< ယောဟန် 9 >

1 ကိုယ်​တော်​သည်​လမ်း​လျှောက်​၍​ကြွ​တော်​မူ​စဉ် ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​တစ်​ဦး​ကို​တွေ့​ရှိ တော်​မူ​၏။-
Y PASANDO [Jesús], vió un hombre ciego desde su nacimiento.
2 တ​ပည့်​တော်​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​သူ​မျက်​စိ မ​မြင်​သည်​မှာ​မိ​မိ​၏​အ​ပြစ်​ကြောင့်​လော၊ မိ​ဘ တို့​၏​အ​ပြစ်​ကြောင့်​လော'' ဟု​မေး​လျှောက်​ကြ​၏။
Y preguntáronle sus discípulos, diciendo: Rabbí, ¿quién pecó, éste ó sus padres, para que naciese ciego?
3 သ​ခင်​ယေ​ရှု​က ``သူ​၏​အ​ပြစ်​ကြောင့်​မ​ဟုတ်၊ မိ​ဘ​တို့​၏​အ​ပြစ်​ကြောင့်​လည်း​မ​ဟုတ်။ သူ မျက်​စိ​မ​မြင်​ရ​ခြင်း​မှာ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော် သူ​၌​ထင်​ရှား​လာ​စေ​ရန်​ပင် ဖြစ်​၏။-
Respondió Jesús: Ni éste pecó, ni sus padres: mas para que las obras de Dios se manifiesten en él.
4 ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​မှု တော်​မြတ်​ကို​နေ့​အ​ချိန်​၌​ငါ​တို့​လုပ်​ဆောင် ကြ​ရ​မည်။ အ​ဘယ်​သူ​မျှ​မ​လုပ်​ဆောင်​နိုင် သည့်​ညဥ့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။-
Conviéneme obrar las obras del que me envió, entre tanto que el día dura: la noche viene, cuando nadie puede obrar.
5 ငါ​သည်​ဤ​လော​က​မှာ​ရှိ​နေ​စဉ်​လော​က ၏​အ​လင်း​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
Entre tanto que estuviere en el mundo, luz soy del mundo.
6 ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် မြေ​ပေါ်​သို့​တံ​တွေး​ထွေး​၍​ရွှံ့​ပြု​လုပ်​တော် မူ​၏။ မျက်​မ​မြင်​၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး​၍၊-
Esto dicho, escupió en tierra, é hizo lodo con la saliva, y untó con el lodo sobre los ojos del ciego,
7 ``သွား​လော့၊ ရှိ​လောင်​ရေ​ကန်​တွင် ဆေး​လော့'' ဟု မိန့်​တော်​မူ​၏။ (ရှိ​လောင်​၏​အ​နက်​ကား ``စေ​လွှတ် သည်'' ဟု​ဆို​လို​သ​တည်း။) ထို​သူ​သည်​သွား​၍ မျက်​စိ​ကို​ဆေး​ပြီး​နောက်​မျက်​စိ​မြင်​လျက် ပြန်​လာ​၏။
Y díjole: Ve, lávate en el estanque de Siloé (que significa, si [lo] interpretares, Enviado). Y fué entonces, y lavóse, y volvió viendo.
8 သူ​သည်​သူ​တောင်း​စား​ဖြစ်​သ​ဖြင့်​ယ​ခင်​က သူ့​ကို​မြင်​ဖူး​သူ​များ​နှင့်​အိမ်​နီး​ချင်း​များ က ``ဤ​သူ​သည်​ထိုင်​၍​ကြေး​ငွေ​တောင်း​ခံ​လေ့ ရှိ​သူ​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။
Entonces los vecinos, y los que antes le habían visto que era ciego, decían: ¿No es éste el que se sentaba y mendigaba?
9 လူ​အ​ချို့​တို့​က ``ဟုတ်​ပါ​သည်'' ဟူ​၍​လည်း​ကောင်း၊ အ​ချို့​က ``ထို​သူ​မ​ဟုတ်၊ ထို​လူ​နှင့်​တူ​သူ​ဖြစ်​၏'' ဟူ​၍​လည်း​ကောင်း​ဆို​ကြ​၏။ သူ​ကိုယ်​တိုင်​က​မူ ``အ​ကျွန်ုပ်​သည်​ထို​သူ​ပင်​တည်း'' ဟု​ဆို​၏။
Unos decían: Este es; y otros: A él se parece. El decía: Yo soy.
