< ယောန 1 >
1 ၁ တစ်နေ့သ၌အမိတ္တဲ၏သားယောနအား ထာဝရဘုရားအမိန့်ပေးတော်မူ၏။-
Shoko raJehovha rakasvika kuna Jona mwanakomana waAmitai, richiti,
2 ၂ ကိုယ်တော်က``သင်သည်နိနေဝေမြို့ကြီးသို့သွား၍သတိပေးလော့။ ထိုမြို့သူမြို့သားတို့သည်အလွန်ဆိုးယုတ်ကြကြောင်းကိုငါသိတော်မူပြီ'' ဟုမိန့်တော်မူ၏။-
“Enda kuguta guru reNinevhe undoriparidzira, nokuti kuipa kwaro kwasvika pamberi pangu.”
3 ၃ သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
Asi Jona akatiza kubva pamberi paJehovha akananga kuTashishi. Akaburuka akaenda kuJopa, kwaakawana chikepe chaienda ikoko. Mushure mokubvisa mari yokufambisa, akakwidza ndokuenda kuTashishi kuti atize kubva kuna Jehovha.
4 ၄ သင်္ဘောသည်ပင်လယ်တွင်းသို့ရောက်သွားသောအခါ ထာဝရဘုရားသည်လေပြင်းမုန်တိုင်းကြီးကိုတိုက်ခတ်စေတော်မူ၏။ ထိုလေမုန်တိုင်းကြီးသည်လွန်စွာပြင်းထန်လှသဖြင့်သင်္ဘောသည်ပျက်လုမတတ်ရှိလေ၏။-
Ipapo Jehovha akatuma mhepo huru pagungwa, uye dutu raipenga kwazvo rikamuka zvokuti chikepe chakada kutsemuka-tsemuka.
5 ၅ သင်္ဘောသားတို့သည်ကြောက်လန့်လျက် မိမိတို့ယုံကြည်ကြသောဘုရားများထံသို့သူတို့အား ကယ်တင်ပါရန်ဆုတောင်းကြ၏။ ထိုနောက်သင်္ဘောဝန်ပေါ့စေရန် ကုန်စည်များကိုရေထဲသို့ပစ်ချကြ၏။ ထိုအချိန်တွင်ယောနသည်သင်္ဘောဝမ်းထဲသို့ဆင်း၍အိပ်ပျော်လျက်နေ၏။
Vafambisi vose vechikepe vakatya uye mumwe nomumwe akachema kuna mwari wake. Vakakanda nhumbi mugungwa kuti chikepe chireruke. Asi Jona akanga aenda pasi mukati mechikepe maakasvikovata uye akakotsira hope huru.
6 ၆ ထိုအခါသင်္ဘောသူကြီးသည် သူ့ထံလာပြီးသူ့အား``သင်သည်အဘယ်ကြောင့်အိပ်နေပါသနည်း။ ထလော့၊ သင်၏ဘုရားထံတွင် ငါတို့ကိုကယ်တင်ရန်ဆုတောင်းလော့။ ထိုအရှင်သည်ငါတို့အားသနား၍ငါတို့ကိုကယ်တင်ကောင်းကယ်တင်တော်မူပါလိမ့်မည်'' ဟုဆို၏။
Mukuru wavachairi akaenda kwaari akati, “Ungarare sei iwe? Muka udane kuna mwari wako! Zvimwe angatirangarira tikasaparara.”
7 ၇ ထိုနောက်သင်္ဘောသားတို့က``ငါတို့ဤကဲ့သို့ဘေးဒုက္ခရောက်ရသည်မှာ အဘယ်သူ၏အပြစ်ကြောင့်ဖြစ်သည်ကိုသိရအောင်မဲချကြကုန်အံ့'' ဟုအချင်းချင်းပြောဆိုကြ၏။ သူတို့မဲချကြသောအခါယောနမဲကျလေ၏။-
Ipapo vafambisi vechikepe vakati kuno mumwe nomumwe, “Uyai, tikande mijenya kuti tione kuti ndiani aita kuti tiwirwe nenjodzi iyi.” Vakakanda mijenya, mijenya ikawira pana Jona.
8 ၈ သို့ဖြစ်၍သူတို့က``ဤကဲ့သို့ဘေးဒုက္ခရောက်ရသည်မှာ အဘယ်သူ၏အပြစ်ကြောင့်နည်း။ ငါတို့အားပြောပြပါ။ သင်သည်အဘယ်ကိစ္စဖြင့်ဤသင်္ဘောပေါ်သို့ရောက်နေပါသနည်း။ အဘယ်ပြည်မှလာပါသနည်း။ အဘယ်အမျိုးသားဖြစ်ပါသနည်း'' ဟုယောနအားမေးကြ၏။
Saka vakamubvunza vakati, “Tiudze, ndiani aita kuti matambudziko ose aya atiwire? Unoita basa reiko? Unobvepiko? Nyika yako inonzi ani? Uri worudzi rupi?”
9 ၉ ယောနက``ငါသည်ဟေဗြဲအမျိုးသားဖြစ်၏။ ကုန်းမြေနှင့်ပင်လယ်ကိုဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ထာဝရဘုရားကိုကိုးကွယ်သူဖြစ်သည်'' ဟုဖြေကြား၏။-
Akapindura akati, “Ndiri muHebheru, uye ndinonamata Jehovha, Mwari wokudenga, akaita gungwa nenyika.”
