​ရေ​ပတ်​လည် ဝိုင်း​ရံ​ခြင်း​ကို​ခံ​လျက် ကိုယ်​တော်​၏​လှိုင်း​လုံး​ကြီး​များ​သည် အ​ကျွန်ုပ်​ကို​လွှမ်း​မိုး​သွား​ပါ​သည်။
And thou hast cast me forth into the deep in the heart of the sea, and a flood hath compassed me: all thy billows, and thy waves have passed over me.
4 အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​မျက်​မှောက်​မှ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​သ​ဖြင့်၊ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​ကို အ​ဘယ်​အ​ခါ​၌​မျှ​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်​ဟု​ထင်​မှတ်​ခဲ့​ပါ​၏။
And I said: I am cast away out of the sight of thy eyes: but yet I shall see thy holy temple again.
5 ရေ​သည်​အ​ကျွန်ုပ်​ကို​ဝိုင်း​ရံ​သ​ဖြင့်​အ​ကျွန်ုပ် သည် အ​သက်​ရှူ​၍​ပင်​မ​ရ​တော့​ပါ။ ပင်​လယ်​ရေ​သည်​အ​ကျွန်ုပ်​အား​လွှမ်း​မိုး​လျက်၊ ပင်​လယ်​ဒိုက်​ပင်​တို့​သည်​လည်း အ​ကျွန်ုပ်​၏​ဦး​ခေါင်း​ကို​ရစ်​ပတ်​ကြ​ပါ​၏။
The waters compassed me about even to the soul: the deep hath closed me round about, the sea hath covered my head.
6 အ​ကျွန်ုပ်​သည်​တောင်​များ​၏​အောက်​ခြေ​သို့ တိုင်​အောင်​လည်း​ကောင်း၊ ပြန်​လမ်း​မ​ရှိ​သည့်​မ​ရ​ဏာ​နိုင်​ငံ​သို့ လည်း​ကောင်း နစ်​မြုပ်​သွား​ပါ​သည်။ သို့​ဖြစ်​လျက်​ပင်​အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​အ​သက်​ကို နက်​ရာ​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​ပါ​၏။
I went down to the lowest parts of the mountains: the bars of the earth have shut me up for ever: and thou wilt bring up my life from corruption, O Lord my God.
7 အ​ကျွန်ုပ်​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ထံ​တော်​သို့​ဆု​တောင်း​ခဲ့​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​မှ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​သံ​ကို​ကြား​တော်​မူ​ပါ​၏။
When my soul was in distress within me, I remembered the Lord: that my prayer may come to thee, unto thy holy temple.
8 အ​ချည်း​နှီး​ဖြစ်​သော​ရုပ်​တု​များ​ကို ကိုး​ကွယ်​သူ​တို့​သည်​ကိုယ်​တော်​၏​အ​ပေါ်​တွင် သစ္စာ​မဲ့​ကြ​ပါ​၏။
They that are vain observe vanities, forsake their own mercy.
9 သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ပါ​မည်။ ကိုယ်​တော်​အား​ယဇ်​ပူ​ဇော်​ပါ​မည်။ ထို့​ပြင်​အ​ကျွန်ုပ်​ပြု​ခဲ့​သည့်​သစ္စာ​က​တိ အ​တိုင်း လိုက်​နာ​ပါ​မည်။ အ​ကြောင်း​မှာ​ကယ်​တင်​ခြင်း​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လာ​ပါ​သည်'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။
But I with the voice of praise will sacrifice to thee: I will pay whatsoever I have vowed for my salvation to the Lord.
10 ၁၀ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါး​ကြီး အား​အ​မိန့်​ပေး​သ​ဖြင့် ငါး​ကြီး​သည်​ယော​န အား​ကုန်း​ပေါ်​သို့​အန်​ထုတ်​လေ​၏။
And the Lord spoke to the fish: and it vomited out Jonas upon the dry land.

< ယောန 2 >