10 ၁၀ လူ​တို့​က ``သင်​အ​ဘယ်​သို့​မျက်​စိ​မြင်​လာ သ​နည်း'' ဟု​မေး​ကြ​၏။
Y dijéronle: ¿Cómo te fueron abiertos los ojos?
11 ၁၁ ထို​သူ​က ``ယေ​ရှု​ဆို​သူ​သည်​ရွှံ့​အ​နည်း​ငယ်​လုပ် ၍​အ​ကျွန်ုပ်​၏​မျက်​စိ​ကို​လူး​ပြီး​လျှင် အ​ကျွန်ုပ် အား​ရှိ​လောင်​ရေ​ကန်​သို့​သွား​၍​မျက်​စိ​ကို​ဆေး ခိုင်း​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​သွား​၍​ဆေး လိုက်​ရာ မျက်​စိ​မြင်​လာ​ပါ​သည်'' ဟု​ပြန်​ပြော​၏။
Respondió él y dijo: El hombre que se llama Jesús, hizo lodo, y me untó los ojos, y me dijo: Ve al Siloé, y lávate: y fuí, y me lavé, y recibí la vista.
12 ၁၂ လူ​တို့​က ``ထို​သူ​သည်​အ​ဘယ်​မှာ​နည်း'' ဟု မေး​လျှင်၊ သူ​တောင်း​စား​က ``အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​ဆို​၏။
Entonces le dijeron: ¿Dónde está aquél? El dijo: No sé.
13 ၁၃ လူ​တို့​သည်​ယ​ခင်​က​မျက်​မ​မြင်​ဖြစ်​ခဲ့​သူ​ကို ဖာ​ရိ​ရှဲ​တို့​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။-
Llevaron á los Fariseos al que antes había sido ciego.
14 ၁၄ သ​ခင်​ယေ​ရှု​ရွှံ့​ဖြင့်​ပြု​လုပ်​၍​ထို​သူ​ကို​မျက်​စိ မြင်​စေ​တော်​မူ​သော​နေ့​ကား​ဥပုသ်​နေ့​ဖြစ်​သ​တည်း။-
Y era sábado cuando Jesús había hecho el lodo, y le había abierto los ojos.
15 ၁၅ ဖာ​ရိ​ရှဲ​တို့​သည်​ထို​သူ​မျက်​စိ​အ​လင်း​ရ​ရှိ လာ​ပုံ​ကို​မေး​မြန်း​ကြ​၏။ ထို​သူ​က ``သူ​သည် အ​ကျွန်ုပ်​၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး​ပေး​ပါ​၏။ ထို​နောက်​အ​ကျွန်ုပ်​သည်​မျက်​စိ​ကို​ဆေး​လိုက် ရာ​မျက်​စိ​မြင်​လာ​ပါ​သည်'' ဟု​ဆို​၏။
Y volviéronle á preguntar también los Fariseos de qué manera había recibido la vista. Y él les dijo: Púsome lodo sobre los ojos, y me lavé, y veo.
16 ၁၆ အ​ချို့​သော​ဖာ​ရိ​ရှဲ​တို့​က ``ထို​သူ​သည်​ဥ​ပုသ် မ​စောင့်​သ​ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ သူ​မ​ဟုတ်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``အ​ပြစ်​ကူး​သူ​တစ်​စုံ​တစ်​ယောက် သည်​အ​ဘယ်​သို့​လျှင် ဤ​သို့​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ ဤ​သို့​လျှင်​ထို​သူ​တို့​သည် အ​ချင်း​ချင်း​စိတ်​သ​ဘော​ကွဲ​လွဲ​လျက်​နေ ကြ​၏။
Entonces unos de los Fariseos decían: Este hombre no es de Dios, que no guarda el sábado. Otros decían: ¿Cómo puede un hombre pecador hacer estas señales? Y había disensión entre ellos.
17 ၁၇ ထို့​ကြောင့်​ဖာ​ရိ​ရှဲ​တို့​သည် မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး သူ​အား ``သင့်​ကို​မျက်​စိ​မြင်​စေ​သူ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​သ​နည်း'' ဟု​တစ်​ဖန်​မေး​ပြန် ကြ​၏။ ထို​သူ​က ``ပ​ရော​ဖက်​ဖြစ်​ပါ​၏'' ဟု​ဖြေ​ကြား​၏။
Vuelven á decir al ciego: ¿Tú, qué dices del que te abrió los ojos? Y él dijo: Que es profeta.