10 ၁၀ ထိုနောက်ဆက်လက်၍မိမိသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးတိမ်းရှောင်လာသူဖြစ်ကြောင်းကိုလည်းထိုသူတို့အားပြောပြ၏။ သင်္ဘောသားတို့သည်ကြောက်လန့်ကြကုန်လျက် ``သင်ပြုသည့်အမှုသည်ထိတ်လန့်ဖွယ်ကောင်းလှပါသည်တကား'' ဟုဆိုကြ၏။-
Izvi zvakavatyisa uye vakabvunza vakati, “Watadzeiko?” (Vaiziva kuti aitiza kubva pamberi paJehovha, nokuti akanga atovaudza kudaro.)
11 ၁၁ ထိုအခိုက်တွင်လေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပိုမိုပြင်းထန်၍လာ၏။ သို့ဖြစ်၍သင်္ဘောသားတို့က``လေမုန်တိုင်းရပ်စဲသွားစေရန်ငါတို့သည် သင့်အားအဘယ်သို့ပြုသင့်ပါသနည်း'' ဟုယောနအားမေးကြ၏။
Gungwa rakanga rotonyanya kupenga. Saka vakamubvunza vakati, “Ko, tinofanira kuitei kwauri kuti gungwa ritidzikamire?”
12 ၁၂ ယောနက``ငါ့ကိုပင်လယ်ထဲသို့ပစ်ချကြလော့။ သို့ပြုလျှင်လေမုန်တိုင်းသည်ငြိမ်သွားလိမ့်မည်။ သင်တို့လေပြင်းမုန်တိုင်းမိရကြသည်မှာငါ၏အပြစ်ကြောင့်ဖြစ်ကြောင်းငါသိပါ၏'' ဟုဖြေ၏။
Akapindura achiti, “Ndisimudzei mundikande mugungwa, ipapo richanyarara. Ndinoziva kuti mhosva yangu ndiyo yaita kuti dutu guru iri rikuwirei.”
13 ၁၃ သို့ရာတွင်သင်္ဘောသားတို့သည်ယောနအားပင်လယ်ထဲသို့ပစ်ချမည့်အစား သင်္ဘောကိုကမ်းဘက်သို့ရောက်ရန်အစွမ်းကုန်ကြိုးစားလှော်ခတ်ကြ၏။ သို့သော်လည်းလေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပြင်းထန်၍လာသဖြင့် သူတို့သည်အဘယ်သို့မျှမတတ်နိုင်ကြတော့ချေ။-
Pachinzvimbo chaizvozvo varume vakaedza napavaigona napo kuti vadzokere kunyika. Asi vakakoniwa, nokuti gungwa rakatonyanyisa kupenga kupfuura zvapakutanga.
14 ၁၄ ထိုအခါသင်္ဘောသားများကထာဝရဘုရားအား``အို ထာဝရဘုရား၊ ဤသူအသက်ဆုံးရှုံးရသည့်အတွက် အကျွန်ုပ်တို့အားသေဒဏ်ခတ်တော်မမူပါရန်ပန်ကြားပါ၏။ အို ထာဝရဘုရား၊ ဤအမှုသည်အလိုတော်အရကိုယ်တော်တိုင်ပြုတော်မူသောအမှုဖြစ်ပါ၏'' ဟုဟစ်အော်လျှောက်ထားကြ၏။-
Ipapo vakachema kuna Jehovha vakati, “Haiwa Jehovha, tapota musatiuraya nemhaka youpenyu hwomunhu uyu. Musatipa mhosva yokuuraya munhu asina mhaka, nokuti, iyemi Jehovha maita sokuda kwenyu.”
15 ၁၅ ထိုနောက်သူတို့သည်ယောနကိုပွေ့ချီ၍ပင်လယ်ထဲသို့ပစ်ချလိုက်ကြ၏။ ထိုအခါချက်ချင်းပင် ပင်လယ်သည်ငြိမ်သက်သွား၏။-
Ipapo vakatora Jona vakamukanda mugungwa, uye gungwa rikanyarara pakupenga kwaro.
16 ၁၆ ယင်းသို့ငြိမ်သက်သွားသောအခါသင်္ဘောသားတို့သည် ထာဝရဘုရားကိုလွန်စွာကြောက်လန့်လာကြသဖြင့် ယဇ်ပူဇော်ကြပြီးလျှင်ကိုယ်တော်အားသစ္စာကတိပြုကြ၏။
Nokuda kwaizvozvi vakatya Jehovha kwazvo, uye vakabayira Jehovha chibayiro vakaita mhiko kwaari.
17 ၁၇ ထိုနောက်ဘုရားသခင်အမိန့်ပေးသဖြင့်ငါးကြီးတစ်ကောင်သည်ယောနကိုမျိုလေ၏။ ယောနလည်းငါးကြီး၏ဝမ်းဗိုက်တွင်း၌သုံးရက်ပတ်လုံးနေရ၏။
Asi Jehovha akatuma hove huru kuti izomedza Jona, uye Jona akava mudumbu mehove kwamazuva matatu nousiku hutatu.