18 ၁၈ သို့​ရာ​တွင်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ယ​ခင်​က ထို​သူ​မျက်​မ​မြင်​ဖြစ်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ယ​ခု​မျက်​စိ​မြင်​လာ​သည်​ကို​လည်း​ကောင်း မ​ယုံ​သ​ဖြင့် သူ့​မိ​ဘ​တို့​ကို​ခေါ်​၍​မေး​ကြ​၏။-
Mas los Judíos no creían de él, que había sido ciego, y hubiese recibido la vista, hasta que llamaron á los padres del que había recibido la vista;
19 ၁၉ သူ​တို့​က ``ဤ​သူ​သည်​သင်​တို့​၏​သား​လော။ သင် တို့​ပြော​သည်​အ​တိုင်း​ဝမ်း​တွင်း​ပါ​မျက်​မ​မြင် လော။ သို့​မှန်​လျှင်​သူ​သည်​အ​ဘယ်​သို့​ယ​ခု မျက်​စိ​မြင်​သ​နည်း'' ဟု​မေး​ကြ​၏။
Y preguntáronles, diciendo: ¿Es éste vuestro hijo, el que vosotros decís que nació ciego? ¿Cómo, pues, ve ahora?
20 ၂၀ မိ​ဘ​တို့​က ``ဤ​သူ​သည်​အ​ကျွန်ုပ်​တို့​၏ သား​မှန်​ပါ​၏။ ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​ဖြစ် ကြောင်း​လည်း​မှန်​ပါ​၏။-
Respondiéronles sus padres y dijeron: Sabemos que éste es nuestro hijo, y que nació ciego:
21 ၂၁ သို့​ရာ​တွင်​အ​ဘယ်​နည်း​ဖြင့်​သူ့​မျက်​စိ​မြင် လာ​သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ သူ့​အား အဘယ်​သူ​မျက်​စိ​မြင်​စေ​သည်​ကို​လည်း​မ​သိ ပါ။ သူ​သည်​အ​ရွယ်​ရောက်​ပါ​ပြီ။ သူ့​အား​မေး ပါ။ သူ့​အ​ကြောင်း​ကို​သူ​ကိုယ်​တိုင်​ပြော​ပြ နိုင်​ပါ​လိမ့်​မည်'' ဟု​ဖြေ​ကြား​ကြ​၏။-
Mas cómo vea ahora, no sabemos; ó quién le haya abierto los ojos, nosotros no lo sabemos; él tiene edad, preguntadle á él; él hablará de sí.
22 ၂၂ ဤ​သို့​ဖြေ​ကြား​ကြ​ခြင်း​မှာ​ယု​ဒ​အာ​ဏာ ပိုင်​တို့​ကို​ကြောက်​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော် အား​မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​အ​သိ​အ​မှတ်​ပြု သူ​မှန်​သ​မျှ​အား တ​ရား​ဇ​ရပ်​မှ​ထုတ်​ပယ်​ရန် ယု​ဒ​အာ​ဏာ​ပိုင်​တို့​သ​ဘော​တူ​ဆုံး​ဖြတ် ထား​ပြီး​ဖြစ်​သ​တည်း။-
Esto dijeron sus padres, porque tenían miedo de los Judíos: porque ya los Judíos habían resuelto que si alguno confesase ser él el Mesías, fuese fuera de la sinagoga.
23 ၂၃ ထို့​ကြောင့်​မိ​ဘ​တို့​က ``သူ​သည်​အ​ရွယ်​ရောက် ပြီ​ဖြစ်​၍​သူ့​အား​မေး​ပါ'' ဟု​ဆို​ကြ​ခြင်း ဖြစ်​၏။
Por eso dijeron sus padres: Edad tiene, preguntadle á él.
24 ၂၄ ဖာ​ရိ​ရှဲ​တို့​သည်​မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်​ပြီး ``ဘု​ရား​သ​ခင်​ရှေ့ တွင်​ဟုတ်​မှန်​ရာ​ကို​ပြော​ပါ​လော့။ သင့်​အား မျက်​စိ​မြင်​စေ​သော​သူ​သည်​အ​ပြစ်​ကူး​သူ ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏'' ဟု​ဆို​၏။
Así que, volvieron á llamar al hombre que había sido ciego, y dijéronle: Da gloria á Dios: nosotros sabemos que este hombre es pecador.
25 ၂၅ ထို​သူ​က ``ဤ​သူ​သည်​အ​ပြစ်​ကူး​သူ​ဖြစ်​သည် မ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ယ​ခင်​က​မျက်​စိ​ကွယ်​၍​ယ​ခု​မျက်​စိ​မြင်​လာ သည်​ကို​သာ​လျှင်​သိ​ပါ​၏'' ဟု​ပြော​၏။
Entonces él respondió, y dijo: Si es pecador, no lo sé: una cosa sé, que habiendo yo sido ciego, ahora veo.
26 ၂၆ ထို​သူ​တို့​က ``သူ​သည်​သင့်​ကို​မည်​သို့​ပြု သ​နည်း။ အ​ဘယ်​သို့​သင်​၏​မျက်​စိ​ကို​မြင် စေ​သ​နည်း'' ဟု​မေး​ကြ​၏။
Y volviéronle á decir: ¿Qué te hizo? ¿Cómo te abrió los ojos?
27 ၂၇ ထို​သူ​က ``သင်​တို့​အား​အ​ကျွန်ုပ်​တစ်​ကြိမ် ဖော်​ပြ​ပြီး​ပါ​ပြီ။ သင်​တို့​နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ထပ်​၍​ကြား​လို​ကြ​ပါ​သ​နည်း။ သင်​တို့​သည်​လည်း​သူ​၏​တ​ပည့်​ဖြစ်​လို​ကြ ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။
Respondióles: Ya os [lo] he dicho, y no habéis atendido: ¿por qué lo queréis otra vez oir? ¿queréis también vosotros haceros sus discípulos?
28 ၂၈ ထို​သူ​တို့​က​သူ့​အား ``သင်​သာ​လျှင်​သူ့​တ​ပည့် ဖြစ်​၏။ ငါ​တို့​ကား​မော​ရှေ​၏​တ​ပည့်​များ​ဖြစ်​၏။-
Y le ultrajaron, y dijeron: Tú eres su discípulo; pero nosotros discípulos de Moisés somos.
29 ၂၉ ဘု​ရား​သ​ခင်​သည်​မော​ရှေ​အား​ဗျာ​ဒိတ်​ပေး တော်​မူ​ခဲ့​ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ ဤ​သူ သည်​အ​ဘယ်​က​လာ​သည်​ကို​ပင်​ငါ​တို့​မ​သိ ကြ'' ဟု​ဆို​ကြ​၏။
Nosotros sabemos que á Moisés habló Dios: mas éste no sabemos de dónde es.
30 ၃၀ မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​က ``သူ​သည်​အ​ကျွန်ုပ် အား​မျက်​စိ​မြင်​စေ​သူ​ဖြစ်​ပါ​၏။ သို့​ပါ​လျက် သင်​တို့​သည် ထို​သူ​အ​ဘယ်​က​လာ​သည်​ကို မ​သိ​ကြ​သည်​မှာ​အံ့​သြ​ဖွယ်​ကောင်း​လေ​စွ။-
Respondió aquel hombre, y díjoles: Por cierto, maravillosa cosa es ésta, que vosotros no sabéis de dónde sea, y [á mí] me abrió los ojos.
31 ၃၁ ဘု​ရား​သ​ခင်​သည်​အ​ပြစ်​ကူး​သူ​တို့​၏​ဆု တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မ​မူ​ပါ။ ကိုယ် တော်​အား​ကိုင်း​ရှိုင်း​ရို​သေ​လျက်​အ​လို​တော် အ​တိုင်း လုပ်​ဆောင်​သော​သူ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​သာ​နား​ညောင်း​တော်​မူ​ပါ​၏။-
Y sabemos que Dios no oye á los pecadores: mas si alguno es temeroso de Dios, y hace su voluntad, á éste oye.
32 ၃၂ ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​ကို​တစ်​စုံ​တစ်​ယောက် က​မျက်​စိ​မြင်​စေ​နိုင်​သည်​ဟူ​၍ ကမ္ဘာ​ဦး​မှ​စ ၍​အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြား​စ​ဖူး။- (aiōn g165)
Desde el siglo no fué oído, que abriese alguno los ojos de uno que nació ciego. (aiōn g165)
33 ၃၃ ဤ​သူ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ သူ​မ​ဟုတ်​လျှင် အ​ဘယ်​အ​မှု​ကို​မျှ​မ​တတ် နိုင်​ပါ'' ဟု​ဆို​၏။
Si éste no fuera de Dios, no pudiera hacer nada.
34 ၃၄ ထို​သူ​တို့​က ``သင်​သည်​ဝမ်း​တွင်း​ပါ​အ​ပြစ် နှင့်​ကြီး​ပြင်း​လာ​သူ​ဖြစ်​ပါ​လျက် ငါ​တို့​အား သွန်​သင်​နေ​ပါ​သ​လော'' ဟု​ဆို​၍​တ​ရား ဇ​ရပ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။
Respondieron, y dijéronle: En pecados eres nacido todo, ¿y tú nos enseñas? Y echáronle fuera.
35 ၃၅ ဤ​သို့​နှင်​ထုတ်​လိုက်​ကြောင်း​ကို​သ​ခင်​ယေ​ရှု ကြား​တော်​မူ​ပြီး​နောက် ထို​သူ​ကို​တွေ့​တော်​မူ လျှင် ``သင်​သည်​လူ​သား​ကို​ယုံ​ကြည်​ပါ သ​လော'' ဟု​မေး​တော်​မူ​၏။
Oyó Jesús que le habían echado fuera; y hallándole, díjole: ¿Crees tú en el Hijo de Dios?
36 ၃၆ ထို​သူ​က ``အ​ရှင်၊ လူ​သား​ကား​အ​ဘယ်​သူ​ဖြစ် ပါ​သ​နည်း။ အ​ကျွန်ုပ်​ယုံ​နိုင်​ရန်​လူ​သား​သည် မည်​သူ​နည်း'' ဟု​လျှောက်​၏။
Respondió él, y dijo: ¿Quién es, Señor, para que crea en él?
37 ၃၇ သ​ခင်​ယေ​ရှု​က ``သူ့​ကို​သင်​မြင်​ဖူး​၏။ သူ​သည် ကား​ယ​ခု​သင်​နှင့်​စ​ကား​ပြော​နေ​သူ​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။
Y díjole Jesús: Y le has visto, y el que habla contigo, él es.
38 ၃၈ မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​က ``အ​ရှင်၊ အ​ကျွန်ုပ် ယုံ​ကြည်​ပါ​၏'' ဟု​ဆို​၍​ကိုယ်​တော်​အား​ပျပ်​ဝပ် ရှိ​ခိုး​လေ​၏။
Y él dice: Creo, Señor; y adoróle.
39 ၃၉ သ​ခင်​ယေ​ရှု​က ``မျက်​မ​မြင်​တို့​မျက်​စိ​မြင် ကြ​စေ​ရန်​နှင့် မျက်​စိ​မြင်​သူ​တို့​မျက်​စိ​အ​လင်း ကွယ်​ကြ​စေ​ရန်​စီ​ရင်​ချ​မှတ်​အံ့​သော​ငှာ ဤ လော​က​သို့​ငါ​ကြွ​လာ​ခြင်း​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
Y dijo Jesús: Yo, para juicio he venido á este mundo: para que los que no ven, vean; y los que ven, sean cegados.
40 ၄၀ ကိုယ်​တော်​၏​အ​နီး​တွင်​ရှိ​နေ​ကြ​သော​ဖာ​ရိ​ရှဲ တို့​သည်​ထို​စ​ကား​တော်​ကို​ကြား​သ​ဖြင့် ``အ​ကျွန်ုပ် တို့​သည်​လည်း​မျက်​မ​မြင်​များ​ဖြစ်​သည်​ဟု​ဆို​လို ပါ​သ​လော'' ဟု​မေး​ကြ​၏။
Y [ciertos] de los Fariseos que estaban con él oyeron esto, y dijéronle: ¿Somos nosotros también ciegos?
41 ၄၁ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မျက်​မ​မြင်​များ ဖြစ်​ပါ​မူ​အ​ပြစ်​ရှိ​ကြ​မည်​မ​ဟုတ်။ ယ​ခု​မူ ကား​သင်​တို့​က `ငါ​တို့​သည်​မျက်​စိ​မြင်​ပါ​သည်' ဟု​ဆို​ကြ​သ​ဖြင့် သင်​တို့​တွင်​အ​ပြစ်​ရှိ​လျက် နေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
Díjoles Jesús: Si fuerais ciegos, no tuvierais pecado: mas ahora porque decís, Vemos, por tanto vuestro pecado permanece.

< ယောဟန် 9 >